“တရားထိုင်ရတာကို အရသာတွေ့ လာတယ်။ တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် ထိုင်ဖြစ်လာတယ်။ တစ်ခါထိုင်ရင်တော့ ဆယ်မိနစ်လောက်ပဲ ကြာပါတယ်။ ဇနီးသည် Melinda Gates လည်း တရားထိုင်လာတယ်။ တစ်ခါတလေ နှစ်ယောက်အတူတူတောင် တရားထိုင်ကြသေးတယ်။ တရားထိုင်လိုက်တော့ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှု ပိုကောင်းလာတယ်၊ စိတ်ဖိအားတွေ လျော့နည်းလာတယ် ပြီးတော့ ဦးနှောက်ကို နုပျိုစေလာတယ်။ တရားထိုင်ပါများလာရင် မှတ်ဥာဏ်ကလည်း မြင့်တက်လာတယ်” လို့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး Bill Gates က ရေးသားထားပါတယ်။
Bill Gates ဟာ U2 ၊ Willie Nelson နဲ့ The Beatles သီချင်းတွေကို ရူးသွပ်ခဲ့သလို Narcos TV Show ကိုလည်း အားပေးဖူးခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မှာ အာရုံစူးစိုက်မှု ထိခိုက်လာတာကြောင့် အသက် (၂ဝ) ကျော်အရွယ်မှာပဲ သီချင်းနားမထောင်တော့သလို TV Show တွေကိုလည်း မကြည့်ဖြစ်တော့ပါဘူး။ အဲဒီအချိန်တည်းက တရားထိုင်လာတာပါ။ ကိုယ်လက်ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းလုပ်သလို စိတ်ချမ်းသာမှုအတွက် တရားထိုင်ရမယ်လို့ ရေးသားထားပါတယ်။ တရားထိုင်လေ့ရှိတဲ့ လုပ်ငန်းရှင်က Bill Gates တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ LinkedIn Corporation ရဲ့ CEO ဖြစ်တဲ့ Jeff Weiner ၊ Salesforce ရဲ့ CEO ဖြစ်တဲ့ Marc Benioff ၊ Thrive Global ရဲ့ CEO ဖြစ်တဲ့ Arianna Huffington နဲ့ မီဒီယာဂုရုကြီး Oprah Winfrey တို့ကလည်း တရားထိုင်လေ့ရှိပါတယ်။
No comments:
Post a Comment