ဒီတစ်ခေါက်တော့ အာရှအပေါ်အမြင်နဲ့ ယူကရိန်းနဲ့ ရုရှားတို့ရပ်တည်ချက်ကို Soros ရဲ့ ခံယူချက်တွေ ပြောပြချင်တယ်.
အာရှအပေါ်အမြင်မှာ တရုတ်ကို အဓိက ပြောခဲ့တယ်.!!!!
တရုတ်ဟာ အာရှ မှာ Key Player ဖြစ်လိမ့်မယ်လို့ ၁၉၈၀ လောက်ကတည်းက သူယူဆခဲ့တယ်.
အာရှကို ဦးဆောင်မှာက ???
လူဦးရေ နည်းပြီး ပထဝီ အနေအထားအရ နယ်မြေကျဉ်းလှပြီး အရေးမပါတဲ့နေရာရောက်နေတဲ့ ဂျပန်လည်း မဟုတ်ဘူး
လူဦးရေများပေမဲ့ ဇတ်နိမ့်ဇတ်မြင့် ပြင်းထန်လှပြီး ဘင်္ဂလားဒေခ့်ျနှင့် ပါကစ္စတန် မွတ်ဆလင်နိုင်ငံတို့ သမိုင်းကြောင်း ကွဲအက်မှု ရှိတဲ့ အိန္ဒိယ လည်းမဟုတ်ဘူး ..
လူဦးရေ နိုင်ငံရေးကစားနိုင်ပြီး တစုတစည်းတည်း လူမျိုးရေးညီညွတ်မှု ရှိတဲ့ , နယ်မြေပါ အာရှ ကုန်းတွင်းအထိ ကျယ်ပြောလှတဲ့ တရုတ်သာဖြစ်တယ်.
ဘာလို့လဲဆိုတော့ ????
ကွန်မြူနစ်နိုင်ငံရေးစနစ်( နိုင်ငံရေးစနစ်သစ်တစ်ခုကို အသက်သွင်း ) ဦးဆောင်သူဖြစ်ပြီး
စီးပွားရေးအရ လည်း လှုပ်ရှားနိုင်တဲ့ ဘောင်ကျယ်လှတဲ့ နိုင်ငံဖြစ်ခြင်း
စတဲ့ အချက်၂ချက်နဲ့ ပြည့်စုံနေတဲ့ တရုတ်ပဲ ဦးဆောင်လိမ့်မယ်ဆိုတာ Soros ကတွက်ချက်ထားတယ်..
အထူးသဖြင့် 1978 ကနေ 1989 အထိ ကွန်မြုနစ်ပါတီနဲ့အတူ တရုတ်ပြည်ကြီးကို ဦးဆောင်ခဲ့တဲ့ Deng Xioping ရဲ့ အစွမ်းအစကို သူသိခဲ့လို့ပဲ.,
တစ်ပါတီ အာဏာရှင်စနစ်နဲ့ တရုတ်ပြည်ကြီးကို ဈေးကွက်စီးပွားရေးစနစ်ကြီးထဲ မောင်းသွင်းပြီး ချမ်းသာကြွယ်ဝမှု ကို တည်ဆောက်နိုင်ခဲ့လို့ပဲ..
Soros ရဲ့ မှတ်ချက် ရှိခဲ့တယ်,
တရုတ်ဟာ သူ့ရဲ့ အကျိုးစီးပွားတစ်ခုတည်း ရှေ့ရှုခဲ့ပြီး အလျင်အမြန်တိုးတက်လာတယ်..
ဒါပေမဲ့ တာဝန်ယူမှု တော့ရှိရလိမ့်မယ် ,!!!
အမေရိကန်နဲ့ နိုင်ငံရေးဆက်နွယ်မှုကို လေးစားဖို့လိုမယ် လို့ အတိအလင်း ထင်မြင်ချက်တော့ပေးထားပါတယ်,
ဒါဟာ တနေ့မှာ အမေရိကနဲ့ ပြသနာ ဖြစ်လာနိုင်တာကို ထောက်ပြထားတာဖြစ်တယ်..
2015 July မှာ အမေရီက နဲ Strategic Partnership တည်ဆောက်ဖို့ အထူးသတိပေးခဲ့တယ်,
ဘာလို့လဲ ဆိုတော့ ၂နိုင်ငံစလုံးရဲ့ အစွမ်းအစတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲ ပိတ်ဆို့ကုန်ကာ ( evolution to power block ) စစ်ရေး ပဋိပက္ခကို ကူးစက်လာနိုင်တယ်လို့ ကြိုပြောခဲ့တယ်..
ဘာလို့လဲ ဆိုတော့ 2013 မတ်လ၁၄ရက်နေ့မှာ အာဏာစရလာတဲ့ Xi Jinping ဟာ OBOR စီမဲကိန်းကို ခြေလှမ်းစပြင်လာတာ တွေ့ရလို့ပဲ.
သူ့ရဲ့ ထင်မြင်ချက်တွေ ဘယ်လောက်အထိ မှန်ခဲ့ပြီလဲ?????
အမေရိကမှာ လက်ယာအစွန်းရောက် အမျိုးသားရေးသမား Trump တက်လာတဲ့အခါ
အမေရိကနဲ့  ထိပ်တိုက် trade war ဆင်နွဲ ခဲ့ရတော့တယ်မလား??
အခုနောက်ဆုံး တောင်တရုတ်ပင်လယ်မှာ တရုတ်ဟာ အကြီးအကျယ် စစ်ရေးတိုးချဲ့ လာခဲ့သလို
အမေရိကကလည်း တောင်ကိုးရီးယားမှာ နိုင်ငံပြင်ပ အကြီါ်ဆုံးစစ်အခြေစိုက်စခန်းကြီး ကို ၂၀၁၇ မှာ တည်ဆောက်ခဲ့ပြီး စ်ရေး ပဋိပက္ခကို ဖြစ်ပေါ်လာနေပြီ ဖြစ်တယ်.
ရုရှားနဲ့ ယူကရိန်းတို့အပေါ်အမြင် !!!!!
ဆိုဗီယက်ယူနီယံခွဲထွက်နိုင်ငံများ အရှေ့ဥရောပဟာ အရေးကြီးတယ် လို့ Soros က အစဉ်တစိုက်ထောက်ပြခဲ့တယ်..
2015 Jan မှာ ပြောကြားခဲ့တယ်
ဥရောပဟာ ရုရှားနိုင်ငံရဲ့ အစဉ်အမြဲ တိုက်ခိုက်နေမှုကနေ ကာကွယ်ဖို့ ?????
နိုးကြားပြီး အစဉ်အမြဲ စည်းလုံးနေသင့်တယ်..
ရုရှားကို စီးပွားရေးပိတ်ဆို့မှု တွေနဲ့ ပြုလုပ်ထားခြင်းဖြင့် သူ့ရဲ့ ခွဲ ထွက် အရှေ့ဥရောပ နိုင်ငံများကို ဖွံဖြိုးပို့ ကူညီရာရောက်တယ်လို့ ယူဆထားတယ်..
ဒါကြောင့် အဲဒီနှစ်မှာပဲ EU ကနေတဆင့် ယူကရိန်းကို US$ 50 Billion လျီု့ ဝှက်ကူညီခဲ့တယ်..
ယူကရိန်းကို ဘာကြောင့် သူရွေးခဲ့သလဲ ?????
စစ်အေးခေတ်တလျှောက်လုံး ရုရှားဟာ အမေရိကရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေး
ဝါဒရေးရာစစ်ပွဲ ယှဉ်ပြိုင်ဘက်ဖြစ်တယ်..
ကမ္ဘာမှာ အမေရိကရဲ့ တစ်ခုတည်းသော ယှဉ်ပြိုင်ဘက်ဖြစ်တယ်.
နောက်တစ်ခါ ဆိုဗီယက်ယူနီယံလိုမျိုး ရုရှား ကပြန်ဦးမော့ မလာနိုင်ဖို့ သူ့ရဲ့ ဝန်းရံ နိုင်ငံငယ်လေးတွေကို ဆွဲဆောင် ဝိုင်းပတ်ပိတ်ဆို့ထားရေးဟာ ပထမဖြစ်တယ်.
ဒီနေရာမှာ
ယူကရိန်းဟာ အရှေ့ဥရောပ နိုင်ငံများအားလုံးနဲ့ ရုရှားရဲ့ကြားမှာ Buffer နိုင်ငံကြီး ဖြစ်နေတယ်..
ဒါ့အပြင် ပင်လယ်နက် ထွက်ပေါက် ရှိနေပြီး တစ်ဖက်က တူရကီ နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ပင်လယ်နက်ကနေတဆင့် ပင်လယ်ရေကြောင်းသွားလာနိုင်မှုဟာ သိပ်အရေးကြီးလာပါတယ်.
ဒါကြောင့် ရုရှားဟာ ယူကရိန်းရဲ့ နယ်မြေ ကရိုင်းမီးယားကျူးကျော်မှု ကို ၂၀၁၄ ဖေဖေါ်ဝါရီနဲ့ မတ်လတွေမှာ ပြုလုပ်ခဲ့ သလို Soros ရဲ့ Open Society Foundation (OSF )နဲ့ Open Society Institute ( OSI ) တို့ကို ၂၀၁၅ ဇူလိုင်လများမှာ
ရုရှားရဲ့ အခြေခံဥပဒေစနစ်များနဲ့ လုံခြုံရေးကို ချိုးဖေါက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မောင်းထုတ်ခဲ့တယ်..
Soros ရဲ့ အမြင်များဟာ
လေ့လာစရာများလှပါတယ်..
အမေရိကန် နိုင်ငံသားတွေရဲ့ ထူးချွန်တဲ့အမူအကျင့်တွေဟာ သူ့ရဲ့ အမေရိကန်အစိုးရ အပေါ် များစွာ အထောက်အကူ ပြုလှတာ
Soros ဟာ စံနမူနာ ယူစရာ ပါ,
သူ့ရဲ့ EU အပေါ်အမြင်
အမေရိကနဲ့ သူ့မိခင်လူမျိုးနိုင်ငံ အစ္စရေးပေါ်အမြင်
အာရှ နဲ့ ရုရှား ယူကရိန်းတို့ အပေါ် အမြင်များဟာ
နိုင်ငံရေး လေ့လာသူများအနေနဲ့
အထူးကရုပြုသင့်တဲ့ သုံးသပ်ချက်များဖြစ်ကြောင်း တွေ့နိုင်ပါတယ်..
ကျွန်တော်တို့ မြန်မာနိုင်ငံက လုပ်ငန်းရှင်ကြီးများလည်း
Soros လို နိုင်ငံရေးနဲ့ နွယ်သော စီးပွားရေး ရှုထောင့်များ
သုံးသပ်ပြီး
အရှေ့တောင်အာရှ
တရုတ်
အိန္ဒိယ ဂျပန် အမေရိကန် တို့ကို မြန်မာနဲ့ ယှဉ်ပြီး အထွေထွေ ပြုပြင်ပြောင်းလဲချက်များ စဉ်းစားတွေးခေါ်နိုင်ရင်ဖြင့်
အစိုးရကို များစွာ ထောက်ပံ့ကူညီပေးနိုင်မှာ ဖြစ်ကြောင်း ပြောချင်ပါတယ်..
ဆက်ပါအုံးမည်
M.Kawn La
#YawMinGyi #သင့်အမြင်
No comments:
Post a Comment