အသက် ၁၅ ကနေ ၂၅ ဆိုတာက..
မာန်တွေတက်တဲ့အရွယ်...
ငါကြိုးစားလျင်ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.
၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညယ်မ..လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာ လဲ သိပ်သာယာတာ။
၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...
၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာ ကို ပြုံးပြီး
မိန့်မိန့်ကြီးကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။
၅၀ လဲကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကိုလုပ်မနေပု..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နာပဲ...။
၆၀ လဲကျော်ရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..
အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ် စိတ်လေး နည်းနည်းစွက်လာတာတတ်တာတပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ ကျုံးလုပ်နေတတ်တာလဲ တပိုင်း။
၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ မျော်လင့်တော့တယ်။
လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်ထဲမရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..
လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာရယ်..
ကူစရာရှိတာကူ..
ပေးစရာရှိပေး..
ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ်အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်းကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..
အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
ကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..
သူများ အထင်ကြီးအောင်လဲ
ဟန်ဆောင်စရာမလိုဘူး
မရှိဘူး မတတ်ဘူး လို့လဲ
အထင်သေးစရာမလိုဘူး..
တနေ့ မြေကြီးထဲ သွားရမှာ အတူတူ..။
Think freely..
Feel freely..
လူု ဘဝဆိုတာ ခနလေး..
ပျော်ပျော်ရွှင်ရွှင်နေကြရအောင်ပါ..။
Dr.စိုးနန္ဒာထက်
မာန်တွေတက်တဲ့အရွယ်...
ငါကြိုးစားလျင်ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.
၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညယ်မ..လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာ လဲ သိပ်သာယာတာ။
၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...
၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာ ကို ပြုံးပြီး
မိန့်မိန့်ကြီးကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။
၅၀ လဲကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကိုလုပ်မနေပု..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နာပဲ...။
၆၀ လဲကျော်ရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..
အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ် စိတ်လေး နည်းနည်းစွက်လာတာတတ်တာတပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ ကျုံးလုပ်နေတတ်တာလဲ တပိုင်း။
၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ မျော်လင့်တော့တယ်။
လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်ထဲမရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..
လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာရယ်..
ကူစရာရှိတာကူ..
ပေးစရာရှိပေး..
ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ်အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်းကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..
အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
ကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..
သူများ အထင်ကြီးအောင်လဲ
ဟန်ဆောင်စရာမလိုဘူး
မရှိဘူး မတတ်ဘူး လို့လဲ
အထင်သေးစရာမလိုဘူး..
တနေ့ မြေကြီးထဲ သွားရမှာ အတူတူ..။
Think freely..
Feel freely..
လူု ဘဝဆိုတာ ခနလေး..
ပျော်ပျော်ရွှင်ရွှင်နေကြရအောင်ပါ..။
Dr.စိုးနန္ဒာထက်
No comments:
Post a Comment