Sunday, February 10, 2019

သင်္ကန်းမျိုးစုံ ၃၅၅ စုံမောင်တော၌ သိမ်းဆည်းရမိ

မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် (၃၆) အနီး လျှိုအတွင်း ရေ>ပန်ပေါက်အနီးမှ သင်္ကန်းမျိုးစုံ ၃၅၅ စုံ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီခွဲခန့်တွင် မောင်တောမြို့နယ် နယ်မြေ(၃) အတွင်း နယ်စပ်ခြံစည်းရိုးတစ် လျှောက်ရလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင် (၃၆) အနီး ခန့်မှန်းမြေပုံညွှန်း ဒီယူ-၁၈၆၄၆၂ သို့ ရောက်ရှိချိန် လျှိုအတွင်းရေပြွန်ပေါက်အနီးမှ တောတိုးသံနှင့် စကားပြောသံများကြားရ၍ စိစစ်စဉ် သယ်ဆောင်လာသည့် ပီနံအိတ်ထုပ်များကိုပစ်ချ၍ (လူစိစစ်ဆဲ) ချုံအတွင်းသို့ တိုးဝင်ထွက်ပြေးသွားခဲ့ရာ အဆိုပါနေရာမှ ပီနံအိတ်ကိုးအိတ်ဖြင့် ထည့်ထားသည့် သင်္ကန်းမျိုးစုံ ၃၅၅ စုံ သိမ်းဆည်းရမိခဲ့ကြောင်း။ ထိုသို့သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်း - နိုင်ဝင်းစိုး
ဓာတ်ပုံ - MOHA

No comments:

Post a Comment