ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ရန်မရှိ၊ လူထုဆန္ဒခံယူပွဲပြန်လုပ်ရင် ပိုကောင်းဟုဆို
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ဖို့ မရှိပေမယ့် ပြင်ဆင်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့လိုတယ်လို့ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၂.၄၇ ရာခိုင်နှုန်းထောက်ခံထားပြီး နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ ဥပဒေဖြစ်လို့ ပါတီတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ခုတည်း၊ အစိုးရတစ်ဖွဲ့တည်းက ပြုပြင်လို့မရဘူးလို့လည်း သူကပြောပါတယ်။
ပြည်သူနဲ့အဓိက သက်ဆိုင်တဲ့အတွက် လူထုဆန္ဒခံယူပွဲလုပ်ရင် ပိုကောင်းမယ်လို့လည်း ဆိုပါတယ်။
ဒီသတင်းကို သတင်းထောက်မင်းဟိန်းက ရိုက်ကူးထားပါတယ်။
No comments:
Post a Comment