( ဒီဇင်ဘာ - ၁၀၊ ၂၀၁၈ ) မြန်မာပြည်ရောက် Twitter လူမှု့ကွန်ယက် CEO ၏ ကိုယ်တွေ့ အမှန်တကယ် မြင်တွေ့ခဲ့ရသည့် ဖော်ပြချက်များကို “ အထူအပါး နားမလည်ဘဲ ရေးသူအဖြစ် “ BBC စွပ်စွဲ ခေါင်းစဉ်တပ်။
====================================
((( BBC., Dec 10, 2018. “Twitter CEO Jack Dorsey criticised for 'tone deaf' Myanmar tweets.” ကို Htay Oung ဆီလျှော်အောင် အတိုချုံး ဘာသာပြန်ဆိုသည်။
ထင်ရှားသော အွန်လိုင်း လူမှု့ပလက်ဖောင်းတစ်ခုဖြစ်သည့် Twitter ၏ အမှု့ဆောင်အရာရှိချုပ် CEO ဖြစ်သူ ဂျက်ဒိုဆေ Jack Dorsey သည် လွန်ခဲ့သည့်လတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ဝိပဿနာတရားအားထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူ ဂျက်ဒိုဆေသည် မြန်မာနိုင်ငံမြောက်ပိုင်းအထိရောက်ရှိသွားခဲ့သည်ဆို၏။ ဂျက်ဒိုဆေက သူအမှန်တကယ်မြင်တွေ့ခဲ့ရသည်များကို သူ၏ Twitter စာမျက်နှာ၌ စီကာစဉ်ကာ ရေးသားရာ၌ လူ့အခွင့်အရေး အလွဲသုံးစားမှု့ဖြင့် ကျယ်ပြန့်စွာ စွပ်စွဲခြင်းခံနေရသော မြန်မာနိုင်ငံအား ကမ္ဘာလှည့် ခရီးသွားများ သွားရောက်လည်ပတ်သင့်သည့် နိုင်ငံတစ်ခုဖြစ် ပရိုမိုးရှင်းလုပ်နေသည်ဟု BBC က ယနေ့ရေးသားသည်။
မြန်မာနိုင်ငံတွင် နေထိုင်သူများမှာ အပြည့်အ၀ ပျော်ရွှင်နေကြပုံမြင်တွေ့ရပြီး အစားအသောက်များမှာလည်း အံ့မခန်းဖြစ်သည်ဟု သူ၏ Follower ၄-သန်းတို့အား သွားရောက်လည်ပတ်ကြရန် တိုက်တွန်းထားသည်။
သို့သော်လည်း ဂျက်ဒိုဆေ၏ ဖော်ပြချက်များတွင် ဘင်္ဂလီမွတ်စလင် ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့ အတိဒုက္ခခံစားနေရသည်များကို ချန်လှပ်ထားကြောင်း စွပ်စွဲလျှက်ရှိသည်ဆို၏။
လွန်ခဲ့သည့်နှစ်တွင် ဘင်္ဂလီမွတ်စလင် စစ်သွေးကြွတို့က နယ်ခြားစောင့် ရဲစခန်းများစွာတို့အား စီးနင်းတိုက်ခိုက်ခဲ့အပြီးတွင် ရခိုင်ပြည်နယ်မြောက်ဖျား၌ မြန်မာ့တပ်မတော်က အကြမ်းဖက်ဖြိုခွင်းမှု့များ ပြုလုပ်ခဲ့သည်။
လူထောင်ပေါင်းများစွာအသတ်ခံရပြီး မြန်မာစစ်သားတို့က မီးရှို့ဖျက်ဆီးမှု့များပြုလုပ်ခဲ့သည့်အပြင် ထင်ရာမြင်ရာ သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ ကျူးလွန်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောဆိုသည်။
ယခုကဲ့သို့ ပြစ်တင်ရှုတ်ချခံနေရချိန်တွင် လွတ်လပ်စွာ သွားလာနိုင်ကြောင်း ကြော်ညာထိုးနေသည်ဟု အကောင့်တစ်ခုက ဂျက်ဒိုဆေအား ချေပရေးသားထားသည်ကို တွေ့ရသည်။ အခြားအကောင့်တစ်ခုက“ အိုး ဟိုးဟို အထူအပါး နားမလည်ပါလား “ ဟု၎င်း၊ “ အလွန်အကျွံ တာဝန်မဲ့သော ရေးသားချက်ဖြစ်သည်” ဟု၎င်း၊ “ ဒီအတွက်နဲ့ ခင်ဗျားရဲ့ Twitter ပလက်ဖောင်းတစ်ခုလုံး အုတ်အော်သောင်းသဲ အဆဲခံရမှာကို သိရဲ့လား “ ဟု၎င်း တုန့်ပြန်ရေးသားကြသည်ကိုလည်း တွေ့ရသည်။
ဘင်္ဂလီမွတ်စလင်ဒုက္ခသယ်များနှင့် လူတွေ့မေးမြန်းခဲ့သော မိုဟာမက်ဂျမ်ဂျွန်ဆိုသူ အယ်ဂျားဇီးယား သတင်းထောက်ကမူ ဂျက်ဒိုဆေ ရေးသားချက်နှင့် ပတ်သက်၍ “ ပြောစရာ စကားလုံးတောင် ရှာမတွေ့တော့ ” ဟု တုန့်ပြန်ရေးသားသည်။
လူမှု့ကွန်ယက်များက ဘင်္ဂလီမွတ်စလင်တို့နှင့် ပတ်သက်၍ “လူမျိုးသုဉ်းသတ်ဖြတ်ခြင်း “ အဖြစ် ကျယ်လောင်စွာ ပြောဆိုနေကြစဉ် အံ့သြဖွယ် အသံတိတ်သွားအောင် ဂျက်ဒိုဆေက ဂုဏ်ယူစွာ လုပ်ဆောင်နေသည်ဟု တုန့်ပြန်ရေးသားသည်ကိုလည်းတွေ့မြင်ရသည်။
ဝေဖန်မှု့များအတွက် ဂျက်ဒိုဆေးက တုန့်ပြန်ခြင်းမရှိသော်လည်း သူ၏ ရေးသားချက်နှင့်ပတ်သက်၍ ပြန်လည် ရှင်းပြမည်ဖြစ်ကြောင်း စောစောပိုင်းတွင် ရေးသားခဲ့သည်။
(( ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ရှု့မိရာတွင် ရခိုင်မြောက်ဖျားဖြစ်စဉ် စွပ်စွဲချက်များ၌ အမြီးအမောက် မတည့်ပုံကို ရေးသားသူမှာ Time နှင့် New York Times ၏ အာရှရေးရာ ကျွမ်းကျင်သူ ဟန်နာဘိခ်ျ Hannah Beech ဖြစ်ပြီး၊ အဖြစ်မှန်နှင့် အနီးစပ်ဆုံး ရေးသားလေ့ရှိသူအဖြစ် Channel News Asia မှ အကြီးတန်း သတင်းထောက် မေ၀မ်း May Wong ပြီးလျှင် ဂျပန်သတင်းစာများဖြစ်သည်ကို တွေ့ရပါသည်။
အံ့သြမိသည်မှာ မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြားခြံစည်းရိုးအနီး တဲထိုးနေထိုင်လျှက်ရှိသူ ဒုက္ခသယ် ၆,၀၀၀ ခန့်နှင့် ပြည်တွင်း ပြည်ပသတင်းထောက်များ တွေ့ဆုံမေးမြန်းခြင်း အကြိမ်ကြိမ်ရှိခဲ့ပါသည်။ အဆိုပါနေရာတွင် လူနေထိုင်ခွင့်မရှိခြင်းအပါအ၀င်၊ ဒုက္ခသယ်များ တောင်းဆိုချက်တို့ကို အသေးစိတ်ရေးသားသော သတင်းဟူ၍ တစ်ခါမှ မတွေ့ဖူးခြင်းဖြစ်ပါသည်။
ရခိုင်မြောက်ဖျားဖြစ်စဉ်ဟူ၍ အွန်လိုင်းတွင် လွှင့်တင်ထားသော ဓါတ်ပုံအတော်များများမှ အတုများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုနိုင်သည်မှာ ၃- နှစ်ခန့်သာ ရှိပါဦးမည်။ ယင်းကာလမတိုင်မီ ဓါတ်ပုံအတုများမှာ အတော်ပင် ကမ္ဘာပြန့်နေပြီဖြစ်သည်။ ယခုနောက်ပိုင်း ဓါတ်ပုံအတုဖြစ်ကြောင်း အထောက်အထားနှင့် ချေပရှင်းလင်းသူ မြန်မာ Facebook User အကောင့်များလည်း အပြီးတိုင် ဖျက်သိမ်းခြင်းခံနေရပါသည်။ လူမျိုးခြား ဘာသာခြားတို့နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားချက်များမှာ အချိန်တိုအတွင်း ဖယ်ရှားခြင်း ခံရသော်လည်း၊ မြန်မာ - ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ရိုင်းပြစွာ စော်ကားရေးသားချက်များ ဖိုတိုရှော့ ဓါတ်ပုံများမှာမူ ခလုတ်မထိ၊ ဆူးမငြိဘဲ ကျန်းမာပကတိ ချမ်းသာစွာရှိနေသည်မှာကား သမိုင်းတွင် ကျန်ရစ်စေမည်ဟု မျှော်လင့်မိပါသည်။ ။ သတင်း ဘာသာပြန်သူ))
https://www.bbc.com/news/world-us-canada-46498876…
=====
Twitter CEO Jack Dorsey criticised for 'tone deaf' Myanmar tweets
9 hours ago
Twitter's chief executive has been criticised for promoting Myanmar as a tourist destination despite widespread allegations of human rights abuses in the country.
In a series of tweets, Jack Dorsey said he had travelled to northern Myanmar last month for a meditation retreat.
"The people are full of joy and the food is amazing," he said, before encouraging his 4m followers to visit.
But some accused him of ignoring the plight of the Muslim Rohingya minority.
Last year, Myanmar's military launched a violent crackdown after Rohingya militants carried out attacks on several police posts.
Thousands of people have been killed, and human rights organisations say the army has burned land and committed arbitrary killings and rape.
What you need to know about the crisis
How a 'genocide' was investigated
What will happen next after damning UN report?
"Writing what is effectively a free tourism advert for them at this time is reprehensible," one Twitter user wrote in response to Mr Dorsey's tweets.
"The tone-deafness here is... wow," another user said.
"This is an extremely irresponsible recommendation," one response reads. "Does he pay no attention to the news and the outcry on his own platform?"
The military crackdown sparked an exodus of more than 700,000 Rohingya who have since fled to neighbouring Bangladesh to escape the violence and the destruction of their homes.
The UN has described the operation as a "textbook example of ethnic cleansing" and says senior Myanmar officials should be investigated and tried for genocide.
The army has previously cleared itself of all wrongdoing and rejects the UN's allegations.
Mohammed Jamjoom, a correspondent for Al Jazeera who has interviewed Rohingya refugees, said he was left "utterly speechless" by Mr Dorsey's tweets.
Others pointed to the role social media platforms, such as the one Mr Dorsey heads up, have played in the Rohingya crisis.
Mohammed Jamjoom, a correspondent for Al Jazeera who has interviewed Rohingya refugees, said he was left "utterly speechless" by Mr Dorsey's tweets.
Others pointed to the role social media platforms, such as the one Mr Dorsey heads up, have played in the Rohingya crisis.
Last month, Facebook said it agreed with a report that found it failed to prevent its platform from being used to "incite offline violence" in Myanmar.
"Social media [is] amplifying the genocide and meanwhile, Jack Dorsey proudly tweets about the amazing silent retreat he did," one tweet reads.
"While you were meditating in Myanmar, any revelations on how you're going to stop their [government] and supporters from using your platform?" another user wrote.
Mr Dorsey has not responded to the criticism, but earlier said he would track the responses to his tweets.
No comments:
Post a Comment