ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)
အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ မျက်နှာစုံညီ
အစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈
ရက်တွင် ကျင်းပပါသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုအဆင့်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်
သူရဦးဘိုနီက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ကော်မတီဝင်များဖြစ်ကြသော
ဦးပြည့်စုံနှင့် သိက္ခာတော်ရဆရာတော် စောမက်သယူးအေးတို့က သဘာပတိ အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကာ အသီးသီး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြပါသည်။
JMC အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးသည် ၂၀၁၈ ခုနှစ်အတွင်း
တတိယအကြိမ် ကျင်းပသော အစည်းအဝေးဖြစ်ပါသည်။ အရပ်သားကိုယ်စားလှယ်များ၏
မျက်နှာစုံညီ အစည်းအဝေးကို လေးလလျှင်တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့်
ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သား
ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြပါသည်။
Credit - Joint Ceasefire Monitoring Committee
No comments:
Post a Comment