Tuesday, May 14, 2019

အာရှနိုင်ငံ (၅) ခုက လာမယ့်နှစ်ကနေစလို့ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးကြီးစိုးဖွယ်ရှိဟု သုတေသန တစ်ရပ်တွင် ဖော်ပြထား

အာရှနိုင်ငံ (၅) ခုက လာမယ့်နှစ်ကနေစလို့ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးကြီးစိုးဖွယ်ရှိဟု သုတေသန တစ်ရပ်တွင်
ဖော်ပြထား

Business Times

လာမယ့်နှစ် ၂၀၂၀ မှာ ကမ္ဘာ့စီးပွားရေးကို အာရှ နိုင်ငံ (၅)နိုင်ငံက လွှမ်းမိုးကြီးစိုးဖို့ ရှိကြောင်း သုတေသနအစီရင်ခံစာ အသစ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

အဆိုပါ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Standard Chartered ဘဏ်ရဲ့ သုတေသန အကြီးအကဲ Madhur Jha နဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပညာရှင်တစ်ဦး
ဖြစ်တဲ့ David Mann တို့ ထုတ်ပြန်လိုက်တဲ့ အဆိုပါသုတေသန မှတ်တမ်းမှာတော့ အထက်ဖော်ပြပါ နိုင်ငံတွေဟာ လာ
မယ့် ၂၀၂၀ အတွင်း စီးပွားရေးတိုးတက်မှုနှုန်းထား ခုနစ် ရာခိုင်နှုန်းကို ရောက်ရှိနိုင်ဖွယ်ရှိတယ်လို့ ပြောထားကြောင်း Bloomberg အရ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ အမြင့်ဆုံးမျှော်မှန်းနှုန်းထားတစ်ရပ်ရှိနေပြီး ယင်းနိုင်ငံဟာ လာမယ့် ၂၀၃၀ မတိုင်ခင် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေကန်ဒေါ်လာ ၁၀,၄၀၀ ကို ရောက်ရှိနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ယုံကြည်နေကြတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်စီးပွားရေးကလည်း ဗီယက်နမ်ရဲ့ နောက်ဒုတိယနေရာမှာ ရှိနေပြီး ယင်းနိုင်ငံဟာလည်း နိုင်ငံသားတစ်ဦးချင်း ၀င်ငွေ ဒေါ်လာ ၆,၉၀၀ ကို ရောက်ရှိနိုင်တယ်လို့ မျှော်မှန်းနေကြပါတယ်။

ယင်းရဲ့ နောက် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၅,၇၀၀ နဲ့ တတိယ၊ အိန္ဒိယက ဒေါ်လာ ၅,၄၀၀ နဲ့ နံပါတ် လေး နေရာတို့မှာ ရှိနေပါတယ်။

မြန်မာကတော့ နံပါတ်ငါးနေရာမှာ ရှိပေမယ့် လာမယ့် ဆယ်စုနှစ်တစ်စုမတိုင်ခင် နိုင်ငံသားတစ်ဦးချင်း ၀င်ငွေဒေါ်လာ ၄,၈၀၀ ကို ရောက်ရှိလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက အကောင်းမြင် မျှော်မှန်းထားတယ်လို့
သိရပါတယ်။

Economies From 2020s To Be Dominated By Asian Countries, Researchers Say

https://en.businesstimes.cn/…/economies-from-2020s-to-be-do…

Credit - SFJ Strategy First Journal


No comments:

Post a Comment