Friday, November 30, 2018

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် လက်ရှိ သမ္မတရုံး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူကို တာဝန်ပေးမယ်ဆိုတော့...

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် လက်ရှိ သမ္မတရုံး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူကို တာဝန်ပေးမယ်ဆိုတော့...
ဒီချုပ်ဘက်ကို "စစ်တပ်က လူတွေကို ထိပ်ပိုင်း ရာထူးတွေ ပေးရပါ့မလား" လို့ ဝေဖန်နေကြပြီး
ကာယကံရှင်ဘက်ကိုတော့ ထုံးစံအတိုင်း "သာကူး" လို့ အလွတ်မဲ့စား စွပ်စွဲကြပြန်ပါတယ်။

ဒီတော့ ဗိုလ်မှူးကြီး (ငြိမ်း) မင်းသူ အကြောင်း အများသိအောင် ပြောပြချင်ပါတယ်။
ဦးမင်းသူဟာ ၁၉၇၅ မှာ Defence Services Aca

demy (DSA) တက်ပြီး ၁၉၇၉ မှာ ကျောင်းဆင်းတော့ လေတပ်မှာ ဝင်ရောက် အမှုထမ်းပါတယ်။

၂၀၀၃ မှာ National Defense College (NDC) က ကျောင်းဆင်းပြီးချိန်မှာတော့ လေတပ် ဗိုလ်မှူးကြီး မင်းသူကို သူ့ဇနီးသည်က ခရစ်ယာန် ဖြစ်တာရယ်၊ တပ်က ဆရာက ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်မြင့်ဆွေ ဖြစ်တာရယ်ကြောင့် အရပ်ဘက် ပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ခြင်း ခံရပါတယ်။ အရပ်ဘက် မရောက်မီ နောက်ဆုံးတာဝန်က တပ်မတော် (လေ) အုပ်စုမှူး မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီခေတ်က အရပ်ဘက်ကို ရွှေ့ပြောင်းလာတဲ့ အခြား မိုးကျရွှေကိုယ်တွေလို အရပ်ဘက် ဝန်ကြီးဌာနရဲ့ ရာထူးကြီးကြီး တစ်ခုကို ရသွားတာ မဟုတ်ဘဲ...
အဲဒီတုန်းက အသက် ၄၅ နှစ် ပြည့်ကာစပဲ ရှိသေးတာကို အကြောင်းပြုပြီး ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမြင့်ဆွေက မင်း အသက်ငယ်သေးတယ် ဆိုပြီး လေယာဉ်ပဲ ဆက်မောင်းခိုင်းလို့ ၂၀၀၄ က စပြီး မြန်မာ့လေကြောင်းမှာ အရပ်သား ပိုင်းလော့ ဖြစ်သွားရတယ်။
နောက်ပိုင်းမှာ Air Bagan ကို ပြောင်းပြီး လေယာဉ်မှူး အလုပ်ပဲ ဆက်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးမင်းသူ မောင်းနိုင်တဲ့ လေယာဉ်က ပျက်သွားတော့ Air Bagan ပိုင်ရှင် ဦးတေဇက ဦးမင်းသူကို Administration ပိုင်းကို ပြောင်းပြီး တာဝန်ယူစေချင်ပါတယ်။
သို့သော် တပ်ကလာတဲ့ ပိုင်းလော့ဖြစ်တဲ့ ဦးမင်းသူဟာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ ရုံးထိုင်ရတာထက် လေယာဉ်မောင်းတာကိုသာ ပိုနှစ်သက်လို့ Golden Myanmar Airlines ကို ပြောင်းပြီး လေယာဉ်မှူးအလုပ်ကိုသာ ဆက်လုပ်ခဲ့တာပါ။
ဒါက ဦးမင်းသူရဲ့ အလုပ်အကိုင် ဖြတ်သန်းမှုပါ။
အဂတိလိုက်စားမှုတွေနဲ့ အပုပ်နံ့ ထွက်လေ့မရှိတဲ့ လေတပ်မှာ အမှုထမ်းပြီး...
တပ်က အရပ်ဘက်ကို ပို့တော့လည်း ညွှန်မှူး ညွှန်ချုပ် စတဲ့ မိုးကျရွှေကိုယ် ရာထူးတွေမှာ မဟုတ်ဘဲ လေယာဉ်မှူး အလုပ်ကိုသာ ဖြူဖြူစင်စင် လုပ်ကိုင်ခဲ့တဲ့အပြင်...

ဝန်ထမ်းဘဝက အနားယူချိန်မှာလည်း ပုဂ္ဂလိက လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူး လုပ်ပြီး သမ္မာအာဇီဝကျကျ အသက်မွေးဝမ်းကျောင်းခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝဖြတ်သန်းမှုကလည်း ရိုးရှင်းပါတယ်။

ရှ့နေ ဒေါ်လွင်မေသိန်းနဲ့ လက်ထပ်ပြီး သမီးနှစ်ယောက် ရှိပါတယ်။

ဒ်ါလွင်မေသိန်းဟာ ကိုလိုနီခေတ်က မြန်မာနိုင်ငံရဲ့ အဓိပတိ ဒေါက်တာ ဘမော်ရဲ့ အစ်ကို ဒေါက်တာဘဟန်ရဲ့ မြေးဖြစ်ပါတယ်။

ဒါက်တာဘမော်နဲ့ ဒေါက်တာဘဟန်တို့ဟာ အဆင့်မြင့် ပညာတတ်တွေ ဖြစ်ပြီး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတောင် ဒေါက်တာဘမော်ရဲ့ အင်္ဂလိပ် စကားပြော လေယူလေသိမ်းကို အတုခိုး လေ့ကျင့်ခဲ့ရတာ ဖြစ်သလို...
ရှ့နေဖြစ်တဲ့ ဒေါက်တာဘဟန်ဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ အကောင်းဆုံး အစုံလင်ဆုံးလို့ ဆိုနိုင်တဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်ကို ပြုစုခဲ့တဲ့ ပညာရှင် ဖြစ်တယ်။

အခုလက်ရှိ ဦးမင်းသူ ဒေါ်လွင်မေသိန်းတို့ မိသားစု နေထိုင်နေတဲ့ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်က တိုက်တွေ ခြံတွေဟာ ဒေါက်တာဘဟန်ရဲ့ အမွေတွေပဲ ဖြစ်ပြီး အဘိုးမှ အမေ၊ အမေမှ မြေးဖြစ်တဲ့ ဒေါ်လွင်မေသိန်းတို့ လက်ထက်အထိ နေထိုင်လာခဲ့ကာ မတရား ခိုးဝှက်ခြစားပြီး ရလာတဲ့ ငွေမည်းတွေနဲ့ ဝယ်ခြမ်းထားတာမျိုး ဘာတစ်ခုမှ မရှိဘဲ သန့်ရှင်းပါတယ်။

အဲဒီ ခြံတွေအပြင် အခြား ဒေါက်တာဘဟန်ဆီက ဆက်ခံရရှိတဲ့ အရင်ခေတ်က အဖိုးမတန်သော်လည်း အခုခေတ် မြေဈေးအရ တန်ကြေးအရမ်းကြီးတဲ့ မြေအချို့ကို ငှါးရမ်းထားရာက ရတဲ့ငွေ၊ ဦးမင်းသူရဲ့ ပိုင်းလော့အလုပ်က လခတွေနဲ့ မိသားစု အေးချမ်းစွာ ရပ်တည်နေနိုင်တာ ဖြစ်တယ်။

ဒီလို ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ဦးမင်းသူဟာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ စားပေါက်ချောင်အောင် သာကူး လုပ်စရာ လိုပါသလား။

သာကူး ဆိုတာက ပြိုင်ဘက် နှစ်ဖွဲ့ထဲမှာ တစ်ဖွဲ့ဘက်က ရပ်တည်ပြီးကာမှ ပိုသာမယ်ထင်တဲ့ နိုင်မယ်ထင်တဲ့ ဘက်ကို ကူးပြောင်းခိုလှုံတာမျိုးကို ခေါ်ပါတယ်။
ဦးမင်းသူဟာ လေတပ်က ဖြစ်သော်လည်း ဒီချုပ်ရဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်ခြင်း လုံးဝ မရှိဘဲ သူ့ဘာသာ အရပ်သား လေယာဉ်မှူး လုပ်နေသူ ဖြစ်လို့ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူပြီး တာဝန်ပေးခြင်းတွေအတွက် သူ့ကို သာကူးလို့ ပြောလို့ လုံးဝ မရပါဘူး။
အချို့ ဦးမင်းသူဘက်က ရပ်တည်တဲ့ ဒီချုပ် လိုလားသူအချို့ကလည်း ၂၀၁၄ က ဓာတ်ပုံတစ်ပုံကို ပြပြီး ဦးမင်းသူဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မနိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနားမှာ ရှိနှင့်ပြီးသားလို့ ကာကွယ်ပေးပါတယ်။ ဒါ မှန်ပါတယ်။
သို့သော် တကယ်တမ်းမှာ ဦးမင်းသူတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပတ်သက်မှုဟာ အဲဒီထက်ကို ပိုပြီး စောပါတယ်။
၁၉၈၈ ဧပြီ ပထမပတ်မှာ ဒေါ်ခင်ကြည် နေမကောင်းလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လာပါတယ်။ ဒေါ်လွင်မေသိန်းရဲ့ ဖခင်ဘက်က ကြီးတော် ဒေါ်လှသိန်းဟာ ဒေါ်ခင်ကြည်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်လို့ ဆေးရုံသွားကြည့်ရင်း ဒေါ်လွင်မေသိန်း မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်တွေ့ဆုံကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဘဟန်ရဲ့ မြေး ဒေါ်လွင်မေသိန်းတို့ဟာ ညီအစ်မတွေလို ခင်မင်ချစ်ကြည်ကြပေမဲ့...
လူတကာအပေါ် အင်မတန် နားလည်စာနာ တွေးတောပူပန်ပေးတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေတ်ကာလအခြေအနေအရ သူနဲ့ ပတ်သက်နေရင် တပ်အသိုင်းအဝိုင်းက ဖြစ်တဲ့ ဦးမင်းသူတို့ ထိခိုက်မှာစိုးလို့ ၁၉၈၉ ပထမအကြိမ် အကျယ်ချုပ် မကျခင်ကတည်းက အဆက်အသွယ် ဖြတ်ကြမယ်လို့ သေချာပြောတာကြောင့် စည်းကမ်းကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး အဝေးကပဲ ထောက်ခံနေခဲ့ပါတယ်။

၂၀၁၀ မှာ နောက်ဆုံး အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ ဦးမင်းသူက Air Bagan မှာ အရပ်သား လေယာဉ်မှူး ဖြစ်နေပြီဆိုလို့ အဆက်အသွယ် ပြန်လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် ၂၀၁၄ က ဓာတ်ပုံထဲမှာ ဦးမင်းသူကို ဒေါ်အောင်ဆန်းစုကြည်နားမှာ တွေ့ရခြင်း ဖြစ်တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖွဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းသော်လည်း အစိုးရသစ်အတွက် အလုပ်လုပ်ပေးလိုသူတွေ ရှားပါးနေတဲ့အချိန်မှာ...

ဖခင်တွေ အဘိုးတွေက မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်ပြီး နောက်မျိုးဆက်ချင်းပါ ဆွေလိုမျိုးလို ဖြစ်နေတဲ့ ဒေါ်လွင်မေသိန်းတို့ မိသားစုထဲက ဗိုလ်မှူးကြီး (ငြိမ်း) ဦးမင်းသူကို ဒီချုပ်အစိုးရကို လာကူညီဖို့ ကမ်းလှမ်းပါတယ်။
အဲဒီအချိန်မှာ လေယာဉ်မှူးလစာ အမေရိကန်ဒေါ်လာ ၇၅၀၀ (အခွန် ၁၀ ရာခိုင်နှုန်း ဆောင်အပြီး ဒေါ်လာ ၆၇၅၀) ရနေတဲ့ ဦးမင်းသူအဖို့ အခွန်နဲ့ အခြား ဖြတ်တောက်မှုတွေ နှုတ်ပြီး ၁၈ သိန်းခွဲသာ ရမယ့် ဒုဝန်ကြီးလစာကို မက်ပြီး အစိုးရအဖွဲ့ထဲ ဝင်သွားစရာ အကြောင်းမရှိပါဘူး။
ဘယ်သူ့အဆဲအဆိုမှ မခံရ၊ စွပ်စွဲ ပုတ်ခတ်မှုတွေမှ ခံစရာမလိုဘဲ သမ္မာအာဇီဝကျကျ ရနေတဲ့ လေယာဉ်မှူး လခကောင်းကောင်းကို ပစ်ပြီး...
ပည်သူ့အဆဲအဆိုနဲ့ အခြေအမြစ်မရှိ စွပ်စွဲတတ်ကြတဲ့ အွန်လိုင်းနဲ့ ပရင့်မီဒီယာက မျက်လုံးပေါင်း ကုဋေကုဋာကို ရင်ဆိုင်ပြီးမှ ပိုနည်းတဲ့ လစာကိုရမယ့် သမ္မတရုံး ဒုဝန်ကြီးရာထူးကို လက်ခံလိုက်တာဟာ...

အစ်မလို သံယောဇဉ်ကြီးပြီး ချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီချင်စိတ်တစ်ခုတည်းနဲ့ပဲ ဖြစ်ပါတယ်။
အခုလို အစိုးရသက်တမ်း သုံးနှစ်နီးပါး ရှိလာတဲ့ အချိန်မှာတောင် ဒုဝန်ကြီး ဦးမင်းသူရဲ့ မကောင်းသတင်း တစ်ခုတလေတောင် ဘယ်ကမှ အသံထွက်မလာတဲ့အထိ အဂတိကင်းပြီး အလုပ်ကြိုးစားတဲ့သူ ဖြစ်ပါတယ်။
လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အောက် တစ်ပတ်စဉ်သာ ငယ်တဲ့ DSA အပတ်စဉ် ၂၀ ဆင်း ဖြစ်တာကြောင့်လည်း တပ်မတော်ဘက်က အဆိုပြုရတဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ၊ ဦးသိန်းစိန် ခန့်အပ်သွားတဲ့ သမ္မတရုံးက ညွှန်ချုပ်တွေ အရာရှိတွေနဲ့ ဆက်ဆံရေး ကောင်းမွန်စွာ လက်တွဲ လုပ်ဆောင်နိုင်သူ ဖြစ်လို့ အလုပ်လည်းတွင် အဆင်ပြေချောမွေ့တဲ့အတွက် ဒီချုပ်အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် အားတစ်ခုလည်း ဖြစ်စေပါတယ်။
အခု စီးပွါးရေးကို အရှိန်အဟုန် မြှင့်တင်ဖို့အတွက် ဝန်ကြီးဌာန အသစ်တစ်ခု ဖွဲ့စည်းချိန်မှာ အဲဒီဝန်ကြီးဌာနကို တာဝန်ယူဖို့ အစိုးရရုံး ဝန်ကြီးကို တာဝန်လွှဲပြောင်းပေးလိုက်တာကြောင့် လစ်လပ်သွားတဲ့ နေရာမှာ ဦးမင်းသူကို ဝန်ကြီး ခန့်အပ်တာ ဖြစ်တယ်။

ဒီဝန်ကြီးဌာနဟာ စားလို့ ဝါးလို့ ကောင်းတဲ့ ဝန်ကြီးဌာန မဟုတ်ဘဲ အစိုးရကို ပေါ်လစီပိုင်း အုပ်ချုပ်ရေးပိုင်းတွေမှာ အထောက်အကူ ပြုဖို့ အဓိကဖြစ်လို့ ဦးမင်းသူနဲ့ အထူးသင့်လျော်ပါတယ်။
အနီဆိုတာ ပင်နီကိုသာ ကိုယ်စားပြုတာ မဟုတ်

အစိမ်းဆိုတာ အာဏာရှင်ကိုသာ ကိုယ်စားပြုတာ မဟုတ်
အနီထဲမှာ အကျင့်မကောင်းသူအချို့ အာဏာရှင်ဆန်သူ အချို့ ရှိနိုင်သလို
အစိမ်းထဲမှာ ဒီမိုကရေစီကို လိုလားပြီး ပါတီစွဲမထား ဘယ်အစိုးရတက်တက် တိုင်းပြည်ကို အလုပ်အကျွေး ပြုလိုသူတွေ ရှိတယ်။
ယူနီဖောင်းနဲ့ အရောင်တွေကို ဖယ်ပြီး စိတ်ဓာတ်ကိုသာ ကြည့်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအရ ရွေးချယ်ထားသူတွေထဲမှာ...
ဦးသိန်းစိန် အစိုးရကို အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့တဲ့ တပ်မတော်ကလာတဲ့ ဦးဇော်ဌေးဟာ ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာ ဒီချုပ်အစိုးရ တာဝန်ယူစဉ်မှာလည်း ပြည်သူအတွက် အကောင်းဆုံး ပေးဆပ်လုပ်ကိုင်ပေးနေသလို...
တပ်မတော် (လေ) က လေသူရဲ ဦးမင်းသူဟာလည်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်အားကိုးစွာ တာဝန်ပေးမှုကို ကျေပွန်အောင် ဦးလည်မသုန် ထမ်းဆောင်မယ့် ပြည်သူ့ ဝန်ထမ်းကောင်း ဝန်ကြီးကောင်း ဖြစ်လိမ့်မယ် ဆိုတာကို အကြွင်းမရှိ ယုံကြည်ပါကြောင်း။
credit- Swe Yu

ဂန္ထဝင်ကစားသမားတွေက Ronaldo နဲ့ Messi ဘယ်သူပိုကောင်းလဲလို့ ပြောလဲ


ဘောက်ဆင်လောကမှာ Muhammad Ali နဲ့ Joe Frazier ၊ တင်းနစ်လောကမှာ Björn Borg နဲ့ John McEnroe ၊ ဖော်မျူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ Ayrton Senna နဲ့ Alain ကို ဂန္ထဝင်ပြိုင်ဘက်တွေလို့ ပြောရရင် Cristiano Ronaldo နဲ့ Lionel Messi ဟာလည်း ဘောလုံးလောကရဲ့ ကဝေနှစ်ပါးပါ။
လက်ရှိအချိန်မှာတော့ Neymar ၊ Kylian Mbappe နဲ့ Mohamed Salah တို့ဆိုတာ ထိပ်တန်းကစားသမားဆိုပေမယ့် Cristiano Ronaldo နဲ့ Lionel Messi တို့နဲ့နှိုင်းယှဉ်ရင် သူတို့ခြေစွမ်းဟာ အဆင့်တစ်ခုအထိ ကွာနေသေးတာ အမှန်ပါပဲ။ Cristiano Ronaldo ရဲ့ ပရိသတ်တွေက သူတို့အချစ်တော်ကိုပဲ ပိုကောင်းတယ်လို့ ပြောကြသလို Lionel Messi ပရိသတ်တွေကလည်း ‘ကိုယ့်ငါးချဉ် ကိုယ်ချဉ်’ မှာပါပဲ။
Cristiano Ronaldo ပရိသတ်တွေက ဘာစီလိုနာကလပ်မှာပဲ ကစားနေပြီး အရပ် ၅ပေ၇လက်မပဲရှိတဲ့ Lionel Messi ကို ‘အိမ်ကျယ် မက်ပု’ လို့ ထောပနာပြုကြသလို Lionel Messi ပရိသတ်တွေကလည်း ပင်နယ်တီဂိုးတွေ ဒိုင်ခံသွင်းတဲ့ Cristiano Ronaldo ကို ‘ပင်နယ်ဒို’ လို့ အားမနာပဆိုကြတာပါပဲ။ ဒါပေမယ့် တခြားဘောလုံးသမားတွေက သူတို့နှစ်ယောက်ကို ဘယ်သူပိုကောင်းလဲဆိုတာ ပြောကြလဲ။

Zlatan Ibrahimovic

ဆွီဒင်တိုက်စစ်မှူးကြီး Zlatan Ibrahimovic ဟာ ဘာစီလိုနာကလပ်မှာ Lionel Messi နဲ့ ၂ဝဝ၉ခုနှစ်ကနေ ၂ဝ၁၁ခုနှစ်အထိ တွဲဖက်ကစားဖူးသလို Cristiano Ronaldo နဲ့တော့ ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူပါ။ မေဂျာလိဂ်ကလပ် LA Galaxy မှာ ကစားနေတဲ့ Zlatan Ibrahimovic ကတော့ ဘယ်သူပိုကောင်းတယ်လို့ ဆိုလဲ။
“Lionel Messi ကိုတော့ ယှဉ်လို့မရပါဘူး။ သူနဲ့တွဲကစားခွင့်ရဖူးတယ်။ ကစားနေတာ PlayStation ဆော့နေသလိုပဲ။ သူ့ဆီကို ဘောလုံးရောက်သွားရင် ပြိုင်ဘက်တွေကို အလွယ်တကူကျော်ဖြတ်နိုင်စွမ်းရှိတယ်။

Ronaldo Nazario

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးကြီး Ronaldo Nazario ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်တိုင်ရရှိထားတာကြောင့် ဘောလုံးလောကရဲ့ မီးရှူးတန်ဆောင်လို့တောင် တင်စားနိုင်ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ကျင်လည်ဖူးတဲ့ အချစ်တော် Ronaldo Nazario ကရော ဘယ်သူက ပိုကောင်းတယ်လို့ပြောလဲ။
“နှစ်ယောက်စလုံးရဲ့ ခြေစွမ်းတွေက ဆန်းကြယ်လွန်းပါတယ်။ တစ်ယောက်တစ်မျိုးစီ ကောင်းကြပါတယ်။ ကျွန်တော်ကတော့ Lionel Messi ရဲ့ ခြေစွမ်းကို သဘောကျတယ်။ ဒါပေမယ့် Cristiano Ronaldo ကိုလည်း မေ့ထားလို့မရပြန်ဘူး။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်တာကိုက ရက်စက်ရာကျပါတယ်။ နှစ်ယောက်စလုံး လေးစားစရာကောင်းပါတယ်”

Gary Lineker

အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး Gary Lineker ဟာ လက်ရှိအချိန်မှာတော့ အားကစားအစီအစဉ်သုံးသပ်သူအဖြစ် လုပ်ဆောင်နေသူပါ။ သူကရော ဘယ်သူက ပိုကောင်းတယ်လို့ ပြောလဲ။
“Cristiano Ronaldo လား Lionel Messi လား။ ကျွန်တော် Cristiano Ronaldo ကို တော်တော်ကြိုက်ပါတယ်။ ဒါပေမယ့် Lionel Messi က တခြားကမ္ဘာကလာတဲ့ သူပါ”

Diego Maradona

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုရရှိစေခဲ့တဲ့ Diego Maradona ဟာ (၂ဝ) ရာစုဘောလုံးလောကရဲ့ ဘုရင်တစ်ဆူလို့ ဆိုနိုင်ပါတယ်။ ဘာစီလိုနာနဲ့ နာပိုလီအသင်းတွေမှာ ကျင်လည်ဖူးတဲ့ ဂန္ထဝင်ကစားသမားကြီး Diego Maradona က ဘယ်သူ့ ကို ရွေးချယ်လဲ။
“Lionel Messi ခြေစွမ်းကျတာ မမြင်ဖူးသလောက်ပဲ။ ကျွန်တော်ကတော့ သူ့ ကိုပဲ ပိုကြိုက်တယ်။ ဘောလုံးသမိုင်းမှာ သူ့နာမည်ပဲ ကျန်နေလိမ့်မယ်။ ဘောလုံးဟာ သူ့အတွက် အရာရာပဲ။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရလိမ့်ဦးမယ်”

Eden Hazard

Eden Hazard ဆိုတာ ချဲလ်ဆီးအသင်းကို ဦးဆောင်ကစားနေတဲ့ ထိပ်တန်းကွင်းလယ်သမားဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ Cristiano Ronaldo နဲ့ Lionel Messi တို့ကို ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးတဲ့ Eden Hazard က ဘယ်သူ့ ကို ရွေးချယ်မယ်ထင်လဲ။
“ဘောလုံးကစားမယ်ဆိုရင် အကောင်းဆုံးပြိုင်ဘက်တွေနဲ့ပဲ ရင်ဆိုင်ချင်တာပေါ့။ အကောင်းဆုံးအသင်း၊ အကောင်းဆုံးကစားသမားတွေနဲ့ပေါ့ဗျာ။ Lionel Messi ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ”

Paul Scholes

ကွင်းလယ်သမားကြီး Paul Scholes ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ Cristiano Ronaldo နဲ့ ၂ဝဝ၃ခုနှစ်ကနေ ၂ဝဝ၉ခုနှစ်အထိ တွဲဖက်ကစားဖူးသလို Lionel Messi နဲ့လည်း ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ဖူးသူပါ။
“ဘောလုံးလောကမှာ အကြိုက်ဆုံးကစားသမားတွေကို ပြောရရင် Eric Cantona ၊ Zinedine Zidane ၊ Pirlo ၊ Xavi နဲ့ Cristiano Ronaldo တို့ပါ။ အားလုံးထဲကမှ အကောင်းဆုံးကစားသမားက Lionel Messi ပါ “

Carlos Tevez

Carlos Tevez ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ Cristiano Ronaldo နဲ့ ကစားဖော်တွေဖြစ်ဖူးသလို အာဂျင်တီးနားအသင်းမှာလည်း Lionel Messi နဲ့ တွဲဖက်ကစားဖူးသူပါ။ ကစားသမားနှစ်ယောက်ကို အတွင်းသိအစင်းသိဖြစ်နေတဲ့ Carlos Tevez က ဘယ်သူ့ကို ပိုကောင်းတယ်လို့ ရွေးချယ်သွားလဲ။
“Cristiano Ronaldo နဲ့ Lionel Messi က တူကို မတူတာ။ တယ်။ Lionel Messi ဟာ ဘောလုံးကစားကတည်းက Gym ဆော့တယ်လို့ မထင်ဘူး။ Cristiano Ronaldo ကတော့ မိုးလင်းမိုးချုပ် Gym မှာပဲ အချိန်ကုန်နေတယ်။ Cristiano Ronaldo ဟာ အကောင်းဆုံးကစားသမားဖြစ်ဖို့ ကြိုးစားပြင်ဆင်နေတုန်းမှာ Lionel Messi က သူ့သဘာဝအတိုင်းကို ကောင်းတာ။ သူဟာ တစ်ပွဲမှာ သုံးဂိုးလောက်ဆိုရင် အသာလေးပဲ။ အဲဒါသူတို့နှစ်ယောက်ရဲ့ အဓိကခြားနားချက်ပဲ”

Dimitar Berbatov

Dimitar Berbatov ဆိုရင် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ သူဟာ ၂ဝဝ၈ခုနှစ်ကနေ ၂ဝ၁၂ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၂ ကြိမ်) နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ရယူနိုင်ခဲ့သူပါ။ သူကရော ဘယ်သူ့ ကို ရွေးလဲ။
“Lionel Messi က စောက်ရမ်းကောင်းတဲ့သူပါ။ Cristiano Ronaldo လည်း တော်ပါတယ်။ ဒါပေမယ့် Lionel Messi က ပိုကောင်းတဲ့သူပါ။ သူက အကောင်းဆုံးဖန်တီးနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကစားသမားပါ”

Roberto Carlos

Roberto Carlos ဟာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ တိုက်ကြီးများဖလား၊ ကိုပါအမေရိကဖလား (၂ ကြိမ်) တွေကို ရရှိခဲ့ရုံမက ရီးရဲမက်ဒရစ်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၃ ကြိမ်) ၊ လာလီဂါချန်ပီယံ (၄ ကြိမ်) နဲ့ ဥရောပစူပါဖလားတွေကို ရရှိဖူးသူပါ။ သူကရော ဘယ်သူ့ ကို ရွေးချယ်လဲ။
“Cristiano Ronaldo ရဲ့ လေ့ကျင့်ပုံတွေ အလုပ်ကြိုးစားပုံတွေကို ကျွန်တော်ကြည့်ဖူးတယ်။ သူက တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ကြိုးစားနေတဲ့သူဗျ။ အဲဒီအချက်မှာတော့ Lionel Messi နဲ့ကွာတယ်။ Messi ကတော့ ပုံမှန်အတိုင်းပဲလေ။ Cristiano Ronaldo ရဲ့ လေ့ကျင့်မှု၊ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ အောင်မြင်မှုတွေဟာ တခြားသူတွေအတွက် စိတ်အားတက်ကြွစရာပါပဲ။ Cristiano Ronaldo က ပိုကောင်းတယ်”
Cristiano Ronaldo ဟာ ယူရို (၂ဝဝ၄ခုနှစ်၊ ၂ဝဝ၈ခုနှစ်၊ ၂ဝ၁၂ခုနှစ်နဲ့ ၂ဝ၁၆ခုနှစ်) နဲ့ ကမ္ဘာ့ဖလား (၂ဝဝ၆ခုနှစ်၊ ၂ဝ၁ဝခုနှစ်၊ ၂ဝ၁၄ခုနှစ်နဲ့ ၂ဝ၁၈ခုနှစ်) တွေမှာ (၈) ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား၊ (၆) ရာသီဆက် ဂိုး (၅ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ပြက္ခဒိန် (၇) နှစ်အတွင်း ဂိုး (၅ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ပြက္ခဒိန် (၄) နှစ်အတွင်း ဂိုး (၆ဝ) နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား၊ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၁၂၁ ဂိုး)၊ လာလီဂါပြိုင်ပွဲမှာ ဟက်ထရစ်အများဆုံး ကစားသမား (၃၄ ကြိမ်) ၊ လာလီဂါသွင်းဂိုး (၁၅ဝ) ပြည့်ဖို့ အမြန်ဆုံးကစားသမား (၁၄ဝ ပွဲ) ၊ လာလီဂါသမိုင်းမှာ ပင်နယ်တီဂိုးအများဆုံး ကစားသမား (၆၁ ဂိုး)၊ ရီးရဲလ်မက်ဒရစ်အသင်းမှာ လာလီဂါသွင်းဂိုး အများဆုံးကစားသမား (၃၁၁ ဂိုး) စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။
Lionel Messi ဆိုရင် ပြက္ခဒိန်နှစ် (၂ဝ၁၂ခုနှစ်) အတွင်းမှာ ကလပ်နဲ့ နိုင်ငံအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ဂင်းနစ်စံချိန်တင်ကစားသမား (၉၁ ဂိုး) ၊ ပြက္ခဒိန်နှစ် (၂ဝ၁၂ခုနှစ်) အတွင်းမှာ ကလပ်အတွက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၇၉ ဂိုး) ၊ ကလပ်အတွက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၇၃ ဂိုး) ၊ ဥရောပရွှေဖိနပ်ဆု အကြိမ်အများဆုံးရရှိထားသူ (၅ ကြိမ်) ၊ ချန်ပီယံလိဂ်မှာ ဟက်ထရစ်အများဆုံး ကစားသမား (၈ ကြိမ်) ၊ လာလီဂါ အကောင်းဆုံးကစားသမားဆု (၆ ကြိမ်) ၊ လာလီဂါသမိုင်းမှာ ဂိုးအများဆုံးကစားသမား (၃၉၂ ဂိုး) စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ဖူးသူပါ။
“Cristiano Ronaldo နဲ့ Lionel Messi ဘယ်သူပိုကောင်းလဲ” ဆိုတဲ့ မေးခွန်းဟာ အဖြေခက်တဲ့ ပုစ္ဆာလိုပါပဲ။ ဖြေဆိုသူရဲ့ စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ မျက်မှောက်ခေတ်ရဲ့ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်သူတွေဆိုတာတော့ ငြင်းလို့မရပါဘူး။ စာဖတ်သူတွေကရော ဘယ်သူက ပိုကောင်းတယ်လို့ ထင်လဲ။

Thursday, November 29, 2018

မော်လမြိုင်လေယာဉ်ကွင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမောင်းသင်လေယာဉ်တစ်စီး လေယာဉ်ပြေး လမ်းဘေးထိုးဆင်းမှုဖြစ်ပွား


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်လေယာဉ်ကွင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမောင်းသင် လေယာဉ်တစ်စီး နိုဝင်ဘာ ၂၇ ရက်က ဆင်းသက်ခဲ့ရာ လေယာဉ်ပြေးလမ်းဘေး ထိုးဆင်း ခဲ့သော်လည်း လေယာဉ်ပေါ်ပါ လူများ ထိခိုက်မှု မရှိခဲ့ကြောင်း မော်လမြိုင် လေဆိပ်မှ သိရှိရသည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ XY-AMB (Cesskna အမျိုးအစား) အမည်ရှိ လေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ နံနက် ၈း၄၇ နာရီမှ အမြင့်ပေ ၇၀၀၀ နှင့် ပြန်သန်းခဲ့ရာ မော်လမြိုင်လေယာဉ်ကွင်းတွင် နံနက် ၉း၂၈ နာရီတွင် ဆင်းသက်ရာ ပြေးလမ်းဘေး ထိုးဆင်းခဲ့ကြောင်း သိရသည်။

''လေယာဉ်က အမောင်းသင်ဖို့လာတဲ့ လေယာဉ်ပါ မော်လမြိုင် လေယာဉ်ကွင်းမှာ အမောင်းသင်နေကျပါ။ အမောင်းသင်တဲ့ လေယာဉ်တွေက လေယာဉ်အဟောင်းတွေ မဟုတ်ဘူး။ မော်လမြိုင် လေယာဉ်ကွင်းမှာ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်လို့ ပြောရမယ်။ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး။ လေယာဉ်ဘီး လမ်းချော်တာ မဟုတ်ဘူး။ ဘေးထိုးဆင်းသွားတာပါ။လူတင် လေယာဉ်လဲ မဟုတ်ဘူး။''ဟု မော်လမြိုင်လေဆိပ် မန်နေဂျာ ဦးလှဦးက ပြောသည်။

လေယာဉ်လမ်းဘေးထိုးဆင်းမှုကြောင့် လေယာဉ်ပေါ်ပါ လေယာဉ်မောင် ၅ ဦးနှင့် လေယာဉ်မယ် ၄ ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိဘဲ လေယာဉ်ရှေ့ဘီးကျိုးပြီး ပန်ကာကွေ့ကောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမောင်းသင်လေယာဉ်သည် လူတင်စီးပါက ၁၂ ယောက်စီးနင်းနိုင်မည်ဖြစ်ပြီး တစ်စင်းလုံး ငှားရမ်းသည့် လေယာဉ်ဖြစ်ကာ လေယာဉ်ပြေးလမ်း အမှတ် ၀၄ တွင် လေယာဉ်မှာ လမ်းဘေးထိုးဆင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်လေယာဉ်ကွင်းသည် တနင်္လာနေ့အပတ်တိုင်း ကော့သောင်း- မော်လမြိုင်၊ ရန်ကုန်- မော်လမြိုင်သို့ ပြေးဆွဲလျက်ရှိရာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မော်လမြိုင်လေယာဉ်ကွင်းအား တိုးချဲ့ရန်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ

အသက် ၃၀ အောက် ဝင်ငွေအများဆုံး နာမည်ကျော် စာရင်းမှာ Kylie Jenner ဦးဆောင်

30 November 2018

ကဏ္ဍစုံ အစီအစဉ်စတားနဲ့ မိတ်ကပ်ထုတ်လုပ်သူ Kylie Jenner ဟာ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
“Keeping Up with the Kardashians” အစီအစဉ်စတားနဲ့ Kylie Cosmetics တည်ထောင်သူ Kylie ဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေဒေါ်လာ ၁၆၆ ဒဿမ ၅ သန်းအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဝင်ငွေအများစုဟာ မိတ်ကပ် ထုတ်လုပ်ရောင်းချရတဲ့ ဝင်ငွေတွေထဲကနေ ဖြစ်ပြီး အခုနှစ် အစောပိုင်းတုန်းကလည်း Forbes မဂ္ဂဇင်းရဲ့ အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ အချမ်းသာဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူက “ကျမ သိပ်ကို ရူးမူးတောင့်တနေတဲ့ အရာတခုအတွက် အသိအမှတ်ပြုခံရတာ သိပ်ကို ထူးခြားပါတယ်။ အဲဒီ အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။ ကျမက မိတ်ကပ်တွေကို ချစ်ပြီး ဈေးကွက်ထဲကို ပထမဆုံး နှုတ်ခမ်းနီရောက်ဖို့ တော်တော်လေးကို ကြိုးပမ်းခဲ့ရပါတယ်”
“ကျမရဲ့ ပရိသတ်တွေနဲ့ ချိတ်ဆက်ပြီး သူတို့တွေကို စိတ်လှုပ်ရှားစေတဲ့ ထုတ်ကုန်တွေကို ဖန်တီးတာဟာ ထူးခြားတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ဒီလမ်းကတော်တော်လေးကို ရှည်လျားတယ်လို့ သိခဲ့ရပြီး အိပ်မက်ကို အကောင်အထည် ဖော်မယ့် အခြားသူတွေအတွက်လည်း လေးစားအားကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဗြိတိသျှအဆိုတော် Ed Sheeran  ကတော့ ဝင်ငွေဒေါ်လာ သန်း ၁၁၀ နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဘောလုံးအကျော်အမော် နေမာကတော့ ဒေါ်လာ သန်း ၉၀ နဲ့တတိယနေရာမှာ ရှိနေပါတယ်။
ဒေါ်လာ သန်း ၈၀ ဝင်ငွေရရှိခဲ့တဲ့ အဆိုတော် Taylor Swift  ကတော့ စတုတ္ထနေရာနဲ့ ဒေါ်လာ ၅၇ သန်းဝင်ငွေရှိခဲ့တဲ့ အဆိုတော် The Weeknd ကတော့ ပဉ္စမနေရာမှာအသီးသီးရပ်တည်နေပါတယ်။
ဘတ်စ်ဘောစတား  James Harden၊  လက်ဝှေ့သမား Canelo Alvarez နဲ့ ဂေါက်သီးအကျော်အမော် Jordan Spieth  တို့လည်း နံပါတ် ၁၀ အထိ စာရင်းမှာပါဝင်ကြပါတယ်။
အသက် ၃၀ အောက် ဝင်ငွေအကောင်းဆုံး နာမည်ကျော်ကြားသူ ၁၀ ဦး
1.         Kylie Jenner – ဒေါ်လာ ၁၆၆ ဒဿမ ၅ သန်း
2.         Ed Sheeran – ဒေါ်လာ သန်း ၁၁၀
3.         Neymar – ဒေါ်လာ သန်း ၉၀
4.         Taylor Swift – ဒေါ်လာ သန်း ၈၀
5.         The Weeknd – ဒေါ်လာ ၅၇ သန်း
6.         James Harden – ဒေါ်လာ ၄၆ ဒဿမ ၄ သန်း
7.         Drew Taggar, The Chainsmokers – ဒေါ်လာ ၄၅ ဒဿမ ၅ သန်း
8.         Canelo Alvarez – ဒေါ်လာ ၄၄ ဒဿမ ၅ သန်း
9.         Derek Carr – ဒေါ်လာ ၄၂ ဒဿမ ၁ သန်း
10.        Jordan Spieth – ဒေါ်လာ ၄၁ ဒဿမ ၂ သန်း
Ref: aceshowbiz

ဆေးမြီးတိုများ မှတ်စု


၁၀၀။ ။ကျီးပေါင်းအတွက် ဝါးမင်ကိုသွးလျက်လူးပေးပါက သိသာပျောက်ကင်းစေပါသည် ။

၁၀၁ ။ ။ အသည်းဘီပိုးအတွက် ပြည့်စုံပင် (တောင်လုံးကျော်ပင် ဇီဝကပင်မှအရွက် တခါစားသုံးရွက် တရက်ညမနက်နှစ်ခါ အစိမ်းတိုင်းစားပေးပါက သက်သာပျောက်ကင်းပြီး သွေးပြန်စစ်လျင် ဘီပိုးမတွေ့တော့ပါ ။ အဆိပ်ရှိသတ္တဝါများကိုက်၍သော်၎င်း ငါးကျဉ်း ငါးခူဆူး၍သော်၎င်း ထိုအရွက်ကိုထောင်း၍အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။အသားအရေပြားယားသွေးမသွန့်အဖုများထွက်လျင် ထိုအရွက်အားကြိတ်ပြီးအရေကိုလူးပေးပါက သက်သာပျောက်ကင်းစေပါသည် ။

၁၀၂ ။ ။ခြေဖဝါးနာ ထောက်မရ ခြေဖဝါးအသားကျေအတွက် သရက်ပင်အခေါက်လက်လေးသစ်ခန့်ခုတ်ပြီး ဆားမီးဖုတ်နွေးနွေးဖြင့်နင်းပေးပါ သုံးလေးခါနင်းလျင်သက်သာပျောက်ကင်းပါသည် ။

၁၀၃။ ။ နှလုံးမောပန်းပြီး အသက်ရှူမဝလျင် တရုတ်စကားပန်း ( အကြော်ပန်း ) အနီပွင့်ကို အိပ်ယာဘေးထားသိပ်လျင် သက်သာပျောက်ကင်းပြီးအိပ်ပျော်စေသည်။

၁၀၄ ။ ။အသည်းကြီးအသည်းရောင်ခြင်းအတွက် လဲလူပင်၏ အမြစ်အားဆန်ဆေးရည်ဖြင့် သွေး၍ အကြမ်းပန်လုံးတစ်လုံးခန့် တနေ့ညမနက်သောက်ပေးပါက သက်သာပျောက်ကင်းစေပါသည်။

် ၁၀၅ ။။ပန်းနာရင်ကျပ်သူများ ကြောင်ဆေးပင် ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး တရက်တခွက်သောက်ပေးပါ နောက်ဖှေးသွားလျင် ချွဲများအရိအရွဲများပါသွားပြီးသက်သာပျောက်ကင်းပါသည် ။

၁၀၆ ။ ။ သွေးတိုးခြင်းအတွက် ဒန့်သလွန်သီးအခြောက်၏အစေ့အား ညက်အောင်ထောင်းပြီး လေလုံပုလင်းအတွင့်ထည့်၍ သွေးတိုးခေါင်းမူး ခေါင်းမထူနိုင်လျင် လဖက်စားဇွန်းတဝက်ခန့်စားပေးပါ ချက်ခြင်းသွေးတိုးကျစေပါသည် ။

၁၀၇။ ။ လေငန်းရောဂါအတွက် ကျီးအာသီးပင်ဥအားနှမ်းဆီဖြင့်ကျွတ်အောင်ကြော်ပြီး လူးပေးပါ သို့မဟုတ် ( ကင်မွန်းသီးခြောက်နှင့်ကရမက်ဖြင့်လူးပေးပါ -သို့ ကျွန်းသားစနှင့်ကောက်ရိုး မြေအိုးတွင်ကျို၍ရေငတ်တိုင်းသောက်ပေးပါ) သက်သာပျောက်ကင်းစေပါသည်။

၁၀၈။ ။ ဦးခေါင်းဒက်အနာအတွက် ပိန်းသုံးခွပင်၏ ဥအားထုထောင်းပြီးအုံပေးပါက သက်သာပျောက်ကင်းစေသည် ။

၁၀၉ ။ ။လိပ်ခေါင်းရောဂါ အတွက် ပုလဲဓါတ်မြေသြဇာအား လူတထိုင်စာအိပ်ငယ်လေးထဲထည့်ပီး ထိုင်ပေးပါက သက်သာပျောက်ကင်းစေသည်။ လိပ်စဝေပင် အရွက်ကို သုံးခွက်တခွက်ကျိုသောက်လျင်လည်း သက်သာပျောက်ကင်းစေပါသည် ။

၁၁၀ ။ ။ နားလေထွက် နားအူခြင်းအတွက် ကြောင်ရှာသီး ကြောင်ရှာပွင့် သုပ် ပြုတ် ကြော် စားပေးပါ သက်သာပျောက်ကင်းပါသည် ။

၁၁၁။ ။နားကိုက်..........မီးကွင်းဂမုန်းကို မီးကင်ပြီး အရည်ညစ်၍ နားထဲထည့်ပါ။ခဏကြာလျှင် စောင်း၍ ပြန်ထုတ်ပါ။ နာရီပိုင်းအတွင်း ပျောက်ကင်းပါသည်။

၁၁၂။ ။နားကိုက်နာပြည်ယို...........ငွေပန်းဥကို မီးကင်၍အရည်ညစ်ပါ။ရလာသောအရေနှင့် ကျောက်ချဉ်နှင့်သွေး၍ နားထဲထည့်ပါ။လျှင်မြန်စွာ ပျောက်ကင်းစေပါသည်။

၁၁၃ ။ ။ဆီးချိုရောဂါ..............ဥသျှစ်ရွက်ကြမ်း လက်တစ်ဆုပ်နှင့် ထန်းလျက်(၃)ကျပ်သား ရော၍ သုံးခွက်တစ်ခွက် ကျိုးသောက်ပါ။ရက်ပိုင်အတွင်ပျောက်၏

၁၁၄။။ငှက်ဖျားဖြတ်ဆေး...........လက်ဖက်စို(၅)ကျပ်သား၊ငရတ်ကောင်းစေ့(၄၅)စေ့ တို့ကိုညက်အောင်ထောင် ငရုတ်ကောင်းခန့် (၄၅)လုံး လုံးပါ။နံက် ၊ည (၃)လုံးစီသောက်ပါ။(၇)ရက်နှင့်တစ်နံက်သောက်ပါ။ ငှက်ဖျားမျိုးစုံ ပျောက်၏။

၁၁ ၅ ။အနာဝင်ဆေးနည်း......(၁)ခုံညင်းဆံကို မီးဖုတ်၍ ဆားခတ်ပြီးလျှင် ရေအေးနှင့်သောက်ပါ။(သို့မဟုတ်) (၂)အုန်းရည်အတွင် ငရုတ်ကောင်း အနည်းငယ်ထည့်၍ သောက်ပါ။

၁၀၆ ။ ။အနာမြစ်ဖြတ် ဆေးနည်း......ပဒိုင်းသီး ၊ လေးညှင်း ၊ဇာတိပ္ဖိုလ်သီး ၊လက်ချား အမျှစီအမှုန်ပြု နှမ်းဆီနှင့် တေပြီး အနာမှာ အုံပါ။ အနာမြုံရှိက အမြစ်ကျွတ်ထွက်၏

၁၁၇ ။ ။အနာမီးဆေးနည်း........ရုန်းခေါက် ၊ဆူးချဉ်မြစ် ၊ ဆီးမြစ်တို့ကို အနာပေါ်တွင်လိမ်းပြီး ရှားစောင်းလက် ပတ်အစေးကို အနာပေါ်တင်ပါ။

၁၁၈ ။ ။အနာဖက်ခွက် ဆေးနည်း.........(၁)တမာရွက်တစ်ဆုပ်ကို ပတဲကောကြီးအရည် အနည်းငယ် ထည့်၍ ပြာချပြီး ဒုတ္ထာ တစ်ပြားသားခန့်ထည့်ကာ ရေနံချေးနှင့် ဖျော်ပြီလိမ်းပါ။ (၂)ပိတ်ချင်းတပင်တိုင်မြစ်ကို သွေး၍လိမ်းပါ။ (၃)ရှားဖြူသီးကို သဘောင်္ကြက်ဆူစေးနှင့် သွေး၍ လိမ်းပါ။ (အဆင်ပြေသောနည်းသုံးနိုင်ပါသည်။)

၁၁၉ ။ ။အနာပဆုတ်ဆေးနည်း............(၁)ပိန္နဲပေါက် ၊ ကြာဟင်းခါးရွက်ကို ကြိတ်မှန်ဆီရောပြီ ဖွဲမီးနှင့်ချက်၍ အနာကို သုတ်လိမ်းပေးပါ။ (၂)ဆီးဖြူသီးကို ကြိတ်၍အုံပေးပါ။

၁၂၀ ။ ။ ။မှတ်ခရု ဆေးနည်း..............သျှိသျှားသီး မီးဖုတ်ပြာကို ဆီနှင့်ဖျော်၍ ပွတ်ပါ။ တစ်နည်း...လင်းနေ ၊ ကြဇု ၊ ပန်းနု အမျှစီကြိတ်၍ ပျားရည်နှင့် တိုက်ပါ။

၁၂၁ ။ ။မျက်စီယား ဆေးနည်း...............မယားသိမ် ၊ ငုစပ်ခေါက် ၊ ကျောက်ချဉ် တို့ကို ပုန်းရည်နှင့်အမျှစီ သွေး၍ ခတ်ပါ။

၁၂၂။ ။မွေးကျွတ်နာပျောက်ဆေးနည်း..................ဆင်စွယ် ၊ ရသာစဉ်းကျောက်နှစ်ပါးသွေး၍ လိမ်းပါ။

၁၂၃ ။ ။ ပန်းနာဆေးနည်း.............လေညှင်း၂ကျပ်၈ပဲ၊ ကရဝေးရွက်၂ကျပ်၈ပဲ၊ အမှူန်ပြု ၍ ပျားရည်နှင့် နံနက်ည ဆီးကင်းခန့်စားပါ။

၁၂၄ ။ ။ ခွေးရူးကိုက် ဆေးနည်းများ..............
(၁)။ကြကဆူရိုးနီမြစ်နှင့် ထန်းလျှက်ကို ကြိတ်၍ ဝအောင်စားပါ။
(၂)။ကြို့စေ့ ၊ကြက်ဆူစေ့ ၊ ထန်လျှက်တို့ကို အမျှစီကြိတ်၍ ဆီနှင့် ချက်စားပါ။
(၃)။ရှိန်းခို ၊ မြင်းသီလာ ၊ ဆေးဒန်း အမျှစီကို ရှားစောင်းကြီးအစေ့နှင့် ကြိတ်၍ ကိုက်ရာကို သုတ်လိမ်းပြီး သံနှင့်ပေါက်ပါ။ (၄)။ပန်းတိုင်(ပဒိုင်း) ၊ ရွက်အစိမ်းကို ထောင်းကြိတ်၍ အရည်ကို စစ်ပြီး ကျန်အရွက်အဖတ် ၅မတ်၊ ထောပတ် ၅မတ်၊ နွားနို့စိမ်း ၅မတ် ၊ တင်လဲ ၅မတ်၊ ၎င်း၎ပါးအရည် ၅ကျပ်သားကို ကိုက်စတစ်ကြိမ် ၊ နောက်၃ရက် တစ်ကြိမ် ၊ နောက်၃ရက် တစ်ကြိမ် ၊ပေါင်း၃ကြိမ်သောက်ပါ။ (၅)။အုန်းသီးတစ်လုံး(ငယ်ငယ်) တွင် ထန်းလျှက် အပြည့်ထည့်၍ နေချင်း ကုန်အောင် စားပါ။ (ကြိုက်ရာ နည်းကိုသုံးပါ။)

၁၂၅ ။ ။ ချောင်းဆိုးသွေးပါ .သဇင်ဥ ၊ ကွမ်းရွက် ၈ပဲ ၊ မှန်ရောင်သကြား၂ကျပ်သား ၊ ကြေအောင် ကြိတ်၍ ညနံနက် ဆီးကင်းခန့် စားပါ ။

၁၂၆။ ။ ကြွက်နို့  ပေါက်လျင် ကြောင်လျာပင် အမြစ်အားဆန်ဆေးရည်ဖြင့်သွေးလူးပေးပါက သက်သာပျောက်ကင်းစေပါသည် ။ နောက်တနည်း စိန် ၊ ကနခို ၊ ရှားစောင်းစေး အမျှကြိတ်၍ ကြွက်နို့ထိပ်ဖောက်ပြီးတင်ပါ။

၁၂၇ ။ ။ကင်းဆိပ်နိုင်ဆေး ကဆော့မြစ်ကို ဖြစ်စေ ၊ ကြောင်ပန်းမြစ်ကို ဖြစ်စေ ၊ သမန်းမြက်, ဖောင်းမြက် ကို မြစ်ဖြစ်စေ ညက်စွာ ဝါး၍ အကိုက်ခံရသည်နေရာမှာ သုတ်လိမ်းပါ ကင်းဆိပ်မျိုးကို ပယ်ဖျောက်၏
( နောက်တနည်း ကျည်းရွက်ကို ကြိတ်၍ အုံပါ )

၁၂၈ ။ ။ကိုယ်လက်ဖောရောင် ဆေးနည်း မုန်ညက် ၊ ထန်းလျှက် နှစ်မျိုးကို ထုံးကျက်တက်ရေနှင့် ဖျော်သောက် ပျောက်၏

်၁၂၉ ။ ။ကိုယ်ရောင် ဆေးနည်း ခံတက်ခေါက် ၊ ဖျောက်ဆိပ်မြစ် ၊ နနွင်းစိမ်း သုံးပါးကို အမျှစီသွေး၍ လိမ်းပါ။ ဖီးကြမ်းငှက်ပျောသီးတလုံးမီးဖုတ်ပြီး စားပါ အုန်းစိမ်းရည်သောက်ပါ သုံးရက်အတွင်း ကိုယ်ရောင်ကျသည်။
၁၃၀ ။ ။ကလေးသန်ချဆေး ဇာရွေးဖြူဆံ ၁ကျပ်သား ၊ ပေါက်စေ့ ၁ကျပ်သား ၊ အိပ်မွေ့သီး၁ကျပ်သား ငရုပ်ကောင်း ၁ကျပ်သား ၊ ကနခိုဆံ ၁ကျပ်သား ၊ ကြိတ်၍ ရွေးစေ့ခန့်လုံး၍ ကလေးကို တိုက်ပါ။

၁၃၁ ။ ။ ။ ကြို့ထိုးလျင် သစ်ကြံပိုးကို ဆားနှင့် ပျစ်ပျစ်သွေး၍ လျှာကို ပွတ်ပါ။ နောက်တစ်နည်း ကြက်သွန်နီကို ထန်းလျှက်နှင့် နိုင်းချင်းကြိတ်၍ စားပါ။ နောက်တစ်နည်း သူငယ်စား ငှက်ပျောသီးအစိမ်းကို စားပါ။
၁၃၂ ။ ၊။နှာပိတ်လျှင် လက်ချားကို ကြိတ်၍ ရှူပါ။

၁၃၃ ။ ။ပဒိုင်သီး အဆိပ်ဖြေဆးနည်း ပဒိုင်သီးစားမိသော် အမဲခြောက်ဖုတ်ကိုစားပါ။ ထန်လျှက်ကို ပျားရည်နှင့် ဖျော်၍ သောက်ပါ။

၁၃၄ ။ ။။ပုတ်သင်ကိုက်လျင် ဆီးသီးပင်မှ အမြစ်ကို ချင်းစိမ်းရေနှင့် သွေး၍ လိမ်းပါ။

၁၃၅ ။ ။ပင့်ကူကိုက်လျင် ဆန်ကိုလှော်၍ ဝအောင်စားပါ။ ကြခတ်ဝါးခေါင်းကို သွေး၍ လိမ်းပါ။

၁၃၆ ။ ။မီးလောင်နာဖြစ်လျင် မီးလောင်ပြီး အမြန်ဆုံး ငရုတ်ကောင်းမှုန့် နှမ်းဆီပျစ်ပျစ်ဖျော်၍ လိမ်းပါ။

၁၃၇။ ။မျက်စီခုလုဖြစ်နေလျင် မက်လင်သီး ၊ မရန်းသီးစိမ်း ၊ နှစ်ပါးအလေး ကျောက်ချဉ်နှင့် ကြက်သွန်ဖြူရည်နှင့် သွေး၍ ခတ်ပါ။

၁၃၈ ။ ။မိတ်ပေါက်လျှင် ထုံးနနွင်းရေတွင် ကင်ပွန်း ၊ ကင်ပလင်း ၊ တြိကဋုတ်သုံးပါး အမျှစီကြိတ်၍ လိမ်းပါ။

၁၃၉။ ။ မီးယပ်ခေါင်းကိုက်ဖြစ်လျင် .ဒန့်သလွန်မြစ် ၊ ငရုတ်ကောင်း ၊ ပန်းနု ၊ လင်းနု ၊ ကုက္ကိုခြောက် အမှုန့်ပြု၍ ရှူပေးပါ။

၁၄၀ ။ ။ဘင်နာ အကြိတ်ဖြစ်လျင် ကံ့ကော် ၊ ကြိတက် ၊ ခဲမတိုကို သွေး၍ သုတ်လိမ်းပါ။ မဲဇလီရွက် ၊ ကန့်ချုပ်နီ ၊ ချင်းစိမ်း ၊ စရို ၄ပါးကို ပြုတ်ကျိုး၍ သောက်ပါ။ ( ဆေးအမယ်များ ပရဆေးဆိုင်တွင်ရပါသည် ) နောက်တနည်း ဘင်နာ ဖြစ်လျင် .ပေါင်ခြံတွင် ပေါက်နေသော အနာကို ကလေသီး ၊ ရှောက်ရွက် ၊ နဘဲရွက် သမန်းကျားမြစ်တိုကို သွေး၍ သုတ်လိမ်းပါ။

၁၄၁ ။ ။ဖားပြုတ်ကိုက်လျင် ခူဆံမြစ်ကို ရေကျက်အေးနှင့် သွေးဖြင့် သုတ်ပြီ အုတ်ခဲနှင့် ဖိထားပါလေ။

၁၄၂ ။ ။ဖားပြုတ်ဥ အဆိပ်ဖြေနည်း ဖားပြုတ်ဥကို စားမိသော် ပြည်ပန်းရွှေမြစ်ကို သွေး၍ သောက်ပါ။ ။ ။ခရုသင်းဖြစ်လျင် ငှက်ပျောပင်၏ ပဉ္စငါပါးအားပြာချ၍ နနွင်းနှင့်လူးပေးပါကသက်သာပျောက်ကင်းသည် ။

၁၄၃ ။ ။ဆံပင်ကျွတ်ထိပ်ပြောင်လျင် ငှက်ပျောအူတိုင်ကို ဝါးပိုက်ဖြင့်ဖေါက်ပြီး အရည်ကိုဦးခေါင်းဆံစ တဝှိက်လူးပေးပါက ဦးရေပြားအေးပြီး ဆံပင်ပြန်ပေါက်စေပါသည် ။

၁၄၄ ။ ။နားပြည်ယိုလျင် ငုရွက်၊ကြောင်ပန်းရွက်နှစ်မျိုးကိုအရည်ညစ်၍ နားကျပ်ပေးပါ။

၁၄၅ ။ ။ နားလေထွက်လျင် ကြောင်လျှာသီးနုနုကိုသံပရာရည်လက်သုပ်လုပ်၍စားပါ။

၁၄၆ ။ ။နှင်းခူနာဖြစ်လျင် ငါးခူခေါင်းကိုပြာကျအောင်မီးဖုတ်ပြီး ရေနံချေးဖြင့်နယ်၍လိမ်းပေးပါ။

၁၄၇ ။ ။လိပ်ခေါင်းရောဂါဖြစ်လျင် တရုတ်စကားပင် အမြစ်ကို ကျို၍သောက်။

်၁၄၈ ။ ။လေထိုးလေအောင့် ဖြစ်လျင် ခွေးတောက်ရွက်ကို ဟင်းခါးချက်၍ သောက်ပါ။

၁၄၉ ။ ။ဝမ်းကိုက်လျင် ငုရွက်ကိုဟင်းချက်စားပါ။ကြော်စားပါ။

၁၅၀ ။ ။ အသည်းရောင် အသားဝါဖြစ်လျင် ငုပင်၏ ပဉ္စငါပါးကို သုံးခွက်တစ်ခွက် ကျို၍သော က်။

၁၅၁ ။ ။ကြွက်နို့ပေါက်လျင် ချင်းတက်ကိုထိပ်ဘက်မှဓားဖြင့်လှီးပါ။ထိုလှီးထားသောနေရာအားထုံးဖြင့်တို့ပြီးကြွက်နို့ပေါ်မှာဖြည်းဖြည်း ချင်းပွတ်ပေးပါ။ကြွက်နို့ကတဖြည်းဖြည်းပါးသွားပါမည်။

၁၅၂ ။ ။အမျိုးသားအူကျ ခေါင်းလျော်တရော်ရည်ကို မက်ခွင်ဖြင့်တနေ့တစ်ခွက် သုံးလေးရက်သောက်ပေးပါက သက်သာပျောက်ကင်းပါမည် ။ ( ကလေးဥတခြမ်းရောင်ပီးကြီးနေပါက ခရမ်းကျွတ်သီး တလုံးကို မိဘမှအသက် ၇ ချက်အောင့်ပီးတို့ပေးပါ ထိုနောက် ကျပ်ခိုးစဉ်တွင်ချည်ထားပါ ထိုအသီးပိန်သွားလျင် ကလေးဥရောင်ပျောက်ကင်းပါသည် ။

၁၅၃။ ။နှာခေါင်းအနှံ့မရခြင်းထိပ်ကပ်နာဖြစ်ခြင်းကို ဆယ်နှစ်ရာသီ ပန်းအဝါပွင့်အား အရည်ညှစ်နှာရင်းဝသို့ထည့်ပေးပါ နာခေါင်းတွင်းမှ မကောင်းသော အရိအရွဲများထွက်သွားပြီး သုံးလေးခါထည့်ပေးပါက သက်သာပျောက်ကင်းပါသည် ( ထို့အတူ အောင်မဲညိုပန်းဖြင့်၎င်းနည်းအတိုင်းပြုလုပ်ပေးပါက ပျောက်ကင်းပါသည် )
* အထက်ပါဆေးနည်းများသည် တိုင်းရင်းဆေးဆရာ / ဆရာမကြီးများ၏ ဆေးနည်းတိုများသာ
ဖြစ်ပါသည် ။ ။ ။

တိုးရဲစမ်းပါ (ဆရာကြီးအောင်းသင်း)

မျာက်တစ်ကောင်ကို ငှက်ပျောသီးတစ်လုံးနဲ့ ရွှေချောင်းတစ်ချောင်ပေးမယ်။
မျာက်က ငှက်ပျောသီးကို ရွေးချယ်မှာပါ။ရွှေချောင်းက ငှက်ပျောသီး အများကြီးကို လဲလည်နိုင်မှန်း မျောက်မသိဘူးလေ၊
အလားတူပါပဲ...လူတစ်ယောက်ကို ရွှေချောင်းတစ်ချောင်းနဲ့ ဥာဏ်ပညာတစ်ခု ပေးမယ်။လူတော်တော်များများဟာ ရွှေချောင်းကိုရွေးချယ်ကြမှာပါ။ ဥာဏ်ပညာဟာ ရွှေချောင်းအများကြီးကိုလဲလည်နိုင်တယ်ဆိုတာ မယုံကြည်ကြဘူးလေ၊အချိန်တော်တော်များများမှာရွေးချယ်မူဟာ ကြိုးစားမူထက် အရေးကြီးတတ်ပါတယ်။



ငါဘာကောင်လဲဆိုတာ အရေးမကြီးပါ၊ငါဘာလုပ်နေသလဲဆိုတာတော့ အလွန်အရေးကြီးပါတယ်၊ငါလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိ

တ်ကအရေးတကအရေးကြီးဆုံး ဖြစ်ပါတယ်။ဘ၀ဆိုတာ ပင်ပန်းမူတွေ၊ မောပန်းမူတွေ ဧကန်မလွှဲ သင်ကြုံရမှာပါ။သင်ယခု မပင်ပန်းချင်ဘူးဆိုရင်၊နောင် သင်ပိုပင်ပန်းပါလိမ့်မယ်။ဘ၀ဆိုတာ ဒုက္ခအများကြီးနဲ့ ကြုံရစမြဲပါ၊သင်ဒီတစ်နေ့ ဒုက္ခမခံထားဘူးဆိုရင်နောင် သင်ပိုဒုက္ခတွေ့ပါလိမ့်မယ်။

ပျာ်ရွှင်မူဆိုတာ ပင်ပန်းပြီးမှ အနားယူတဲ့ အရသာမျိုးပါ။ခါးသက်ပြီးမှ၊ ချိုမြိန်ခြင်းရဲ့ အရသာမျိုးပါ။ဒါကြောင့်မို့လို့အသက်အရွယ်ငယ်စဉ်မှာ၊ အပြင်လောကကို ၀င်တိုးစမ်းပါ။သတ္တိရှိရှိ အပြင်လောကကို ၀င်လိုက်စမ်းပါ။ မြို့ကြီးပြကြီးကို ၀င်တိုးရဲစမ်းပါ။ မိုးတွေလေတွေရဲ့ ဆေးကြောမူကို ခံယူစမ်းပါ။ ကံဆိုးမိုးမှောင်လို့ တစ်ချိန်တုန်းက ထင်မြင်ခဲ့တာတွေကိုစိန်ခေါ်မူ့လို့ ပြောင်းလဲပြီး တွေးမြင်လိုက်ပါ။ယခု အောင်မြင်ချမ်းသာနေတဲ့ လူတော်တော်များများဟာပိုက်ဆံအရင်ရှိလို့မဟုတ်ဘူး၊သတ္တိအရင်ရှိလို့ အောင်မြင်လာခဲ့ကြတာပါ။

ပိုက်ဆံရှာချင်ရင် ပိုက်ဆံများတဲ့နေရာမှာ ရှာရပါတယ်၊ တိုးတက်ချင်ရင် အခွင့်အရေးများတဲ့နေရာကို တိုးရဲရပါတယ်၊ ဒီလောကကြီးမှာ၊ သင်ကိုယ်တိုင်ကလွှဲရင်သင့်ကို တကယ်ကူညီနိုင်မဲ့သူ မရှိပါဘူး။

ကြက်ဥဆိုတာ...ပြင်ပကနေ ရိုက်ခွဲရင် ဟင်းဖြစ်သွားပါတယ်၊အတွင်းကနေ ရိုက်ခွဲရင် ကြက်ပေါက်စ ဖြစ်လာပါတယ်၊လူဆိုတာလည်း ဒီအတိုင်းပါပဲ...အပြင်ကနေ ရိုက်ခွဲရင် ဖိအားလို့ ခေါ်ပါတယ်။အတွင်းကနေ ရိုက်ခွဲရင် ကြီးပြင်းရင့်ကျက်ခြင်း ဖြစ်ပေါ်စေပါတယ်။ သင်အတွင်းကနေ ရိုက်ခွဲတတ်ပါစေ၊

သုတေသန အရမျော်မှန်းထားတဲ့ အခက်အခဲဆိုတာ၅% ခန့်ပဲ မှန်ကန်လေ့ရှိပါတယ်၊သင်ကြုံရမဲ့ အခက်အခဲ၊ အတားအဆီးများဟာသင်မျော်လင့်ခဲ့တဲ့ အရာတွေ မဟုတ်ပါဘူး၊ပြီးရင် အဆိုပါ အခက်အခဲတွေ၊တားဆီးမူတွေ၊ ယာယီဆုံးရူံးမူတွေဟာကံဆိုးခြင်းနဲ့ မဆိုင်ပါဘူး၊

တစ်နေ့နေ့ တစ်ချိန်ချိန်မှာသင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံတွေ ဖြစ်သွားမှာပါ။


စိတ်ရှင်းရင် ဘ၀ရှင်းပါတယ်။
စိတ်လွတ်လပ်ရင်၊ ဘ၀လွတ်လပ်ပါတယ်။ 
ဘာပဲလုပ်လုပ် နည်းလမ်းများများရှာပါ။
ဆင်ခြေများများရှောင်ပါ။
သင်အောင်မြင်မှာပါ။
လူငယ်လူရွယ်များ အောင်မြင်နိုင်ကြပါစေ။

စစ်ကိုင်းချောင်က စတယ်ဆိုတဲ့ မြန်မာသီလရှင်

မြန်မာနိုင်ငံမှာ သီလရှင်လို့ ခေါ်တဲ့ အမျိုးသမီး သာသနာ့ ဝန်ထမ်း တွေကို ပန်းရောင်ကိုယ်ရုံတွေနဲ့ တွဲပြီး လူသိများပါတယ်။ သီလရှင်တွေဟာ သံဃာဦးရေရဲ့ ၁ဝ ပုံ တပုံခန့်ရှိပြီး ခြောက်သောင်းခန့် ရှိတယ်လို့လည်း စာရင်းဇယားတွေအရ သိရပါတယ်။
၁၉၆၁ က သီလရှင် တသောင်းမပြည့်ခဲ့ရာက အနှစ် ၅ဝ ကျော်မှာ သောင်းချီတိုးတက်လာတာ ဖြစ်ပါတယ်။
ဒီသီလရှင်တွေ သာသနာသမိုင်းတလျှောက်လုံး မြန်မာပြည်မှာ ပေါ်ထွန်းခဲ့သလား ဆိုတာကတော့ သေချာ မသိရပါဘူး။
ဆရာတော် ရဝေထွန်းရဲ့ ဘိက္ခုသာသနာနှင့် သီလရှင်သမိုင်း စာအုပ်အရ မင်းတုန်းမင်းခေတ်မှာ နန်းတွင်းက သမီးတော်တွေကို စာချပေးတဲ့ သီလရှင် ဆရာကြီး မယ်ကင်းနဲ့ မယ်နတ်ပေးတို့ အထင်အရှား ရှိနေပြီ ဖြစ်ပါတယ်။

မင်းတုန်းမင်းခေတ်နဲ့ ဘာတွေတူသလဲ ၅ ချက် 
မယ်ကင်းဟာ ဝိနည်းမှာ ထင်ရှားတဲ့ ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ နှမဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ စာချိုးဘက် ဆိုပြီး စာပေမှာ လူသိများပါတယ်။
ထွဋ်ခေါင်မှာ သီလချော
မယ်ကင်းကို ထွဋ်ခေါင်ဆရာတော်က သီလရှင်တွေကို သီလရှင်ပြုပေးပြီး သီလရှင်အစ ထွဋ်ခေါင်က လို့ ဆိုရိုးရှိခဲ့ပေမယ့် အဲဒီမတိုင်ခင်ကတည်းက သီလရှင်အကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့လည်း သမိုင်းသုတေသီ ဆရာတော် ရွှေကိုင်းသားက ရေးသားပါတယ်။
သီတင်းသုံးယောက်ျားမိန်းမတွေကို အင်းဝဘုရင်တွေက လှူလေ့ရှိတယ်လို့လည်း လောကဗျူဟာအင်ရုံစာတမ်းမှာ ဖော်ပြပါတယ်။ ဒီစာတမ်းဟာ အင်းဝနန်းတွင်းဆောင်တာတွေကို ကုန်းဘောင်မင်းတွေကို ရှင်းပြတဲ့ ကျမ်းပါ။
၁၇၈၆ ခုရေး မောင်းထောင်သာသနာပိုင်ဆရာတော်ရဲ့ အမေးတော်ပုံအဖြေကျမ်း မှာတော့ တောင်လေးလုံး ဆရာတော်ရဲ့နှမနဲ့ သီတင်းသုံးတစုဟာ အဝတ်နီသစ်ခေါက်ကို ဆိုးပြီး ဝတ်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းမှာလိုပဲ ကိုယ်ရုံဖြူနဲ့ သီလရှင်တွေလည်း မြန်မာပြည်မှာ ရှိခဲ့ပါတယ်။
သီလရှင်ကို သီတင်းသုံး၊ သီတင်းသည် စသဖြင့် အမျိုးမျိုး ခေါ်ခဲ့ပြီး မြိတ်ထားဝယ်ဘက်မှာတော့ မိရှင်လို့ ခေါ်ကြောင်း အညာသူများပင်လယ်သွား စာအုပ်မှာ လူထုဒေါ်အမာက ရေးသားပါတယ်။
ရခိုင်မှာတော့ သူတော်မ ခေါ်တယ် ဆိုပါတယ်။ သီတင်းသည် ယောက်ျားတွေကို ဖိုးသူတော်နဲ့ အမျိုးသမီးတွေကို ဖွားသီလရှင်ခေါ်တဲ့အလေ့လည်း ရှိပါတယ်။
အဲဒီခေတ်က သီလရှင်တွေဟာ ဘုန်းကြီးတွေလိုပဲ ဆွမ်းခံတတ်ကြပြီး ကိုရင်တွေနောက်ကနေ ဆွမ်းအုပ်နဲ့ ဆွမ်းခံတာလို့လည်း သိရပါတယ်။

နန်းတွင်းက သီလရှင်များ
မယ်ကင်းတပည့်တွေထဲက မင်းတုန်းမင်းရဲ့ သမီးတော်တွေထဲက ပင်တိုင်စံ စလင်းစုဘုရားဟာ သီပေါမင်း နန်းတက်ပြီးနောက် သီလရှင်ဘဝ ကူးပြောင်းသွားပါတယ်။
နောက် သီပေါမင်းရဲ့ မိဘုရားခေါင်ကြီးတပါး ဖြစ်တဲ့ စုဘုရားကြီးဟာလည်း အိန္ဒိယက ပြန်လာပြီးနောက် မင်းကွန်းမှာ သီလရှင်ဝတ်နဲ့ အရိုးထုတ်သွားပါတယ်။
သီပေါမင်းမယ်တော် လောင်းရှည်မိဘုရားက သီလရှင် ဝတ်ခွင့်တောင်းပေမယ့် မင်းတုန်းမင်းက ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။
မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ကျန်ရစ်တဲ့ စိန်တုံးမိဘုရားကိုတော့ အသက်ဘေးကလွတ်အောင် သင်္ဂဇာဆရာတော်က မော်လမြိုင်ခေါ်သွားခဲ့ပါတယ်။
အဲဒီမှာ ကျောင်းကြီးဆောက်လှူပြီး သီလရှင်ဘဝနဲ့ နေသွားခဲ့တာပါ။
နောက် မင်းတုန်းမင်း သမီးတော်တပါးဖြစ်တဲ့ မြောင်လှမင်းသမီးလည်း မင်းကွန်းမှာ သီလရှင်ဘဝနဲ့ ကွယ်လွန်သွားပြီး မင်းသမီးချောင်လို့ ခုတိုင် ကျန်ရစ်ပါတယ်။
စစ်ကိုင်း မင်းကွန်းတောင်ရိုးတွေမှာ အစောဆုံး ပေါ်တဲ့ သီလရှင်ချောင်တွေက ဂူတလုံး၊ ဂူကလေး၊ သစ်ဆိမ့်၊ ဂူနီ စတဲ့ချောင်တွေပါ။
သီလရှင်နေတဲ့ အဆောက်အအုံတွေကို ဇရပ်လို့ ခေါ်လေ့ရှိပါတယ်။
ပါတော်မူခါစက သီလရှင်ဝတ်တဲ့ အမျိုးသမီးတွေအတွက် မိဘဆီက ခွင့်ပြုချက် ရဖို့ ခက်လို့ အိမ်ကထွက်ပြေးပြီး ဝတ်ရတဲ့အကြောင်းကို သီလရှင်ဆရာကြီးတွေရဲ့ ဘဝမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
သားယောက်ျားတွေ သာသနာ့ဘောင်ဝင်တာကို အားပေးတတ်ပေမယ့် သီလရှင် ရာသက်ပန်ဝတ်တာကို မကြည်ဖြူတဲ့အကြောင်း ဝတ္ထုတွေကိုလည်း ဂျာနယ်ကျော်မမလေး၊ မိုးမိုးအင်းလျားစတဲ့ မြန်မာစာရေးဆရာမတွေက လွတ်လပ်ရေးရပြီးနောက် ရေးသားခဲ့ကြပါတယ်။

ဗြိတိန်မှာ ပြသခွင့်ရတဲ့ မြန်မာ မှတ်တမ်းရုပ်ရှင်
ဒီလို သီလရှင်အဖြစ်နဲ့ ရဟန်းတော်တွေကို စာပေပို့ချခဲ့တဲ့ ဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

သာသနာ့မိခင်ကြီး
ဒီထဲမှာ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက သာသနာ့မိခင်ကြီးလို့ သတ်မှတ်ခေါ်ဆိုခဲ့တဲ့ အိမ်ကြီးချောင်ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ထင်ရှားပါတယ်။
သစ္စဝါဒီဋီကာ ကျမ်းပြု ဒေါ်ဓမ္မစာရီဟာ ဆရာတော်လောင်းလျာကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာပြီး သွန်သင်ဆုံးမလာခဲ့တာပါ။
ဒါကြောင့် နာမည်ကြီး ဆရာတော်တွေသာ ဟောပြောခွင့်ရတဲ့ မလွန်ဆန်လှူအသင်း တရားပွဲမျိုးမှာ ဓမ္မကထိက အဖြစ် ဒေါ်ဓမ္မစာရီ ဟောခွင့်ရခဲ့ပါတယ်။
အဲဒီခေတ်က ဆရာတော်ကြီးတွေ အချင်းချင်းတောင် မယ်ဓမ္မစာရီဆီ စာဝါလိုက်ဖူးပြီလားလို့ မေးတတ်ကြကြောင်း သိရပါတယ်။
ရန်ကုန် ဒေါ်ဉာဏစာရီစာသင်တိုက်က ဆရာကြီး ဒေါ်ဉာဏစာရီလည်း အမျိုးသမီးငယ်လေးတွေကို တရားပြဆုံးမရာမှာ ထင်ရှားခဲ့ပါတယ်။

ဒါကြောင့် အရင်က အိမ်က မကြည်ဖြူဘဲ သီလရှင်ဝတ်တဲ့ခေတ်ကနေ သားရှင်ပြု အလှူတွေမှာ သမီးသီလရှင်ဝတ်တာတွေလည်း ၂ဝ ရာစု နောက်ပိုင်းမှာ တွေ့လာရပါတယ်။
ဒါပေမဲ့ သီလရှင်တွေကို လှူဒါန်းရာမှာတော့ ရဟန်းတော်များနဲ့မတူဘဲ လျှော့ပေါ့လှူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဆွမ်းကွမ်းရှားပါးတဲ့ အညာက သီလရှင်တွေကို ဒို့ဆီ လိုက်ခဲ့ဆိုပြီး မြိတ်က သီလရှင်ဆရာကြီးတပါးက ခေါ်ကြောင်း လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မိဘမဲ့ မိန်းကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ အလုပ်ကိုလည်း ဆရာကြီးတွေ တာဝန်ယူလာရပါတယ်။
မန္တလေး အေးရိပ်မွန် စာသင်တိုက်က မိဘမဲ့မိန်းကလေးတွေအကြောင်း ရိုက်ကူးတဲ့ ကြည်ပြာ ဇာတ်ကားဟာ ထင်ရှားပါတယ်။
စစ်ဘေးစစ်ရှောင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေအတွက် အစိုးရက အပြည့်တာဝန်မယူနိုင်တဲ့အတွက် သာသနာဘက်က တာဝန်ယူတဲ့ ကျောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။

အစဉ်အလာအရ မြန်မာသီလရှင်တွေကို လောကီကိစ္စတွေနဲ့ မပတ်သက်ဘဲ အေးဆေးတည်ငြိမ်တယ်လို့ ပြည်ပ ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သီလရှင်တွေ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။
၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုမှာ သံဃာတော်တွေနဲ့အတူ သီလရှင်တွေလည်း ပါဝင်ဆန္ဒပြလို့ ထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။

မြန်မာနဲ့သံဃာ၊ ပတ္တနိက္ကုဇ္ဇနကံ
နောက် မဘသ လှုပ်ရှားမှုမှာလည်း မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းဖို့ တောင်းဆိုတဲ့အထဲမှာ သီလရှင်တွေ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးမှာ စောင့်ကြိုနှုတ်ဆက်တဲ့ သီလရှင်တွေ ရှိသလို သူ အကျဉ်းကလွတ်ပြီးနောက် ဆွမ်းလောင်းပွဲမှာလည်း သီလရှင်တွေ ကြွရောက် အလှူခံခဲ့ကြပါတယ်။

အိန္ဒိယမှာ အာသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသာသနာပြုလွှတ်ရာမှာ မြန်မာနိုင်ငံဖြစ်လာမယ့် သုနာပန္တရတိုင်းမှာ ရဟန်းမိန်းမ ခြောက်သောင်း ပေါ်ထွန်းတယ် ဆိုပေမယ့် ဘိက္ခုနီသာသနာ အနှစ်တထောင်လောက်ပဲ တည်မြဲတယ်လို့ ယူဆခဲ့ကြပါတယ်။

နောက် အနော်ရထာမင်းလက်ထက် သထုံက ပိဋကတ်နဲ့ သံဃာတော်တွေ ပင့်ဆောင်ရာမှာလည်း ရဟန်းမ ပါမလာဘူးလို့ ဆိုကြပေမယ့် ပုဂံမှာ ဘိက္ခုနီတွေ ပေါ်ထွန်းခဲ့တယ်လို့ ကျောက်စာအထောက်အထားတွေက ပြခဲ့တယ်လို့ သမိုင်းပညာရှင်တချို့က ရေးပါတယ်။
ဖုန်းမြတ်သော ဘွဲ့မည်နဲ့ ဒီအမျိုးသမီးသာသနာ့ဝန်ထမ်းတွေဟာ သီလရှင်လိုမျိုးသာ ဖြစ်နိုင်တယ်လို့ ဆရာတော် ရဝေထွန်းက ထောက်ပြပါတယ်။
လွတ်လပ်ရေး မရခင်က အရှင်အာဒိစ္စဝံသကို ဘိက္ခုနီ သာသနာပြန်ထူထောင်ဖို့ ကြိုးစားသူအဖြစ် လူသိများခဲ့ပေမယ့် စစ်ပြီးခေတ်မှာ ဇေတဝန်ဆရာတော်က ဘိက္ခုနီ ပြန်ပေါ်သင့်ကြောင်း ကျမ်းပြုခဲ့တာကို လူသိနည်းပါတယ်။
၁၉၇ဝ ကျော်မှာတော့ တရားပြ မြန်မာ အမျိုးသမီးတယောက်က ဘိက္ခုနီ ပြုခွင့် တောင်းတဲ့စာကို အစိုးရနဲ့ ဆရာတော် အပါး ၂ဝ ဆီကို ပို့ခဲ့တယ်လို့ ဂျာမန်ပညာရှင် ဒေါက်တာလိုတာမိုဆာက ရေးပါတယ်။

 
ခုချိန်မှာ ရဟန်းမ ပြုတဲ့ မြန်မာအမျိုးသမီးတွေ ပြည်ပမှာ အနည်းအပါးရှိနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ခွင့်မပြုသေးပါဘူး။
ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ သာသနာပုံရိပ်အဖြစ် သီလရှင်တွေကို ရဟန်းတော်တွေ၊ စေတီပုထိုးနဲ့ ကျောင်းကန်ဇရပ်တွေနဲ့ ဆက်ပြီး တွဲသိနေကြမှာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သတင်းဆိုတဲ့ ဝေါဟာရ (အလင်္ကာပုလဲပန်း)

သတင်းစကားနဲ့ပတ်သက်ပြီး အခု အငြင်းပွားစရာဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က "သတင်းဆိုတာက မြန်မာစကားတော့ မဟုတ်တန်ရာဘူးလို့ ကျွန်မထင်တယ်" လို့ပြောလိုက်လို့ပါ။
နိုဝင်ဘာလ ၂၃ ရက်နေ့ကပြောတာပါ။ ပြောတာကလည်း သတင်းစာဆရာကြီးများ ကိုယ်တိုင်တက်ရောက်ကြတဲ့ ညစာစားပွဲမှာ ပြောတာပါ။ သတင်းမီဒီယာ ကောင်စီအသစ် ကတိသစ္စာပြုတဲ့နေ့မှာ အမှုဆောင်တွေကို ညစာကျွေးမွေးချိန်မှာ မိန့်ခွန်းပြောရင်း အခုလိုထည့်သွင်းပြောကြားသွားပါတယ်။

"သတင်းဆိုတာက မြန်မာစကားတော့မဟုတ်တန်ရာဘူးလို့ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဆီမှာ အသံထွက် တစ်ခုမှာ အဓိပ္ဗာယ်ရှိရမယ်ပေါ့နော်။ သနဲ့ တင်းနဲ့ ပေါင်းလိုက်တော့ ဘာဖြစ်လို့ သတင်းဖြစ်သွားလဲဆိုတာ ကျွန်မသိချင်တယ်။"

သတင်းဆိုတာ မြန်မာစကားစစ်စစ်ဖြစ်ကြောင်း မြန်မာပညာရှိနှစ်ယောက်က ထောက်ခံပြောဆိုပါတယ်။

သတင်းဆိုတဲ့စကားနဲ့ပတ်သက်ပြီး အကိုးအကားအထောက်အထား ရှာဖွေတဲ့အခါ ဆရာတော်အသျှင်ကောသလ္လရေးသား ပြုစုတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာ သတင်းဟာ မြန်မာစကား စစ်စစ်ဖြစ်ကြောင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

နောက်တယောက်က သက်ရှိထင်ရှားပညာရှင်ပါ။ ကျွန်တော်တို့ အလင်္ကာပုလဲပန်းအစီအစဉ်မှာ မေးမြန်းတင်ဆက်ပေးနေကျ ဆရာကြီး ဒေါက်တာထွန်းတင့်ဖြစ်ပါတယ်။

"သကိုရှေ့ကနေ ထားသုံးတဲ့စာလုံးတွေထဲမှာ သတင်းအပြင်းဘာတွေရှိသလဲဆိုတော့ သန၊ သနား၊ သရက်၊ သရစ်၊ သနစ် စသဖြင့်ရှိတာပေါ့ဗျာ။ နောက်သဝန်ကြောင်၊ သဝန်တိုပေါ့။ သကိုနောက်ကတွဲပြီးသုံးတာဆိုရင် ဆက်သ၊ ပို့သ၊ နှံသ၊ တသ၊ ပိုင်သ၊ ကုသ၊ ပီသ၊ ခြယ်သ၊ ပသပေါ့။

ရှေ့ကပဲထားထား၊ နောက်ကပဲထားထား အဲဒီသတွေအားလုံးဟာ ဆက်စပ်တဲ့သဘောပါ။ ဘာနဲ့တူသလဲဆိုတော့ သနဲ့သက်နဲ့တူတယ်။ အဲသလို အနက်ကဆက်သွယ်ပါတယ်။ သက်ရောက်တယ်။ ဆက်နွယ်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။"

"တင်းကဘာလဲဆိုတော့ ရပ်ထဲရွာထဲမှာ မိန်းမတွေ အတင်းပြောတဲ့ တင်းလိုပါပဲ။ အကြောင်းအရာ၊ အကြောင်းချင်းရာကိုပြောတာပါ။"

"ဒီတော့ "သ" သက်ရောက်တဲ့ ဆက်နွယ်တဲ့ "တင်း" အကြောင်းချင်းရာကို သတင်းလို့ပြောတာပါ။"

သတင်းနဲ့ပတ်သက်ပြီး မြန်မာစာအဖွဲ့က ဆရာကြီးဒေါက်တာထွန်းတင့်က အဲဒီလိုရှင်းပြပါတယ်။
ဆရာတော်အသျှင်ကောသလ္လရေးသား ပြုစုတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာတော့ သတင်းဆိုတဲ့စကားမှာ သဟာ အနက်မဲ့ရှေ့ဆက်လို့ ယူချင်လည်း ယူနိုင်တယ် လို့ဆိုပါတယ်။

နောက်တနည်းကတော့ သွေး၊ သက်၊ သံ၊သ တို့ဟာ အနက်တူပဲလို့ ဆရာတော်က ဆိုပါတယ်။ ဆရာကြီးဒေါက်တာထွန်းတင့်နဲ့ အနက်ကောက်ယူတဲ့ နည်းစနစ်ချင်း တူပါတယ်။ ဒါပေမယ့် ဆရာကြီး ဒေါက်တာထွန်းတင့်က သက်ကိုယူပြီး ဆရာတော် အသျှင်ကောသလ္လကတော့ သံမှာ အနက်ယူပါတယ်။ သဟာ အသံပြုတာ၊ ပြောဆိုတာပဲလို့ဆိုပါတယ်။

တင်းနဲ့သံဟာလည်း အဓိပ္ပာယ်တူလို့ ဆရာတော်အသျှင်ကောသလ္လကယူပါတယ်။ သက်သေအထောက်ထားအနေနဲ့ ရှေးကသုံးခဲ့ဖူးကြတဲ့ တင်းသံ ဝေါဟာရကို ဆရာတော်က နမူနာပြပါတယ်။

ဆရာ့ထံ၌ တင်းသံနားဝ မကြားရတည့်
စောထွတ်ဖျားကို စကားတင်းသံ တို့ထံသွတ်လှယ်
ဆိုတဲ့ဝါကျတွေကို ဆရာတော်က နမူနာပြပါတယ်။
ဆရာကြီးဒေါက်တာထွန်းတင့်ကတော့ ဒီတင်းသံဟာ အတင်းရဲ့အသံ၊ အကြောင်းအရာရဲ့အသံ၊ ကြားရတဲ့အသံကိုပြောတာပဲဖြစ်မယ်လို့ ယူဆပါတယ်။

ဆရာကြီးနှစ်ယောက်ရဲ့ သဘောထားနှိုင်းယှဉ်ချက်

ဆရာကြီးဒေါက်တာထွန်းတင့်က သတင်းဆိုတာ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ခေါ်တာလို့ အဓိပ္ပာယ်ဖွင့်ပြီး ဆရာတော်အသျှင်ကောသလ္လက အသံပြုပြောဆိုကြတဲ့စကားလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ အတိအကျ မတူပေမယ့် အလွန်အမင်း ခြားနားကွဲပြားမှုမျိုးတော့ မဟုတ်ပါဘူး။

ဆရာကြီးနှစ်ယောက်စလုံးက သတင်းဟာ မြန်မာစကားစစ်စစ်လို့ပဲ ကောက်ယူပါတယ်။ တခြားဘယ်ဘာသာ ဘယ်စကားကမှ ဆင်းသက်လာတယ်လို့ မဆိုပါဘူး။

တခြားဘာသာစကားက ဆင်းသက်လာတယ်လို့ ယူဆတဲ့ တခြားမြန်မာပညာရှင်တယောက်ယောက်ရဲ့ မူကွဲကိုလည်း မတွေ့မိပါဘူး။


သတင်းနဲ့သိတင်း
၁၈၄၂ ခုနှစ်က မော်လမြိုင်မြို့မှာ ထုတ်ဝေခဲ့ဖူးတဲ့ သတင်းစာတစောင်က ဓမ္မသိတင်းစာလို့ သတင်းစာရဲ့ အမည်ကို ရေးသားထားပါတယ်။ ဒီတော့ သတင်းက ရင်းမြစ်လား၊ သိတင်းက ရင်းမြစ်လားဆိုတာ အတွေးပွားစရာဖြစ်လာပါတယ်။

ဆရာကြီးဒေါက်တာထွန်းတင့်ကတော့ သတင်းကရင်းမြစ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။ ဒါဆိုဘာ့ကြောင့် သိတင်းလို့ တချိန်မှာရေးခဲ့တာလဲ။

ဒါက သတင်းမှာ သကို အသံတဝက်နဲ့ ဖတ်စေလိုတဲ့အတွက် သမှာပါတဲ့သရကို သတ်ထားကြောင်း အမှတ်အသားပြုတဲ့အနေနဲ့ လုံးကြီးတင်သင်္ကေတကို ထည့်ထားတာလို့ ဆိုပါတယ်။ အဲဒီလုံးကြီးတင်ဟာ အိသရကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အလင်္ကာပုလဲပန်းမှာ တခြားဆောင်းပါး တပုဒ်နဲ့ အကျယ်တဝင့်ရှင်းလင်းပြီးသားပါ။ ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ အဲသလို အသံတဝက် ရွတ်ဆိုစေချင်တဲ့အတွက် လုံးကြီးတင်နဲ့ သရအသံကိုသတ်တဲ့ တခြား နမူနာစာလုံးတွေက သိကြား၊ ဖိနပ်၊ ပိတောက်ဆိုတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဆရာယုဒသန်ကွယ်လွန်ပြီးမှ ထုတ်တဲ့ အင်္ဂလိပ်မြန်မာ ဂျပ်ဆင် အဘိဓာန်မှာ သတင်းကို သိတင်းလို့ ရေးထားပါတယ်။ အဲဒီအဘိဓာန်က ၁၈၅၂ ခုနှစ်မှာ ထုတ်ခဲ့တာပါ။

ဒါပေမယ့် မက္ခရာမင်းသားကြီးနဲ့ ချားစ်လင်းတို့ရဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်မှာတော့ သိတင်းလို့ မရေးပဲ သတင်းလို့ပဲ ရေးထားတာတွေ့ရပါတယ်။ ချားစ်လင်း အဘိဓာန်ဟာ ဆရာယုဒသန်ရဲ့ အဘိဓာန်ထက် ၁၉ နှစ် စောပါတယ်။ ၁၈၃၃ ခုနှစ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပါတယ်။

ဒီတော့ သတင်းက သိတင်းထက် အရင်ကျတယ်လို့ ယူဆရပါတယ်။ 

ဈေးရုံမှာ နို့လှန်တိုက်တာ တားခံရတဲ့ ကိစ္စ အုတ်အော်သောင်းတင်း ဖြစ်

29 နိုဝင်ဘာ 2018
အိန္ဒိယနိုင်ငံမှာ ကလေးမိခင်တွေ လူမြင်ကွင်းမှာ နို့တိုက်တာ အဆန်းတော့ မဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားမြို့က ဈေးရုံကြီးတခုမှာ ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးခွင့် တားမြစ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ရေးသားခဲ့ရာကနေ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။

အဘီလာရှာ အာရပ် ဒက်စ်အာဒီကာရီ ဆိုတဲ့ အမျိုးသမီးက ဈေးရုံကြီးထဲမှာ သူ့ကလေးကို နို့လှန်တိုက်ဖို့ လုပ်နေတာကို ဈေးရုံ အာဏာပိုင်တွေက လာတားမြစ်ခဲ့ပြီး အိမ်သာထဲမှာ နို့သွားတိုက်လို့ လာပြောခဲ့တယ် ဆိုတဲ့အကြောင်း ဈေးရုံရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရင် ရေးခဲ့တာပါ။

အဲဒီဈေးရုံမှာ ကလေးနို့တိုက်ဖို့ နေရာ ရယ်လို့ သတ်သတ်မှတ်မှတ် ထားထားတာမျိုး မရှိဘူးလို့ သူက မကျေမနပ် ပြောထားပါတယ်။

ဒါကို ဈေးရုံ မန်နေဂျာက ကလေးနို့တိုက်တဲ့ အလုပ်ဟာ ကိုယ့်အိမ်မှာ ကိုယ်အပြီး လုပ်ရမယ့် ကိစ္စမျိုး ဖြစ်တယ်။ အစီအစဉ် ချပြီး ကလေးကို အိမ်မှာသာ နို့ကြိုတိုက်ခဲ့ရင် အပြင်မှာ ရုတ်တရက် နို့လှန်တိုက်စရာ လိုမှာ မဟုတ်ဘူးလို့ တုံ့ပြန် ရေးခဲ့ရာကနေ ဝေဖန်သံတွေ ဆူဆူညံညံ ပေါ်ထွက်လာခဲ့တာပါ။

အဲဒီနောက်မှာတော့ အဲဒီ တုံ့ပြန် ရေးသားချက်တွေကို ပြန်ဖျက်လိုက်တာ တွေ့ရပါတယ်။

ဒါပေမယ့် လူတွေက ဓာတ်ပုံရိုက်ပြီး အချင်းချင်း ပြန်ဖြန့်ခဲ့ကြတာမို့ လူတွေအကြား ဒီအကြောင်း ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပါတယ်။

ဈေးရုံ အာဏာပိုင်တွေက ဒီကိစ္စအတွက် ပြန်တောင်းပန်ခဲ့ပြီး ဖေ့စ်ဘုတ်ပေါ်က တုံ့ပြန် ရေးသားချက်ဟာ သူတို့ရဲ့ ခွင့်ပြုချက် မပါဘဲ ရေးခဲ့တာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။

သူတို့ ဈေးရုံက အထပ်တိုင်းမှာ ကလေးနို့တိုက် အနှီးလဲဖို့ အခန်း ထားထားပေးပါတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း ကလေးမိခင် အတော်များများကတော့ ဈေးရုံတွေမှာ သူတို့ကလေးတွေကို နို့တိုက်ဖို့ နေရာ အခက်အခဲ ရှိပုံတွေကို တုံ့ပြန် ရေးခဲ့ကြပါတယ်။

မိခင် တဦးက ဆိုရင် ကလေး ကိစ္စဟာ အိမ်မှာပဲ လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။ ကလေး အသက်ရှင်အောင် လိုတဲ့အချိန် နို့ချို တိုက်ကျွေးရမှာပဲလို့ ဒေါသတကြီး တုံ့ပြန် ရေးထားပါတယ်။

နောက်တယောက်ကလည်း ကိုယ့်ကလေးကို အိမ်မှာ နို့တိုက်ပြီးမှ ကလေးအမေတွေကို ဈေးရုံမှာ ဈေးဝယ်ခွင့် ပြုမှာလားလို့ မေးခွန်းထုတ်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆာရီဝတ် အမျိုးသမီးအတော်များများဟာ လူမြင်ကွင်းမှာ နို့တိုက်တဲ့အခါသူတို့ရဲ့ ဆာရီကို အကာအကွယ် ယူပြီး နို့တိုက်လေ့ ရှိပါတယ်။

လူဦးရေ တဘီလျံခွဲ နီးပါး ရှိတဲ့ အိန္ဒိယ နိုင်ငံမှာ အများသွားလာတဲ့ နေရာတွေ၊ ဆောက်လုပ်ရေး နေရာတွေ၊ လမ်းဘေးတွေမှာ မိခင်တွေ နို့တိုက်တဲ့ မြင်ကွင်းဟာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လူမြင်ကွင်းမှာ မိခင် နို့တိုက်တဲ့ ကိစ္စကတော့ ကမ္ဘာတဝန်းမှာ အငြင်းပွားစရာ ကိစ္စတရပ် အဖြစ် ရှိနေဆဲပါ။

အခုနှစ် အစောပိုင်းတုန်းက မော်ဒယ် အမျိုးသမီး တဦး ကလေးနို့တိုက်နေတဲ့ ပုံကို အိန္ဒိယ မဂ္ဂဇင်း တခုရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ရာမှာ မတူကွဲပြားတဲ့ တုံ့ပြန် ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ 

ကျောင်းတော်ကြီးမှာ အလွမ်းပြေဓာတ်ပုံရိုက်ခဲ့တယ်ဆိုတဲ့ စိုးပြည့်သဇင်

ကျောင်းတော်ကြီးမှာ အလွမ်းပြေဓာတ်ပုံရိုက်ခဲ့တယ်ဆိုတဲ့ စိုးပြည့်သဇင်


 




Photo. Soe Pyae Thazin FB

တစ်ယောက်တည်းဖြစ်နေချိန်တွေမှာ အဖော်ပြုပေးမယ့် မေရီ့ ရဲ့ '' Midnight Thoughts '' စီးရီး


ထူးခြားတဲ့ ဆိုဟန်နဲ့ အသံကြောင့် Single သီချင်း လေး တွေကို အွန်လိုင်းမှာ ဖြန့်ခဲ့တဲ့ အချိန်ကတည်းက ပရိသတ် တွေရဲ့ အသိအမှတ်ပြု အားပေးမှုကိုရရှိခဲ့တဲ့ အဆိုတော် မေရီ ရဲ့ ပထမဆုံးတစ်ကိုယ်တော် စီးရီး ''Midnight Thoughts '' က ဒီဇင်ဘာလ ၂ ရက်နေ့ မှာ ထွက်ရှိပါ တော့မယ်။


'' ဒီခွေထဲမှာ Jazz ၊ Pop ၊ Country နဲ့ EDM ပုံစံ သီချင်း တွေပါပါမယ်။သီချင်းတွေကတော့ ခွေနာမည် နဲ့ လိုက် အောင်ညဘက် ကိုယိတစ်ယောက်တည်း ဖြစ်နေချိန် မှာ နားထောင်လို့်ရမယ့် သီချင်းလေးတွေ ထည့်ထားပါတယ်။ ပျော်နေတဲ့ အချိန်။ သုငယ်ချင်းတွေနဲ့ ပါတီပေးနေချိန် မှာ နားထောင်လို့ကောင်းမယ့်သီချင်းတွေတော့မဟုတ်ဘူး။တစ်ယောက်တည်းဖြစ်နေတဲ့ အချိန်၊ ခရီးသွားနေတဲ့ အချိန်၊ ကား မောင်းနေတဲ့အချိန်၊ဆွေးနေတဲ့အချိန်တွေမှာ ကိုယ့် ကိုအဖော်ပြုပေးမယ့် သီချင်းလေးတွေပါပါတယ်''လို့ မေရီ က The Radar ကိုပြောကြားခဲ့ပါတယ်။

JMC အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး ကျင်းပ


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ မျက်နှာစုံညီ အစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပပါသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင် သူရဦးဘိုနီက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ကော်မတီဝင်များဖြစ်ကြသော ဦးပြည့်စုံနှင့် သိက္ခာတော်ရဆရာတော် စောမက်သယူးအေးတို့က သဘာပတိ အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကာ အသီးသီး နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြပါသည်။

JMC အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးသည် ၂၀၁၈ ခုနှစ်အတွင်း တတိယအကြိမ် ကျင်းပသော အစည်းအဝေးဖြစ်ပါသည်။ အရပ်သားကိုယ်စားလှယ်များ၏ မျက်နှာစုံညီ အစည်းအဝေးကို လေးလလျှင်တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သား ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြပါသည်။


Credit - Joint Ceasefire Monitoring Committee

စီးပွားရေး မလုပ်ခင် ကြိုတင် စဉ်းစားရန်

စီးပွားရေးလုပ်ငန်း တစ်ခု မလုပ်ခင် ကြိုတင် စဉ်းစားဖို့လို ပါတယ်။ ဘာတွေ စဉ်းစားဖို့ လိုအပ် သလဲ။ အနည်း ဆုံးတော့ အချက်လေးချက်ကို မဖြစ်မနေစဉ်းစားဖို့ လိုပါတယ်။ အဲဒါတွေက


၁။ Types of Business
၂။ Market Area
၃။ Investments Types
၎။ Break Even Point

ကြိုတင်စီစဉ်ရေးဆွဲမှုတွေနဲ့ ဈေးကွက်ကို Analysis လုပ်နိုင်ဖို့လိုပါမယ်။

နံပါတ် ၁ အချက်ဖြစ်တဲ့ Types of Business စီးပွားရေး လုပ်ငန်း အမျိုးအစား ကို စတင် စဉ်းစားဖို့ လိုပါလိမ့်မယ်။


ကုန်ထုတ် လုပ်မှု (Production)၊
ဝန်ဆောင်မှု (Service)၊
ရာင်းဝယ်ရေး (Trading)
စသဖြင့် ကိုယ်လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းအမျိုး အစားကို စတင် စဉ်းစားပါ။ အဲဒီလို စဉ်းစားတဲ့ အခါ ကိုယ် ၀ါသနာ ပါ တဲ့၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစား ကို သာရွေးချယ်ပါ။ ပတ် ၀န်းကျင် မှာ လွှမ်းမိုးမှုများနေတဲ့ လုပ်ငန်းတိုင်း ကို မျက်စိ မကျပါနဲ့။

ဆိုလိုတာက သူများတွေ ဟိုတယ် ဖွင့် လို့ လိုက်ဖွင့် တာမျိုး၊ ငွေလွှဲကောင်တာ ၊ခရီးသွားလုပ်ငန်း ဖွင့်လို့ လိုက်ဖွင့်တာမျိုး မလုပ်ဖို့ပြောချင်တာပါ။
ခတ် ကာလ အနေအထား အရ ဈေးကွက်ရဲ့ လိုအပ်ချက်၊ ( Market Requiements )ကို ထည့်သွင်း စဉ်းစား ရမှာဖြစ်ပေမဲ့ ကိုယ် မလုပ်ချင်တဲ့ လုပ်ငန်းခွင် ဆို Creative Thinking တွေ၊ Creative Idea တွေ အားနည်းတတ်တဲ့ အတွက် ကိုယ့်ရဲ့ Coustomers တွေ ကိုကျေနပ်အောင် လုပ် ဆောင်တဲ့နေရာမှာ အားနည်းတတ်ပါတယ်။ တစ်နည်းပြောရရင် Customer Satisfaction ကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်


နံပါတ် ၂ ကတော့ Market Area ... ကို ထည့်သွင်း စဉ်းစား ရပါမယ်။
ကိုယ့်ရဲ့လုပ်ငန်းကို ဘယ် အတိုင်းအတာအထိ ခြေဆန့်နိုင်ရန် ရည်ရွယ် ထားလဲ။ စီးပွားရေး လုပ်ငန်း အမျိုးအစား (Types of Business) နဲ့ ဈေးကွက် (Market Area) ဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။


ဆိုလိုတာက အိမ် ဆိုင်လေးလောက် ဖွင့်မယ့် သူက ကိုယ့် ရဲ့ Market Area က ကိုယ့် ရပ်ကွက်လောက် ပဲဖြစ် မှာပါ။ ရေသန့်စက်ရုံ တစ်ခု လုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ် သာမက တစ်နိုင်ငံလုံး အနေအထား အထိ စဉ်းစားလို့ ရပါတယ်။ ဟိုတယ် လုပ်ငန်း ဆိုရင်တော့ ကိုယ့်နိုင်ငံတွင်သာ မက နိင်ငံတကာ အထိဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 
Market Area ကို စဉ်းစားပြီးရင်တော့ကိုယ့် ရဲ့လုပ်ငန်း က ဈေးကွက် အသစ်လား၊ ဈေးကွက် အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။



ဈးကွက် အသစ်တစ်ခု ဆိုရင်လည်း ကိုယ့်ရဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Customer နဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ပေးရမှာဖြစ်သလို ဈေး ကွက်ဟောင်း ဆိုရင်လည်း လက်ရှိဈေးကွက် ထဲမှာ မားကက်ရှယ်ယာ အများဆုံး ရထားတဲ့ လုပ်ငန်းတွေကို ရာခိုင်နှုန်းဘယ်လောက် အထိ ရထားလဲ၊ ကိုယ်က ဘယ်လောက်ရနိုင်လဲ ဆိုတာကို စဉ်းစားတွက် ချက်ဖို့လိုပါတယ်။
အဲဒီလို Markets ကို ကိုယ်က ရှယ်ယာပြန်ယူ ရ မယ့်အနေအထား ဆိုရင်တော့ သူများရဲ့ Markets ကို ကိုယ့် ဘက်ပါအောင် လုပ်မလား၊ ဒါမှ မဟုတ် လုံးဝ မသုံးဖူးသေးတဲ့ Non User တွေကို ဆွဲဆောင် မလား။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လို ပါတယ်။

နံပါတ် ၃ ဖြစ်တဲ့ Investment Types .... ကတော့ ကိုယ့် မှာ ရှိတဲ့ အရင်းအနှီး နဲ့ပဲ လုပ်မလား၊ လိုချင်တာကို သူများဆီ ကချေး ပြီးလုပ်မှာလား၊ သူများနဲ့ စပ်တူ လုပ်မလား ဒါကို စဉ်းစားဖို့ ပါ တယ်။ ဒီ အချက် ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်ပါ တယ်။
ငွကို ချေးပြီး လုပ်မယ် ဆိုရင်တော့ ၊ကိုယ်ရင်နှီးမြှုပ်နှံ ရမည့် ငွေကြေးနှင့် ရရှိမည့် အကျိုးမြတ် ကိုသေချာ ရေးဆွဲပြီး မှ လုပ်သင့်ပါတယ်။
စပ်တူ လုပ်ငန်း လုပ်မည် ဆိုပါ က ၊ မိမိ အနေဖြင့် လုပ်ကိုင်မည့် လုပ်ငန်း ကို ကျွမ်းကျင် စွာ လုပ်ကိုင် တတ် ပြီး ၊ မိမိ နှင့် လုပ်ငန်း အကျိုးတူ လုပ်ကိုင် မည့် သူသည် လုပ်ကိုင်မည့် လုပ်ငန်း ကို လုံးဝ နားမလည်သူ ဆိုလျှင် ၊ကိုယ်က ဦးဆောင်ပြီး လုပ်ရမည်ဖြစ်သော ကြောင့် စပ်တူ လုပ်သင့်ပါသည်။ လုပ်ငန်းသဘောတရားကို အနည်း ငယ် နားလည် ပြီး မတတ် တစ်ခေါက် သိသူနှင့် နိင်ငံတကာ ဈေးကွက် ရှာဖွေ သည့် လုပ်ငန်းမျိုး ဆို လျှင် ယောင် လို့တောင်မလုပ်မိဖို့ အရေးကြီးပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်း ကကြီးပြီးတော့ ကိုယ့်မှာ က အရင်းအနှီး နည်းတယ် ဆိုရင် ဒုတိယနှစ်မျိုး ထဲက တစ်မျိုး ကိုရွေး ချယ်ရပါမယ်။ အဲဒါ ဆိုရင် သေချာ ခိုင်မာတဲ့ Business Planတော့ ရှိဖို့လိုပါတယ်။

Possibility Percentage ကို အနီးစပ်ဆုံး တွက် ချက် ထားဖို့လိုပါတယ်။ နောက်တစ်ခု က Risk အတွက် အရံငွေ ချန် ထားဖို့လည်း လိုပါတယ်။ 
သိန်းတစ်ရာ ရှိရင် အားလုံးကို တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက် လို့ မဖြစ်ပါဘူး။ လုပ်ငန်း တစ်ခု က အရှုံး အမြတ် ရှိနိုင်ပါတယ်။ 
အဲဒီ အတွက် တစ်ခုခုဖြစ် ခဲ့ရင်နောက်က လိုက်နိုင်ဖို့ လည်းလိုပါတယ်။


နံပါတ် ၄ ဖြစ်တဲ့ Break Even Point ..... ဆိုတာက အရင်း ကျေ အမှတ်ပါ။ 
ကိုယ်က Investment Types က ကိုယ်ပိုင်ငွေ တစ်ခုတည်း နဲ့ လုပ်တာ ဆိုရင်တော့ အရင်းကျေကာလ ကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုး ကိုရွေးချယ်ထား သူတွေ အတွက် ကတော့
အရင်းကျေအမှတ် ကို အထူးထည့်သွင်းတွက်ချက် ရပါမယ်။


(ကိုယ်ပိုင်ငွေ နဲ့ လုပ်သူတွေလည်း တကယ်တော့ အရင်း ကျေအမှတ်ကို ထည့်သွင်း စဉ်းစားရပါမယ်)။ 
အဲဒီအခါ သူများဆီ က ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ် ဆိုရင် သူ့ အတွက် ထပ်တက် လာမယ့် အတိုးနှုန်းတွေ က ကိုယ့်ရဲ့ Profit & Loss ကို 
လာပတ်သက်နေတဲ့ အတွက် အဲဒါကို အမြန်ဆုံးရှင်းနိုင် ဖို့စဉ်းစားရပါမယ်။


One Unit မှာ အမြတ် ဘယ်လောက် ရအောင် လုပ်ပြီး တစ်နှစ်မှာ ဘယ်လောက် ရရင် ဘယ်နှနှစ် အတွင်း အရင်း ကျေမယ် ဆိုတာကို မဖြစ်မနေထည့်သွင်း တွက်ချက်ရပါမယ်။ 
(ဘယ်လို တွက်ရတယ် ဆိုတာ ကတော့ ပညာရပ် ဆိုင်ရာတွေဖြစ် တဲ့ အတွက် အရမ်းရှည်မှာ စိုးလို့ ချန်ထားခဲ့ပါတယ်)။

အခုပြောပြ ခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု မစ တင်ခင် မဖြစ်မနေ စဉ်းစားရမယ့်အခြေခံ အချက်တွေ ဟာ ကိုယ်ပိုင် စီးပွား ရေး လုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။
''လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး လုပ်ငန်းကို လုပ်ကိုင် နိင်ကြပါစေ ။’’ 

iPhone ရောင်းအားကျနေလို့ Apple Supplier တွေလည်း အထိနာကုန်ပြီ


Apple ကတော့ အရောင်းအေးနေတဲ့ iPhone အသစ်တွေကြောင့် စီးပွားရေး အကြပ်တည်းနဲ့ ရင်ဆိုင်နေရပြီလို့ ပြောရပါတော့မယ်။ နောက်ဆုံးမျှော်လင့်ထားတဲ့ iPhone XR လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့တာမလို့ Strategy Plan ပြောင်းလဲဖို့ စီစဉ်နေပုံရပါတယ်။


ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက iPhone X ထုတ်လုပ်မှု ပြန်လည်စတင်ခဲ့ပြီး ဒီတခါ ထွက်ပေါ်လာတဲ့ သတင်းက iPhone XS ၊ XS Max နဲ့ XR ထုတ်ဖို့ ကုန်ကြမ်းမှာယူမှု ဖြတ်တောက်ထားလိုက်ပြီလို့ သိရပါတယ်။ ဒီအတွက်ကြောင့် Apple’s iPhone Supplier တွေအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အထူးသဖြင့် ထိုင်ဝမ်ကုမ္ပဏီတွေ အထိနာကုန်တာပါ။
ကျွမ်းကျင်သူတွေအဆိုရ iPhone Camera Len ထောက်ပံ့ပေးနေတဲ့ Lugan Precision ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း အနှုတ်လက္ခဏာ ပြနေမယ့်ဝင်ငွေနဲ့ ပတ်သက်လို့ ကြိုတင်တွက်ချက်ပြီးပြီ ဆိုပါတယ်။ ဒီလိုပဲ Flexible Circuit Board ထောက်ပံ့ရတဲ့ Career Technology ဟာလည်း ဝန်ထမ်းအင်အား 110 လောက် လျှော့ပါးပစ်ရသလို ဆုံးရှုံးသွားတဲ့ ပမာဏနဲ့ ပြန်ကာမိဖို့ အခုလို ဆုံးဖြတ်လိုက်ရတယ်ဆိုပါတယ်။

ဒီလို Supplier တွေ အထိနာနေချိန် iPhone X ဆက်ထုတ်ဦးမယ်ဆိုတော့ TSMC (Taiwan Semiconductor Manufacturing Company) ကုမ္ပဏီတခုထဲ အသက်ရှုချောင်နေသေးပြီး ပြောရေးဆိုခွင့်ရှိသူက “Apple အခုလို iPhone ရောင်းအားကျနေလို့ Supplier တွေပေါ် သက်ရောက်မှုရှိနေတယ်ဆိုပေမယ့် TSMC အနေနဲ့ Qualcomm ၊ Huawei စတဲ့ လုပ်ငန်းစုတွေ ရှိနေလို့” စိတ်ပူစရာမရှိဘူးဆိုပါတယ်။
TSMC
အခုလို Apple အနေနဲ့ ဆိုးရွားတဲ့ရလာဒ်ရရှိစေတဲ့ အကြောင်းရင်းတစ်ခုက Performance ကလည်း သိပ်မကွာနေဘူး၊ ပေးရတဲ့ဈေးက မတရားကြီးမြင့်နေဦးမယ်ဆိုရင်တော့ ဘယ်လိုဖုန်းအသစ်ပဲထုတ်နေပါစေ ရောင်းရမှမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေ ထောက်ပြပြောဆိုထားတာတွေ့ရပါတယ်
www.akhayar.com

သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ် လူသတ်မှုတွေ ဖုံးကွယ်မှု စွပ်စွဲချက်နဲ့ အဖမ်းခံရ

29 နိုဝင်ဘာ 2018

သီရိလင်္ကာမှာ ပြည်တွင်းစစ် အတွင်းက သတ်ဖြတ်မှုတွေကို ဖုံးကွယ်ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တစ်ဦးကို ရမန်နဲ့ ချုပ်မိန့်ပေးလိုက်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရာဗန်ဒရာ ဝီဂျာဂရာနာရဒီဟာ သူ့ကို ဖမ်းဝရမ်း ထုတ်ခံရပြီးနောက်မှာ တရားရုံးမှာ အမှုလာရင်ဆိုင်ခဲ့ရပါတယ်။

ခွဲထွက်ရေး တမီလ် ကျား သူပုန်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးသတ်ပိုင်း ကာလတွေ အတွင်းမှာ လူငယ် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတဲ့ အဓိက သံသယ တရားခံ ရေတပ်ထောက်လှမ်းရေး အရာရှိ တစ်ယောက်ကို ဗိုလ်ချုပ်ကြီး ရာဗင်ဒရာက ကာကွယ် ပေးခဲ့တယ် ဆိုပြီး အစိုးရရှေ့နေတွေက ပြောပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရာဗင်ဒရာကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြို့တော် ကိုလံဘိုမှာ ရှိတဲ့ တရားရုံးက သူ့ကို ဒီဇင်ဘာ ၅ ရက်နေ့ အထိ ရမန်ယူပြီး ချုပ်မိန့် ချမှတ်ထားပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ ရာဗင်ဒရာကို ဖမ်းဆီးဖို့ အတွက် ဝရမ်း ၃ စောင် နိုဝင်ဘာလ အစောပိုင်း ကတည်းက ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ကျမှ စစ်ယူနီဖောင်း ဝတ်စုံ ပြည့် ဝတ်ဆင်ပြီး ရေတပ် အရာရှိတွေနဲ့ ထောက်ခံသူတွေ ဝန်းရံကာ အောက်တရားရုံး ရှေ့မှောက်မှာ အစစ်ဆေးခံခဲ့တာပါ။

သူ့ရဲ့ အာမခံ လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။ တရားရုံး ကြားနာမှုကို လာရောက် သတင်းယူတဲ့ သတင်းထောက် တချို့ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးပိုင်း အချိန်မှာ ကျား သူပုန် ခေါင်းဆောင်ပိုင်းအပါအဝင် တမီလ် လူမျိုး သောင်းနဲ့ ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြည်တွင်းစစ် အတွင်းမှာ နှစ်ဖက်လုံးက ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက ဒီ့အတွက် စုံစမ်းပြီး တရားစွဲဆို စစ်ဆေးဖို့ ကာလ ရှည်ကြာ တောင်းဆိုခဲ့ကြပေမယ့် အခု အချိန်အထိတော့ ဒါက မဖြစ်မြောက်သေးပါဘူး။

ရေတပ်ဗိုလ်ချုပ်ကြီး ရာဗန်ဒရာ ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ ရေတပ်အရာရှိကိုတော့ သြဂုတ်လကတည်းက ဖမ်းဆီးထားပါတယ်။ အဲဒီ ရေတပ်အရာရှိ သတ်ဖြတ်ခဲ့တယ်လို့ ဆိုတဲ့ တမီလ် အများစုပါတဲ့ လူငယ် ၁၁ ယောက်ရဲ့ အလောင်းကိုတော့ အခု အချိန် အထိ ရှာမတွေ့သေးပါဘူး။

၂၀၀၈-၀၉ ခုနှစ်တွေ တုန်းက ကိုလံဘိုက ပြန်ပေးဆွဲ ငွေတောင်းမှုတွေ အများစုက ရေတပ် အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ကျူးလွန်ခဲ့တာလို့ အရင်တုန်းက တရားရုံး စစ်ဆေးချက်တွေမှာ ရဲအရာရှိတွေက ထွက်ဆိုခဲ့ဖူးတာ ရှိပါတယ်။

ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ

၂၆ နှစ် ကြာ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ ပြည်တွင်းစစ်မှာ နှစ်ဖက် အကျအဆုံးက လူ ၁၀၀,၀၀၀ ထက် မနည်း ရှိခဲ့ပါတယ်။ တမီလ် ကျားသူပုန်တွေက သူတို့ဟာ သီရိလင်္ကာ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ လူနည်းစု တမီလ် လူမျိုးတွေ အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ပွဲရဲ့ နောက်ဆုံးပိုင်း လတွေ အတွင်းမှာ သေဆုံးခဲ့ရတဲ့ သောင်းဂဏန်းအထိရှိတဲ့ အရပ်သား အများ သေဆုံးခဲ့ရမှု အတွက် တိကျတဲ့ စာရင်းဇယားတွေ အခုအချိန်အထိ မရှိသေးပါဘူး။

စစ်ပွဲရဲ့ အဆုံးပိုင်း လတွေမှာ တမီလ် ကျားသူပုန် (LTTE) အဖွဲ့ ထိန်းချုပ်ထားတဲ့ အရှေ့မြောက်ပိုင်းဒေသမှာ တမီလ်လူမျိုး သိန်းနဲ့ချီဟာ ပိတ်မိနေခဲ့တာပါ။

အဲဒီ အချိန်မှာ အစိုးရ စစ်တပ်က အရပ်သားနဲ့ သူပုန် မခွဲခြားဘဲ အမြောက်တွေ ပစ်၊ ဗုံးတွေကြဲခဲ့လို့ လူအမြောက်အမြား သေဆုံးစေခဲ့တယ် ဆိုပြီး စွပ်စွဲခံရသလို သူပုန်ဘက်ကလည်း အရပ်သားကို လူသားဒိုင်းသဖွယ် အသုံးချခဲ့ပြီး ထွက်ပြေးသူတွေကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

အခုအချိန်အထိ ကျန်ရှိနေသေးတဲ့ စွပ်စွဲချက်တွေကတော့ အစိုးရတပ်ဟာ သူပုန်အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးမိချိန် သို့မဟုတ် သူတို့ လက်နက်ချ ပြီး ချိန်မှာ သတ်ဖြတ်ခဲ့တယ် ဆိုတာပါ။

သီရိလင်္ကာ ပြည်တွင်းစစ် အတွင်း အရပ်သားတွေကို ပိုမို အကာအကွယ် ပေးခဲ့သင့်တယ်လို့ ၂၀၁၂ ခုနှစ်မှာတော့ ကုလသမဂ္ဂက ဝန်ခံ ခဲ့ပါတယ်။

စစ်ပွဲအတွင်းက ရက်ရက်စက်စက် ပြုမူခဲ့တာတွေကို ချယ်နယ်လ် ၄ သတင်းဌာနနဲ့ ကုလသမဂ္ဂက အမြာက်အမြား မှတ်တမ်းတင်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှု တစ်ခု အရ စစ်ပွဲရဲ့ အဆုံးသတ် ၅ လ အတွင်းမှာ လူ ၄၀၀,၀၀၀ အထိ သေဆုံးခဲ့နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူ အရေအတွက်က ဒီ့ထက်လည်း ပိုနိုင်တယ်ဆိုပြီး ပြောဆိုကြသူတွေလည်း ရှိပါတယ်။