တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲအပြီး မပေါက်ကွဲ ဘဲကျန်နေသည့်လက်နက်ကြီး ကျည်ဖြင့် ဆော့ကစားရာမှ ဧပြီ ၂၈ရက် နံနက်တွင် ပေါက်ကွဲမှုဖြစ်ကာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်။
‘‘ချောင်းနားမှာ အဲဒီကလေး တွေက ဗုံးသီး၊ လက်နက်ကြီး ကျည်ကို ဆော့ကြတယ်လို့ပြော တယ်’’ ဟု ရသေ့တောင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စောဝေက ဆိုသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက်(၁၄)နှစ် အရွယ် ယောက်ျားလေးတစ်ဦးသေဆုံး ပြီး (၁၂)နှစ်နှင့် (၄)နှစ်အရွယ် ကလေးနှစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရကလေး ငယ်နှစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခအတွင်း တိုက်ပွဲ ကျန်မိုင်းကြောင့် အရပ်သားသေ ဆုံး၊ ဒဏ်ရာရခြင်းများ ယခင်က လည်းရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့ နယ်ရှိ သစ်ခုတ်လုပ်ငန်းဆောင် ရွက်သူများသည် တောထဲတွင် တွေ့သည့် လက်နက်ကြီးကျည် ကို ခေါက်ကြည့်ရာမှ ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ အ၀င် နှစ်ဦးသေဆုံးသည်။
ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ရခိုင်ဒေသစစ်ရေးပဋိ ပက္ခနှင့်ပတ်သက်ပြီး အရပ်သား ထိခိုက်မှုအခြေအနေအစီရင်ခံစာ ကို အစိုးရထံတင်ပြရန် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီး မတ်လက တည်းက စာရင်းကောက်ယူနေရာ မကြာမီအစီရင်ခံစာအချောသပ် နိုင်မည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စောဝေက ပြောသည်။
‘‘ဒ်ီတစ်ပတ်အတွင်းလောက် ဆိုရင်တော့ ပြီးလောက်ပါတယ်’’ ဟု ၎င်းကဆိုသည်။ စာရင်းအ ချက်အလက်များအရ စစ်ရေး ပဋိပက္ခကြောင့် မြောက်ဦးနှင့်ဘူး သီးတောင်မြို့နယ်တွင် အရပ် သားသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျောက်ဆုံးမှု၊ ဖမ်းဆီးခံရမှုအများ ဆုံးဖြစ်ပွားခဲ့သည်ဟု ဒေါ်ခင်စော ဝေက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခနှင့်ဆက်နွှယ်ပြီး သေဆုံးသည့်အရပ်သားနှစ်ဦး ထက်မနည်းရှိပြီး ဒဏ်ရာရသူ ၁၇ ဦး၊ ဖမ်းဆီးခံရသူ ၃၈ ဦး၊ ပျောက် ဆုံးသူနှစ်ဦးရှိသည်ဟု ကော်မရှင် အဖွဲ့ဝင်မြောက်ဦးပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးထွန်းသာ စိန်က ပြောသည်။
‘‘တချို့က တိုက်ပွဲကြားထဲ မှာ ပိတ်မိပြီးသေသွားသလား၊ ဒါ မှမဟုတ် လက်နက်ကိုင်အဖွဲ့အ စည်းတွေက ခေါ်သွားပြီးပျောက် နေသလားဆိုတာတော့ ကျွန် တော်လည်း မပြောတတ်ဘူး’’ ဟု ၎င်းကဆိုသည်။
သံသယရှိ၍ ဖမ်းဆီးခေါ် ဆောင်သည်ဆိုပါက အပြစ်မရှိ သည့်ပြည်သူများကို မြန်ဆန်စွာ လွှတ်ပေးရန် တပ်မတော်နှင့် AA တို့ကို ဦးထွန်းသာစိန်က တိုက် တွန်းသည်။
‘‘ဒါနဲ့ပတ်သက်ပြီး နှစ်ဖက် အဖွဲ့အစည်းနှစ်ခုစလုံးကို ပြော ချင်တာက အပြစ်မရှိတဲ့ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို မထိခိုက်ပါစေနဲ့၊ ထိခိုက် အောင်မလုပ်ပါနဲ့’’ ဟု ၎င်းက ပြောသည်။ တပ်မတော်နှင့် AA နှစ်ဖက်စလုံးက ၎င်းတို့သံသယရှိသည့်အရပ်သားများကို ဖမ်းဆီးထားခြင်းများရှိသည်မှာ မှန်ကန်ကာ စစ်ဆေးပြီးအပြစ်မရှိပါက ပြန် လွှတ်မည်ဟု နှစ်ဖက်စလုံးက ပြောကြားထားသည်။
No comments:
Post a Comment