Proxy ပါတီ တွေ ပိုမိုအင်အားကောင်း ထွန်းကားလာလိမ့်မယ်...
မနေ့က DVB သတင်းအရ သူရရွှေမန်းသာ ပါတီ ထောင်ဖြစ်ရင် ????
2020 မှာလည်း အခြား ပါတီ တွေ ပို များလာရင် ????
NLD ပဲ ဖြစ်ဖြစ် USDP ပဲ ဖြစ်ဖြစ် သေချာပေါက် တစ်ဦးတည်း အနိုင်ရဖို့က မသေချာတော့ပါ.
ဒါကို အလှည့်အပြောင်းအဖြစ်
NLD ခေါင်းကြီးပိုင်းက တွက်ဆထားပြီးဖြစ်တယ်..
ဒါဆို သဘောထားတင်းမာတဲ့
တိုင်းရင်းသားပါတီတွေနဲ့ မဖြစ်မနေ မဟာမိတ်ဖွဲ့
အစိုးရ ဖွဲ့မဲ့အစား
ကိုယ့်ရဲ့ proxy တိုင်းရင်းသားပါတီ နဲ့ လုပ်တာ
ကိုယ့်policy ကိုယ်အောင်မြင်ဖို့ အားသာတယ်မလား????
ဒီတော့ NLD ဟာ 2015တုန်းကလို
တစ်ကိုယ်တည်း ထင်တခွဲသားနဲ့ ဣိနြေ္ဒ ကြီးနေတာထက် proxy မွေးမြူရေး policy ချမှတ်လာနိုင်ပါတယ်..
USDP ကတော့ အစောကတည်းက ဆောင်ရွက်နေခဲ့ပြီးဖြစ်တယ်,
တိုင်းရင်းသားနိုင်ငံရေးလုပ်တဲ့သူတွေထဲကလည်း
၂၀၁၀ တုန်းကလို USDP နဲ့ ပေါင်း နေရာယူ လုပ်စားခဲ့သလိုမျိုး
၂၀၂၀ မှာ ?????????
NLD နဲ့ ဖြစ်ဖြစ်
USDP နဲ့ ဖြစ်ဖြစ်
ပေါင်းပြီးနေရာအတွက် အမျိုးသားရေး မျက်နှာဖုံးတပ်ပြီး
အသည်းအသန်ဆောင်ရွက်လာတော့မဲ့ သူတွေ
ခုကတည်းက ခြေပုန်းခုတ်နေကြပြီလို့
ရိုးသားတဲ့ တိုင်းရင်းသားတွေကို သတိပေးလိုက်ပါရစေ,!!
ဒီတော့ အသွင်သစ် နိုင်ငံရေးအဖြစ်
ပြည်မပါတီကြီးတွေရဲ့ proxy ဖွင့် ရှာပုံတော်ခန်းနဲ့
ကိုယ့်လူတွေထဲက သစ္စာတော်ခံ ဆောင်ရွက်ချက်များကို
မြင်တွေ့ရပါတော့မယ်လို့ ကြိုတင်ပြောပါရစေ..
M Kawn La
No comments:
Post a Comment