Sunday, May 5, 2019

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်မတော်မှတပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူအား သတ်ဖြတ်

နေပြည်တော်၊ မေ - ၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာတွင် နေထိုင်သည့် တပ်မတော်မှ တပ်ကြပ် ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဦးစိန်ကုလား အား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မေ ၁ ရက် တွင် ဓားဖြင့်ခုတ်၍သတ်ဖြတ် ခဲ့ကြောင်းသိရှိရသည်။ 

ဖြစ်စဉ်မှာ ပီကောက်ဝ(ရခိုင်)ကျေးရွာနေ တပ်ကြပ်ကြီး(အငြိမ်းစား) ဦးစိန်ကုလား (ဘ) ဦးထွန်းစိန်သည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ည ၁၂ နာရီခွဲခန့်တွင် AA အကြမ်းဖက်ေ သာင်းကျန်းသူအဖွဲ့မှ တုတ်/ဓား ကိုယ်စီ ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သော ကြောင့် တပ်ကြပ်ကြီး(အငြိမ်းစား) ဦးစိန်ကုလားတွင် ဓားဒဏ်ရာအများအပြားဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာ နဖူးဒဏ်ရာတစ်ချက်ဖြင့် သတိလစ်မေ့မျောလျက်ရှိသဖြင့် အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ 

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ပီကောက်ဝ(ရခိုင်)ကျေးရွာနေသူများအား စုံစမ်းချက်များအရ သေဆုံးသူ တပ်ကြပ်ကြီး (အငြိမ်းစား) ဦးစိန်ကုလားသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပက်သက်ဆက်နွယ်သူ မဟုတ် ကြောင်းနှင့် မိသားစုနှင့်သာ အေးအေးချမ်းချမ်း နေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုမရှိစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး အပြစ်မဲ့ဒေသခံ ပြည်သူများသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်စာပေးပို့ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ယနေ့အချိန်အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အပြစ်မဲ့ဒေသခံပြည်သူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။




No comments:

Post a Comment