Monday, April 29, 2019

သီရိလင်္ကာတွင် အရေးပေါ် ဥပဒေအရ မျက်နှာများအား ဖုံးအုပ်ဝတ်ဆင်မှုကို ပိတ်ပင်




မည်သူမည်ဝါမှန်း မသိရစေရန် ဖုံးကွယ်ဖွယ်ရှိသည့် မျက်နှာအား ဖုံးအုပ်သည့် အရာမှန်သမျှအား ဝတ်ဆင်မှုကို ပိတ်ပင်ကြောင်း သီရိလင်္က࿿ာသမ္မတ မေသရီပါလာသီရိသေနာက ညွှန်ကြားခဲ့သော အရေးပေါ် အခြေအနေ ဥပဒေအရ နိုင်ငံထဲရှိ မွတ်စလင် အမျိုးသမီးများသည် ゞင်းတို့၏ မျက်နှာများအား ဖုံးအုပ်သည့် မျက်နှာလွှာဇာများကို ဝတ်ဆင်၍ ရတော့မည် မဟုတ်ပေ။

သီရိလင်္က࿿ာတွင် လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည့် ခရစ်ယာန် ဘုရားကျောင်းများ နှင့် ဟိုတယ်များတွင် အီစတာနေ့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီး ရှစ်ရက်အကြာ ဧပြီ ၂၉ ရက်တွင် ထိုဥပဒေ စတင် သက်ဝင်ခဲ့သည်။ ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် လူဒါဇင်များစွာကို ဖမ်းဆီးထားသော်လည်း စစ်သွေးကြွများသည် ဖောက်ခွဲရေးပစ္စည်းများနှင့် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့တော် ကိုလံဘိုမှ အမေရိကန်သံရုံးက သတိပေးခဲ့သည်။

မျက်နှာလွှားဇာများ ဝတ်ဆင်မှုအား ပိတ်ပင်ရန် အစိုးရအဖွဲ့က မကြာသေးမီက အစည်းအဝေးတစ်ခုတွင် အဆိုပြုခဲ့ပြီးနောက် သမ္မတက ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အီစတာ ဗုံးခွဲတိုက်ခိုက်မှုများအား ကြိုးကိုင်ခဲ့သူဟု သံသယရှိခံရသူ၏ ဇနီးနှင့်သမီး ဖြစ်သူဟု ဖော်ထုတ်နိုင်ခဲ့သော စစ်သွေးကြွများနှင့် ရဲများအကြား အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးနှင့် အသက် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သီရိလင်္က࿿ာရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ အရှေ့ပိုင်း အမ်ပူရာခရိုင်တွင် ဧပြီ ၂၆ ရက် ည၌ ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုများအတွင်း ကလေးခြောက်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ရကြောင်း သီရိလင်္က࿿ာ စစ်ဘက်က ထုတ်ပြန်ခဲ့သည်။

ထိုပစ်ခတ် တိုက်ခိုက်မှုများအတွင်း ゞင်းတို့၏ စစ်သွေးကြွ သုံးဦး သေဆုံးခဲ့ကြောင်း IS ဂျီဟတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အီစတာနေ့ ဗုံးခွဲ တိုက်ခိုက်မှုအတွက် National Towheed Jamaat (NTJ) အဖွဲ့နှင့် အခြားအဖွဲ့ တစ်ခုတို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် အာဏာပိုင်များက ကြေညာခဲ့ပြီး နောက် တစ်ရက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များသည် NTJ ၏ အဓိက ဗလီထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုဗလီအား အစောင့်အကြပ်များဖြင့် ပိတ်ဆို့ဝန်းရံပြီး ရှာဖွေရေး လုပ်ဆောင်ခဲ့ကြောင်း၊ မွန်းလွဲပိုင်း ဝတ်ပြုမှု မပြုလုပ်မီ ရဲများက ဗလီအား သော့ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီစတာနေ့ အသေခံ တိုက်ခိုက်မှုများအတွက် ရဲချုပ် Pujith Jayasundara သည် ဧပြီ ၂၆ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် သမ္မတ သီရိသေနာက ゞင်းအား ဆက်ခံမည့်သူကို ဧပြီ ၂၉ ရက်တွင် ကြေညာခဲ့သည်။ သို့သော် Jayasundara က ရာထူး မှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီး အစိုးရနေအိမ်၌ ရှိနေဆဲဖြစ်ကာ နုတ်ထွက်စာကို ゞင်းက တင်ခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သမ္မတသည် ဒုတိယရဲမှူး ချန်ဒါနာဝက်ကရာမာရတ်နီအား ယာယီရဲချုပ်အဖြစ် အမည်စာရင်းသွင်းခဲ့သည်။

အသေခံဗုံးခွဲသူများသည် ခရစ်ယာန်ဘုရားကျောင်းများအား ပစ်မှတ်ထားဖွယ်ရှိကြောင်း သတိပေးခဲ့သည့် ထောက်လှမ်းရေး သတင်းများကို တုံ့ပြန်ဆောင်ရွက်ရန် Jayasundara သည် ပျက်ကွက်ခဲ့သည်ဟု သီရိသေနာက စွပ်စွဲထားသည်။

No comments:

Post a Comment