Sunday, December 9, 2018

Huawei CFO ဖမ်းခံရမှုကြောင့် အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးတိုက်ပွဲပြင်းထန်နေပြီ

Huawei CFO (Chief Financial Officer) တဖြစ်လည်း ကုမ္ပဏီ Founder ရဲ့သမီးဖြစ်တဲ့ Meng Wanzhou ဟာ အမေရိကန် အာဏာပိုင်တွေရဲ့ အရေးယူဖမ်းဆီးမှုခံခဲ့ရပါတယ်။ သူမဟာ Skycom ဆိုတဲ့ အီရတ်နိုင်ငံအခြေစိုက် တယ်လီကုမ္ပဏီနဲ့ အဆက်သွယ်ပြုကာ တရားမဝင်ရောင်းဝယ်ဖောက်ကားမြှုပုခဲ့တယ်လို့ စွပ်ဆွဲဖမ်းခံထားရတာလည်းဖြစ်ပါတယ်။
 လက်ရှိအချိန် New York တရားရုံးမှာ Meng ကို စစ်ဆေးနေပြီး ပြစ်မှုထင်ရှားတယ်ဆိုရင်ေ ထောင်အနှစ် ၃၀ ချမှတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းတခုဟာ နိုင်ငံတကာဈေးကွက်တွေမှာ အရောင်းချဲ့ထွင်လာတဲ့ Huawei ကြောင့်ဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ 2018 တနှစ်ထဲကုမ္ပဏီဝင်ငွေဟာ ဒေါ်လာ 100 ဘီလီယံကျော် ပိုင်ဆိုင်ထားမယ်လို့ တွက်ချက်ထားပါတယ်။
အခုလို ဖြစ်ပွားနေတဲ့အခြေနေကြောင့် အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး အခြေနေတင်းမာလျက်ရှိပြီး Apple ၊ Microsoft ၊ Amazon စတဲ့ ကုမ္ပဏီကြီးတွေ သိသိသာသာ ရှယ်ယာထိုးဆင်းလာတယ်လို့ သိရပါတယ်။ Apple ကုမ္ပဏီတန်ဖိုး $799 ဘီလီယံအထိ ထိုးဆင်းသွားပြီး ရှယ်ယာတန်ဖိုးကလည်း $174.72 ကနေ $163.38 ကျဆင်းသွားတယ် ဆိုပါတယ်။
ဒီလိုပဲ Microsoft အနေနဲ့လည်း ရှယ်ယာရာခိုင်နှုန်း 4% ကျဆင်းသွားပြီး လက်ရှိ ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်ခါစ Amazon ရှယ်ယာလည်း 4.12% ထိုးဆင်းသွားတယ်လို့ သိရပါတယ်။ နောက်ပြီး Google ရှယ်ယာတောင် 3% လောက် ကျဆင်းသွားလို့ မကြုံစဖူး အဖြစ်ထူးနေပါပြီ။ ဒီပြဿနာတွေရဲ့ ဇစ်မြစ်ဟာ အမေရိကန် သမ္မတ အခွန်တိုးကောက်ရာက စတင်ခဲ့ပြီး အခုဆိုရင်ပိုမိုရှုပ်ထွေးတဲ့ အခြေနေထဲရောက်ရှိနေပါပြီ။ ကျွမ်းကျင်သူတွေက Meng အပေါ်ဘယ်လို စီရင်ချက်ချမယ့်အချိန်ထိ ဆက်လက်ဆိုးရွားဖွယ်ရှိနေပြီး ကုန်သွယ်ရေးစနစ်ကို တနည်းနည်းနဲ့ ချုပ်ကိုင်ထားပြီလို့ သုံးသပ်ထားကြပါတယ်။
2B (akhayar)

#YawMinGyi #သတင်းကဏ္ဍ

No comments:

Post a Comment