ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးထားသည့် ၂၇ ဦးတွင် အေအေ တပ်ဖွဲ့ဝင် ၁၈ ဦး ပါဝင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
"ကျွန်တော်တို့ ပဏာမ စစ်ကြောချက်အရ ၁၈ ဦးဟာ အေအေတပ်ဖွဲ့ဝင်များဖြစ်ပါတယ်။ ၁၈ ဦးဟာ အမှတ်(၃၁)မြောက်ဦးမှာရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူများဖြစ်ပါတယ်။ ငါးဦးဟာ အမာခံများ ဖြစ်ပါ တယ်။ ကျန်တဲ့လေးဦးဟာ သံသယစာရင်းဖြစ်ပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဖော်ထုတ်ရရှိတာဖြစ်ပါတယ်ဓဟု ၎င်းက ပြောဆိုသည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် မေ ၃ ရက်မွန်းလွဲပိုင်းက ပြုလုပ်သည့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ၏ ဥပဒေချိုးဖောက်မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ၂၇ ဦးကို လက်ရှိတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်ပြီး စစ်တွေရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ၎င်းက ပြောဆိုသည်။
"ဒါတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုက ရဲလက်ထဲအပ်ထားပြီးကျွန်တော်တို့ စစ်ကြောချက်တွေ၊ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်တွေကိုလည်း အမှုဖွင့်တဲ့အခါ တရားရုံးကို ပေးပြီး တရားရုံးကလည်း အမှုစွဲချက်အတိုင်း ရင်ဆိုင်မယ်။တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းသွားမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုသည်။
ဧပြီ ၁၀ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်း(၃၁) ကို ဝင်ရောက်တိုက်ခိုက် ထွက်ပြေးသွားသည့် အေအေအဖွဲ့ကို တပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီး၌ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
No comments:
Post a Comment