Sunday, August 18, 2019

copy........
@@@@@@@@@@@
မန္တလေးမြို့ ငွေနှင်းဖြူ လက်ဖက်ပွဲစားကြီး ဦးညီပု ဇနီး ဒေါ်နှင်းယဉ်တို့ တိုက်ကို အမေဒေါ်အောင်ဆန်းစုကြည် လာရောက်နှုတ်ဆက်ဂါရဝပြုပါတယ်။
လွန်ခဲ့ သောအကျပ်အတည်းကာလက မန်းမြေ မှာတည်းခိုခန်းများ မေစုလာချိန် ဘယ်မှ ငှားရမ်းမရတော့ အဘဦးညီပု၊ အမေနှင်းတို့အိမ်မှာ တည်းရပါတယ်။အဘဦးညီပုကို မဟာမုနိဘုရားဂေါပက၊မင်းကွန်းလူအိုရုံဥက္ကဌ မှထောက်လှမ်းရေးကဖြုတ်ပစ်ပါတယ်။
သူ့ သား Dr.မင်းသိန်းကို စစ်ကိုင်းတွင်းတောင်စက်ရုံဆေးဝါးထုတ်လုပ်ရေး ညွှန်ချုပ်နေရာက ဖြုတ်ပစ်ပါတယ်။
မိသားစုအားလုံး ညီညွတ်စွာ ဒီမိုကရေစီရဖို့ NLD နဲ့ အမေစု ကို ထောက်ခံတယ်။
အဘဦးညီပု မရှိလည်း အမေနှင်းကိုယ်တိုင် တက်တက်ကြွကြွ အမြဲ ပါတီဝင်များကို နွေးထွေးမှုပေးတယ်။
အခုလို မေစု ဒီလိုအချိန်မှာ အမေနှင်းအသက်၉၀ကျော်မှာလာတွေ့ လို့  မန်းသူမန်းသား NLD များအားလုံးဝမ်းသာ
ကြည်နူးမိပါတယ်။
အမေနှင်း အမေစု နဲ့ အားလုံး ကျန်းမာချမ်းသာပါစေ။
Credit : U Ko Naing




တိုက်ပွဲကြောင့် တစ်ရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုး ကုန်စည်စီးဆင်းမှုရပ်တန့်

ပြင်ဦးလွင်နှင့် နောင်ချို အနီးတစ်ဝိုက် သြဂုတ် ၁၅ရက် နံနက်က တိုက်ခိုက်ခံရပြီးနောက် တရုတ်နှင့် နေ့စဉ်ပျမ်းမျှ ကန်ဒေါ် လာ ၁၅ သန်းကျော်ဖိုး ကုန်သွယ် နေသည့် ပြည်ထောင်စုလမ်းမ ကြီး၊ မန္တလေး-မူဆယ်လမ်းပိုင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားသည်။
ပြင်ဦးလွင် တပ်မတော်နည်း ပညာတက္ကသိုလ်၊ ဂုတ်တွင်းတံ တားနှင့် ရဲစခန်း၊ နောင်ချိုမြို့အ ထွက် ပြင်ဦးလွင်တိုးဂိတ်(X Ray စက်ဖြင့် မူးယစ်ဆေးဝါးစစ်ဆေး ရေးဂိတ်)၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ နောင်ချိုရှိတပ် မတော်တပ်ရင်းဌာနချုပ်တို့ကို မြောက်ပိုင်း မဟာမိတ်လက်နက် ကိုင်သုံးဖွဲ့က တိုက်ခိုက်ခြင်းဖြစ် ကြောင်း ယမန်နေ့ နံနက်၌ တပ်မ တော်က သတင်းထုတ်ပြန်သည်။
ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA ) နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း တ အောင်းအဖွဲ့ (TNLA ) သတင်း နှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က အ တည်ပြုထားသည်။ ယမန်နေ့ ညနေပိုင်းအထိ အတည်ပြုနိုင် ခဲ့သည့် စာရင်းများအရ တိုက်ခိုက် မှုအတွင်း အရပ်သားသုံးဦးအပါ အ၀င် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ၀င်စုစုပေါင်း ၁၅ ဦးသေဆုံးသည်။
တိုက်ခိုက်မှုအတွင်း ပြည် ထောင်စုလမ်းမကြီး၊ မန္တလေး-မူဆယ်လမ်းပိုင်း၌ အရေးပါသည့် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရသဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းနိုင်ခြင်းမရှိဘဲ ယမန်နေ့ ကစ၍ ကုန်သွယ်မှုရပ်တန့်သွား သည်ဟု မူဆယ်မြို့မှ ကုန်သည် အချို့က အတည်ပြုသည်။
ကုန်သွယ်မှုတန်ဖိုး
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းများအရ တရုတ်နိုင်ငံနှင့် ကုန် သွယ်မှုအတွက် အဆိုပါလမ်းပိုင်း ကို အသုံးပြု၍ သွားလာရသည့် နယ်စပ်စခန်းနှစ်ခုရှိပြီး မူဆယ် နှင့် ချင်းရွှေဟော်ဖြစ်သည်။ အဆို ပါစခန်းနှစ်ခုသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး စုစုပေါင်း ပမာဏ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း ၀န်ကြီးဌာနစာရင်းများ က ဖော်ပြသည်။
ချင်းရွှေဟော်မှတစ်ဆင့် တစ်ရက်လျှင် ပျမ်းမျှပို့ကုန်တန် ဖိုး ဒေါ်လာ ၁ ဒသမ ၃၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာနှစ်သိန်း ရှိပြီး မူဆယ်စခန်း၌ တစ်ရက်ပျမ်း မျှ ပို့ကုန်ဒေါ်လာကိုးသန်းနှင့် သွင်းကုန်ဒေါ်လာ ငါးသန်းဖိုးအ ထိ ကုန်သွယ်နေခြင်းဖြစ်သည်။
မြန်မာဘက်မှ ဆန်၊ ပဲ၊ ကြက်သွန်၊ သကြား၊ ပြောင်းဖူး စေ့၊ ရော်ဘာကုန်ကြမ်း၊ ရေထွက် ကုန်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင်၊ အေးခဲ အသားများ တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ယာဉ်၊ ယန္တရား၊ စားသောက်ကုန်တို့တင် သွင်းသည်။
အကျိုးသက်ရောက်မှု
လက်ရှိတွင် မိုးရာသီဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလျော့နည်း လေ့ရှိချိန်ဖြစ်၍ နှစ်ရက်၊ သုံးရက် အတွင်း လမ်းပြန်ဖွင့်နိုင်ပါက စီး ပွားရေးအရ ဆုံးရှုံးရမှုနည်းပါးနိုင် သည်ဟု မူဆယ်ရှိ ဆန်ကုန်စည် ဒိုင် အသင်းဝင်တစ်ဦးကသုံးသပ် သည်။
သို့သော် မိုးတွင်းကာလ၌ လမ်းတွင်ပိတ်မိနေသည့် ကုန်တင်ယာဉ်များပေါ် တစ်ရက်စာ ဆန်အိတ်အရေအတွက်ပင် အိတ်ရေလေးသောင်းကျော် ရှိနိုင်ခြင်းက စိုးရိမ်စရာဖြစ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ပြောသည်။မြန်မာနိုင်ငံအဝေးပြေး ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း (မန္တလေး) အထွေထွေ အတွင်းရေးမှူး ဦးသူရကျော်က လည်း ယမန်နေ့တိုက်ခိုက်ခံရမှု သည် ရာသီဥတုကြောင့် ကုန်တင် ယာဉ်သွားလာမှု ပုံမှန်ထက် နည်း ပါးနေချိန်ဖြစ်သော်လည်း ဆန်နှင့်သကြားတင်ပို့နေသည့် ကုန်တင်ယာဉ်စီးရေ ၂၀၀ ခန့်အပေါ် သက်ရောက်ကြောင်း သုံးသပ်သည်။
အဝေးပြေးကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များအသင်း (မူ ဆယ်) ဥက္ကဋ္ဌဦးဝင်းအောင်ခန့်က မူ ကုန်စည်စီးဆင်းမှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ယာဉ်လိုင်းများပါ အခက်တွေ့စေမည်ဟု ပြောသည်။ ‘‘အခုလို ကုန်ပါးတဲ့ရာသီမှာ လမ်းပိတ်နေတော့ လုပ်ရကိုင်ရ ခက်တာပေါ့’’ ဟု ၎င်းက ဆိုသည်။
လက်ရှိမိုးတွင်းကာလ၌တစ် ရက်လျှင် မူဆယ်သို့ဦးတည်လာ သည့် ကုန်တင်ယာဉ်စီးရေ ၂၀၀ ခန့်ရှိပြီး မူဆယ်မှတစ်ဆင့် မန္တ လေး၊ ရန်ကုန်သို့ ကုန်စည်သယ် ဆောင်လာသည့် ကုန်တင်ယာဉ် စီးရေ ၃၀၀ ခန့်ရှိသည်ဟု ပြော သည်။
အဝေးပြေးလိုင်းများလည်း ရပ်
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီစာရင်းများ အရ ရန်ကုန် - မူဆယ်လမ်းပိုင်း ရှိမြို့များသို့ ပြေးဆွဲနေသည့် အ ဝေးပြေးခရီးသည်တင်ကားဂိတ် ၃၀ ကျော်ရှိသည်။ ယမန်နေ့တွင်အထက်ပါလမ်းပိုင်းသို့ ပြေးဆွဲမည့်ခရီးစဉ်များ ဖျက်သိမ်း၊ ရပ်ဆိုင်းထားကြောင်း ခရီးသည်တင်ယာဉ်လိုင်းအချို့က သတင်းထုတ်ပြန်ထားသည်။
ခရီးစဉ်များ ပြန်လည်ပြေးဆွဲ မည့်အစီအစဉ်ကို တိုက်ပွဲနှင့် လမ်းအခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မည်ဟု အဝေးပြေး ခရီးသည်ယာဉ်လိုင်းတစ်ခုမှ တာ ၀န်ရှိသူတစ်ဦးက ဆိုသည်။ နေ့ စဉ် ရန်ကုန်-မူဆယ်လမ်းပိုင်း ရှိမြို့များသို့ အစုန်၊အဆန်ပြေးဆွဲ နေသည့် ဦးရေ ၄၀ ကျော်နှင့် ၂၈ ဦးခန့်တင်ဆောင်နိုင်သည့် ခရီး သည်တင်ယာဉ်စီးရေ ပျမ်းမျှ၃၀၀ ခန့်ရှိသည်ဟု ယာဉ်လိုင်းတာဝန် ရှိသူအချို့က ခန့်မှန်းသည်။
လမ်းဘယ်တော့ ပြန်ဖွင့်နိုင်မလဲ
ပြည်ထောင်စုလမ်းမပေါ်ရှိ မူဆယ်၊ မန္တလေးလမ်းပိုင်း၌ ပျက် စီးသွားသော ဂုတ်တွင်းတံတားကို ပြန်လည်ပြင်ဆင်ရန် ဆောက် လုပ်ရေးဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ဦး ဆောင်ပြီး စီစဉ်နေကြောင်း တံ တားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရွှေလေးကပြောသည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုး အတိ အကျ၊ ဆောင်ရွက်ရမည့်အခြေအ နေနှင့် မည်သည့်အချိန်တွင်ပြီးစီး မည်ကို သြဂုတ် ၁၆ ရက် (ယနေ့)မှ သိရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကုန်သွယ်မှုအခြေအနေနှင့် စပ်လျဉ်း၍ လတ်တလော လုံခြုံ ရေးအရဖြစ်သဖြင့် ကုန်စည်စီး ဆင်းမှုရပ်တန့်နေသည်ကို ဖြေ ရှင်းနိုင်မည့်အချိန်ကို မှန်းဆရန် ခက်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က မှတ်ချက်ပြုသည်။ ‘‘ဘယ်တော့ ပြန်ပွင့်မယ်ဆိုတာ လုံခြုံရေးပေါ်မှာမူတည်ပါတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၁၆ နိုဝင်ဘာအတွင်း မူဆယ်မြို့တွင် တိုက်ပွဲများဖြစ် ပွားစဉ်က မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု၌ တစ်လအတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ခန့်လျော့ နည်းခဲ့ဖူးကြောင်း ၀န်ကြီးဌာနစာ ရင်းများက ဆိုသည်။
Credit - 7 Day Daily


မြောက်ပိုင်းသုံးဖွဲ့တိုက်ခိုက်မှု ၁၅ဦးသေဆုံး၊ ရဲလေးဦးပျောက်ဆုံး

တပ်မတော်နည်းပညာတက္ကသိုလ် အပါအ၀င် ငါးနေရာကို တစ်ပြိုင်တည်းတိုက်ခိုက်ခြင်းဖြစ်
တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် ဂုတ်တွင်းရဲစခန်း အပါအ၀င် ပြင်ဦးလွင်နှင့်နောင်ချို မြို့နယ်ရှိ နေရာငါးခုကို တ အာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA)နှင့်ကိုးကန့်အဖွဲ့(MNDAA) မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ က ယမန်နေ့နံနက်အစောပိုင်း တွင် တစ်ပြိုင်တည်း အလစ်အ ငိုက်ဖမ်းဝင်တိုက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားစုစု ပေါင်း ၁၅ ဦးထက်မနည်း သေ ဆုံးပြီး၊ရဲတပ်ဖွဲ့ဝင်လေးဦးပျောက် ဆုံးကာ ရှစ်ဦးထက် မနည်းဒဏ်ရာရရှိခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချို မြို့သို့အထွက် ပြင်ဦးလွင်တိုး ဂိတ်၊ နောင်ချိုမြို့နယ်ရှိဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးမူးယစ်ဆေးဝါးစစ် ဆေးရေးဂိတ်နှင့် နယ်မြေခံတပ် ရင်းဌာနချုပ်တစ်ခုတို့ AA, TNLA, MNDAA အဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် တစ်ပြိုင်နက် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရမှုဖြစ် စဉ်တွင် အဝေးမှလက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းကြောင့် တက္က သိုလ်၌ တာဝန်ထမ်းဆောင်နေ သည့် အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးပြီး စစ်သည်တစ်ဦးဒဏ် ရာရရှိသည်ဟု တပ်မတော်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ် များနှင့်ပတ်သက်ပြီး TNLA သ တင်းနှင့်ပြန်ကြားရေးဌာန တာဝန် ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က AA, TNLA, MNDAA တို့ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း အ တည်ပြုသည်။ တပ်မတော်က၎င်းတို့လှုပ်ရှားနယ်မြေအတွင်း ထိုး စစ်ဆင်မှုများပြုလုပ်၍ စစ်ရေး ပြင်းထန်လာခြင်းကြောင့် တုံ့ပြန် ခြင်းဖြစ်သည်ဟု TNLA တာဝန်ရှိ သူကဆိုသည်။
‘‘ခုခံကာကွယ်စစ်အသွင်နဲ့ ပြောင်းပြီးမှ တိုက်ပွဲပြန်လည်ဖော် ဆောင်တာဖြစ်ပါတယ်’’ ဟု ဗိုလ် မှူးမိုင်းအိုက်ကျော်က ပြော သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂုတ်တွင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် အဆက်အသွယ် ပြတ် တောက်ခဲ့ဟု ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြော သည်။
‘‘သေချာတာတစ်ခုကတော့ စခန်းကတော့ ကျသွားတယ်’’ ဟု ရဲမှူးချုပ်က ပြောကြားသည်။
တိုက်ခိုက်ခံရမှုကြောင့် ၁၅ ဦး ထက်မနည်းသေဆုံးပြီး အနည်း ဆုံး ရှစ်ဦးဒဏ်ရာရ
7Day Daily သတင်း ထောက်က အခင်းဖြစ်ပွားရာနေ ရာအချို့သို့ မြေပြင်ကွင်းဆင်း လေ့လာချက်အရ ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များတွင် မြောက် ပိုင်းမဟာမိတ်တပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်မှုကြောင့် တပ်မ တော်သား၊ ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရသည်။
ဂုတ်တွင်းရဲကင်းစခန်းတိုက် ခိုက်ခံရမှုဖြစ်စဉ်တွင် အရပ်သား တစ်ဦးနှင့် စစ်ကူပေးသည့် တပ် မတော်သားခုနစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး ဒဏ်ရာရသူတစ် ဦး ရှိသည်။
ဂုတ်တွင်းရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး တာဝန်ကျနေ ပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း သုံးဦးကျဆုံးကာ တစ်ဦးဒဏ်ရာရ သည်ဟု ရဲမှူးချုပ်ဇော်ခင်အောင် က အတည်ပြုသည်။
ယမန်နေ့ညနေပိုင်းတွင် ထပ်မံရရှိသော သတင်းများအရ ဂုတ်တွင်းရဲကင်းစခန်းတိုက်ခိုက် ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်လေးဦး ပျောက်ဆုံးနေကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောသည်။
တပ်မတော် နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် အရပ်သားတစ်ဦး သေဆုံးပြီး တပ်မတော်သားတစ်ဦး ဒဏ်ရာရ ရှိသည်။
နောင်ချို မူးယစ်ဆေးဝါးစစ် ဆေးရေးဂိတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး တပ်မတော်သားနှစ်ဦး ကျဆုံးကာ ခြောက်ဦးဒဏ်ရာရ ရှိသည်။
နောင်ချိုမြို့နယ်ရှိ နယ်မြေ ခံတပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရ မှုဖြစ်စဉ်တွင် အဝေးမှ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ကျဆုံးမှုမရှိကြောင်းဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
နောင်ချိုနှင့် ကျောက်မဲမြို့ ကြားတွင်ရှိပြီး ပြည်ထောင်စုလမ်း မ၌ အဓိကကျသော အကျယ် ပေ ၄၀ ခန့်၊ အရှည်ပေ ၁၅၀ ခန့်ရှိ သော ဂုတ်တွင်းတံတားသည်မိုင်း ဖောက်ခွဲခံရမှုကြောင့် တံတား ဒေါက်တိုင်နှစ်ခု နိမ့်ကျသွားပြီး ကားရော ဆိုင်ကယ်ပါ ဖြတ်သန်း ၍ မရတော့ကြောင်း ဒေသခံများ က ပြောသည်။
‘‘တံတားက ကျိုးတော့ မကျ ဘူး။ တိုးလျှိုပေါက် အပေါက်တွေ ဖြစ်သွားတာ။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ အခြေအနေဆိုး တယ်။ ကားတော့ မစဉ်းစားနဲ့’’ ဒေသခံကိုထွန်းဝင်းက ပြော သည်။
ကားလမ်းဆက်သွယ်ရေး ပြတ်တောက်နေပြီး သုံးရက်ခန့်အ တွင်း အပြီးပြင်ဆင်မည်ဟု ကြား သိထားကြောင်း လမ်းခုလတ်တွင် ဒုက္ခတွေ့နေသော ခရီးသည်များ အား ကူညီနေသည့်လားရှိုးမြို့ခံ ကိုနေမျိုးက ပြောသည်။
မြောက်ပိုင်းသုံးဖွဲ့၏ ပစ်မှတ်ရွေး ချယ်မှုနှင့် လုံခြုံရေးအခြေအနေ
တပ်မတော်၏ အထိမ်းအ မှတ်နေရာဟုဆိုနိုင်သည့် ပြင်ဦး လွင်ရှိ စစ်တက္ကသိုလ်အပါအ၀င် လုံခြုံရေး၊ စီးပွားရေးနှင့် လမ်း ပန်းဆက်သွယ်ရေး အချက်အ ချာကျသည့်နေရာများ တိုက်ခိုက် ခံရခြင်းက လုံခြုံရေးဆောင်ရွက် ထားမှု အားနည်းခြင်းကြောင့်ဟု လေ့လာသူများက သုံးသပ်သည်။
တပ်မတော် နည်းပညာ တက္ကသိုလ်ကို တိုက်ခိုက်ရာတွင် ပြင်ဦးလွင်မြို့ရှောင်လမ်းအနီးရှိ တောင်ကုန်းပေါ်တွင် ဘက်ထရီ ဖြင့် ရှော့ခ်တိုက်ပစ်ခတ်ရသည့် ရှော့ခ်တိုက်ဒုံးခြောက်လုံးကို ပစ် ခတ်မှုဖြစ်စဉ်အပြီးတွင် လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ သည်။
‘‘ပြည်ချစ်ဘုရားရဲ့တောင် ဘက် ကုန်းကနေပစ်တာ။ခြောက် လုံးကတော့ တွေ့တယ်။ ခြောက် လုံးကတော့ တနတ(တပ်မတော် နည်းပညာတပ်မတော်)မှာပေါက် တာ’’ဟု သတင်းရင်းမြစ်တစ်ဦးက 7Day Daily အား ပြောသည်။
တပ်မတော်၏ သတင်း ထုတ်ပြန်ချက်တွင်လည်း နယ်မြေ ရှင်းလင်းစဉ် တပ်မတော်နည်း ပညာတက္ကသိုလ်၏အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်း ပေါ်မှ ဘက်ထရီအိုး၊ ဝိုင်ယာကြိုး များနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုး အစားဒုံးသီးခြောက်လုံး၊ ရှော့ခ် တိုက်ဒုံးများ ပစ်ခတ်ရန်အသင့်ပြု လုပ်ထားသည့် နေရာများနှင့် ဘက်ထရီအိုး တစ်လုံးကို တွေ့ရှိ ရသည်ဟု ဖော်ပြခဲ့သည်။
ပြင်ဦးလွင်ဘက်ပိုင်းတိုက် ခိုက်မှုမှာ ပစ်ခတ်ပြီးပြေးသွားခြင်း ဖြစ်ကြောင်း၊ နောင်ချိုဘက်ပိုင်း မှာ TNLA က ယခင်ကတည်းက နယ်မြေ ကျူးကျော်ဝင်ရောက် လှုပ်ရှားနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
‘‘လုံခြုံရေးပိုင်းကတော့၁၀၀ရာခိုင်နှုန်း လုံခြုံရေးအာမခံ ချက်ကတော့ ဘယ်နေရာမှမရှိ ဘူး။ ဒီလုပ်ဆောင်တဲ့နေရာမှာသူ တို့က ပြင်ဦးလွင်နည်းပညာ တက္ကသိုလ်နဲ့ တပ်ရင်းဌာနချုပ်လို့ ပြောပေမယ့် တကယ်အဓိက လုပ်ချင်တာကတော့ ပြင်ဦးလွင် မြို့အ၀င်မှာရှိတဲ့ မူးယစ်ဆေးဝါး စစ်ဆေးတဲ့စက်နဲ့ နောင်ချိုမှာရှိ တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းတား ဆီးရေးဂိတ်ရယ် အဲဒါကို အဓိက ထားပြီး လုပ်သွားတာ တွေ့ရ တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
ထိုသို့ရှော့ခ်တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ်ခြင်းသည် ထူး ဆန်းမှုမရှိသော်လည်း ပြင်ဦးလွင် နယ်အစပ်အထိ ရောက်ရှိလာမှု သည် လုံခြုံရေးစည်းပေါက်ခြင်း ဖြစ်ကြောင်း၊ ယခု တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကြောင့် ယင်းဒေသရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံ ရေးစုဖွဲ့မှု ပိုမိုအားကောင်းသည့် ပုံစံမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အ မှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များအနေဖြင့် အားပျော့ သည့် နေရာများကို ရွေးချယ်တိုက် ခိုက်သည်ကို တွေ့ရကြောင်းတိုင်း ရင်းသားအရေးလေ့လာသူ ဦး မောင်မောင်စိုးက ပြောသည်။
‘‘ပြင်ဦးလွင် စစ်တက္ကသိုလ် ရဲ့ ဟိုဘက်တောင်ကြော မိုး ကုတ်ဘက်သွားကားလမ်းဘက် တောင်ကြောတွေက လုံခြုံရေးအ ရံအတား တပ်စခန်းတွေချမထား လို့ အလွယ်တကူဝင်ပစ်သွားနိုင် တယ်လို့ထင်ပါတယ်’’ဟုဦးမောင် မောင်စိုးက ပြောသည်။
ပစ်မှတ်ရွေးချယ်မှုသည် အ ဓိကအချက်အချာနေရာများကို ၀င်တိုက်ပြီး တပ်မတော်ကို လှန့် လိုက်သည့်အပြင် အဓိက ကုန် သွယ်ရေးလမ်းဖြစ်သည့် ဆက် သွယ်ရေးလမ်းကြောင်းကို အချိန် မရွေး ချုပ်ကိုင်နိုင်သည်ကို ပြသ ခြင်းဟု ယူဆကြောင်း ဦးမောင် မောင်စိုးကပြောသည်။ တိုက်ပွဲ များဆက်လက်ဖြစ်ပွားပြီး ယင်း လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပါက စီးပွားရေးထိခိုက်ပြီး အစိုးရအ တွက် အခက်အခဲဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
တိုက်ခိုက်မှုဖြစ်စဉ်မတိုင်မီ အပြန် အလှန် သတိပေးချက်များ
ပြင်ဦးလွင်နှင့် နောင်ချိုမြို့ နယ်ရှိ တပ်မတော်နှင့် ရဲစခန်း၊ စစ်ဆေးရေးဂိတ်များ တိုက်ခိုက် မခံရမီ ရက်ပိုင်းအတွင်း၌ မြောက် ပိုင်းလက်နက်ကိုင်သုံးဖွဲ့အနေ ဖြင့်လည်းကောင်း၊ AA အဖွဲ့အ နေဖြင့်လည်းကောင်း သဘော ထားထုတ်ပြန်ချက်များ၊သတိပေး ချက်များထုတ်ပြန်ပြီး တပ်မ တော်ကလည်း အသိပေးချက် တစ်ရပ်ထုတ်ပြန်သည်။
AA အဖွဲ့ကလည်း သြဂုတ် ၁၂ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များအား သတိပေးချက်တစ် ရပ်ထုတ်ပြန်ရာ တပ်မတော်နှင့် ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်နေ ခြင်း၊ စစ်ဆင်ရေးသဏ္ဌာန်ချီတက် နေခြင်း၊ တပ်မတော်၏ စစ်ဆင် ရေးပြုလုပ်နေသည့် နယ်မြေများ တွင် စစ်ဆင်ရးကို အထောက်အ ပံ့ဖြစ်နေသည့် ပုံစံမျိုးရှိနေခြင်း တွေ့ရှိပါက စစ်ရေးနည်းဖြင့်တုံ့ ပြန်မည်ဟု ဖော်ပြခဲ့သည်။
TNLA, AA နှင့် MNDAA တို့ ပူးပေါင်း၍ သြဂုတ် ၁၂ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် လည်း ၎င်းတို့အဖွဲ့များကို တပ်မ တော်က ထိုးစစ်ဆင်မှုများ ဆက် လက်လုပ်ဆောင်ပါက ဖြစ်ပေါ် လာမည့်နောက်ဆက်တွဲဆိုးကျိုး များ တပ်မတော်၏တာဝန်ဟု ဖော်ပြခဲ့သည်။
တပ်မတော်ကလည်း ပစ် ခတ်တိုက်ခိုက်မှုများ ရပ်စဲပေး ထားချိန်တွင် ထာဝရငြိမ်းချမ်းရေး အတွက် အချိန်မဆိုင်းဘဲ ထိထိ ရောက်ရောက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် သြဂုတ် ၁၄ ရက် တွင် အသိပေးချက်ထုတ်ပြန် သည်။
တပ်မတော်အနေဖြင့် ရှမ်း မြောက်အပါအ၀င် တိုင်းစစ်ဌာန ချုပ်နယ်မြေငါးခုတွင် ၂၀၁၈ ဒီ ဇင်ဘာ ၂၁ ရက်ကစ၍စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။ ယင်းအချိန်ကစ၍အပစ်ရပ်သက် တမ်းတိုးမြှင့်ရာ သက်တမ်းများ တိုးခဲ့ရာသြဂုတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဟု တပ်မတော်က အသိပေးခဲ့သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ် သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် အပစ် ရပ်ထားသည့်ကာလအတွင်း အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မ တော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ယုံကြည်မှုအပြည့်အ၀ဖြင့် ထိ ရောက်စွာဆွေးနွေးညှိနှိုင်းဆောင် ရွက်နိုင်ရန် အသိပေးအပ်သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
တပ်မတော်၏ အပစ်ရပ် နယ်မြေတွင် ရခိုင်ပြည်နယ်မပါ ၀င်ဘဲ တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် တပ်မတော်နှင့် TNLA တို့သည် လည်း ဇွန်လကစ၍တိုက်ပွဲများ မကြာခဏ ဖြစ်ပွားရာ ယခု တိုက်ခိုက်ခံရမှု မဖြစ်ပွားမီ သြ ဂုတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၁၄ ကြိမ်ထက်မနည်းရှိခဲ့သည်။
မူးယစ်ဆေးဖမ်းဆီးမှုအပေါ် မကျေနပ်၍ တိုက်ခိုက်လာခြင်း ဟု တပ်မတော်ထုတ်ပြန်ချက် TNLA နှင့် AA ငြင်းဆို
မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့က တပ်မတော်၊ ရဲစခန်းနှင့် မူးယစ်စစ်ဆေးရေးဂိတ်များအား တိုက်ခိုက်ခြင်းသည် မူးယစ်ဆေး ၀ါးဖမ်းဆီးမှု ဖြစ်စဉ်များအပေါ် မကျေနပ်၍ဖြစ်ကြောင်း တပ်မ တော်နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ က သုံသပ်သည်။
‘‘ရှမ်းမြောက်ဘက်မှာ လွန် ခဲ့တဲ့ တစ်ပတ်လောက်က တပ်မ တော်အနေနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခဲ့တာရှိတယ်။ မူးယစ် ဆေးဝါးချက်လုပ်တဲ့ ပစ္စည်းတွေ သိမ်းဆည်းခဲ့တာရှိတယ်။ ဒါတွေ နဲ့ ဆက်စပ်နိုင်တယ်လို့ ထင် တယ်’’ဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
တပ်မတော် သတင်းထုတ် ပြန်ချက်တွင် ယင်းသို့တိုက်ခိုက် ခြင်းမှာ ယခုနှစ် ဇူလိုင် ၂၅ရက် တွင် ကွတ်ခိုင်မြို့နယ်အတွင်း ကျပ် ၁၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက် စခန်းများကို လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ်၌ ကျပ် ငါးဘီလီယံခန့်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ တပ်မတော်ကသိမ်း ဆည်းရရှိသည့်အပေါ်မကျေနပ် ၍ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ ထို့အပြင်ရခိုင် ပြည်နယ်တွင် AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများပြီးစစ်ရေးအ ရအရေးနိမ့်လာခြင်းကြောင့် AA, TNLA နှင့် MNDAA တို့က တိုက် ခိုက်မှုများ ကျူးလွန်လာခြင်းဖြစ် သည်ဟုလည်းပါရှိသည်။
ရဲမှူးချုပ်ဇော်ခင်အောင်က လည်းမြောက်ပိုင်းအဖွဲ့များသည် မူးယစ်ဆေးစစ်ဆေးသည့်X-Ray စက်ထားရာ အဆာက်အအုံကို ပစ်မှတ်တိုက်ခိုက်ခြင်းအပြင် ကျောက်မဲမြို့ရှိ မူးယစ်ဆေး ၀ါး ရဲတပ်ဖွဲ့ကိုလည်း ပစ်မှတ်ထားခဲ့ သည်ဟု ပြောသည်။
‘‘ကျောက်မဲကမူးယစ်လှုပ် ရှားတပ်စုကနေရတဲ့ သတင်း ဆက်ပေါ်မူတည်ပြီး တပ်ပေါင်းစု ရဲ့ ဘိန်းချက်စခန်းကို ဖော်ထုတ် လို့ရတဲ့အနေအထား။ ဒါကြောင့် ဒါကို ရည်ရွယ်ပြီး တိုက်ခိုက် တယ်လို့ ယူဆတယ်’’ ဟု ရဲမှူး ချုပ်ဇော်ခင်အောင်က ပြော သည်။
ပြင်ဦးလွင်မြို့အထွက်တွင် ထားရှိသော မူးယစ်ဆေးဝါး စစ် ဆေးသည့် X-Ray စက်နှင့် အ ဆောက်အအုံ တိုက်ခိုက်ခံခဲ့ရ သော်လည်း အဆောက်အအုံသာ ထိခိုက်ပြီး စက်ပျက်စီးမှုမရှိဟု ၎င်းက ဆိုသည်။
အဆိုပါ X-Ray စက်ကို သမ္မတဦးဝင်းမြင့်လက်ထက် တွင်မှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ပြည် ထောင်စုလမ်း အသုံးပြုသည့် ကားများတွင် မူးယစ်ဆေးဝါး သယ်ဆောင်မှု ရှိ၊ မရှိ စစ်ဆေး ခဲ့သည်။ ပြီးခဲ့သည့်ဇွန်လကစတင် အသုံးပြုပြီး စတင်အသုံးပြုသည့် နေ့ကပင် အရေအတွက် သိန်းချီ ပမာဏရှိသော စိတ်ကြွဆေးပြား များနှင့် ဘိန်းဖြူအများအပြားဖမ်း မိခဲ့သည်။
TNLA နှင့် AA ပြောရေးဆို ခွင့်ရှိသူများကမူ မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကြောင့် တိုက်ခိုက် ခြင်းမဟုတ်ဘဲ တပ်မတော်၏ ထိုးစစ်ဆင်မှုကိုသာ တုံ့ပြန်ခြင်း ဖြစ်ကြောင်း ရှင်းလင်းသည်။
‘‘မူးယစ်ဆေးဝါးနဲ့ပတ်သက် မှု ကျွန်တော်တို့အဖွဲ့ကမရှိပါဘူး။ ဒါက လုပ်ကြံပြီး ပြောတဲ့ဟာဖြစ် ပါတယ်။ အဓိကတော့ ကျွန်တော် တို့ ပြောသလို ကျွန်တော်တို့ နယ် မြေအတွင်းမှာ စစ်ရေးပြင်းထန် လာလို့ ခုခံကာကွယ်စစ်အနေနဲ့ ပြန်လည်တိုက်ပွဲဖော်ဆောင်တာ ပါ’’ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြော သည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း တိုက်ခိုက်မှုတွင် စစ်ဆေးရေးဂိတ်များပါဝင်ခြင်း သည် မူးယစ်ဆေးဝါးဖမ်းဆီးမှု များနှင့်မသက်ဆိုင်ဟု ဆိုသည်။
‘‘စစ်တပ်ရဲ့ စီးပွားရေးလုပ် ငန်းတွေနဲ့ သူတို့ရဲ့ စစ်ခေါင်း ဆောင်တွေ လုံခြုံရေးအတွက် အလုပ်လုပ်တဲ့ဂိတ်တွေ ဖြစ် တယ်။ အဲဒါကြောင့်မို့လို့ စစ်ရေး အရ လိုအပ်ရင် လိုအပ်သလို တိုက်ခိုက်ရမှာ ကျွန်တော်တို့ တာဝန်ပေါ့’’ ဟု ခိုင်သုခက ပြော သည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကမူ မြောက်ပိုင်းသုံးဖွဲ့၏ တိုက်ခိုက် မှုကို လေ့လာကြည့်ပါက မူးယစ် ဆေးဝါးဖမ်းသည့်ဂိတ်ကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သုံး သပ်သည်။
‘‘အဲဒီဂိတ်မှာ X-Ray Machine တစ်ခုရှိတယ်။ X-Ray နဲ့ ကြည့်တဲ့ဟာ မော်တော်ကားတွေ ဖြတ်သွားရင် မော်တော်ကား ထဲမှာ ပါတာကိုကြည့်တဲ့ဟာ။ အဲဒီစက်က မူးယစ်ဆေးဝါးလည်း တော်တော်များများ ဖမ်းမိတယ်။ အဲဒီစက်က ပစ်မှတ်လို ဖြစ်လာ တယ်’’ဟု ဒေါက်တာမင်းဇော်ဦး က ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးရှာ ဖွေသည့် X-Ray စက်သည် ကန် ဒေါ်လာ ငါးသန်းအထက်တန်ဖိုးရှိ သည်ဟုသိရကြောင်း ၎င်းက ဆို သည်။
မြောက်ပိုင်းသုံးဖွဲ့နှင့်နီးစပ် သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦး ကမူ ‘‘မြောက်ပိုင်းမှာ နည်းနည်း နာမည်ကြီးနေတာက နောင်ချို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးအဖွဲ့ နာမည်ကြီးနေတယ်။ ဘယ်လိုနာမည်ကြီးလဲဆိုတော့ လူများ၊ မူးယစ်ဆေးဝါးမပါဘဲနဲ့ လူများအိပ်ထောင်ထဲမှာ၊ လူများ ကားတွေထဲမှာ ထည့်ပြီးမှ ငွေ ညစ်တဲ့ဖြစ်စဉ်တွေ ကျွန်တော်တို့ ကြားဖူးတယ်။ အဲဒါတွေကြောင့် ပဲလား’’ဟု ပြောကြားသည်။
မူးယစ်ဆေးအများအပြား ဖမ်းဆီးခြင်း၊ AA အထိအခိုက် ကျဆုံးမှုများပြားခြင်းတို့ကြောင့် မြောက်ပိုင်း သုံးဖွဲ့ကလာတိုက် ခိုက်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ‘‘စစ်ပွဲဖြစ် လာရင်တော့ ကိုယ်မှန်တယ်ဆို တာ လူတိုင်းပြောကြတာပဲ။ နောက် အကျအဆုံးစာရင်းနဲ့ပတ် သက်လာရင်လည်းကိုယ့်ဘက်က မကျဘူး၊ သူ့ဘက်ကကျတယ် ပြောကြတာပဲ။ ဒါတွေကတော့ ဆက်လေ့လာစောင့်ကြည့်သွားရ မယ့်အချက်တွေ ဖြစ်ပါတယ်’’ ဟု မှတ်ချက်ပေးသည်။
ရှမ်းမြောက်တွင် တိုက်ပွဲပိုမိုပြင်း ထန်ပြီး အပစ်ရပ်စဲရေးဆွေးနွေးပွဲ အခက်ကြုံနိုင်
မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့၏ တိုက်ခိုက်မှုအပေါ် တပ် မတော်က တန်ပြန်စစ်ဆင်ရေး များ ဆောင်ရွက်နိုင်၍ ရှမ်းပြည် နယ်မြောက်ပိုင်း ဒေသများ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးဒုက္ခကြုံရသည့် ဒေသခံ ပြည်သူအရေအတွက်တိုးလာနိုင် သည်ဟု လေ့လာသူများက သုံး သပ်သည်။
‘‘အခုအတိုင်းဆိုရင်တော့ အရှေ့မြောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်။ တပ်ကလည်း သူတို့ကို လာတိုက်တဲ့အတွက် စစ်ဆင်ရေးတွေ လုပ်လာနိုင် တယ်။ မြောက်ပိုင်းမဟာမိတ်တွေ ကလည်း ပြန်ပြီးတော့ ရှမ်းပြည် မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှု တွေ ပိုမြင့်လာနိုင်တယ်လို့ ထင် ပါတယ်’’ ဟု တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။
Bilateral အပစ်ရပ်စဲရေး နှစ်ဖက် သဘောတူညီချက် ဆောင်ရွက်ရန် အလှမ်းဝေးနေ၍ ယခုကဲ့သို့ စစ်ရေးတိုက်ပွဲများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ နှစ်ဖက်အဆိုပြုချက်များ လက် တွေ့ကျကျဖြေရှင်းရေး စဉ်းစား မှသာ ပြဿနာဖြေရှင်းရေးနီးကပ် မည်ဟု ဦးမောင်မောင်စိုးက ပြော သည်။
ဒေါက်တာမင်းဇော်ဦးကမူ ‘‘လောလောဆယ် ပြောလို့ရတာ ကတော့ ဒီပုံစံအတိုင်းဆိုရင် မန္တ လေး - မူဆယ်လမ်းကြောင်းကို ဖြတ်တောက်တဲ့ ပုံစံမျိုးဖြစ်လာ တော့ အစိုးရဘက်ကလည်း တပ် မတော်နဲ့ မူတစ်ခုတည်းဖြစ်သွား မယ် ဒီအနေအထားမှာ။ ဖြစ်သွား နိုင်တယ်ဆိုတော့ ကျွန်တော်တို့ မှန်းတာက တပ်မတော်က ဒီပုံစံ တိုင်းဆိုရင် စစ်အရှိန်မြှင့်လိမ့် မယ်။ မြှင့်လိုက်ရင်တိုက်ပွဲတွေပို ဖြစ်လာမယ်။ အဲဒီလိုဖြစ်ပြီဆို ပြည်သူလူထုကလည်း ပိုပြီးတော့ နာမှာပေါ့။ အထူးသဖြင့် ပလောင် ဒေသမှာ IDP တွေ ပိုများလာမယ် ထင်တယ်’’ ဟု သုံးသပ်ပြောကြား သည်။
TNLA, AA နှင့် MMDAA တို့သည် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIO/KIA) နှင့်အတူ လေးဖွဲ့ ပေါင်းကာ အစိုးရနှင့် Bilateral အပစ်ရပ်စဲရေးနှစ်ဖက်သဘော တူစာချုပ်ချုပ်ဆိုနိုင်ရေး ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ဆွေးနွေးခဲ့ သည်။ ထို့နောက် ဆက်လက်ညှိ နှိုင်းရန် သဘောတူထားသော် လည်း ဆွေးနွေးပွဲ ကျင်းပမည့် နေရာ ညှိနှိုင်းမရခြင်းကြောင့် သုံး လကျော်ကြာသည်အထိ ထပ်မံ တွေ့ဆုံနိုင်ခြင်းမရှိသေးပေ။
အစိုးရ၏ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့မှ ဦး လှမောင်ရွှေက ယခုတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအပေါ် သက် ရောက်မှုရှိလာနိုင်သည်ဟု ပြော သည်။
‘‘ဆွေးနွေးရေးလမ်းကြောင်း ကတော့ NRPC ကနေ လုပ် ဆောင်နေတာ ရှိပါလိမ့်မယ်။ကျွန် တော်တို့ အနေနဲ့ကတော့ အရေး ယူဆောင်ရွက်မှုတွေ မလွဲမသွေ လုပ်သွားရမှာပါ’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
Credit - 7 Day Daily


ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေဖြန့်ချိမှုများကို အရေးယူသွားမည်

စာပေရေးသားထုတ်ဝေသူများ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေဖြန့်ချိမှုများ အပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးမင်းမင်းဇော်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ဘက်ကလည်း အရမ်းတိုးလာရင်တော့ ဥပဒေကြောင်းအရ အရေးယူဖို့ပါ။ လွှတ်တော် အဖွဲ့ အစည်းကသူတွေရော၊ ရှေ့နေတွေရောနဲ့ ကျွန်တော်တို့ တိုင်ပင်ထားပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ အဲ့ဒါကို အစည်းဝေးထပ်မထိုင်ရသေးဘူး။ အစည်းအဝေးထိုင်ပြီးရင်တော့ ထပ်လွန်လာတာ တွေကို အရေးယူဖို့ ကျွန်တော်တို့ တစ်ခါတည်း လုပ်ဆောင်သွားမှာပါ” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လက တရားဝင်ခွင့်ပြုချက် မရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စာအုပ်စာပေများကို ဖြန့်ဖြူးထုတ်ဝေနေသည့် လူမှုကွန်ယက်အကောင့်များကို ထုတ်ပြန်ပြီး သတိပေးခဲ့သည်။ ထိုသို့ လမ်းလှမ်းမီသလောက် ထုတ်ပြန်ထားခဲ့သည့် အဆိုပါစာရင်းတွင် တရားမဝင်ဖြန့်ဖြူးထုတ်ဝေသည့် အကောင့်ပေါင်း ၁၈၂ ခုရှိသည်ကို တွေ့ရသည်။
“ဂရုမစိုက်ခြင်းအနုပညာလိုဟာမျိုးပေါ့။ ထွက်ပြီးတာတောင် ဘယ်လောက်မှ မကြာဘူး။ PDF တို့ဘာတို့နဲ့ ဖြန့်နေကြပြီလေ။ အဲ့ဒါမျိုးကျတော့ ထုတ်တဲ့သူလည်း နစ်နာတယ်။ စာရေးသူလည်း နစ်နာတယ်။ အဲ့တာတွေ တားပေးဖို့ တစ်ချို့က တောင်းဆိုထားပါတယ်။ တရားစာပေတွေ၊ ဓမ္မကျမ်းတွေ၊ အဟောင်းတွေကို မရည်ရွယ် ပါဘူး။ အခု Current ဖြစ်နေတာတွေ ဆက်မလုပ်ဖို့ပါ။ တစ်ချို့သူတွေက ဒီဟာကို သိပ်နားမလည်လို့ တင် လိုက် တာ။ သူများဖတ်လို့ရအောင် ဖြန့်ပေးတယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် အဲ့ဒါက မလုပ်သင့်ဘူးဆိုတာ သိအောင်ပါ” ဟု ဦးမင်းမင်းဇော်က ပြောသည်။
Online Webpage များ၊ Facebook Page၊ Account၊ Group များတွင် စာအုပ်များကို ဒေါင်းလုပ်ရယူနိုင်သည့် eBook Link များတင်ခြင်း၊ Memory Stick များတွင် E-pub၊ PDF ဖိုင်များကို အခမဲ့သော်လည်းကောင်း၊ အခပေးစနစ်ဖြင့်သော်လည်းကောင်း ခွင့်ပြုချက်မရှိဘဲ ပြုလုပ်နေမှုများကြောင့် စာအုပ်ထုတ်ဝေရေးလောက ကျဆင်းနေရပြီး ၄င်းအပေါ် အီလက်ထရောနစ်ဥပဒေ၊ မူပိုင်ခွင့်ချိုးဖောက်မှုနည်းပဒေများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ သိရသည်။
Credit - Mizzima


ကျောင်းသားများဆန္ဒပြရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ မတင်ပြပါက တရားစွဲခံရမည်ဟု ပညာရေးဝန်ကြီးဌာနအသိပေး


ခြိမ်းခြောက်မှုအဖြစ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အချို့ ရှုမြင်
တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ဆန္ဒဖော်ထုတ်ရာ တွင် ဖော်ထုတ်မည့်ကိစ္စနှင့်ပတ် သက်သော အကြောင်းအရာ၊ နေ ရာ၊ နေ့ရက်၊ အချိန်၊ ကျောင်း သား၊ ကျောင်းသူဦးရေ(ခန့်မှန်း)တို့ကို သက်ဆိုင်ရာသို့ မတင်ပြ ပါက ဥပဒေအရ အမှုဖွင့်တရားစွဲ ခံရမည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက သြ ဂုတ် ၁၃ ရက်စွဲဖြင့် အသိပေးစာ ထုတ်ပြန်သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်၊ ဆန္ဒဖော်ထုတ် နိုင်ရေး တင်ပြရန်လိုသည့်အချက် အလက်များကို သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ၀န်ကြီး၊ ခရိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ မတင်ပြဘဲ ဆောင်ရွက်ခြင်းမရှိ စေရန် ကျောင်းသား၊ ကျောင်းသူ များ သိရှိလိုက်နာစေရေး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များက အသိပေးပြောကြားထား ရန် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားသည်။
ကျောင်းသား၊ ကျောင်းသူ များ ကျောင်းပရ၀ဏ်ပြင်ပတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာ တွင် ငြိမ်းစုစီဥပဒေအရမတင်ပြ ဘဲ ဆန္ဒဖော်ထုတ်မှုများကြောင့် တရားစွဲအရေးယူခံရမှုများ ရှိခြင်း ကြောင့် ငြိမ်းစုစီကို လုပ်ထုံးလုပ် နည်းအရတင်ပြရန် အသိပေး ခြင်းဖြစ်သည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။
‘‘ဆဲဗင်းဇူလို်င်မှာ ကလေး တွေ အဖမ်းခံရတာလေ။ အဲဒီမှာ ရန်ကုန်တက္ကသိုလ်ထဲကို ၀န်ကြီး ချုပ် လာတုန်းက ပြောသွားတာရှိ တယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကြို တင်ခွင့်ပြုချက်ယူရင်ရတယ်ဆို တာ ပြောသွားတယ်။ အဲဒါကို Information ပေးတာ။ ၀န်ကြီး ချုပ်ပြောသွားတာကို ရန်ကုန် တက္ကသိုလ်က ကျောင်းသားတွေပဲ သိမယ်လေ။ ကျောင်းသားအကုန် လုံးသိအောင် Distribute လုပ် ပေးတာ။ သူတို့တွေ ဒါမျိုး ကြို တင်ခွင့်ပြုချက်ရယူဖို့ လိုတယ် ဆိုတာမျိုး၊ ကျောင်းဝင်းထဲမှာ လုပ်တာက ကျောင်းပရ၀ဏ်ထဲ မှာမို့ ကျောင်းရဲ့ ပါချုပ်နဲ့ပဲဆိုင် တယ်။ ပြင်ပထွက်ရင်က အန္တ ရာယ်ရှိလို့ ပြောတာ’’ ဟု ဒေါက် တာသိန်းဝင်းက ဆိုသည်။
‘‘အခုထုတ်လိုက်တဲ့စာက ဘယ်လိုမှ လက်ခံနိုင်စရာအ ကြောင်းမရှိဘူး။ ကျောင်းသား တွေကို ပုဒ်မ ၁၉ နဲ့ ဖမ်းထား တာရှိတယ်။ ဒါကို လက်မခံလို့ ခွင့်ပြုချက်မတင်တဲ့သူတွေကို ဒါ ကိုလက်ခံဖို့ ထပ်ပြီးခြိမ်းခြောက် လိုက်တဲ့ ပုံစံပဲ။ ဒီဥပဒေကို လက် ခံပါဆိုပြီး ဥပဒေအရ မဟုတ်ဘဲ ကျောင်းအုပ်ချုပ်ရေးကို ကျောင်း သားတွေကို ပြောလိုက်ပါဆိုပြီး လှမ်းပြီး ဖိအားပေးတဲ့ ပုံစံမျိုးဖြစ် နေတယ်’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုညီ ဇော်က ၎င်း၏သဘောထားကို ပြောသည်။
(၅၇)နှစ်မြောက် ဆဲဗင်းဇူ လိုင်နေ့ အောက်မေ့ဖွယ်အဖြစ် ဇူလိုင် ၇ ရက်က အင်းလျားကန် ပေါင်၊ စိုက်ပျိုးရေးမှတ်တိုင်၊ ဆင်ရေတွင်းမှတ်တိုင်တို့မှ ရန် ကုန်တက္ကသိုလ် ဗိုလ်အောင် ကျော်ကျောက်တိုင်သို့ ချီတက် လမ်းလျှောက်သော ကျောင်းသား ရှစ်ဦးသည် ငြိမ်းစုစီမတင်၍ က မာရွတ်နှင့် လှိုင်ရဲစခန်းတို့က တရားစွဲဆိုထားပြီး အမှုရင်ဆိုင် နေရသည်။
ဆဲဗင်းဇူလိုင်ချီတက်လမ်း လျှောက်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသော ကျောင်းသားများကို ချက်ချင်း လွှတ်ပေးရန် ဇူလိုင် ၂၀ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်တက္ကသိုလ်သို့ လာရောက် စဉ် ကျောင်းသားအချို့က ဆန္ဒ ဖော်ထုတ်တောင်းဆိုရာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ‘‘အသိပေးအကြောင်းကြားမှု တော့ လုပ်ရမယ်။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးမှုမရှိရင် ဒီမို ကရေစီထူထောင်လို့ မရဘူး။ ဆဲ ဗင်းဇူလိုင်နဲ့ ပတ်သက်ပြီး ဒီအ ခမ်းအနား၊ ဒီအထဲမှာ ဘာကိုမှ မပြောဘူး။ ဒါပေမဲ့ စီတန်းလှည့် လည် ဆောင်ရွက်မယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့အညီ ဆောင်ရွက်စေချင်တယ်’’ ဟုဆန္ဒ ဖော်ထုတ်သည့် ကျောင်းသားများ အား ပြောကြားသည်။
Credit - 7 Day Daily

တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲထားသည့် ဝန်ကြီးဌာနများအနေဖြင့် မည်သည့်အတွက် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်မှုအပေါ် ရှင်းလင်းတင်ပြရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲထားသည့် ဝန်ကြီးဌာနများအနေဖြင့် မည်သည့်အတွက်ကြောင့် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်မှုအပေါ် ရှင်းလင်းတင်ပြရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။
သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် သဘောထားမှတ်ချက် အစီရင်ခံစာအား ဆွေးနွေးစဉ် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက “နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါ လုပ်ထုံးလုပ်နည်း ၁/၂၀၁၇ နဲ့ ညီညွတ်မှုမရှိဘဲ သုံးစွဲထားတဲ့ ဌာနတွေကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍဍာရေးဝန်ကြီးဌာနတို့ ဖြစ်တယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။ အဲဒီဌာနတွေအနေနဲ့ မည်သည့်အတွက်ကြောင့် ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ရှင်းလင်းတင်ပြဖို့ လိုပါတယ်။ နောင်ဘဏ္ဍဍာနှစ်တွေမှာ ယခုကဲ့သို့ဖြစ်စဉ်မျိုး မရှိရအောင် ဆောင်ရွက်ဖို့ လိုအပ်သလို ဌာနအဖွဲ့အစည်း အားလုံးအနေနဲ့လည်း သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ သမ္မတရုံး ရဲ့ ညွှန်ကြားချက်ဆိုတာ နိုင်ငံရဲ့အမြင့်ဆုံး အဖွဲ့အစည်းက ညွှန်ကြားထားတာဖြစ်လို့ ဒီလိုညွှန်ကြားချက်တွေကို တိကျစွာ မလိုက်နာဘဲ ဆောင်ရွက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို ထိရောက်တဲ့ ပညာပေးမှုတွေ ပြုလုပ်ရန် လိုအပ်သလို ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်မှသာ အဂတိလိုက်စားမှု မလျော်သြဇာသုံးစွဲမှု၊ မမှန်မကန် ဆောင်ရွက်မှုတွေ လျော့နည်း ပပျောက်သွားမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် စီမံကိန်းလုပ်ငန်းများကို လုံးဝ အကောင်အထည် မဖော်နိုင်မှု၊ ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများကြောင့် ယင်းစီမံကိန်းများအတွက် လျာထားသည့် ဘတ်ဂျက်ငွေများကို မည်သို့ အသုံးပြုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ အကောင်အထည် မဖော်နိုင်သည့် လုပ်ငန်းများအတွက် အသုံးပြုရန် လျာထားသည့် ချေးငွေများ၊ ဘတ်ဂျက်ခွင့်ပြုငွေများကို မည်သည့်နေရာများတွင် သုံးစွဲနေသည်ကို သိလိုသောကြောင့် မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အကောင်အထည် မဖော်နိုင်သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရသကဲ့သို့ ပြန်အပ်ရသည့်အတွက် အဆိုပါငွေများကို အခြားနေရာများတွင်လည်း မသုံးစွဲရ၍ နိုင်ငံအတွက် များစွာ နစ်နာလှသည်ဟု သုံးသပ်မိကြောင်း ဒေါ်ချိုချိုက ဆွေးနွေးခဲ့သည်။
ထို့ပြင် ကျပ်ဘီလျံ ၅၀ ကျော်ကို သတ်မှတ်ကာလ ကျော်လွန်မှ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံအတွက် လိုအပ်သည့် အခြားစီမံကိန်းအတွက် သုံးစွဲနိုင်မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ စီမံကိန်းဝန်ကြီးဌာနမှ ဝန်ကြီးဌာနအသီးသီးကို သက်ဆိုင်ရာဘဏ္ဍဍာနှစ် မကုန်မီ ပိုလျှံငွေတွေကို ပြန်လည်အပ်နှံရန် နှစ်ကြိမ်ခန့် နှိုးဆော်ထားခဲ့ကြောင်း၊ ယင်းသို့ နှိုးဆော်ထားသော်လည်း ကျပ်ဘီလျံ ၅၀ ကျော် ပြန်လည်အပ်နှံသည့် ဌာနများအနေဖြင့် ညွှန်ကြားချက်ကို တိကျစွာလိုက်နာမှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ ဘဏ္ဍဍာရေးစည်းမျဉ်းအရသော် လည်းကောင်း၊ ဘဏ္ဍဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရသော် လည်းကောင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် ဌာနများအနေဖြင့် တောင်းခံငွေကို ကုန်စင်အောင် သုံးစွဲရမည် ဖြစ်သော်လည်း တောင်းခံပြီးမှ မသုံးစွဲဖြစ်၍ ပြန်လည်အပ်နှံသည် ဆိုသည်မှာ လုပ်ထုံးလုပ်နည်း ဥပဒေများကို ချိုးဖောက်သည်ဟု သုံးသပ်မိကြောင်း၊ ယင်းသို့ပြန်အပ်သည့် အဖွဲ့အစည်းများအနေဖြင့် သတ်မှတ် လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာ အရေးယူ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြန်လည်အပ်နှံသည့် အဖွဲ့အစည်းများကို မှတ်သားထားပြီး လာမည့်ဘဏ္ဍဍာနှစ်များတွင် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံလာပါက ခွင့်ပြုရန်မသင့်ကြောင်း ဒေါ်ချိုချိုက ဆွေးနွေးခဲ့သည်။
Credit - Eleven


Sunday, June 23, 2019

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးတောင်းဆိုချက် မလိုက်လျောပါက ပိုမိုပြင်းထန်သည့် လှုပ်ရှားမှုလုပ်မည်ဟု ထုတ်ပြန်

မြစ်ဆုံကိုအကြောင်းပြုပြီး နိုင်ငံရေးကစားခြင်း မဖြစ်စေလိုဟု ကချင်ပါတီပြော

 မြစ်ဆုံရေကာတာနှင့် မေခ၊ မလိခမ်ြပေါ်ရှိ ရေကာ တာများ လုံးဝရပ်ဆိုင်းပေးရေး တောင်းဆိုချက်များကို သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိသူ များက လိုက်လျောခြင်း၊ အရေး တယူဆောင်ရွက်ပေးခြင်း မရှိပါ က ကချင်ပြည်နယ်ပြည်သူလူထု အနေဖြင့် ပြည်ထောင်စုမြန်မာ နိုင်ငံရှိ ပြည်သူများအားလုံးနှင့် အတူ ပိုမိုပြင်းထန်သည့် လှုပ်ရှား မှုများ၊ တောင်းဆိုမှုများ ဆက် လက်ပြုလုပ်မည်ဖြစ်ကြောင်း မြစ် ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့်မြစ်ဆုံ ဆိုင်ရာဆွေးနွေးပွဲက သဘော ထားထုတ်ပြန်သည်။

မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေး ဆွေး နွေးပွဲကို ဇွန်လ ၂၁ရက်က မြစ် ကြီးနားမြို့၌ ကျင်းပရာ  ဒေသခံ များ၊ သဘာဝပတ်ဝန်းကျင်ဆိုင် ရာပညာရှင်များ၊ ဘာသာပေါင်းစုံ မှ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့်    လူမှုအဖွဲ့အ စည်းများမှတာဝန်ရှိသူများ တက် ရောက်ခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် အ ချက်ရှစ်ချက်ပါ သဘောထား ထုတ်ပြန်ရာ အမိဧရာဝတီနှင့် ဆက်စပ်ပတ်သက်သော မြစ်များ ကို ပိတ်ဆို့ခြင်းသည် တစ်မျိုးသား လုံး၏ လူနေမှုဘ၀နှင့် ယဉ်ကျေး မှုအမွေအနှစ်များကို ဖျက်ဆီး သည်ဟု ခံယူထားကြောင်း၊ ဧရာ ၀တီပျောက်ပါက မြန်မာနိုင်ငံ ပျောက်ကွယ်သွားမည်ဟု ယုံ ကြည်ကြောင်း ဖော်ပြထားသည်။

မြစ်ဆုံစီမံကိန်း အကောင် အထည်ဖော်မည့် တရုတ်ကုမ္ပဏီ အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ကို ထိန်းသိမ်းနိုင်ရန် မြစ်ဆုံစီမံ ကိန်းတည်ဆောက်မည့် အစီအ စဉ်ကို စွန့်လွှတ်ပေးရန် လေးနက် စွာ တိုက်တွန်းကြောင်းလည်းပါရှိ သည်။

တစ်နိုင်ငံလုံး၌ရှိသော မြစ် ဆုံရေကာတာ အပြီးအပိုင်ဖျက် သိမ်းရန် တက်ကြွလှုပ်ရှားသူအား လုံးကို အသိအမှတ်ပြုကြိုဆို ကြောင်းနှင့် ရှေ့ဆက်အတူလက် တွဲ လုပ်ဆောင်မည်ဖြစ်ကြောင်း မြစ်ကြီးနားဆွေးနွေးပွဲက သဘော ထားထုတ်ပြန်သည်။

မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေး လှုပ် ရှားမှုတွင် တစ်နိုင်ငံလုံးရှိ ပြည်သူ  လူထုပါဝင်ရန် မြစ်ဆုံဒေသခံများ အပါအ၀င် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည့်မြစ်ကြီးနား မြို့ဆွေးနွေးပွဲသို့တက်ရောက်သူ များက   တောင်းဆိုသည်။

အလွန်ကြီးမားသည့် မြစ် ဆုံရေကာတာ အပြီးအပိုင် ရပ် ဆိုင်းရေးကြိုးပမ်းရာတွင် ကချင် ပြည်သူလူထု တစ်ခုတည်းဖြင့် မရကြောင်း၊ အားလုံးလက်တွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ကွမ်ဂေါင်အောင်ခမ်းက ပြော သည်။

‘‘မြစ်ဆုံရေကာတာနဲ့ ပတ် သက်ရင်တော့  ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ နိုင်ငံတကာ မှာ ရှိတဲ့သံအမတ်တွေ တွေ့တဲ့အ ချိန်မှာလည်း ဒါကို ပြောပြပါ တယ်။ ဒါကိုလုံးဝ လက်မခံဘူးဆို တာ ပြောပြပါတယ်’’ဟု ၎င်းက ဆိုသည်။

မြစ်ဆုံရေကာတာကို လုံးဝ ခွင့်ပြု၍မရကြောင်း၊ ခွင့်ပြုမည် ဆိုပါက အနာဂတ်တွင် ဆိုးကျိုး များ ကြုံရနိုင်၍ ပွင့်လင်းစွာ ဆန့် ကျင်ရန်လိုကြောင်း ဦးကွမ်ဂေါင် အောင်ခမ်းက ပြောသည်။

‘‘နောက်တစ်ချက်က ဒေါ် အောင်ဆန်းစုကြည်ကလည်း သုံး နှစ်တော့ရှိသွားပါပြီ။ မြစ်ကြီးနား မှာ လာတုန်းကလည်း ဘာပြော လဲဆိုတော့ ကျွန်တော်တို့ အစိုးရ ဖြစ်တဲ့အချိန်မှာ မြစ်ဆုံရေကာ တာနဲ့ပတ်သက်ပြီးမှ စာရွက်စာ တမ်းတွေ၊ သဘောထားတွေတင် ပြပါမယ်ဆိုတာ အခုသုံးနှစ်ရှိပြီ။ အခုရွေးကောက်ပွဲနီးမှ ပြမလား တော့မသိဘူး။ ဒါကြောင့် ဒီဟာ ကို မြစ်ဆုံရေကာတာကို နိုင်ငံရေး အရ ကစားကွက်၊ ကစားတဲ့နေရာ မဖြစ်စေချင်ဘူး’’ ဟု ဦးကွမ်ဂေါင် အောင်ခမ်းက ဆိုသည်။

လက်ရှိတွင် တရုတ်ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်စ နိုင်ရေး စည်းရုံးမှုများလုပ်ဆောင် နေဆဲဖြစ်ကြောင်း၊ မြစ်ဆုံစီမံ ကိန်းကို တစ်နိုင်ငံလုံးကကန့်ကွက် နေ၍ စီမံကိန်းဆက်မလုပ်ရန် တရုတ်ကုမ္ပဏီကိုအနူးအညွတ် တောင်းပန်လိုကြောင်း မြစ်ဆုံဒေ သခံ ဒေါ်ဂျာခေါန်က ပြောသည်။

‘‘ကျေးဇူးပြု၍ ကျွန်မတို့ ကချင်ပြည်နယ်သား မြန်မာနိုင်ငံ သားတွေကို သနားညှာတာသော အားဖြင့် နောက်ဆုတ်ပေးကြပါ လို့ ကျွန်မဒီနေရာကနေ ပြော ချင်ပါတယ်။ ဧရာဝတီမြစ်ဟာ ကျွန်မတို့နိုင်ငံရဲ့ အသက်သွေး ကြောပါ။ ကိုယ်ချင်းစာပေးကြ ပါလို့ ပြောချင်ပါတယ်ရှင်’’ ဟု ဒေါ်ဂျာခေါန်က ပြောသည်။

မြစ်ဆုံစီမံကိန်း ကန့်ကွက် သည့်လှုပ်ရှားမှုများ စဉ်ဆက် မပြတ်လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည့် ဒေါက်တာမြင့်ဇော်က လည်း မြစ်ဆုံဆည်စီမံကိန်းကန့် ကွက်ရခြင်း  အကြောင်းရင်းများ ကို ရှင်းပြသည်။ မြစ်ဆုံဆည် စီမံကိန်းကြောင့် ဌာနေဒေသခံ များအပါအ၀င် ပြည်သူများအနေ ဖြင့် စိုးရိမ်သောကများ ဖြစ်ပေါ် နေကြကြောင်း၊   ရေကာတာ ဆောက်ရန်လုပ်ဆောင်နေသည့်  နေရာသည် ငလျင်နှင့်ပတ်သက် ပြီး ပူပန်ရသည့်နေရာဖြစ် ကြောင်း၊ စီမံကိန်းလုပ်ဆောင်ပါ က  သဘာဝပတ်ဝန်းကျင်အပါအ ၀င် ယင်းဒေသရှိ တန်ဖိုးကြီးမား သည့်အရာများစွာ ဆုံးရှုံးရနိုင် ခြေရှိကြောင်း ပြောကြားသည်။ မြစ်ဆုံသည် ဧရာဝတီကိုဖြစ်တည် စေသည့်နေရာ၊ နိုင်ငံတစ်ခုလုံး နှင့် သက်ဆိုင်သည့် အမှတ်အ သားဖြစ်ကြောင်း၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက် တွင် ယာယီရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ရန် တရုတ်ဘက်ကကြိုးစား လာမှုကြောင့် မြစ်ဆုံစီမံကိန်းအ ပြီးတိုင်ရပ်ဆိုင်းရေးလှုပ်ရှားမှုများ  မကြာခဏ ပြုလုပ်နေသည်။

Credit - 7 Day Daily