Tuesday, May 7, 2019

သမ္မတ၏လွတ်ငြိမ်းသက်​သာခွင့်​ဖြင့်​ ရိုက်​တာ သတင်း​ထောက်​နှစ်​ဦးလွတ်​​မြောက်

နိုင်​ငံ​တော်​သမ္မတက ​မေလ ၇ ရက်​​နေ့၊ နံနက်​ပိုင်း၊ တွင်​ တတိယအကြိမ်​​မြောက်​ လွတ်​ငြိမ်းသက်​သာခွင့်​​ ထပ်​မံ​ပေးခဲ့ရာ ​ထောင်​ဒဏ်​ ၇ နှစ်​စီကျခံ​နေရသည့်​ ရိုက်​တာ သတင်း​ထောက်​ ကိုဝလုံးနှင့်​ ကို​ကျော်​စိုးဦးတို့ ၂ ဦး အင်းစိန်​အကျဉ်း​ထောင်​မှ ပြန်​လည်​လွတ်​​မြောက်​ခဲ့သည်​။
တစ်​နိုင်​ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၂ဝ ဦးကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ နိုင်​ငံ​တော်​သမ္မတက ထပ်မံ​လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်​သည်​။

သတင်း/ဓာတ်​ပုံ- ရဲနိုင်​(​လောက်​ကိုင်​)


No comments:

Post a Comment