အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဥက္ကဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးနဲ့ ဖွဲ့စည်းမယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်က ၂၂ ဦးစီ ကော်မတီမှာပါဝင်မှာပါ ။ ကော်မတီ ဥက္ကဌတာဝန်ကိုတော့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က တာဝန်ယူမှာလည်းဖြစ်ပါတယ်။
ကော်မတီမှာတော့ လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ် တွေ ရယ် ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ကြမယ်လို့သိရပါတယ်။
ဒီကနေ့မှာတော့ ကော်မတီဖွဲ့ဖို့အတွက် အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် ကိုယ်တိုင် ဦးစီးပြီး ပြုလုပ်ခဲ့တာပါ။
သတင်း ၊ ဓာတ်ပုံ - နိုင်လင်း
No comments:
Post a Comment