Apple ကတော့ အရောင်းအေးနေတဲ့ iPhone အသစ်တွေကြောင့် စီးပွားရေး
အကြပ်တည်းနဲ့ ရင်ဆိုင်နေရပြီလို့ ပြောရပါတော့မယ်။
နောက်ဆုံးမျှော်လင့်ထားတဲ့ iPhone XR လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့တာမလို့
Strategy Plan ပြောင်းလဲဖို့ စီစဉ်နေပုံရပါတယ်။
ကျွမ်းကျင်သူတွေအဆိုရ iPhone Camera Len ထောက်ပံ့ပေးနေတဲ့ Lugan Precision ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း အနှုတ်လက္ခဏာ ပြနေမယ့်ဝင်ငွေနဲ့ ပတ်သက်လို့ ကြိုတင်တွက်ချက်ပြီးပြီ ဆိုပါတယ်။ ဒီလိုပဲ Flexible Circuit Board ထောက်ပံ့ရတဲ့ Career Technology ဟာလည်း ဝန်ထမ်းအင်အား 110 လောက် လျှော့ပါးပစ်ရသလို ဆုံးရှုံးသွားတဲ့ ပမာဏနဲ့ ပြန်ကာမိဖို့ အခုလို ဆုံးဖြတ်လိုက်ရတယ်ဆိုပါတယ်။

ဒီလို Supplier တွေ အထိနာနေချိန် iPhone X ဆက်ထုတ်ဦးမယ်ဆိုတော့ TSMC
(Taiwan Semiconductor Manufacturing Company) ကုမ္ပဏီတခုထဲ
အသက်ရှုချောင်နေသေးပြီး ပြောရေးဆိုခွင့်ရှိသူက “Apple အခုလို iPhone
ရောင်းအားကျနေလို့ Supplier တွေပေါ် သက်ရောက်မှုရှိနေတယ်ဆိုပေမယ့် TSMC
အနေနဲ့ Qualcomm ၊ Huawei စတဲ့ လုပ်ငန်းစုတွေ ရှိနေလို့”
စိတ်ပူစရာမရှိဘူးဆိုပါတယ်။

TSMC
www.akhayar.com
No comments:
Post a Comment