Sunday, May 12, 2019

ဥရောပသို့သွားမည့် မြန်မာများ ခါးပိုက်နှိုက် သတိပြုရန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ဥရောပနိုင်ငံများသို့ ခရီး သွားမည့် မြန်မာနိုင်ငံသားများ ခါးပိုက်နှိုက်ခံရခြင်းနှင့် အဖိုးတန် ပစ္စည်းများ၊ ငွေကြေးများ ခိုးယူခံရခြင်းတို့ သတိပြုရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
ဗြိတိန်သို့ အကြောင်းအမျိုး မျိုးဖြင့် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ခရီးသွားအချို့ လမ်းခရီးတွင် ခါးပိုက်နှိုက်ခံရခြင်း၊ အဖိုး တန်ပစ္စည်းများ၊ ငွေကြေးများ ခိုးယူခံခြင်းတို့ ကြုံတွေ့ရကြောင်း နှင့် ကျူးလွန်သူများသည် Credit Card, Debit Card အသုံးပြုမှု နည်းပါးပြီး ငွေသားအများအပြား ကိုင်ဆောင်လေ့ရှိသည့် အာရှ နိုင်ငံသားများကို ပိုမိုပစ်မှတ်ထား ခိုးယူလေ့ရှိကြောင်း တွေ့ရသည်ဟုထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် ကျူးလွန်သူများ သည် ရဲတပ်ဖွဲ့ဝင်များအဖြစ် အ ယောင်ဆောင်ကာ လိမ်လည် ပီး လူစည်ကားရာ နေရာများတွင် အုပ်စုဖွဲ့နေထိုင်ကာ အလစ်သုတ် ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ လူသွားလူလာပြတ်သော နေရာများ၌ ရပ်နားထားသည့် ယာဉ်များကို မှန်ရိုက်ခွဲ ကာ အတွင်းရှိ အဖိုးတန်ပစ္စည်း များ နှိုက်ယူခြင်းတို့ လုပ်ဆောင် လေ့ရှိသည်ဟု ဆိုသည်။ ခေတ်မီ နည်းစနစ်သုံး ကားသော့အတုများဖြင့် ယာဉ်များ ခိုးယူခြင်းများ လည်း ရှိနေပြီး ၎င်းတို့သည် ဗြိတိန်နိုင်ငံသို့ လာရောက်အခြေ ချနေထိုင်သည့် တတိယနိုင်ငံများ မှ ဒုက္ခသည် အမည်ခံသူများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က အသိပေးသည်။
ယင်းသို့ သတိပြုဆင်ခြင် သင့်သည့်အချက်များကို လန်ဒန် မြို့ မြန်မာသံရုံး ဝက်ဘ်ဆိုက်နှင့် ရန်ကုန်မြို့ရှိ ဗြိတိန်ပြည်ဝင် ဗီဇာလက်ခံဆောင်ရွက်သည့် UKVL Service Center ရှိ ကြော်ငြာ သင်ပုန်းတွင် ထုတ်ပြန်ထားပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှတစ်ဆင့် ပုဂ္ဂလိက ခရီး သွားကုမ္ပဏီများ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းထံ ဖြန့်ဝေထားကြောင်း ထုတ်ပြန် ချက်၌ ပါရှိသည်။
Credit - 7 Day Daily

No comments:

Post a Comment