မြန်မာနိုင်ငံတွင် ချက်လုပ်ဖော်စပ်သော မူးယစ်ဆေးဝါးများသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ဘင်္ဂ္လားဒေ့ရှ်သို့ ပိုမိုဝင်ရောက်လာခြင်းအတွက် ဘင်္ဂ္လားဒေ့ရှ်တွင် သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။
မြန်မာပြည်မှ ရောက်လာသော ယာဘ မူးယစ်ဆေးဝါးများ ဆယ်ဟတ် မြို့တွင် ဖမ်းမိကာ၊ အဆိုပါ ဆေးဝါးများသည် အိန္ဒိယကို ဖြတ်ကာ ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး အာမက်ယူဆွတ်ဂျမေးလ်က ဧပြီလအတွင်းက မီဒီယာများကို ဘင်္ဂ္လားဒေ့ရှ်တွင် ပြောကြားခဲ့သည်။
ဘင်္ဂ္လားဒေ့ရှ်သို့ ပို့မည့် ယာဘများ အိန္ဒိယတွင် ကြိုကြားကြိုကြား ဖမ်းမိလာခဲ့ပြီးနောက် အိန္ဒိယပြည်နယ်များ ဖြစ်သော ထရီပူရ၊ အာသံ နှင့် မီဂါလာယာ တို့တွင် ဝင်ပေါက်များ ရှိနေကြောင်း ပြသနေသည်။
ယာဘ ဟုခေါ်သော အရောင်တောက် ဓါတုဆေးပြားသည် မီသာဖက်တမင်း နှင့် ကဖိန်း တို့ကို ရောစပ်ထားခြင်း ဖြစ်ကာ ဂျပန်တွင် အကီရာအိုဂါတာ ဟု အမည်ရသော ဂျပန်ဓါတုဗေဒသမားတစ်ဦးက ၁၉၁၈ ခုနှစ်တွင် အမြောက်အများ စတင် ထုတ်လုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဘက်တွင် ယာဘထုပ်လုပ်စခန်းများသည် တရုတ်နယ်စပ် ရှမ်းပြည်နယ်တွင် ရှိပြီး ဝပြည်တပ်မတော် (UWSA) က ထိန်းချုပ်နယ်မြေဖြစ်ကာ အဆိုပါ လက်နက်ကိုင်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သည်။
ယာဘချက်သည့် စခန်းများသည် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းများတွင်ပါ ပေါ်ပေါက်လာခဲ့သည်ဟု သတင်းအချက်အလက်များက ဖော်ပြထားသည်။
အိန္ဒိယအရှေ့မြောက်ပိုင်းသည် ဘင်္ဂ္လားဒေ့ရှ်နှင့် ၁၈၈၀ ကီလိုမီတာ ရှည်လျားသော နယ်စပ်ရှိကာ တောင်ကုန်းတောင်တန်းများ၊ လွင်ပြင်များ၊ မြစ်များ ရှိပေရာ လုံခြုံရေး စစ်ဆေးရသည်မှာ နှစ်ဖက်လုံးအတွက် အလွန်အမင်း ခက်ခဲပေသည်။
ပြီးခဲ့သည့် ၃နှစ်အတွင်းက မူးယစ်ဆေးဝါးများသိမ်းဆည်းရမိချက်အရ အိန္ဒိယအရှေ့မြောက်ပိုင်းမှ လမ်းကြောင်းနှစ်ခုဖြင့် မြန်မာမှသည် ဘင်္ဂ္လားဒေ့ရှ်သို့ ပို့နေကြောင်း သိရှိနိုင်သည်။
မီဇိုရမ် ပြည်နယ်ကို ချန်ဖိုင်မြို့ကို ဖြတ်ကာ အိန္ဒိယ- ဘင်္ဂ္လားဒေ့ရှ်နယ်စပ်သို့ လာနေသည့် လမ်းကြောင်းက သယ်ပို့မှု ပိုမိုများသည်ဟု ဆိုထားသည်။
“ချန်ဖိုင်မြို့ဟာ တီးတိန်၊ မန္တလေး စတဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေနဲ့ အချိတ်အဆက်ရှိပါတယ်။ ဘင်္ဂ္လားဒေ့ရှ်ကို ဒီမူးယစ်ဆေးဝါးတွေ ရောက်လာနိုင်ချေကို ထည့်မတွက်ဘဲနေလို့ မရပါဘူး” ဟု ရဲမင်းကြီး တီဆေလိုက ပြောကြားသည်။
နောက်လမ်းကြောင်း တစ်ခုဖြစ်သော မဏိပူရ ပြည်နယ်လမ်းကြောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသည်။
မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ထိန်းချုပ်ရန် ဆောင်ရွက်နေသော်လည်း မြန်မာဘက်က လာနေသည့် လမ်းများကို မပိတ်ဆို့နိုင်ပေ။ ဘင်္ဂ္လားဒေ့ရှ် ကောက်ဘဇားဒေသတွင် လမ်းကြောင်းများစွာ ပွင့်နေဆဲဖြစ်ပြီး သောင်းပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များ ရှိနေရာ ဒေသဖြစ်၏။
No comments:
Post a Comment