Sunday, February 10, 2019

ပုဏ္ဏားကျွန်းမြို့ ၌ အမျိုးသားတစ်ဦးအား မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူ




နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပုဏ္ဏားကျွန်းမြို့ ၌ ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအားလုံခြုံရေးကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့)မတရားအသင်း အဖွဲ့အစည်းတစ်ခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍လည်းကောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြသူ အကောင့်ပိုင်ရှင်ကို အမှုဖွင့်အရေးယထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲခန့်က ဇော်ဝင်းနိုင် ရွာဟောင်းရပ်ကွက်ပုဏ္ဏားကျွန်းမြို့နေသူမှKo Zaw Win Naing အကောင့်အမည်ဖြင့် ၎င်း၏လူမှုကွန်ရက်၌ စစ်တွေမှ မြောက်ဦးဘက်သို့ ထွက်ခွာလာသော ရဲတပ်ဖွဲ့၏ လုံခြုံရေးယာဉ်တန်းအား ဗီဒီယိုမှတ်တမ်းရိုက်ကူး၍
" စစ်တွေဘက်မှ ရဲကား အစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ"
ဟု ရေးသားဖော်ပြခဲ့မှုအပေါ် တပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားသွားလာမှုအား လုံခြုံရေးကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့) မတရားအသင်းအဖွဲ့အစည်း တစ်ခုခုအားသိရှိနိုင်စေရန် ရည်ရွယ်၍ လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်ဇော်ဝင်းနိုင်အား ပုဏ္ဏားကျွန်းမြို့မရဲစခန်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြန်မာ့အလင်း

No comments:

Post a Comment