Thursday, May 30, 2019

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုး အနိုင်ရတစ်နေရာပြန်လည်ရုပ်သိမ်းခံရ

ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာတင်သည့် ဒီချုပ်အမတ်လောင်းကို အနိုင်ပေး
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်၌အနိုင်ရရှိထားသော ပြည်ခိုင်ဖြိုးအမတ် ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ယမန်နှစ် နိုဝင်ဘာတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ဦးနေမျိုးအောင်သည် အဓိကပြိုင်ဘက်ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို ၁၅၉ မဲအသာဖြင့်အနိုင်ရရှိပြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အစည်း အဝေးများသို့ တက်ရောက်နေသူဖြစ်သည်။
သို့သော် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက် အောင်က ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်သည် မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒနယ်အ တွင်းငွေချေးလုပ်ငန်းဆောင်ရွက် ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံကို ရုံးခန်းအဖြစ်အသုံးပြုခြင်း၊ ရွေး ကောက်ပွဲအသုံးစရိတ်မမှန်မကန် တင်ပြခြင်းစသည့် တရားမဲ့ပြု ကျင့်မှုများလုပ်ဆောင်ခဲ့ကြောင်း ၂၀၁၈ နှစ်ကုန်ပိုင်းက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံကန့်ကွက်လွှာတင်သွင်းခဲ့ သည်။ အဆိုပါကန့်ကွက်လွှာကို ၁၅ ကြိမ်ခန့်စစ်ဆေးပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဦးနေမျိုးအောင် ၏ရွေးကောက်တင်မြှောက်ခံရမှု ပျက်ပြယ်ကြောင်း အမိန့်ချမှတ် ခြင်းဖြစ်သည်။
ဘာကြောင့် ဆုံးဖြတ်ချက်ချ
‘‘ခုံရုံးအဖွဲ့ကတော့အမှုတွဲ မှာပေါ်ပေါက်တဲ့အချက်အလက် တွေနဲ့ပေါ်ပေါက်တဲ့အတိုင်းဆုံး ဖြတ်ထားပါတယ်’’ ဟု အဆိုပါ ကန့်ကွက်လွှာကို ဦးဆောင်စစ် ဆေးခဲ့သည့် ကော်မရှင်ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြော သည်။ ထို့အပြင်ယခုစီရင်ချက် သည်လာမည့်ရွေးကောက်ပွဲများ ၌ ၀င်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ကိုးကားလိုက်နာသင့် သော နမူနာဖြစ်လာမည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပ ဒေပြဋ္ဌာန်းချက်များတွင် တရားမဲ့ ပြုကျင့်မှုများဖြင့် မဲအများဆုံး ရယူခဲ့ကြောင်း ထင်ရှားလျှင်ကိုယ် စားလှယ်အဖြစ်ရွေးကောက်ခံ ထားရမှုပျက်ပြယ်ကြောင်းခုံအဖွဲ့ က ဆုံးဖြတ်နိုင်သည်ဟု ဖော်ပြ ထားသည်။
ကျေနပ်သူ
ဆိပ်ကမ်းမြို့နယ်၏ ရန်ကုန် တိုင်းလွှတ်တော် ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲရလဒ်ကိုကန့် ကွက်သူဒီချုပ်ပါတီမှ ဦးသန်း ထိုက်အောင်က ကော်မရှင်ခုံရုံး အဖွဲ့သည် ဥပဒေနှင့်အညီစိစစ်၍မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ်ခဲ့ ခြင်းသာဖြစ်ကြောင်းပြောသည်။
‘‘နောက်ပြီးတော့ဘာသာ ရေးဆိုင်ရာတရားမဲ့ပြုကျင့်မှုပေါ့။ ရွေးကောက်ပွဲကာလမှာ ဒီရွေး ကောက်ပွဲရှိနေတဲ့နေရာမှာပဲ အ လှူလုပ်တဲ့ဟာက ၂၈ ကြိမ်တိတိ ဆောင်ရွက်ခဲ့တယ်။ ဒီဆောင် ရွက်မှုတွေကို ကြော်ငြာဘုတ်နဲ့ ကြော်ငြာသလိုဖေ့စ်ဘွတ်ခ်မှာ လည်း ကြော်ငြာတယ်။ သာမန် လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ အလှူ ကိုလုပ်ပြီးတော့မှ ဆောင်ရွက်ခဲ့ တဲ့သဘောမျိုးဖြစ်သွားတာပေါ့’’ ဟု ၎င်းကဆက်လက်ပြောသည်။
မကျေနပ်သူ
အမတ်အဖြစ်မှ ရုပ်သိမ်းခံ လိုက်ရသူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်ကမူ ကော်မရှင် ၏ ဆုံးဖြတ်ချက်အပေါ် အံ့သြရ သည်ဟု ဆိုသည်။
‘‘သူတို့စွပ်စွဲချက်သာမှန် တယ်ဆိုရင်ပါတီတိုင်းက၊ လွှတ် တော်ကိုယ်စားလှယ်လောင်း တိုင်းက ပြည်သူ့အကျိုးပြုလုပ် ငန်းတွေမလုပ်တော့ဘူး။ ပိုက်ဆံ ပဲထိုင်ချေးနေတော့မှာပေါ့။ ပိုက် ဆံခြောက်သောင်းချေးလို့ ကျွန် တော်မဲနိုင်သွားတယ်ဆိုရင် သူတို့ ကလည်း တစ်သိန်းချေးတော့မှ ပေါ့’’ ဟု ဦးနေမျိုးအောင်က တုံ့ ပြန်သည်။
၎င်းသည်ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်မှာပင်နေထိုင် ကြီးပြင်းခဲ့သူဖြစ်၍ ယခင်က တည်းက ဘာသာရေးဆိုင်ရာ လုပ်ငန်းများပါဝင်ဆောင်ရွက်ခဲ့ ပြီး ကြားဖြတ်ရွေးကောက်ပွဲကာ လသည် ၀ါတွင်းကာလဖြစ်၍ ဘာသာရေးလုပ်ငန်းများဆောင် ရွက်ခဲ့မှုကို ဘာသာရေးအသုံးချ ၍ နိုင်ငံရေးဆောင်ရွက်မှုအဖြစ် စွပ်စွဲခံရခြင်းသာဖြစ်သည်ဟု ဦး နေမျိုးအောင်ကဆိုသည်။
ကော်မရှင်၏ ယခုဆုံးဖြတ် ချက်နှင့်ပတ်သက်၍ ၁၅ ရက်အ တွင်းအယူခံတင်နိုင်သော်လည်း ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ထံအဆင့်ဆင့်တင်ပြပြီးမှသာ အ ယူခံဝင်၊ မ၀င်ဆုံးဖြတ်နိုင်မည်ဟု ၎င်းကပြောသည်။
ဦးနေမျိုးအောင်သည် အ မတ်အဖြစ်မှရုပ်သိမ်းခံရမှုအပြင် ဆိပ်ကမ်းမြို့နယ်၌ ချေးငွေပေး သည့်ကိစ္စနှင့် ပတ်သက်၍ပြီးခဲ့ သည့် နိုဝင်ဘာ ၁၇ ရက်က ဆိပ် ကမ်းမြို့နယ်ရဲစခန်း၌ ကြည့်မြင် တိုင်မြို့နယ် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များရုံးအဖွဲ့မှူး ဦး ရဲမင်းသိမ်းက တရားလိုပြုလုပ် ၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ဖြင့် တိုင်ကြားခံထားရပြီး အဆိုပါ အမှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲအပြီးတွင်လည်း ဒီချုပ် နှင့် ပြည်ခိုင်ဖြိုးတို့အကြား ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှု များရှိဖူးသည်။ ထိုစဉ်က ရွေး ကောက်ပွဲအနိုင်ရဒီချုပ်အမတ် ငါးဦးအပေါ်ပြည်ခိုင်ဖြိုးက ကန့် ကွက်လွှာတင်သွင်းဖူးသော်လည်းအနိုင်ရခြင်းမရှိပေ။ ထို့အတူ အနိုင်ရ ပြည်ခိုင်ဖြိုးအမတ်ကို ဒီချုပ်ကန့်ကွက်သည့် တစ်မှုတွင် လည်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဒီချုပ်ကို အနိုင် ပေးဖူးသည်။
Credit - 7 Day Daily


No comments:

Post a Comment