ဗုံးခွဲတိုက်ခိုက်မှုတွေ ထပ်ရှိလာမယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတွေ တင်းကျပ်ထား
သီရိလင်္ကာနိုင်ငံမှာ တရားမဝင် ဓားတို၊ ဓားရှည်တွေကို လာမယ့် နှစ်ရက်အတွင်း အာဏာပိုင်တွေထံ လာရောက် အပ်နှံကြဖို့ လူထုကို နှိုးဆော်ထားပါတယ်။
လူ ၂၅၀ ကျော် သေဆုံးခဲ့ရတဲ့ အီစတာ တနဂင်္နွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး စီးနင်းရှာဖွေမှုတွေအတွင်း အန္တရာယ်ပေးနိုင်တဲ့ ဓား ရာပေါင်းများစွာ သိမ်းဆည်းမိခဲ့ပါတယ်။
ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက်ပိုင်း နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာ ရဲတွေကို အားဖြည့်ပေးဖို့ စစ်မှုထမ်း ထောင်ပေါင်းများစွာ စေလွှတ်ထားပါတယ်။
စာသင်နှစ်အစ ကျောင်းတွေ ပြန်ဖွင့်တော့မယ့် လာမယ့် တနင်္လာနေ့မတိုင်ခင် စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ ချထားဖို့ အကြီးအကျယ် ဆောင်ရွက်နေပြီး ကျောင်းတွေနားမှာ ကားတွေ ရပ်မထားကြဖို့ လူထုကို ရဲက မေတ္တာ ရပ်ခံထားပါတယ်။
ဟိုတယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်
တခါ အီစတာပွဲတော်နေ့တုန်းကလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကက်သလစ် ခရစ်ယာန် အသင်းတော်က တနဂင်္နွေနေ့မှာ ခါတိုင်း ပုံမှန် ဝတ်ပြုစည်းဝေးတာမျိုးကို ထပ်မံ ဆိုင်းငံ့ထားလိုက်ပြီး သီးသန့် ဝတ်ပြုစည်းဝေးမှုတစ်ခုကိုပဲ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
တခါ အီစတာပွဲတော်နေ့တုန်းကလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကက်သလစ် ခရစ်ယာန် အသင်းတော်က တနဂင်္နွေနေ့မှာ ခါတိုင်း ပုံမှန် ဝတ်ပြုစည်းဝေးတာမျိုးကို ထပ်မံ ဆိုင်းငံ့ထားလိုက်ပြီး သီးသန့် ဝတ်ပြုစည်းဝေးမှုတစ်ခုကိုပဲ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
အခုသီတင်းပတ်ကုန် ရက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို ယုံကြည်စိတ်ချရတဲ့ နိုင်ငံခြား သတင်းရပ်ကွက်တစ်ခုက သူ့ကို လှမ်းသတိပေးထားတယ်လို့ သီရိလင်္ကာ ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းတော် အကြီးအကဲ ကာဒီနယ် ဘုန်းတော်ကြီး မာလ်ကမ်း ရန်ဂျစ်က ပြောပါတယ်။
နာမည်ကြီး ခရစ်ယာန် ဘုရားကျောင်း တစ်ခု ဒါမှမဟုတ် ကက်သလစ် ခရစ်ယာန်အဖွဲ့ကြီးတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်နေတယ် ဆိုတာကို ယုံကြည်စိတ်ချရတဲ့ နိုင်ငံခြား သတင်းရပ်ကွက်ကနေ သိထားရတယ်လို့ သူက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို အီစတာပွဲတော်နေ့ မတိုင်ခင် အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့ထံက သတိပေးချက်တွေကို သီရိလင်္ကာ အာဏာပိုင်တွေ ရခဲ့ကြပေမဲ့ ရဲနဲ့ လုံခြုံရေး အဖွဲ့တွေက အရေးယူတာမျိုး မလုပ်ခဲ့ကြပါဘူး။
ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား ခဲ့တဲ့ အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ၂၅၇ ဦးထဲမှာ နိုင်ငံခြားသား ၄၂ ဦး ပါဝင်ပါတယ်။
အခုအခါ သီရိလင်္ကာနိုင်ငံ တဝန်းမှာ ဟိုတယ်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုရားစေတီတွေနဲ့ မွတ်ဆလင် ဗလီကျောင်းတွေ အပြင်ဖက်မှာ လက်နက်ကိုင် အစောင့်တွေ ချထားပါတယ်။
အီစတာပွဲတော်နေ့ တိုက်ခိုက်မှုမှာ အဓိက ပါဝင်ခဲ့သူ အများစုကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်သလို တချို့လည်း သေဆုံးခဲ့ပြီ ဖြစ်ပေမယ့် ပူးပေါင်း ကြံစည်သူတချို့ လွတ်နေဆဲပဲလို့ သီရိလင်္ကာ ဝန်ကြီးချုပ် ရာနီလ် ဝီကရီမာဆင်ဂါက ပြောပါတယ်။
ကိုလမ်ဘိုမြို့မှာ ရှိတဲ့ တံတား အတော်များများနဲ့ မိုးပျံတံတားတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်တဲ့အတွက် လုံခြုရေးတွေ တိုးမြှင့်ချထားပါတယ်။
No comments:
Post a Comment