Tuesday, May 7, 2019

တရုတ်ကို သမ္မတ ထရမ့် ခြိမ်းခြောက်၊ စတော့ဈေး ကျဆင်း


■ အမေရိကန် သမ္မတ ထရမ့်က ဒေါ်လာ ဘီလီယံ ၂ဝဝ တန်ဖိုးရှိတဲ့ တရုတ်ပြည်က ပို့ကုန်တွေအပေါ်မှာ လက်ရှိ အခွန်ငွေ ၁၅% ကောက်ခံနေရာကနေ ၂၅% အထိ တိုးမြှင့်ကောက်ခံမယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် နိုင်ငံတကာ အစုရှယ်ယာဈေးနှုန်းတွေ ၅% ကျော်အထိ မနေ့က ကျဆင်းသွားပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ အမေရိကန်က နှစ်စဉ် ဒေါ်လာ ဘီလီယံ ၈ဝဝ အထိ ဆုံးရှုံးနေတဲ့အတွက် ဆက်ပြီး အဖြစ်မခံနိုင်တော့ဘူးလို့လည်း သမ္မတ ထရမ့် က ပြောပါတယ်။ ဒါပေမဲ့ စီးပွားရေးပညာရှင်တွေကတော့ တရုတ်ပြည်က သွင်းကုန်တွေကို အခွန်ငွေ ပိုမိုကောက်ခံတဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အမေရိကန် လုပ်ငန်းရှင်တွေနဲ့ စားသုံးပြည်သူတွေက ခံစားကြရတယ်လို့ ပြောပါတယ်။
Photo: ASSOCIATED PRESS


No comments:

Post a Comment