Thursday, May 30, 2019

IBEC ဆရာတော် နိုင်ငံတကာဂုဏ်ထူးဆောင် ပါရဂူ (PhD)ဘွဲ့ရရှိ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အသိအမှတ်ပြု အမေရိကန်နိုင်ငံ Royal Academy of Global Peace နှင့် ဂျာမဏီနိုင်ငံ International Peace University တို့ ပူးပေါင်းကျင်းပသည့် Conference on World Peace ညီလာခံတွင် IBEC ဆရာတော် ဦးသောဘိတကို နိုင်ငံတကာဂုဏ်ထူးဆောင်ပါရဂူ(PhD)ဘွဲ့ ဆပ်ကပ်ခဲ့သည်။
ဆရာတော်သည် လူသားအကျိုးပြု ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်း များ သုတေသနပြုမှုများကို နိုင်ငံတကာမှမှတ်တမ်းများရယူကာ ပါရဂူဘွဲ့ချီးမြှင့်ခံရခြင်း ဖြစ်သည်။အဆိုပါ ပါရဂှုဘွဲ့ကို မြန်မာနိုင်ငံမှစတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်နှင့်အတူ အိန္ဒိယ၊ သီရိလင်္က࿿ာ၊ နီပေါ နိုင်ငံများမှ ပုဂ္ဂိုလ်(၅)ဦး အပါအဝင် စုစုပေါင်း(၆)ဦး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
Conference on World Peace ညီလာခံကို အိန္ဒိယနိုင်ငံ၊ ဘဂင်္လောပြည်နယ်၊ ဘဂင်္လောမြို့ Hotel Claresta ကွန်းဖရင့်ခန်းမတွင် မေလ ၃ဝရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံအမျိုးသားစီမံကိန်း အကြံပေး ကော်မ ရှင် အရာရှိ Dr.Shivappa ၊ ကာနတက ပြည်သူ့အကျိုးဆောင်အရာရှိ Dr.Mangala Sridhar , ဂျာမဏီ IPU တက္ကသိုလ်မှ ဒါရိုက်တာ Dr.Srinivas Eluri၊ အမေရိကန်နိုင်ငံ Global Peace Academy ဒါရိုက်တာ Dr.R.K. Samson နှင့် Culture Good Hope Foundation မှ CEO Dr.Sunitha Samson တို့တက်ရောက်ခဲ့ကြသည်။
IBEC ဆရာတော်သည် ဆွီဒင်နိုင်ငံမှ ပေးအပ်သော စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆု ၊အိန္ဒိယနိုင်ငံမှ ပေးအပ် သော ဒေါက်တာ အမ်ဘေဒကာ ဆု နှင့် ကမ္ဘာ့ဗုဒ္ဓဘာသာလူငယ် ခေါင်းဆောင် ထူးချွန်ဆု တို့အပြင် ထိုင်းဘုရင့် မိသားစုမှ ပေးအပ်သောဆုများနှင့် International Naga Award 2018 ဆု၊ စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သော ဇေယျာလူမှုထူးချွန်ဆုတို့ကို ဆက်ကပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ဆရာတော်ကို ကမ္ဘာ့ ဘာသာပေါင်းစုံ အဖွဲ့စည်းကြီးမှ ငြိမ်းချမ်းရေးသံတမန် အဖြစ်လည်း ခန့်အပ်ထားသည်။
Credit - Mizzima







No comments:

Post a Comment