Tuesday, May 7, 2019

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံပါဝင်တဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲနေပြည်တော်မှာ ကျင်းပ


အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ဒီကနေ့ မေ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပနေပါတယ်။
ဒီပွဲကို မေ ၇ ရက်နဲ့ ၈ ရက်၂ ရက်တာ ပြုလုပ်သွားမယ်လို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace Myanmar) တည်ထောင်သူ ဦးအေးလွင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးမှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ဘုံစိန်ခေါ်ချက်၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အခွင့်အရေး၊ အမျိုးသမီးအရေး၊ ပညာရေး ကဏ္ဍတွေမှာ ဖြေရှင်းဆောင်ရွက်နိုင် နည်းလမ်းတွေ ရှာကြမယ်လို့လည်း ဦးအေးလွင်က ပြောပါတယ်။
ဒါ့အပြင် ဘာသာတရားကို နိုင်ငံရေးမှာ Political Tool အဖြစ် အသုံးချခြင်း ခံနေတယ်။ ဒီလို အသုံးချနေတာတွေကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးဘက်ကနေ အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေနဲ့ အစားထိုးဖို့ကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဦးအေးလွင်က ပြောပါတယ်။
ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြုလုပ်တာ ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
Credit - BBC Burmese








No comments:

Post a Comment