Thursday, May 30, 2019

ပါကစ္စတန်အရာရှိ ၃ ဦး စပိုင်လုပ်မှုအတွက် သေဒဏ်နဲ့ တသက်ကျ


■ ပါကစ္စတန်နိင်ငံမှာ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေထံကို နိုင်ငံတော်လျှိုဝှက်ချက်တွေပေးခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦးနဲ့ သမားတော်ကြီးတဦးတို့ကို သေဒဏ်အပြစ်ပေးခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး တဦးကိုတော့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ရာမှာ ပြစ်ဒဏ်တွေကို ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုလိုက်ပြီလို့ မနေ့က ကြေညာပါတယ်။
သူတို့ သုံးဦးကို အပြစ်ဒဏ်တွေ အသီးသီး ပေးခဲ့တာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ထုတ်ဖေါ်ခြင်းမရှိပေမဲ့ သူတို့ဟာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
Credit - RFA


No comments:

Post a Comment