Tuesday, May 14, 2019

တရုတ်တွေ လှိမ့်ဝင်လာနေတဲ့ အကြပ်အတည်းအောက်က ဒူတာတေး

( မေ - ၁၄၊ ၂၀၁၉ ) ဖိလစ်ပိုင်ဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစုနိုင်ငံပါ။ အဖက်ဖက်မှာ တရုတ်ကို မှီခိုလွန်းတော့ အစိုးရနဲ့ နိုင်ငံသားတွေအတွက် အဆိုးရလဒ်ထွက်လာတယ်။
ပြင်သစ်-အမေရိကန်လက်အောက်က ဗီယက်နမ်လွတ်မြောက်ရေးမှာ တရုတ်ကျေးဇူးတွေ အများကြီးပါတယ်။ လွတ်မြောက်လာတော့ ဗီယက်နမ်က တရုတ်တွေ အခွင့်အရေးယူကြတယ်။ ဗီယက်နမ်က နှိမ်နင်းတော့ တရုတ်ကြီးက ငြိုးထားတယ်။
ကမ္ဘောဒီးယားအရေးလဲပေါ်ရော " သင်ခန်းစာကောင်း ပေးဖို့ လိုနေပြီ " ဗီယက်နမ်ကို တရုတ်တပ်တွေ ၀င်တိုက်ပါတယ်။
တစ်ခြားနေရာ တစ်ခြားသူတွေ ဖြစ်နေပုံကို ကျွန်တော်တို့ အချိန်နဲ့တပြေးညီ အမှန်သိရရင် ဘာတွေဆင်ခြင်ရမလဲ စဉ်းစားနိုင်မှာပါ။
မြန်မာလို အချုပ်အခြာအာဏာပိုင်နိုင်ငံငယ်လေးအတွက် နိုင်ငံတိုင်းနဲ့ ပြေလည်ဖို့တော့ လိုအပ်ပါတယ်။ အိမ်နီးချင်းတွေနဲ့လဲ တန်းတူ အခွင့်ရေးတူ ဆက်ဆံနိုင်ရမှာပါ။
===
Crd.: Ronnie Nyein
တရုတ်တွေ လှိမ့်ဝင်လာနေတဲ့ အကြပ်အတည်းအောက်က ဒူတာတေး
===============
မနီလာမြို့တော် လ၀ကဗျူရိုရုံးချုပ်ရဲ့ ဧည့်ဆောင်မှာတော့ ဖိလစ်ပိုင်အစိုးရဆီကအလုပ်ဗီဇာရရှိရေး တန်းစီလျှောက်လွှာတင်နေကြတဲ့ တရုတ်ပြည်ကြီးကလာတဲ့ တရုတ်လူငယ်တွေနဲ့ ပြည့်သိပ်ကြပ်နေပါတယ်။
ဒုတိယထပ်က လ၀ကအချုပ်ခန်းတွေမှာလည်း အချုပ်သားတရုတ်တွေနဲ့ ပြည့်နေကြပါတယ်။
မြို့တော်မနီလာရဲ့ရုံးရပ်ကွက် မကာတီ Makati business district အနားက online လောင်းကစားလုပ်ငန်းမှာ တရားမ၀င် အလုပ်ဝင်လုပ်နေကြလို့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ၂၇၆ ယောက်ထဲမှာ အများစုက ပြည်ကြီးတရုတ်တွေပါ။ မြို့တော်မနီလာမှာ တရားမ၀င်နိုင်ငံခြားသာအလုပ်သမားတွေကို စစ်ဆင်ရေးကြီးတွေနဲ့ဖမ်းဆီးနေတဲ့အထဲက သူတို့ဟာ ဖိလစ်ပိုင်ကနေ နှင်ထုတ်ခံကြရမှာကို ရင်ဆိုင်နေကြရတဲ့ တရုတ်တွေပါ။
သူတို့က များလွန်းလို့ အသုတ်လိုက်စစ်ဆေးမေးမြန်းနေရတယ် - လို့ လ၀က အရာရှိတစ်ယောက်က ပြောပါတယ်။
စီးပွားရေးမှာ တရုတ်ကို မှီလွန်းလိုက်တဲ့ သမ္မတဒူတာတေးအစိုးရရဲ့မူဝါဒကြောင့် ဘေးထွက်ဆိုကျိုးတွေလွင့်စဉ်လာတဲ့အထဲက တစ်ခုအဖြစ် ဒီပြဿနာပေါ်လာရပြီးတော့၊ ဖိလစ်ပိုင်မှာ တရားမ၀င်အလုပ်လာလုပ်ကြတဲ့ တရုတ်တွေကို ဖြိုခွင်းရေးဟာ လ၀ကရဲ့စစ်ဆင်ရေးတွေထဲက အစိပ်အပိုင်းတစ်ခု ဖြစ်လာရပါတယ်။ ဒူတာတေးအာဏာရလာချိန်က ဖိလစ်ပိုင်ကိုဝင်ရောက်လာတဲ့ တရုတ်လူဦးရေထက် ၃ဆများပြီး အခုအခါ တရုတ်တွေ ဖိလစ်ပိုင်မှာ ရောက်နေကြပါတယ်။
တရုတ်တွေရောက်လာကြတော့ အရင်ကဟောင်းလောင်းဖြစ်နေကြတဲ့ ဟော်တယ်အခန်းတွေ ပြည့်ကုန်ကြပါတယ်။ အရင်က အမေရိကန်တွေအတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ တိုက်ကြီးတာကြီးတွေ ကွန်ဒိုတိုက်ခန်းတွေမှာ တရုတ်တွေနဲ့ပြည့်ကုန်ပြီး ဖိလစ်ပိုင်ရဲ့ တိုက်ခန်းဈေးတွေ ထိုးတက်ကုန်ပါတယ်။
တရုတ်တွေလှိမ့်ဝင်လာလို့ ဖိလစ်ပိုင်မှာ ဒီလို စီးပွားရေးအကျိုးအမြတ်တွေ ဖြစ်ထွန်းလာပေမယ့် တရုတ်အလုပ်သမားတွေက ဖိလစ်ပိုင်ကအလုပ်တွေကို အကုန်သိမ်းကျုံးယူလိုက်ကြမှာ အခွန်တွေအပြည့်မပေးပဲ အခွန်ရှောင်ကြမှာ ရောက်လာတဲ့တရုတ်တွေကြောင့် ရာဇ၀တ်မှုတွေ တိုးလာမှာတွေကို အိမ်ခံဖိလစ်ပိုင်တွေကြားမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ တစ်နေ့တစ်ခြားတိုးပွားလာနေကြပါတယ်။
တရုတ်တွေလှိမ့်ဝင်နေတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က အထက်အောက်လွှတ်တော်၂ရပ်ပေါင်းဖိလစ်ပိုင်ပြည်ထောင်စုလွှတ်တော်က ကြားနာစစ်ဆေးပွဲမှာ အထက်လွှတ်တော်အလုပ်သမားရေးရာကော်မီတီဥက္ကဋ္ဌ Joel Villanueva က - တရုတ်လူမိုက်ဂိုဏ်း မာဖီးယားတွေပါ ၀င်လာမှာ ကျနော် စိုးရိမ်နေတယ် - လို့ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်ပြည်ထောင်စုလွှတ်တော်ကို ၃လတာ ရပ်နားထားပေမယ့် ဒီကြားနာပွဲကို လွှတ်တော်ရပ်နားထားတဲ့ကြားကနေ အရေးပေါ်ကျင်းပခဲ့တာပါ။ အခုမေလမှာ ကျင်းပမယ့် လွှတ်တော်သက်တမ်းတစ်ဝက်ရွေးကောက်ပွဲတွေမှာ အခုလို တရုတ်တွေ လှိမ့်ဝင်နေမှုက အဓိကနိုင်ငံရေးပြဿနာဖြစ်လာနိုင်တာကြောင့် လွှတ်တော်ရပ်နားထားတဲ့ကြားကနေ ဒီကြားနာပွဲကို လုပ်ခဲ့ကြရတာပါ။ အနည်းဆုံးအထက်လွှတ်တော်အမတ်လောင်း တစ်ယောက်ကတော့ သမ္မတဒူတာတေးအနေနဲ့ ဒီလိုတရုတ်တွေ မတရားဝင်ရောက်နေတာကို ဖြိုခွင်းမှာလားလို့ မေးခွန်ထုတ်ခဲ့ပါတယ်။
ပြည်တွင်းကနိုင်ငံရေးဝေဖန်လေ့လာသုံးသပ်သူတွေက သမ္မတဒူတာတေးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြားက ဆက်ဆံရေးထိခိုက်မှာလည်း စိုးရိမ်ကြတာကြောင့် ဒီကိစ္စကို ကျယ်ကျယ်လောင်လောင်သိပ်မပြောကြပါဘူး။ ဒါ့အပြင် အိမ်ဖေါ်အဖြစ် အလုပ်သွားလုပ်နေကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေ တရုတ်ပြည်မကြီးမှာ သုံးသောင်းနဲ့ ဟောင်ကောင်နဲ့မကာအိုမှာ ရှိနေကြတဲ့ နှစ်သိန်းတို့ကိုလည်း တရုတ်ပြည်က ပြန်နှင်ထုတ်လိုက်မှာကို ထည့်တွက်နေကြရပါတယ်။
ဒီပြဿနာဟာ သမ္မတဒူတာတေးအတွက် ဆုပ်လည်းစူးစားလည်းရူး ဖြစ်နေရပါတယ်။ မနှစ်က နိုဝင်ဘာလတုံးကတော့ - တရားမ၀င်တရုတ်အလုပ်သမားတွေကို နှင်ထုတ်ရမယ် - လို့ သူကပြောခဲ့ပြီး တစ်ချိန်ထဲမှာပဲ ဖိလစ်ပိုင်လ၀က က ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ကိုလည်း သူက ပြောပြန်ပါတယ်။ ဒီနှစ်ဆန်းမှာတော့ သူက တရုတ်တွေ ၀င်လာနေတာကို သည်းခံကြဖို့နဲ့ တရုတ်တွေကို အလုပ်ပေးလုပ်လိုက်ပါ-လို့ ဆိုပြန်ပါတယ်။
Ateneo de Manila တက္ကသိုလ် တရုတ်ဘာသာဌာနက ကထိက Lucio Blanco Pitlo ကတော့ ဒီပြဿနာဟာ လက်လွန်နေပြီးတော့ နိုင်ငံရေးအရအသုံးချ
ခံနေရပြီး နောက်ဆက်တွဲ အကျိုးဆက်တွေလာတော့မယ် လို့ သတိပေးခဲ့ပါတယ်။ သမ္မတဒူတာတေးက တရုတ်တွေအပေါ်မှာ သိပ်ဖေါ်ရွေခြင်းအားဖြင့် တရုတ်ရဲ့ရင်နှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာစေဖို့ မျှော်ကိုးရာက ပြောင်းပြန်ကျိုးသက်ရောက်လာတဲ့ ပြဿနာပါပဲ လို့လည်း ကထိက Pitlo က ဆိုပါတယ်။
ဖိလစ်ပိုင်ရဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ရေးအတွက် သုံးနေတဲ့ အမေရိကန်ဒေါ်လာ ၁၅၄ ဘီလျံတန်ဖိုးရှိ Build, Build, Build အစီအစဉ်ထဲမှာ ပါဝင်နေတဲ့ တရုတ်ရဲ့ထောက်ပံ့မှုကို တရားမ၀င်တရုတ်အလုပ်သမားနှိမ်နင်းရေးကြောင့် ထိခိုက်သွားမှာကိုလည်း စိုးရိမ်နေရပါတယ်။
တရုတ်အလုပ်သမားတွေကို မဆင်မခြင်အတင်းနှင်ထုတ်နေတာဟာ တရားဥပဒေနဲ့မညီဘူး
လို့ မနီလာမြို့တော်က တရုတ်သံအမတ်က သတိပေးခဲ့ကြောင်း
သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဥပဒေရေးရာအတိုင်ပင်ခံလည်း ဖြစ်တဲ့ Salvador Panelo က ပြောပါတယ်။ သူတို့က ပါးကိုက်ရင်နားကိုက်တဲ့အနေနဲ့ တရုတ်ပြည်က ဖိလစ်ပိုင်အလုပ်သမားတွေကိုလည်း နှင်ထုတ်တယ်လို့လည်း Salvador Panelo က ဆိုပါတယ်။ ဒါပေမဲ့ တရုတ်သံရုံးက ဒါဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်တဲ့အခါ Salvador Panelo က သူ့ရဲ့ပြောကြားချက်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
၂၀၁၆ ဇွန်လမှာ သမ္မတဖြစ်လာတော့မယ့် ဒူတာတေးဟာ အရင်သမ္မတ Benigno Aquino ရဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ဖိလစ်ပိုင်နယ်မြေပိုင်ဆိုင်ခြင်အငြင်းပွားမှုအပေါ်မှာ တင်းတင်းမာမာရပ်တည်ခဲ့တဲ့အပေါ် အစာမကြေဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ယုံကြည်မှု ရရှိရေးကို အားပြုခဲ့ပါတယ်။
ဒီအငြင်းပွားမှုမှာ ဖိလစ်ပိုင်က နိုင်ငံတကာဥပဒေကြောင်းအရအောင်ပွဲခံခဲ့တဲ့အပေါ်မှာလည်း သမ္မတဒူတာတေးက အရေးမပါသလို မသိကျိုးကျွန်နေခဲ့ပါတယ်။ မနှစ်က အောက်တိုဘာလမှာ တရုတ်ပြည်ကို ပထမဆုံးသွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်မှာ ဒူတာတေးက ဖိလိစ်ပိုင်ဟာ အမေရိကန်နဲ့ လမ်းခွဲပြီလို့ ကြေညာခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ တရုတ်က ဖိလစ်ပိုင်ရဲ့အခြေခံအဆောက်အအုံစီမံကိန်းကြီးတွေမှာ ငွေတွေသွန်လောင်းထည့်ဖို့ ကတိပြုခဲ့သလို ဖိလစ်ပိုင်ရဲ့ အသီးအနှံတွေကိုလည်း တရုတ်ပြည်ကို အရင်ထက်ပိုပြီး တင်သွင်းခဲ့ပါတယ်။ အန္တရယ်များတဲ့ ဖိလစ်ပိုင်ကို တရုတ်တွေ မသွားကြဖို့ ညွန်ကြားချက်ကိုလည်း တရုတ်အစိုးရက ရုပ်သိမ်းပြီးတော့ ဒူတာတေး အစိုးရက တရုတ်တွေကို ဆိုက်ရောက်ဗီဇာ visas on arrival အခုအခါမှာ ထုတ်ပေးထားပါတယ်။
ဖိလစ်ပိုင်ကို အရင်က အများဆုံးလာရောက်သူတွေဟာ တောင်ကိုးရီးယားတွေ ဖြစ်ပေမယ့် အလျင်အမြန်ပဲ တရုတ်တွေက အများဆုံးလာရောက်လည်ပတ်သူတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၂၀၁၅ ခုနှစ်ထက် ဖိလစ်ပိုင်ကို တရုတ်တွေ ၃ဆပိုပြီး လာရောက်ခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ဒူတာတေးအစိုးရဟာ နိုင်ငံခြားသားတွေ ဖိလစ်ပိုင်ကိုလာပြီး internet ပေါ်ကနေ လောင်းကစားကြတဲ့ လုပ်ငန်းတွေအတွက်ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးခဲ့ပါတယ်။
တရုတ်တွေနဲ့နွယ်နေတဲ့ ပြည်ပက လောင်းကစားကုမ္ပဏီတွေက ပြည်ပကနေလောင်ကစားလုပ်ငန်းလာရောက်လည်ပတ်လုပ်ကိုင်ခြင်းလိုင်စင် "Philippine Offshore Gaming Operator" license ၅၄ ခု ရရှိသွားခဲ့ကြပါတယ်။ အဲဒီမှာ ဒီလုပ်ငန်းလိုင်စင်ရရှိကြတဲ့ တရုတ်နွယ်ကုမ္ပဏီတွေဟာ ဒီလောင်းကစားလုပ်ငန်းမှာ နည်းပညာပံ့ပိုးပေးမယ့် တရုတ်ပြည်မကြီးက mandarin တရုတ်စကားပြောသူတွေပါဝင်တဲ့ကုမ္ပဏီငယ် ဒါဇင်ပေါင်းများစွာ နဲ့ call center services တွေအတွက် တရုတ်တွေကို ဖိလစ်ပိုင်နိုင်ငံထဲ ခေါ်သွင်းလာခဲ့ကြပါတယ်။
သူ တရုတ်ပြည်ကို သွားခဲ့ပြီး နောက်လမှာပဲ အမေရိကန်ဒေါ်လာ ၂၄ ဘီလျံဖိုး ဖိလစ်ပိုင်မှာ ရင်းနှီးမြှုပ်နှံကြဖို့ တရုတ်အဖွဲ့အစည်း
တွေရဲ့ ကတိက၀တ်တွေကို ဒူတာတေး ရရှိခဲ့ပါတယ်။ ချေးငွေမဟုတ်တဲ့ တရုတ်က အကောင်အထည်ဖေါ်ပေးမယ့်ပြန်ပေးစရာမလိုထောက်ပံ့ငွေတွေနဲ့ ဖိလစ်ပိုင်က စီမံကိန်းတွေမှာ ဖိလစ်ပိုင်အလုပ်သမားတွေမပါဝင်ပဲ တရုတ်ကုမ္ပဏီတွေက ခေါ်လာမယ့် တရုတ်အလုပ်သမားးတွေနဲ့ပဲ လုပ်ဆောင်ရမယ်ဆိုတာကလည်း အဲဒီ အပြန်အလှန်ကတိက၀တ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မနီလာမြို့တ်ာက Pasig မြစ်ကို ဖြတ်ပြီး တရုတ်အထောက်အပံ့နဲ့ တည်ဆောက်နေတဲ့ တံတားနှစ်စင်းစီမံကိန်းဟာ ဒီကတိက၀တ်အတိုင်း လုပ်ဆောင်နေတာပါ။
၂၀၁၆ ကနေ ၂၀၁၈ အထိ တရုတ်တွေဟာ ဖိလစ်ပိုင်မှာ အလုပ်လုပ်ကိုင်ခွင့် နဲ့ အထူးလုပ်ကိုင်ခွင့် ဗီဇာပေါင်း ၃၃၅၈၀၀ ရရှိခဲ့ပါတယ်။ ဒီထဲက တစ်ဝက်လောက်ဟာ လောင်းကစားလုပ်ငန်းနဲ့ ရရှိကြတဲ့ အလုပ်လုပ်ခွင့်ဗီဇာ တွေပါ။ တရုတ်တွေ ရရှိနေတဲ့ ဗီဇာအရေအတွက် စုစုပေါင်းဟာ ဖိလစ်ပိုင်က အလုပ်လုပ်ခွင့်ဗီဇာရရှိထားတဲ့ နိုင်ငံခြားသား အားလုံးရဲ့ ထက်ဝက်ဖြစ်လာခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၂၁ရက် ပြည်ထောင်စုလွှတ်တော်ကြားနာပွဲမှာ ဖိလစ်ပိုင်လ၀ကညွှန်ချုပ် Jaime Morente က - တရုတ်တွေလှိမ့်ဝင်လာတာဟာ ဖိလစ်ပိုင်ကိုပြည်ပလောင်းကစားသမားတွေ လာရောက်ပြီး online လောင်းကစားကြတာရဲ့ တိုက်ရိုက်အကျိုးဆက်ပါပဲ - လို့ ဖြေကြားခဲ့ပါတယ်။ ၂၀၁၆ မှာ ဖိလစ်ပိုင်ဟာ online လောင်းကစားကနေ အခွန်တော်ငွေ peso ၆၅၇ သန်း ရရှိခဲ့ရာကနေ ၂၀၁၈ မှာ peso ၇.၃၅ ဘီလျံ ရရှိခဲ့ပါတယ်။
ဖိလစ်ပိုင်ကို လာရောက်လည်ပတ်ကြတဲ့ တရုတ်တွေဟာ နောက်ဆုံးမှာ ဗီဇာရက်လွန်တွေနဲ့ အလုပ်အကိုင် ရှာဖွေကြခြင်းနဲ့ အဆုံးသတ်ကြပါတယ်။ သူတို့ဟာ အလုပ်ဗီဇာ ရဖို့ ဖိလစ်ပိုင်လ၀ကအရာရှိတွေကို လာဘ်ထိုးကြပါတယ်။
အရင်က အလုပ်သမားဝန်ကြီး အခုအတိုက်အခံအမတ်ဖြစ်တဲ့ Franklin Drilon က ၂၀၁၈ မှာ ဖိလစ်ပိုင်မှာ ဗီဇာရက်လွန်တရားမ၀င်နေထိုင်ကြတဲ့ တရုတ်တွေအပါအ၀င် တရုတ်ပြည်ကလာတဲ့အလုပ်သမား လေးသိန်းရှိတယ် - လို့ ဆိုပါတယ်။
၂၀၁၈ မေလက စားသောက်ဆိုင်မှာ တရားမ၀င်အလုပ်လုပ်နေတဲ့တရုတ်စားဖိုမှူးက ဖိလစ်ပိုင်စားပွဲထိုးမလေးကို ရိုက်နှက်ခဲ့တဲ့ အမှုအပါအ၀င် တရုတ်တွေကျူးလွန်နေကြတဲ့ အမှုတွေကြောင့် နိုင်ငံရေးပြဿနာဆီ ဦးတည်နေတဲ့အတွက် တရုတ်တွေတရားမ၀င်နေထိုင်နေခြင်းကို ဖိဖိစီးစီးအရေးယူဖို့ ဖိလစ်ပိုင်လ၀ကဟာ နိုင်ငံရေးလောကရဲ့ ဖိအားပေးခြင်း ခံနေရပါတယ်။
၂၀၁၈ မှာ တရားမ၀င်နိုင်ငံခြားသားအလုပ်သမား ၅၃၃ ယောက်ကို ဖမ်းဆီးခဲ့တာမှာ ၃၉၃ ယောက်ဟာ တရုတ်တွေ ဖြစ်ပြီးတော့ ဒါဟာ ၂၀၁၇ ခုနှစ်က တရုတ်တွေအဖမ်းခံရတာထက် ၄ဆ တိုးလာတာ ဖြစ်တယ်လို့ လ၀က ညွှန်ချုပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတော့ အလုပ်ကြမ်းတွေဖြစ်တဲ့ ဆောက်လုပ်ရေး၊ စားပွဲထိုး၊ ပိုက်ဆံသိမ်း၊ တံခါးစောင့် အလုပ်တွေအတွက် နိုင်ငံခြားသားတွေကို အလုပ်ဗီဇာထုတ်မပေးတော့ဘူးလို့ ဖိလစ်ပိုင် လ၀က ဗျူရိုက ကြေညာခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ လွတ်လပ်သောအလုပ်သမားများအဖွဲ့ချုပ် The Federation of Free Workers က - တရားမ၀င်နိုင်ငံခြားသားတွေက အလုပ်အကိုင်တွေ ရယူနေကြတာကို အကာအကွယ်ပေးဖို့ - အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် The Trade Union Congress of the Philippines ကလည်း - အလုပ်သမားဈေးကွက်မှာတစ်ယောက်မှ မလုပ်နိုင်ဘူးဆိုတာ မဖြစ်မချင်း ကျွမ်းကျင်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်တွေအားလုံးကို ဖိလစ်ပိုင် ကျွမ်းကျင်သူတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာရှင်တွေကိုပဲ ခန့်အပ်ရမယ် - လို့ အစိုးရကို သတိပေးခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ၂၀၁၆ ခုနှစ်က အလုပ်လုပ်နိုင်တဲ့အသက်အရွယ်တန်းရဲ့ ၅.၅% က အလုပ်လက်မဲ့ဖြစ်ခဲ့ကြပေမယ့် ၂၀၁၈ မှာ ၅.၁%ပဲ အလုပ်လက်မဲ့ ရှိလာခဲ့ပါတယ်။
ဖိလစ်ပိုင်ထဲ တရုတ်တွေလှိမ့်ဝင်နေခြင်းအပေါ် လူမှုရေးရိုက်ခတ်မှုအရ တစ်စိမ်းတရံခံစားမှုကို ဖြစ်စေခဲ့ပါတယ်။ ဖိလစ်ပိုင်တွေရဲ့ တရုတ်အပေါ်ယုံကြည်မှုက သမ္မတဒူတာတေးအချိန်မှာ တိုးတက်လာခဲ့တယ် ဆိုပေမယ့်၊ ဖိလစ်ပိုင်မှာရှိကြတဲ့ အမေရိကန်၊ ဂျပန်၊ မလေးရှား နိုင်ငံခြားသားတွေအပေါ် ယုံကြည်မှုထက်စာရင် အများကြီးနည်းနေသေးတယ်လို့ ၂၀၁၈ စက်တင်ဘာက Social Weather Stations က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖေါ်ပြနေခဲ့ပါတယ်။
ဖိလစ်ပိုင်မီဒီယာတွေမှာ တရုတ်တွေ ရာဇ၀တ်မှုတွေကျူးလွန်နေကြတဲ့ သတင်းတွေက ထိပ်တန်းသတင်းတွေ ဖြစ်နေကြပါတယ်။ ဒီနှစ်ဖေဖေါ်ဝါရီလထဲမှာ ရထားထဲကို အစားအသောက်ယူမသွားဖို့ တားမြစ်တဲ့ဖိလစ်ပိုင်ရဲအရာရှိကို ၂၃ နှစ်အရွယ် ပြည်ကြီးကလာတဲ့ တရုတ်မက သူ့လက်ထဲက ပဲနို့ရည်နဲ့ ပက်ခဲ့ပါတယ်။ online မှာ ဒီသတင်းပြန့်နှံ့သွားတာကြောင့် ဖိလစ်ပိုင်တွေ ဒေါသထွက်ခဲ့ကြပြီး အဲဒီတရုတ်မကို ဖိလစ်ပိုင်ကနေ နှင်ထုတ်ခဲ့ရပါတယ်။
ဒါဟာ ရဲအရာရှိကို စော်ကားတာတင် မဟုတ်ဘူး၊ ကျနော်တို့ နိုင်ငံကို စော်ကားတာ - လို့ အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ဒုတိယသမ္မတ Leni Robredo က ပြောပါတယ်။
ရာဇ၀တ်မှုတွေမှာ ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူ တွေအဖြစ် ပါဝင်ပတ်သက်နေတဲ့ တရုတ်တွေရဲ့ အရေအတွက် တိုးပွားလာနေတယ်၊ နိုင်ငံခြားသားတွေကျူးလွန်ကြတဲ့ ရာဇ၀တ်မှုတွေရဲ့ ၄၀%ကို ကျူးလွန်သူတွေဟာ တရုတ်တွေ ဖြစ်တယ်၊ ၂၀၁၆ ခုနှစ်ထက် ရာဇ၀တ်မှုကျူးလွန်သူတရုတ်အရေအတွက် ၃ဆတိုးပြီး ၂၀၁၈ မှာ တရုတ် ၃၉၈ ယောက် အမှုတွေ ကျူးလွန်ခဲ့ကြတယ် -လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
သမ္မတဒူတာတေးက ဒီကိစ္စတွေကို သတိနဲ့ကိုင်တွယ်နေပေမယ့် သူ့အစိုးရ၀န်ကြီးအဖွဲ့ကတော့ ကျန်တဲ့အရေးတွေထက် တရုတ်အရေးကို ထိပ်ဆုံးမှာထား ဖြေရှင်းနေချင်ကြပါတယ်။
နိုင်ငံခြားသားများဝင်ရောက်နေမှုဆိုင်ရာ ဌာနများအတွင်းကော်မီတီ interagency committee on the influx of foreign nationals ဆိုပြီး အလုပ်သမားရေး ဘဏ္ဍာရေး နဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနတွေက ကော်မီတီတစ်ရပ်ဖွဲ့စည်းပြီး အခွန်၊ လ၀က ၊ လောင်းကစား ဗျူရိုတွေက အကြီးအကဲတွေ ပါဝင်ကြတယ်လို့ အလုပ်သမာရေးဝန်ကြီး Silvestre Bello က ဆိုပါတယ်။ ဒီကော်မီတီရဲ့ ပထမဆုံးအစည်းအဝေးက ဖိလစ်ပိုင်ကတရုတ်နိုင်ငံသားတွေရဲ့ အခွန်ရှောင်မှုကို တားဆီးနှိမ်နင်းရေးဖြစ်ပါတယ်။ ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းသုံးစွဲငွေဘတ်ဂျက်ကို အမြင့်မားဆုံး တိုးမြှင့်လိုက်တာကြောင့် အခွန်ရှောင်မှုကို တားဆီးဖို့ အလေးပေးတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့လုံခြုံရေးအတွက် အုံနဲ့ကျင်းနဲ့ရောက်ရှိနေတဲ့ online လောင်းကစားလုပ်ငန်းက နိုင်ငံခြားသားအလုပ်သမားတွေကို မျက်ခြည်မပြတ် သတိနဲ့စောင့်ကြည့်နေရမှာ ဖြစ်တယ် - လို့ ဘဏ္ဍာရေးဝန်ကြီး Carlos Dominguez က ပြေပါတယ်။
မေလ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် အတိုက်အခံ လက်ရှိအောက်လွှတ်တော်အမတ် စစ်ဗိုလ်ချုပ်ဟောင်း Gary Alejano က တော့ တရုတ်တွေရဲ့ ရာဇ၀တ်မှုတွေ ဖြိုခွင်းတဲ့အပေါ် သံသယရှိနေပါတယ်။ မနှစ်က ဖိလစ်ပိုင်အကောက်ခွန်ဌာနကို ကျော်ဖြတ်ပြီး တရုတ်ပြည်ကနေ တရားမ၀င်မူးယစ်ဆေး peso ၆.၄ ဘီလျံဖိုး ၀င်လာခဲ့တာကိုရည်ညွှန်းပြီး - မူးယစ်ဆေးလေး ကီလိုနည်းနည်းလောက် အဖမ်းပြပြီး တန်ချိန်နဲ့ချီ သွင်းလို့ရနေကြသလား - လို့ ဆိုပါတယ်။
သမ္မတဒူတာတေးရဲ့ အခြေခံအဆောက်အအုံများတည်ဆောက်ရေးအစီအစဉ်အရ နောက်ထပ် တရုတ်တွေ ဖိလစ်ပိုင်ကို လှိမ့်ဝင်လာကြဦးမယ် - လို့လည်း သူက ယုံကြည်နေပါတယ်။ တရုတ်က ဖိလစ်ပိုင်မှာ ရေကာတာတွေ၊ ကားလမ်းတွေ၊ ရထားလမ်းတွေ တည်ဆောက်ဖေါက်လုပ်ဖို့ ကမ်းလှမ်းနေတာပါ။ အစိုးရက လူတွေရဲ့ စိတ်တွေကို ချွင်းချက်တွေစဉ်းစားအောင်လုပ်နေတယ်၊ အစိုးရက လူတွေကို အလုပ်သမားအင်အားလုံလုံလောက်လောက် နိုင်ငံမှာ မရှိဘူး ပြောနေတယ် - လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ လကတော့ ဒူတာတေးက အခြေခံအဆောက်အအုံတွေတည်ဆောက်ရေးကို တစ်စိပ်တစ်ပိုင်း ဆိုင်းငံ့ထားမယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ဖိလစ်ပိုင်ကျွမ်းကျင်လုပ်သားတွေက ဒီမှာမရှိတော့ပဲ အရှေ့အလယ်ပိုင်းမှာ သွားလုပ်နေကြလို့ ဖြစ်တယ် - လို့ ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသဟာ ဖိလစ်ပိုင်ဆောက်လုပ်ရေးလုပ်သားတွေရဲ့ လစာအကောင်းဆုံး ထိပ်တန်းရွေးချယ်သွားရောက်နေတဲ့ အရပ်ဒေသပါ။
အသက် ၃၃ နှစ်ရှိတဲ့ ဖိလစ်ပိုင်ကဆက်သွယ်ရေးလုပ်ငန်းက တရုတ်အလုပ်သမားတစ်ယောက်ကတော့ သူတို့တရုတ်တွေကို နားလည်ပေးဖို့ အခုလို ဆိုပါတယ်။
- အခုအခါမှာ တရုတ်နဲ့ဖိလစ်ပိုင် အစိုးရတွေဟာ အလွန်ပဲ ဆက်ဆံရေးကောင်းနေကြပါတယ်။ အစိုးရတွေချင်း အများကြီး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တရုတ်တွေများစွာက ဖိလစ်ပိုင်မှာ စီးပွားရေး လာလုပ်ချင်နေကြပါတယ်။ တရားဝင်ကော တရားမ၀င်ကော တရုတ်အလုပ်သမားတွေ ဖိလစ်ပိုင်မှာ တိုးပွားလာနေပါတယ်။ တရုတ်တွေ ဒီမှာ တရားဝင်ပဲ အလုပ်လုပ်ချင်ကြတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် လုပ်ငန်းစဉ်ကို သူတို့ မသိကြဘူး။ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပါလိမ့်မယ်။
------------------------
Duterte under the gun over Chinese influx into Philippines
President wants investment but rise in migrant workers riles critics
CLIFF VENZON, Nikkei staff writer March 05, 2019 16:00 JST
MANILA -- The lobby of the Bureau of Immigration headquarters in Manila was bursting with scores of young Chinese seeking visas to work in the Philippines. Dozens more were being held in a cordoned-off area on the second floor.
The detainees -- mostly from mainland China -- were among 276 suspected of working illegally in the online gambling industry at a site near the Makati business district. They were arrested last month in one of the biggest raids in the Philippine capital, and were facing deportation.
There "are so many we have to book them by batches for questioning," one immigration officer said.
The raid was part of a clampdown on undocumented Chinese workers in the country, as President Rodrigo Duterte's government scrambles to contain a side effect of his economic pivot to China.
The number of Chinese nationals arriving in the country has nearly tripled since Duterte came to power in 2016. They filled hotel rooms and office towers previously intended for U.S. call centers, snapped up condominiums and boosted retail sales. But despite the economic benefits, there has been a mounting backlash from locals who fear Chinese workers are taking jobs, evading taxes and committing crimes.
"I'm afraid mafias have entered the country," Senate labor committee chair Joel Villanueva said on Feb. 21 during a congressional inquiry on the influx of Chinese workers.
The hearing was conducted even as Congress was on a three-month recess, underscoring how the arrivals have become a major political issue ahead of key midterm elections in May. At least one senate candidate has questioned Duterte's will to crack down further.
While doing so could appease local critics, it could also mar relations with Chinese President Xi Jinping. In addition, there is concern that harsher treatment of the immigrants could backfire on the roughly 30,000 Filipinos working in China. That number excludes the more than 200,000 in Macao and Hong Kong, where many work as maids.
Duterte has been tiptoeing around the issue. In November, he said illegal Chinese workers should be deported but cautioned authorities to "be careful" in handling such cases. Last month, he called for tolerance, saying, "Let them work here."
Lucio Blanco Pitlo, a lecturer in the Chinese program at Ateneo de Manila University, said the problem "is overplayed and politicized" and warned of consequences.
"The issue has adverse implications on Duterte's efforts to cultivate friendlier ties with China to corner more investments," Pitlo said. It could also hurt the 8 trillion peso ($154 billion) "Build, Build, Build" infrastructure program, which is partly being funded by Beijing, he added.
Salvador Panelo, presidential spokesperson and legal counsel, said on Feb. 26 that the Chinese ambassador in Manila warned the Philippines about deporting Chinese workers "recklessly" and "not in accordance with the law."
"[They] will also do the same," Panelo said. "That's tit for tat."
Panelo later walked back his statements after the Chinese Embassy issued a denial.
When he assumed the presidency in June 2016, Duterte sought to earn Beijing's trust, which had been eroded by former President Benigno Aquino's hard-line approach on the South China Sea territorial dispute. Duterte shrugged off Manila's arbitration victory against China over the dispute and declared a "separation" from the U.S. during his first visit to Beijing in October that year.
In return, Beijing pledged to bankroll Duterte's infrastructure projects, import more Philippine fruits and lift a travel warning on the country. Manila, meanwhile, offered Chinese visitors visas on arrival.
China quickly became the largest source of tourists for the Philippines, dislodging South Korea. Last year, the Philippines welcomed a record 1.26 million Chinese visitors, nearly triple the number in 2015.
Duterte's government went further in September 2016, offering licenses that allow companies to set up internet-based casinos for overseas gamblers. China-linked companies bagged many of the 54 "Philippine Offshore Gaming Operator" licenses. The operators brought with them dozens of companies providing information technology support and call center services manned by Mandarin-speaking mainlanders.
On a visit to China the following month, Duterte secured a $24 billion investment deal from Chinese institutions, including grants for projects that allow Chinese companies to bring in their own workers. The two Beijing-funded bridges crossing the Pasig River in Manila are examples.
From 2016 to 2018, around 335,800 working visas and special work permits were issued to Chinese, representing over half the total number of permits issued to foreigners. More than half of them were for online gaming-related jobs, and the rest for sectors including construction, information and communications.
"The influx of Chinese workers is a direct consequence of the growth of the Philippine offshore gaming," immigration chief Jaime Morente said during the Feb. 21 hearing. The online gaming industry's revenue ballooned to 7.35 billion pesos last year from 657 million pesos in 2016.
But many Chinese tourists who entered the Philippines ended up overstaying to find jobs. Others bribed immigration officials to get working visas. Opposition Senator Franklin Drilon, a former labor secretary, said last year that around 400,000 Chinese workers -- including those without documents -- were in the country.
The immigration bureau came under pressure to take action, due to political considerations as well as a slew of reports of abuse, such as the case of an undocumented Chinese chef beating a local waitress in May 2018.
The bureau said that last year, 393 of the 533 illegal workers arrested were Chinese, and that it banned the entry of more than 1,500 others. Morente said the number of arrests jumped by four times last year.
In January, the bureau announced it would no longer issue special work permits for blue-collar jobs, such as construction workers, waiters, cashiers and janitors.
The Federation of Free Workers, a local labor group, has urged the government to "focus on protecting our jobs from being taken by illegal aliens." The Trade Union Congress of the Philippines, also a labor group, reminded the government that "all jobs including skills and professions must be given to Filipino workers and professionals" unless there is no one available in the local labor market.
Jobless Filipinos made up 5.1% of the working-age population last year, a marginal improvement from the 5.5% rate in 2016.
The Chinese influx is straining the social fabric in other ways. Filipinos' trust in China has improved under Duterte, but it remains low compared with countries such as the U.S., Japan, and Malaysia, based on a poll by Social Weather Stations in September.
Crimes committed by Chinese have grabbed headlines. In mid-February, a 23-year-old Chinese woman hurled a cup of soy pudding at a police officer after she was barred from boarding a train with her food. The incident triggered an online fury and the woman is facing deportation.
Vice President Leni Robredo, who belongs to an opposition party, said: "This is not just an insult to the police officer, but an insult to our nation."
The Philippine police said the number of Chinese who were involved in crimes -- as suspects or victims -- tripled to 398 last year from 2016, accounting for around 40% of all cases involving foreign nationals.While Duterte is treading cautiously, his cabinet is keen to show it is on top of things. The labor, finance and trade secretaries have joined the heads of the tax, immigration and gaming bureaus to form an "interagency committee on the influx of foreign nationals," Labor Secretary Silvestre Bello said. The first high-level meeting discussed ways to stop tax avoidance by Chinese workers, as the government scrounges for revenue after exceeding its budget last year for the first time in nearly a decade.
Finance Secretary Carlos Dominguez also said he wants to keep closer tabs on online casino workers, citing "the national security implications of their large presence in the country."
But Gary Alejano, a congressman and Senate candidate for the opposition in the May elections, has doubts about the clampdown. "It's like confiscating a few kilos of shabu (meth) and allowing tons to come in," Alejano said, referring to the 6.4 billion pesos of illegal drugs from China that slipped past customs last year.
Alejano, a former military officer, believes additional Chinese workers will enter the country once construction begins on more projects under Duterte's infrastructure plan. China is sponsoring dams, roads and railways. "The government has even started conditioning the minds of the people," he said.
"They are saying that we lacked enough manpower."
Duterte last month said infrastructure projects were delayed partly because many skilled workers "are no longer here in the Philippines but have gone to the Middle East," a top destination for Filipino construction workers.
Meanwhile, a 33-year old Chinese worker at a telecom company in Manila appealed for understanding.
"The Chinese and Philippine governments have a good relationship right now, and they have a lot of cooperation, so many Chinese want to do business here," he said. "The legal workers increase, and so do the illegals."
"I believe Chinese people want to work here legally but they don't know the process, maybe because of the language [barrier]."

Credit - Htay Oung





No comments:

Post a Comment