Sunday, May 12, 2019

အမေရိကန်-တရုတ် တင်းမာမှုက ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေဟု IMF ပြော

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုသစ်တွေ ဖြစ်ပွားတာဟာ ကမ္ဘာ့စီးပွားရေးကို အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲက မေ ၇ ရက်က ပြောပါတယ်။
“အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက တင်းမာမှုဟာ ကမ္ဘာ့စီးပွားရေးအတွက် အတိအကျ ခြိမ်းခြောက်မှုပဲ ဖြစ်တယ်။”လို့ ပါရီက ညီလာခံတစ်ရပ်မှာ ခရစ္စတင်းလာဂတ်က သတင်းထောက်တွေကို ပြောပါတယ်။
မကြာသေးခင်က ကောလဟလတွေနဲ့ ပြောသံဆိုသံတွေဟာ ဒီနှစ်နိုင်ငံကြားမှာ သဘောတူညီချက်တစ်ရပ် ပေါ်ပေါက်ရေး အခွင့်အလမ်းနည်းနေတာကို ညွှန်ပြနေတယ်လို့လည်း ゞင်းက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ တနင်္လ࿿ာနေ့က တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန် တိုးမြှင့်မယ်လို့ တွစ်တာကနေ ခြိမ်းခြောက်ပြောဆိုလိုက်တာကြောင့် ကမ္ဘာ့ဈေးကွက်တွေ မတည်မငြိမ် လှုပ်ယမ်းသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဆီ တင်ပို့တဲ့ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ စည်းကြပ်ခွန် ချမှတ်ပြီးတာကို နှစ်ဆကျော်တိုးပြီး ၂၅ ရာခိုင်နှုန်းအထိ သောကြာနေ့ကစလို့ ချမှတ်ကောက်ခံမှာဖြစ်ကြောင်း ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်တာပါ။
ဆောင်ရွက်နေတဲ့ နှစ်နိုင်ငံကြားက ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ဖော်ဆောင်ရာမှာ တရုတ်က လေးဖင့်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုပြီး ခုလို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာကလည်း တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေက ကတိကဝတ်တွေကို ပြန်လည်ရုပ်သိမ်းနေကြောင်း ပြောဆိုပေမယ့် ကုန်သွယ်ရေးဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တစ်ရပ် ရရှိနိုင်တဲ့ အခြေအနေကတော့ မှေးမှိန်လာတာမျိုး မရှိဘူးလို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
Credit - Mizzima


No comments:

Post a Comment