သင်္ကြန်မတိုင်မီ လေးရက်အလို ကျွန် တော် မောင်းတဲ့ကားရဲ့ တွဲဖက်ယာဉ်မောင်း (second driver) က ပြောလာပါတယ်။ “အစ်ကို၊ ခရီးသည် ၄၅ ယောက် အပြည့် ရောင်းထားတယ်၊ ကျွန်တော်တို့ ယာဉ် မောင်းတွေ တစ်လှည့်စီအိပ်ဖို့ တစ်ခုံမှ ချန် မထားဘူး အစ်ကို၊ ဒီရက်ပိုင်းက ဟိုဘက် ရောက်တာနဲ့ ချက်ချင်းပြန်ထွက်၊ ဒီဘက် ဂိတ်ရောက်လဲ ချက်ချင်းပြန်ထွက် နဲ့ မောင်း နေရတာ၊ အိပ်စရာနေရာ ထိုင်ခုံချန်မထား ရင် ကျွန်တော်တို့ ဘယ်လို အိပ်ရေးဝမှာ လဲ၊ လမ်းပေါ်မှာက ဒီရက်ပိုင်းဆို ကား မောင်း သိပ်မတတ်ဘဲ၊ ဟိုင်းဝေးလမ်း မကျွမ်းကျင်ဘဲ မောင်းနေ တဲ့ ဘုရားဖူး ခရီး သည်တင် လိုက်ထ ရပ် ယာဉ်တွေကပေါလို့ အန္တရာယ်များရတဲ့ အထဲ အိပ်ရေးမဝရင် အန္တရာယ်များတယ် အစ်ကို၊ ဂိတ်ပိုင်တွေ ကို ပြောပေးပါဦး”လို့ ဆိုလာပါတယ်။
သူပြောတာ အမှန်ပါ။ ယာဉ်လိုင်းပိုင် ရှင်တွေဘက်က ကြည့်ပြန်တော့လည်း သည်လို ပွဲတော်ရက်လေးမှ ထိုင်ခုံအပြည့် လူရတာ။ ကျန်တဲ့ကာလတွေမှာ လူပြည့်ခဲ တယ်။ ဒါကြောင့် ရသမျှခုံ အကုန်ရောင်း စားကြလေ့ရှိတယ်။ ခရီးသွားပြည်သူဘက် က ကြည့်ပြန်တော့ ဒါဟာ အန္တ ရာယ်ပါပဲ။ သည်တော့ ခရီးသွားပြည်သူ၊ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တို့အကြား မျှတစွာပြောရရင် တော့ ခရီးသည်အသက်ဟာ အဓိကထားရ မယ့် အချက်ပါပဲ။ ဒါကြောင့် သီတင်းကျွတ်လို ရက်မျိုး၊ သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်အ ကျော်ရက်တွေမှာ ယာဉ်မောင်းတစ်ဦး အိပ် ပြီးလိုက်ပါလာနိုင်အောင် ယာဉ်ပိုင်ရှင် ဘက်မှ စီစဉ်ကို ပေးရမည်။ ဥပဒေကို ထုတ် ရမည်။ ဒါဟာ ယာဉ်ပိုင်ရှင်အတွက်လည်း ကောင်းသည့် ဥပဒေတစ်ရပ်ပင် ဖြစ်လ ပေမည်။
ဘာကြောင့်လဲ၊ တွေးကြည့်လေ။ အိပ် ရေးမဝလို့ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မောင်း ဖြစ်သူ ထောင်ကျတာ၊ အသက်ဆုံးတာက သတ်သတ်။ ယာဉ်ပိုင်ရှင်လည်း ကားပျက် စီးတာပါပဲ။ ပြန်ပြီး ပြင်ရပြီဆိုရင်တော့ ထို ပွဲတော်ရက်လေး အသွားအပြန် ၁၀ ရက်စာ ထိုင်ခုံတစ်ခုံရောင်းရငွေထက် အဆပေါင်း များစွာ ပိုကုန်သွားပါပြီ။ ဒါကို သိသိနှင့် ပေ ခေါက်နေသော ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်လိုင်း ကြီးတွေ အများကြီးရှိတာတော့ မကောင်း။ ခေတ်ကို တိုးတက်အောင် ပြုပြင်စေချင်ကြ သူတွေ များသည်၊ စနစ်ကို ပြင်စေချင်သူ တွေ မနည်းပါ။ ဒါပေမဲ့ ကိုယ်တိုင်တော့ အ တွေးအခေါ် တိုးတက်မလာ၊ မပြုပြင်ချင် ကြ။ ဒါဆိုလျှင် ဥပဒေနှင့် ကွပ်ညှပ်သင့်ပြီ။
ဒါတင်ကသေးလား၊ အဝေးပြေး ခရီး သည်တင်ကားလောကတွင် သွားရမည့် ခရီးမိုင်၂ဝဝ အထက်ဖြစ်ပါက ယာဉ် မောင်း နှစ်ယောက် မဖြစ်မနေထားရှိရ မည်ဆိုသော ဥပဒေရှိ၏။ သို့သော် အချို့ သော မိုင် ၃၅၀ ဝန်းကျင် ကွာဝေးသည့် ခရီးအချို့ကို ယာဉ် မောင်း နှစ်ဦးထားလျှင် ကျပ်ငွေ ၃၅, ဝဝဝ စီပေးရ၏။ ထို့ကြောင့် ကျပ်ငွေ ၇၀,ဝဝဝ ကုန် ၏။ ထမင်းဖိုး နှစ်ယောက်စာပေးရ၏။ ထို အခါ အချို့ ယာဉ်ပိုင်ရှင်တို့သည် ယာဉ် မောင်းတစ်ဦး တည်း မောင်းစေ၏။ မောင်းခ ငွေ ကျပ် ၆၀,ဝဝဝ ပေး၏။ ထမင်းဖိုး တစ် ယောက် စာ အကုန်သက်သာသွား၏။ မောင်းကြေး ပေးရမည့်ငွေမှ ကျပ် ၁၀,ဝဝဝ ပြန်ထွက် လာ၏။ ယာဉ်မောင်းနှစ်ဦးအတွက် ထား ပေးရမည့် အလှည့်ကျနားနေ မည့် ထိုင်ခုံ တစ်ခုံစာ သက်သာသွားစေပြန် ၏။ သို့သော် သည်အတွက်မူ အသက် အန္တရာယ်ကင်းရေးအတွက် လုံခြုံစိတ်ချရ မှုအား အလွန်နည်းသွားပေပြီ။
မည်မျှပင်စစ်ဆေးနေစေကာမူ စစ်ဆေး မှုအားနည်း၍ ထိုခရီးတို့ကို တစ်ယောက် တည်း မောင်းနှင်နေသောယာဉ်လိုင်းများ ရှိနေဆဲပင်။ ယာဉ်ပိုင်ရှင်များ ရှိနေဆဲပင်။ ဒါဟာ နေပြည်တော်ကဲ့သို့ လမ်းခုလတ် မျိုးတွင် ရှောင်တခင်စစ်ဆေးမှုအား အလွန် နည်းနေသည်ကို ပြသနေသကဲ့သို့ စစ်ဆေး တွေ့ရှိပြန်လျှင်လည်း ခွင့်ပြုခဲ့သည့် မူရင်း ဂိတ်မှ ပို့/ဆက်၊မထသတို့အား ပြင်းထန်စွာ အရေးယူခြင်းမရှိ၍ ဖြစ်နေခြင်းဟု အတိ အကျ ပြောနိုင်၏။
၂၀၁၉ ခုနှစ် သင်္ကြန်မတိုင်မီကာလ တွေမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ကြေညာသော အမိန့် တစ်ရပ် ထွက်လာသည်။ အမြန်လမ်းမပေါ် တွင် ဖြတ်သန်းသွားလာမည့် ယာဉ်အချို့ တွင် မောင်းချိန်ရှစ်နာရီအထက်ကြာမည့် ခရီးစဉ် ယာဉ်မောင်းနှစ်ဦးထားရမည်ဆို သော အချက် ဖြစ်သည်။
ကျွန်တော် တွေးကြည့်သည်။ ပုသိမ်မှ လားရှိုးသို့သွားမည့် လိုက်ထရပ်သော်လည်း ကောင်း၊ ကုန်ကားသော်လည်းကောင်း၊ ရန်ကုန်၊ မန္တလေးမြို့တို့၏ အမြန်လမ်းမကြီး အစငွေကောက်ခံရေးဂိတ်သို့ ရောက်ရှိလာ ကြပြီ ဆိုပါတော့။ စစ်ဆေးသူက စစ်ဆေး မည်။ ဘယ်ကလာပြီး ဘယ်ကို သွားမည် နည်း။ ယာဉ်မောင်းတစ်ဦးတည်း ပါလာ သော ကားသည် ရှစ်နာရီအထက်ဝေးသော ခရီးသို့ သွားပါမည်။ အခုလည်း ပုသိမ်က (သို့မဟုတ်) လားရှိုးက မောင်းလာပါသည် ဟု အမှန်ဖြေပါမည်လော။ ယခုပင် ရန်ကုန် သို့မဟုတ် မန္တလေးက စတင်ထွက်ခွာလာ ပါသည်ဟု လိမ်လည်ဖြေဆိုကြမည့်သူများ ချင်းပင် ဖြစ်ကြ၏။ မည်သူမျှ အမှန်အတိုင်း ဖြေကြမည်မဟုတ်သလို ဘယ်စစ်ဆေးရေး ပေတံနှင့်မျှတိုင်းတာမရနိုင်သော အဓိပ္ဗာယ် မဲ့သည့် ဥပဒေတစ်ရပ်ပင် ဖြစ်၏။ အမိန့် ကြေညာချက်ပင် ဖြစ်၏။
ဘယ်က စထွက်ပြီး ဘယ်အထိ သွား မည်ဆိုသည်ကို အတိအကျစစ်ဆေးနိုင် သည်မှာ အဝေးပြေးခရီးသည်တင်ယာဉ် ကြီးများသာ ရှိ၏။ ထိုယာဉ်များသည် သက် ဆိုင်ရာ ပို့/ဆက်တွင် ခွင့်ပြုချက်ရယူပြီးမှ သွားရသောကြောင့် ဖြစ်၏။
ထိုအဓိပ္ဗာယ်မရှိသော အမိန့်ကြေညာ ချက်ကို လက်တစ်လုံးခြားလုပ်ရန် ကြံစည် လာသော ကားဂိတ်အချို့ပင် ယခုအချိန်၌ ပေါ်လာပေပြီ။ မောင်းချိန်ရှစ်နာရီရှိသော ခရီးအထိ ယာဉ်မောင်းတစ်ဦးတည်း သွား ရန် ခွင့်ပြုသည်ဟု ဆိုလာကြ၏။ ဥပဒေ ပြောင်းသွားပြီဟု အသံလွှင့်လာကြ၏။ မည်သို့မျှ ခွင့်ပြရန် မသင့်ပါ။
ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းမမှ ခရီးသွားလျှင် ထမင်းစားနားချိန် အပါအဝင် ရှစ်နာရီသာကြာပါ၏။ ရန်ကုန်မှ မကွေးသို့ လည်း ထိုနည်းလည်းကောင်းပင်။ ရန်ကုန် မှ ရေး ကြည့်မလား၊ သည်အချိန်ဝန်းကျင် ပါပဲ။ ရန်ကုန်မှ တောင်ကြီးရော၊ အလားတူ ပင်။ ထိုခရီးစဉ်များကို ယာဉ်မောင်းနှစ်ဦး မောင်းနှင်ခွင့်ပြုရာတွင်ပင် ယာဉ်တိုက်မှု တွေ ပေါများနေတုန်း၊ ခရီးသည်တွေ အ သက်ပေးနေကြရဆဲ။ ဘာကြောင့်လဲ။
ကားတစ်စီးသည် ရန်ကုန်မှ မန္တလေး သို့ သွားသည်ဆိုကြပါစို့။ အခြေအနေအရ ထိုကားသည် မန္တလေးသို့ရောက်သည်နှင့် ချက်ချင်း ရန်ကုန် သို့မဟုတ် တောင်ကြီး၊ သို့မဟုတ် အခြားမြို့တစ်မြို့သို့ ခရီးထပ် ဆက်ရန် လိုအပ်လာလျှင် ပြန်ထွက်ရပါ သည်။ ထိုအခါ ယာဉ်မောင်းတစ်ဦးတည်း ထားလျှင် အင်အားပြည့်ဝအောင် အနား ယူမထားသော ယာဉ်မောင်းမှာ နောက်ထပ် ရှစ်နာရီဝန်းကျင် ပြန်လည်တာဝန်ထမ်း ဆောင်ရပြန်၏။
လူတစ်ယောက်၏အလုပ်ချိန်ကို တစ် နေ့လျှင် ရှစ်နာရီဟု အလုပ်သမားဥပဒေ တွင် သတ်မှတ်ထားသော်လည်း ယာဉ် မောင်းဥပဒေတွင် သတ်မှတ်ရန် မသင့်။ ယာဉ်မောင်းအလုပ်မှာ ခြေ၊ လက်၊ မျက်စိ၊ နား တစ်ချက်မှ မနားရအောင် အာရုံစိုက်ရ သည်က တစ်ကြောင်း၊ သူများအိပ်စက်ချိန် ဖြစ်သော ညအချိန်တွင် မောင်းနှင်ကြရ သည်ကတစ်ကြောင်း၊ လေအေးပေးစက် အအေးဒဏ်တွင် အိပ် ငိုက်ရန် လွယ်ကူ သည်က တစ်ကြောင်းတို့ ကြောင့် ခရီးအ ကွာ အဝေး မိုင်၂ဝဝအထက် ခရီးကို ယာဉ် မောင်းနှစ်ဦး မဖြစ်မနေ ထား ရှိရမည် ဆိုသောဥပဒေသည်သာ ခရီးသည် ၏ အသက်လုံခြုံရေးအတွက် လက်ရှိအ နေ အထားအရ အသင့်တော်ဆုံးဖြစ်နေ သည် ကို နားလည်သဘောပေါက်ရန် လို၏။ ယာဉ်မောင်းနှစ်ဦးထားရှိပြီးမှ မိုင် ထောင်ချီ ၍ သွားခိုင်းလည်း ပြဿနာမရှိ လှပေ။
ယနေ့ခေတ်တွင် မော်တော်ယာဉ်များ မှာ အလွန်ကောင်းမွန်၏။ ယာဉ်ပိုင်ရှင်မှာ ကား တန်ဖိုးကျေစေရန် ကားကို တစ်ချက် မနား ခိုင်းစေကြ၏။ ဒါဆိုလည်း မမောင်းနဲ့ ပေါ့ဟု ပြောကြပေမည်။ သေခါမှသေရော၊ ထောင်ကျခါမှ ထောင်ကျရော မမောင်းလို့ ကတော့ မဖြစ်။ နောက်မှာ ယာဉ်မောင်း၏ မိသားစု ဝမ်းရေးကရှိသေး၏။ ယာဉ်ပိုင်ရှင် တိုင်းက ဤနည်းနှင်နှင် ခိုင်းစေနေကြ၍ ယာဉ်လိုင်း ရွေးချယ်နေလို့ မရ။ ပြီးတော့ ကားတစ်စီးသည် ခရီးဆိုက်ရောက်ပြီး နေ့ ဝက် ၁၂ နာရီအတွင်း ဘယ်ခရီးစဉ်မှ ပြန် မထွက်ရဟု ဥပဒေထုတ်ပြန်ထားခြင်းလည်း မရှိသလို ကြီးလည်းမကြီးကြပ်နိုင်။ ယာဉ် မောင်းနှစ်ယောက်ထားရမည့် ခရီးများကို ပင် လစ်လျှင်လစ်သလိုတစ်ယောက်တည်း မောင်းနေကြတာကို လုံလောက်အောင် မကြီးကြပ်နိုင်ကြသေးပါ။
ထို့ကြောင့် ပို၍ လျော့သော ဥပဒေ များ၊ အမိန့်ကြော်ငြာစာများ မထုတ်မိစေ ရန်နှင့် အဆက်မပြတ် တင်းတင်းကျပ်ကျပ် စစ်ဆေးရန်မှာ သက်ဆိုင်ရာတို့၏အလုပ်။ ကမ္ဘပေါ်တွင် မော်တော်ယာဉ်ပေါ်ပြီး ကတည်းက ယာဉ်တိုက်မှုတွေ၊ သေဆုံးမှု တွေ ရှိနေ၏။ မဖြစ်အောင်တော့ ကာကွယ် လို့ မရ၊ လျော့ကျအောင်တော့ လုပ်လို့ရ သည်။ ပိုတိုးအောင်တော့ မလုပ်ကြပါနှင့်။
ယာဉ်တိုက်မှုကြောင့် တစ်နှစ်တစ်နှစ် သေဆုံးသူဦးရေသည် တိုက်ပွဲကြီးတစ်ပွဲတွင် ကျဆုံးသော စစ်သည်အရေအတွက် ထက် အများကြီးများနေ၍ ပြည်သူတို့ အ သက်များ အလဟဿဆုံးရှုံးမှုတို့ လျော့ နည်းအောင် သက်ဆိုင်ရာကို အသိပေးမှ ဖြစ်တော့မည်ဟု ယူဆပြီ့း ။
Credit - ကိုမိုး(၂၇-၄-၂၀၁၉)
No comments:
Post a Comment