အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တစ်ဆင့် နှုတ်ခွန်းဆက် သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။
အဆိုပါ သ၀ဏ်လွှာတွင် "Season greetings and best wishes for the new year "ဟု ရေးသားထားသည်။
"ဒါ အခုမှ ပထမဆုံးပို့တာပေါ့ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလွန်ကောင်းပါတယ်"ဟု ၄င်းကဆိုသည်။
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်တွင် ကျင်းပခဲ့ပြီးပါတီ ဗဟိုအလုပ်မှုဆောင်များ၊၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ။ နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့သည်။
သတင်း၊ဓာတ်ပုံ-မင်းမော်ဦး
No comments:
Post a Comment