Friday, February 8, 2019

ဘရာဇီးတွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်၊ လူ ၅ ဦးထက်မနည်း သေဆုံး


ဘရာဇီးနိုင်ငံ ရီယိုဒီဂျေနးရိုးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က အားပြင်းမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ရီယိုမြို့တော်ဝန်က ရွှံ့မြေပြိုမှု ကြုံတွေ့ခဲ့တဲ့ ဘတ်စ်ကားအတွင်း လူတဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သစ်ပင်ပြိုလဲတာတွေ၊ လမ်းရေလျှံတာနဲ့ ရေစီးနဲ့ ဘတ်စ်ကားတွေ မျောပါတာတွေ ဖြစ်ခဲ့ပါတယ်။

နာမည်ကြီး ခရီးသွားနေရာတွေဖြစ်တဲ့ အီပန်နဲမာနဲ့ ကော်ပါကာဘွန်နာတို့မှာ ဖေဖော်ဝါရီ ၆ ရက်ညက လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၁၀ အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် တောင်စောင်း လူနေရပ်ကွက်တွေမှာ မြေပြိုခဲ့ပြီး လမ်းတွေ ပိတ်ခဲ့ပါတယ်။

ဇန်နဝါရီလက ရီယိုဒီဂျနေးရိုးမြို့မှာ ၉၇ နှစ်တာ ကာလအတွင်း အပူပြင်းဆုံး ကြုံတွေ့ခဲ့ပြီး တချို့နေ့တွေမှာ အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မုန်တိုင်းဝင်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment