မေ ၃ ရက်က ပြုလုပ်သည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တင်ဒါနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းမှုအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပြန်လည်ဖြေကြားမှုမှာ ပြည်သူများအကြား မေးခွန်းထုတ်စရာ ရှိလာပြီဖြစ်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးမြန်းသည့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေလုံးငွေရင်း ကျပ်သန်း ၁၀ဝ၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ် မြောက်ပိုင်းရှိ အောင်သပြေ - နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဦးစီးဌာနတို့က အဆိုပါလမ်းကို SMD ကုမ္ပဏီကို တာဝန်ပေး ဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေးအတွက် မည်သို့သော စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်စေခဲ့သည်ကို သိလိုကြောင်း မေးခွန်းပင်ဖြစ်သည်။
ယင်းမေးခွန်းမှာ ပြည်နယ်တစ်ခုနှင့်သာ သက်ဆိုင်သည့် မေးခွန်းဖြစ်သော်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ပြန်လည် ဖြေကြားချက်ကြောင့် တင်ဒါနှင့် ပတ်သက်၍ လုပ်နည်းကိုင်နည်းများမှာ မေးခွန်းထုတ်ရမည့် အခြေအနေ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“မီနီဘတ်ဂျက်က တင်ဒါကင်းလွတ်ခွင့် ရှိပါတယ်။ ဒါက ပြည်ထောင်စုအစိုးရ နိုင်ငံတော်အတိုင်ပင်ခံ၏ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်ပါ။ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်က တင်ဒါကင်းလွတ်ခွင့် ရှိပါတယ်” ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖြေကြားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းများသည် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်၌ ကင်းလွတ်ခွင့်ရှိကြောင်း ညွှန်ကြားချက်ကို မည်သည့်အချိန်က ညွှန်ကြားပြီး မည်သည့် စာအမှတ်နှင့် ညွှန်ကြားခဲ့ကြောင်း ထပ်ဆင့်မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့စဉ်က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားစာကိုမူ ထုတ်ပြနိုင်ခြင်း မရှိခဲ့ပေ။
“လွှတ်တော်ထဲမှာ ဖြေသွားတာတော့ တော်တော်ကို လက်လွတ်စပယ်နိုင်တယ်။ ဘာစာမှလည်း ထုတ်မပြနိုင်သလို သေချာရေရာတဲ့ အဖြေလည်း မပေးသွားဘူး။ ညွှန်ကြားချက် ဆိုတာပဲ ပြောသွားတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူအပြီး နှစ်နှစ်ကျော် အကြာတွင် ဆက်လက်လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်က မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ပြည်သူ့ဘဏ္ဍဍာ အလေအလွင့် မရှိစေရေး ဆိုသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစ်ခုလည်း ပါဝင်သည်။ ယင်းကဏ္ဍဍတွင် တင်ဒါနှင့် ပတ်သက်ပြီး အချက်တစ်ချက် ပါဝင်သည်။
ယင်းအချက်မှာ တင်ဒါလုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းအတွင်းမှ လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူရေးဆိုသည့် အချက်ဖြစ်သည်။
ယခုဖြစ်စဉ်မှာ တင်ဒါလုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ပြီးစလွယ် ဖြေကြားမှုပင်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်က သုံးသပ်သည်။
“လွှတ်တော်ထဲမှာတောင် ရှေ့ကပြောတဲ့စကားနဲ့ နောက်ပြောတဲ့စကား ကွဲလွဲနေတယ်။ ကျွန်တော်က မေးတယ်။ သူကပြန်ဖြေတော့ ညွှန်ကြားချက်နဲ့ လုပ်လို့ဆိုပြီးဖြေတယ်။ အဲဒါကြောင့် ညွှန်ကြားချက်ဆိုတာ ဘယ်လိုညွှန်ကြားတာလဲ စာနဲ့လား။ စာနဲ့ဆိုရင် စာအမှတ် ဘယ်လောက်လဲဆိုပြီး ထပ်မေးတော့ လူချင်းတွေ့တုန်းက ညွှန်ကြားတာဆိုပြီး ဖြေသွားတယ်။ ဒီဘက်ခေတ်မှာက အဲဒီလိုလုပ်လို့ မရဘူး” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားသည်ဟု ဆိုရာတွင်လည်း မေးခွန်းထုတ်စရာ တစ်ခုဖြစ်ပြီး ゞင်းအနေဖြင့် သမ္မတရုံး၏ ညွန်ကြားချက်ကို လွှမ်းမိုးသည့် အခြေအနေကို လုပ်ကိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း ゞင်းကဆက်လက် ပြောကြားသည်။
“သမ္မတရုံးအမိန့်ကို ကျော်လွန်တဲ့ဟာမျိုး လုပ်မှာမဟုတ်ဘူးလို့ ယုံတယ်။ သူ့အနေနဲ့လည်း ပြောမယ်လို့ မထင်ဘူး” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
သမ္မတဦးဝင်းမြင့် မကြာခဏ သတိပေးနေရသည့် တင်ဒါ
နိုင်ငံတော်သမ္မတအဖြစ် သက်တမ်းတစ်နှစ်ကျော် ရှိလာပြီဖြစ်သည့် ဦးဝင်းမြင့်မှာ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ဘဏ္ဍဍာရေးဆိုင်ရာ အစည်းအဝေးများတွင် မကြာခဏ သတိပေးနေရသည့် ကိစ္စမှာ တင်ဒါခေါ်ယူခြင်းများနှင့် ပတ်သက်ပြီး သတိပေးနေရခြင်းဖြစ်သည်။
သမ္မတဦးဝင်းမြင့်၏ နှစ်သစ်ကူး မိန့်ခွန်းတွင်လည်း ထည့်သွင်းပြောဆိုရသည့် အရာမှာ တင်ဒါကိစ္စပင်ဖြစ်သည်။ တင်ဒါခေါ်ယူရာတွင် လက်တစ်လုံးခြား လုပ်နေသည့် ကိစ္စများ ပေါ်ပေါက်လာပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သတိပေး ပြောကြားခဲ့သည်။
အလားတူ ဘဏ္ဍဍာရေး ကော်မရှင်၏ ၁/၂၀၁၉ အစည်းအဝေးတွင်လည်း မပါမဖြစ်သည့် အကြောင်းအရာမှာ တင်ဒါပင်ဖြစ်သည်။ ထို့ပြင် မကြာသေးမီက ကျင်းပခဲ့သည့် ဘဏ္ဍဍာရေးကော်မရှင်၏ ၂/၂၀၁၉ အစည်းအဝေးတွင်လည်း ယင်းကိစ္စမှာ ထိပ်ဆုံးမှ ပါဝင်လာပြန်သည်။
၂/၂၀၁၉ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသအတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုး မဖြစ်စေဘဲ ဒေသခံပြည်သူများ အတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်၊ ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက စစ်ဆေးကြပ်မတ် စီမံဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ ထို့ပြင် ဘဏ္ဍဍာရေး ကော်မရှင် အစည်းအဝေး ၁/၂၀၁၉ တွင် ပြောကြားခဲ့သလို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းကို ထပ်မံသတိပေးလိုကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားအပြီးတွင် မွန်ပြည်နယ် လွှတ်တော်၌ တင်ဒါကို ပွင့်လင်းမြင်သာစွာ မရှိဘဲ လုပ်ကိုင်ခွင့် ပေးလိုက်သည့်ဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“သမ္မတကလည်း ပြောထားတယ်။ အခုဟာကတော့ သိပ်ကို ဗြောင်ကျလွန်းတယ်။ တရားလက်လွတ် ဖြစ်တယ်လို့ ယူဆတယ်” ဟု မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
မွန်ပြည်နယ် ဖြစ်စဉ်က တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ ကို ချိုးဖောက်နေသလား
၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးက တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တင်ဒါလုပ်ထုံး လုပ်နည်း ၁/၂၀၁၇ ကို ထုတ်ပြန်ညွှန်ကြားခဲ့သည်။
စာမျက်နှာ ၁၇ မျက်နှာအထိ ပါဝင်သည့် ယင်းညွန်ကြားချက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လုပ်ကိုင်ရမည့် တင်ဒါလုပ်ငန်းစဉ်များကို ဖော်ပြထားသည်။
ယင်းလုပ်ငန်းစဉ်များတွင် ကျပ်သိန်း ၁၀ဝ အထက် လုပ်ငန်းများကို တင်ဒါခေါ်ယူရမည်ဟု ကြေညာထားသည်။ တင်ဒါခေါ်ယူရာတွင်လည်း လုပ်ငန်းစဉ်ကိုးခု သတ်မှတ်ထားပြီး တိကျစွာ လိုက်နာရမည်ဟု ဖော်ပြထားသည်။ ယင်းအချက် ကိုးချက်မှာ ရန်ပုံငွေခွင့်ပြုချက် ရယူခြင်း၊ ဝယ်ယူရေး လုပ်ငန်းစဉ်များ ရေးဆွဲပြီး အတည်ပြုချက် ရယူခြင်း၊ တင်ဒါကော်မတီများ ဖွဲ့စည်းခြင်း၊ တင်ဒါခေါ်ယူခြင်း၊ တင်ဒါလက်ခံခြင်းနှင့် တင်ဒါစိစစ်ခြင်း၊ တင်ဒါစိစစ် အကဲဖြတ်ခြင်းနှင့် တင်ဒါအစီရင်ခံစာ တင်ပြခြင်း၊ တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း၊ တင်ဒါအောင်မြင်သူနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ငွေပေးချေခြင်း အပါအဝင် စာချုပ်ကို စီမံခန့်ခွဲခြင်းများ ဖြစ်သည်။
မွန်ပြည်နယ်တွင် တင်ဒါခေါ်ယူခြင်း မရှိဘဲ လုပ်ကိုင်ခွင့်ပြုခဲ့သည့် လမ်းဖောက်လုပ်ခြင်းမှာ ကျပ်သိန်း တစ်သောင်းရှိသည့် လုပ်ငန်းဖြစ်သည်။ ယင်းကြောင့် အဆိုပါ လုပ်ငန်းမှာ တင်ဒါလုပ်ထုံးလုပ်နည်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားခြင်းလားဟု မေးခွန်းထုတ်စရာပင် ဖြစ်သည်။
“၁/၂၀၁၇ က တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်ထားတာ။ ဘယ်ဘဏ္ဍဍာရေးနှစ်မှာမဆို ဒီအတိုင်းပဲ သွားရမှာ။ ဘယ်ဒေသမှာမဆို ဒီအတိုင်းပဲ သွားရမှာ။ မီနီဘတ်ဂျက်မို့လို့ ဆိုပြီးတော့ လုပ်လို့မရဘူး။ ဘယ်ဘတ်ဂျက်မှာမဆို ဒီအတိုင်းပဲ လုပ်ရမှာ။ အခုဟာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ညွှန်ကြားချက် ဆိုတာနဲ့ ပြောသွားတယ်။ ဒါက ခေါင်းရှောင်တာလို့မြင်တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
တင်ဒါ လုပ်ငန်းစဉ်များတွင် ကျပ် ၁၀ သန်းအောက် ကိစ္စရပ်များအတွက် တင်ဒါခေါ်ယူရန် မလိုအပ်ဘဲ တင်ဒါကော်မတီ အနေဖြင့် ပစ္စည်းပေးသွင်းသူ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်ပေးသူများ အနက်က ယုံကြည်စိတ်ချရမည့် အနည်းဆုံး ကုမ္ပဏီသုံးခုထံမှ ဈေးနှုန်း အဆိုပြုလွှာကို တောင်းခံပြီး ဈေးနှုန်းအနည်းဆုံး တင်သွင်းသူထံက အပ်နှံရမည် ဖြစ်သည်။
ကျပ်သိန်း ၁၀ဝ မှ ကျပ်သိန်း ၁၀ဝ၀ အထိ ကိစ္စရပ်များအတွက် အိတ်ဖွင့်တင်ဒါကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တနှစ်ပတ် ကြိုတင်ပြီး ကြော်ငြာရမည်ဖြစ်သည်။
ကျပ် ၁၀ဝ သန်းအထက် ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် တစ်လကြိုတင်၍ နိုင်ငံပိုင် သတင်းစာများတွင် အနည်းဆုံးနှစ်ကြိမ် ကြော်ငြာခြင်းနှင့် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင်လည်း အနည်းဆုံးတစ်လ ကြိုတင်ကြော်ငြာခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ဒါလုပ်ထုံးလုပ်နည်းတွင် အတိအလင်း ဖော်ပြထားသည်။
တင်ဒါလုပ်ထုံးလုပ်နည်းကို ညွှန်ကြားချက် ထုတ်ပြန်ရခြင်းမှာ အဂတိ လိုက်စားမှု မရှိစေရန်၊ ဘဏ္ဍဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်၊ နိုင်ငံနှင့် အများပြည်သူ အကျိုးအတွက် ထိရောက် အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း စသည့်ကိစ္စများအတွက် ရည်ရွယ်ပြဋ္ဌဌာန်း ထားခြင်းဖြစ်သည်။
ယင်းသို့စံနှုန်းများဖြင့် တိုင်းတာမည် ဆိုပါက မွန်ပြည်နယ်တွင် တင်ဒါခေါ်ယူခြင်း မရှိဘဲ လုပ်ကိုင်စေခဲ့သည့် လမ်းပိုင်းမှာ မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်သည်။
“အခုဒီလမ်းပိုင်းက ကျွန်တော့်သုံးသပ်ချက် အရရော၊ မြေပြင်အခြေအနေအရပါ လူထုအကျိုးအတွက် မရှိဘူး။ ကုမ္ပဏီ အကျိုးအတွက် လုပ်ပေးသလို ဖြစ်နေတယ်။ ဒါကြောင့်လည်း မေးခွန်းမေးဖြစ်ခဲ့တာ” ဟု ゞင်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ အနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသအတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုး မဖြစ်စေဘဲ ဒေသခံပြည်သူများ အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်၊ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များက စစ်ဆေးကြပ်မတ် စီမံဆောင်ရွက်ရန် ဘဏ္ဍဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်များအား မှာကြားခဲ့သည်။
လက်ရှိ အခြေအနေအရ တင်ဒါနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အားရကျေနပ်မှု မရှိကြောင်း ゞင်းကဆက်လက် ပြောကြားသည်။
အစိုးရက ထုတ်ပြန်ထားသည့် ၁/၂၀၁၇ ကို အကောင်အထည် ဖော်ရဲ့လား
အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ရေး လုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများ၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများ၊ ဝန်ဆောင်မှု ရယူခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍဍာငွေများ ဆုံးရှုံးမှုမရှိစေရေး၊ အဂတိလိုက်စားမှု မရှိစေရေး၊ မျှတသော ယှဉ်ပြိုင်မှုများ ဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဧပြီလက ထုတ်ပြန်ခဲ့သည့် ယင်းအမိန့်ကို ရှစ်လကျော် ကြာသည်အထိ ဝန်ကြီးဌာနအချို့နှင့် ပြည်နယ်နှင့် တိုင်း အစိုးရအဖွဲ့ အချို့က လိုက်နာခြင်းမရှိပေ။ ယင်းကြောင့် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ရသည်။
ယင်းညွှန်ကြားချက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနအချို့၊ တိုင်းဒေသကြီး ဝန်ကြီးဌာနအချို့က တင်ဒါခေါ်ယူရမည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထုတ်ပြန်ထားသော တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မပြုသဖြင့် မလိုလားအပ်သော ကိစ္စများ ပေါ်ပေါက်လျက်ရှိကြောင်း၊ ယင်းကြောင့် ထုတ်ပြန်ထားသော တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ထပ်မံအသိပေးကြောင်း ဖော်ပြထားသည်။
သမ္မတ ဦးဝင်းမြင့် တက်လာပြီး နောက်ပိုင်းတွင်လည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အနေဖြင့် မိမိတို့ ထပ်မံခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍဍာငွေများကို သုံးစွဲကြရာတွင် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တိကျမှန်ကန်စွာ သုံးစွဲရန်၊ ဘဏ္ဍဍာငွေ သုံးစွဲသည့် ကိစ္စရပ်တိုင်းတွင် ဌာနတွင်းစာရင်းစစ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့၏ စစ်ဆေးမှုများကို စနစ်တကျ ခံယူနိုင်ရန် မှာကြားထားသည်။
ယင်းအပြင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင်လည်း တင်ဒါကို လက်တစ်လုံးခြား ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း တစိုက်မတ်မတ် မှာကြားလျက် ရှိသည်ကို တွေ့ရသည်။
တင်ဒါကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ပုသိမ်မြို့တွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရေး ဝန်ထမ်းများ တွေ့ဆုံပွဲတွင် စတင်ပြောကြားခဲ့သည်ဟု ဆိုနိုင်သည်။
မိမိတို့ ခန့်အပ်ထားသည့် ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ မှဲ့တစ်ပေါက် စွန်းမည်စိုး၍၊ ငြိစွန်းမည်စိုး၍ အပွင့်လင်းဆုံး ပြောရပါက အခြားသူများ ပြောဆိုခံရမည်စိုး၍ ညွှန်ကြားချက် အမျိုးမျိုးထုတ်ကြောင်း၊ ဥပမာအားဖြင့် တင်ဒါနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ ထုတ်ပြန်ထားပြီး နှစ်ကြိမ် ညွှန်ကြားထားကာ စုစုပေါင်း သုံးကြိမ်ဖြစ်ကြောင်း၊ ထုတ်ပြန်သည့် အချိန်မှ စတင်ကာ လေးစားလိုက်နာရမည်ဟု ထုတ်ထားကြောင်း၊ လေးစားလိုက်နာမှု မရှိဘဲ ကိုယ်လုပ်ချင်ရာလုပ်မည် ဆိုပါက ငြိစွန်းမည်ဖြစ်ပြီး ပထမအချက် အနေဖြင့် ပြည်ထောင်စုအစိုးရ၏ မူဝါဒနှင့် ဆန့်ကျင်ငြိစွန်းကြောင်း၊ ဒုတိယအချက် အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
“ကျွန်တော့်လူတွေ ငြိမှာစိုးလို့။ မသိ ဥပဒေ နားမလည်ဘဲ ဖြစ်သွားမှာစိုးလို့။ အဲဒီလိုပြောရုံတင် မဟုတ်ဘူး။ ကျွန်တော် အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌကို တွေ့ပြီးတော့ ဒီညွှန်ကြားချက်လေးကို ထုတ်ပေးပါ။ ဒါကို ပြည်နယ်တိုင်း အစိုးရတွေ သိအောင်ပို့မယ်။ သတင်းစာထဲလည်း ထည့်ပေးပါ။ မြန်မာ့အသံမှာလည်း သတင်းကြေညာချက်ထဲ ထည့်ပြီး ကြေညာပေးပါ။ ခင်ဗျားတို့ တွေ့မှာပေါ့။ သတင်းစာထဲမှာ တစ်မျက်နှာ တစ်မျက်နှာ ထည့်ပေးတယ်။ အကြောင်းမဲ့ ထည့်ပေးထားတာ မဟုတ်ဘူး။ အမှုမဲ့ အမှတ်မဲ့ ကိုယ့်စိတ်ထဲမှာတော့ ဘာမှမဆိုင်ဘူး။ သူ့ဘာသာ ညွှန်ကြားစာက ညွှန်ကြားစာ။ ငါလုပ်ချင်ရာလုပ်မယ်။ အဲဒါမရဘူး။ အဂတိနဲ့ ငြိသွားမယ်။ ဖြစ်မှာစိုးလို့” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
နောက်ဆုံး သတိပေးထားသည့် အစည်းအဝေးမှာ ပြည်နယ်နှင့် ဘဏ္ဍဍာရေးကော်မရှင် အစည်းအဝေး ၁/၂၀၁၉ တွင် ပြောကြားခဲ့သလို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ကို ထပ်မံသတိပေးလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် အစိုးရအနေဖြင့် တင်ဒါကိစ္စနှင့် ပတ်သက်ပြီး လက်ရှိလုပ်ကိုင်မှုများအပေါ် အားမရသေးကြောင်း အမျိုးသား လွှတ်တော်မှ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးသန်းစိုး(ဘောဂဗေဒ)က သုံးသပ် ပြောကြားသည်။
“ကျွန်တော်တို့ ကော်မတီ အနေနဲ့ကတော့ တင်ဒါကိစ္စနဲ့ ပတ်သက်ရင် ၁/၂၀၁၇ ထုတ်ပြန်ချက်ကို လက်ကိုင်ထားတယ်။ အဲဒါနဲ့ စစ်တယ်။ အဲဒီအပေါ်မှာ မကိုက်ညီတာတွေ့ရင် ပြောရတာပေါ့။ အခုအနေအထားကတော့ မကိုက်တာတွေလည်း တွေ့ရတယ်။ အစိုးရအနေနဲ့ တင်ဒါနဲ့ပတ်သက်ပြီး မက်ဂနက်ဇင် တစ်ခုလိုတယ်။ အဲဒီလိုမှပဲရမယ်။ အခုဟာက အမိန့်တွေ၊ ညွှန်ကြားချက်တွေကတော့ ထွက်နေတယ်။ ဒါပေမဲ့ အဲဒါကို အကောင်အထည်ဖော်တာ အားနည်းတယ်။ ဒါအသက်ဝင်ဖို့ ဆိုတာကလည်း Tool တွေလိုတယ်။ အခုပြောရမယ်ဆိုရင် Speed တွေက များနေတယ်လို့ ဆိုရမယ်” ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။
ယင်းအမိန့်ညွှန်ကြားစာ အသက်ဝင်ရေးအတွက် စောင့်ကြည့်ရမည့် အဖွဲ့များလည်းရှိရန် လိုအပ်ကြောင်း၊ ပါလီမန်ခေတ်တွင် တင်ဒါလုပ်ငန်းများ၌ မည်သူက မည်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရသည် ဆိုသည်ကို ပွင့်လင်းမြင်သာစွာ သိရှိရန် ဆောင်ရွက်ခဲ့ခြင်းများကို အတုယူရမည်ဖြစ်ကြောင်း ゞင်းကဆိုသည်။
“ဘယ်တင်ဒါကိုတော့ ငွေဘယ်လောက်နဲ့ ဘယ်သူက ရသွားတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း သိရတယ်။ ရှုံးတဲ့သူကလည်း ဘာကြောင့် ရှုံးတယ်ဆိုတာ သိရတယ်။ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိတယ်” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။
လက်ရှိဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်တွင် မီနီဘတ်ဂျက်၌ တင်ဒါခေါ်ယူခြင်း မရှိဘဲ လမ်းဖောက်လုပ်ခွင့် ပေးခြင်းနှင့် ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ မသိရှိသေးသဖြင့် မှတ်ချက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် မည်သည့်တင်ဒါမဆို ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လုပ်ဆောင်၍ မရကြောင်း ဦးသန်းစိုးက ပြောကြားသည်။
မွန်ပြည်နယ်မှ အစပြု၍ တစ်နိုင်ငံလုံးက တင်ဒါကိစ္စများကို စိစစ်ပေးပါ
မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တင်ဒါကိစ္စတွင် လုပ်ထုံးလုပ်နည်းအား ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။
“ဒီကိစ္စကို ပြည်ထောင်စု အဆင့်ကလည်း စစ်ဆေးပေးဖို့ တောင်းဆိုတယ်။ ပါတီဘက်ကလည်း ဒီကိစ္စကို စစ်ဆေးပေးဖို့ တောင်းဆိုတယ်။ ဘာကြောင့်ဆိုတော့ ဒီလုပ်ထုံးလုပ်နည်း (၁/၂၀၁၇) ကို ကျော်လွန်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောမှာတော့ မဟုတ်ဘူး။ ဒါဆိုရင် ဝန်ကြီးချုပ်က ဘာကြောင့် ဒီလိုပြောသလဲ ဆိုတာကို ပါတီဘက်ကလည်း စစ်ဆေးပေးဖို့ တောင်းဆိုတယ်” ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။
တင်ဒါကိစ္စရပ်များတွင် ဘက်လိုက်မှုများ ရှိနေပြီဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ ယင်းသို့ပြောဆိုနိုင်ရန် မိမိတွင် သက်သေမရှိကြောင်း၊ သို့သော် လွှတ်တော်တွင် ဖြေကြားခဲ့မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်ကြောင်း ゞင်းကဆက်လက် ပြောကြားသည်။
ယင်းအပြင် တစ်နိုင်ငံလုံးရှိ တင်ဒါကိစ္စရပ်များကိုလည်း ဝင်ရောက် စစ်ဆေးပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ပြည်နယ်တစ်ခုတွင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
“တင်ဒါလောကက ဘာမှမပြောင်းလဲသေးဘူး။ အရင်တုန်းက အတိုင်းပဲ။ နီးစပ်ရာလူပဲ ရတယ်ဆိုတဲ့ ပုံစံခွက်က မထွက်နိုင်သေးဘူးလို့ ပြောလို့ရတယ်။ ဥပမာတချို့ ပြည်နယ်တွေမှာ ဒေသခံကုမ္ပဏီတွေကို ဦးစားပေးရမယ်ဆိုတဲ့ မူတွေလည်း ရှိနေတယ်။ အဲဒီတော့ အပြင်ကုမ္ပဏီက ဈေးဘယ်လောက်ကျကျ၊ အရည်အသွေး ဘယ်လောက်ကောင်း ဒေသခံကုမ္ပဏီကို ယှဉ်မရတာရှိတယ်။ တခြားနေရာမှာကျတော့ မူကတစ်ခု ဖြစ်သွားပြန်ရော။ ဒေသခံထက် အပြင်နီးစပ်ရာကို ပေးလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ နောက်တစ်ခုက တင်ဒါကို ကြိုပြီးခေါ်တာ မဟုတ်ဘူး။ အချိန်ကပ်မှ ခေါ်တာတွေလည်း ဖြစ်နေတုန်းပဲ” ဟု အမည်မဖော်လိုသူ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောကြားသည်။
သို့သော်လက်ရှိတွင် ယခင်အခြေအနေများထက် သာလွန်သည့် ရလဒ်တစ်ခုမှာ တင်ဒါကြမ်းခင်းဈေးကို သိရှိခွင့် ရရှိခြင်း ဖြစ်ကြောင်း၊ တင်ဒါလျှောက်ထားရာတွင် ကုမ္ပဏီပရိုဖိုင်၊ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်မည့်အကြောင်းများကို ရေးသားရကြောင်း၊ ယင်းသို့ တင်သွင်းထားသည်ကို အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်ရကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောကြားသည်။
အစိုးရ ပြည်ထောင်စု ဝန်ကြီးဌာနက တင်ဒါခေါ်ယူရာတွင် ဝေဖန်မှု အများဆုံး ဖြစ်ခဲ့သည့် တင်ဒါမှာ ၂၀၁၈ ခုနှစ်အတွင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ခေါ်ယူခဲ့သည့် တင်ဒါဖြစ်သည်။
ယင်းတင်ဒါမှာ အဆိုပါ ဝန်ကြီးဌာန လက်အောက်ရှိ သူနာပြုသားဖွား သင်တန်းကျောင်းများတွင် ကွန်ပျူတာအလုံး ၂၅၀ ဝယ်ယူခြင်းဖြစ်ပြီး ရက်အနည်းငယ်အတွင်းသာ သတ်မှတ်ထားခြင်းကြောင့် ပြည်သူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ယင်းသို့ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာနက တင်ဒါကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ပြည်သူ့ဘဏ္ဍဍာများ လေလွင့်ခြင်း မရှိစေရန် နိုင်ငံတော် သမ္မတမှ အစပြု၍ ထိန်းကျောင်းလျက်ရှိပြီး ဒီမိုကရေစီစနစ်တွင်လည်း မည်သည့်အရာမျှ နှုတ်မိန့်ဖြင့် ပြုလုပ်ရမည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားမှုများလည်း ရှိသည်။
ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းမည့် အစိုးရတစ်ရပ်မှာ ပြည်သူများထံမှ ရရှိသည့် အခွန်တော် ငွေကြေးများဖြင့်သာ ရပ်တည်ရမည် ဖြစ်သည်။
ယင်းကြောင့် ပြည်သူ့ဘဏ္ဍဍာငွေများ ဆုံးရှုံးခြင်း မရှိစေရန် ထိန်းသိမ်းရမည်မှာလည်း အစိုးရအဖွဲ့ကို ဦးစီးဦးဆောင် ပြုနေသူ၏ တာဝန်သာဖြစ်သည်။ ပြည်သူ့ဘဏ္ဍဍာငွေများကို ဆုံးရှုံးအောင် ပြုလုပ်နေသူများ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အမိန့်များ၊ ညွှန်ကြားချက်များကို လက်တစ်လုံးခြား ပြုလုပ်နေမှုများ ရှိနေပါက အရေးယူရမည်လည်း ဖြစ်သည်။ မွန်ပြည်နယ်မှ အစပြုခဲ့သည့် တင်ဒါကိစ္စနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးရှိ တင်ဒါဖြစ်စဉ်များ၊ ဌာနတွင်း တင်ဒါခေါ်ယူမှုများကို စစ်ဆေးရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
Credit - Eleven
No comments:
Post a Comment