အစိုးရနှင့် ကချင်အဖွဲ့(KIO/KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MND-AA)၊ ရခိုင်အဖွဲ့(AA)တို့၏ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို သီတင်းကျွတ်ကာလနောက်ပိုင်း ၌ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ Bilateral အပစ်အ ခတ်ရပ်စဲရေး ဆောင်ရွက်ရန် ဆက်လက်ညှိနှိုင်းမည့်အကြောင်း အရာခုနစ်ချက်ကို သဘောတူညီ ခဲ့ပြီး အောက်တိုဘာတွင် ထပ်မံ တွေ့ဆုံရန် သတ်မှတ်ခဲ့သည်။
‘‘ကျွန်တော်တို့ ခန့်မှန်းတာ တော့ သီတင်းကျွတ်ပြီးတဲ့နောက် ပိုင်း (အောက်တိုဘာလလယ် နောက်ပိုင်း)မှ ဖြစ်လိမ့်မယ်ထင်တယ်။ အခုလောလောဆယ်က NRPC အဖွဲ့ ၊ PC အဖွဲ့တွေလည်းအခု ၂၄ ရက်နေ့မှာ နိုင်ငံခြားခရီး စဉ် လေ့လာရေးထွက်ဖို့ ရှိတယ်လို့ ပြောတယ်။ သူတို့ပြန်လာတဲ့ အခါ သီတင်းကျွတ် ပြန်ဖြစ်တဲ့အခါကျတော့ သီတင်းကျွတ်ပြီးတဲ့နောက်မှပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်’’ဟု ဦးလမိုင်ဂွန်ဂျာက ပြော သည်။
အစိုးရ၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်များသည် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ပထမပတ်အထိ နော်ဝေးနှင့် ဆွစ်ဇာလန် နိုင်ငံသို့ လေ့လာရေးခရီး သွား ရောက်ရန် စီစဉ်ထားပြီး အောက်တိုဘာ ၁၅ ရက် ဝန်းကျင်တွင်လည်း NCA လက်မှတ်ထိုး လေးနှစ်ပြည့် အခမ်းအနားကျင်းပရန် စီစဉ်ထား၍ မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးပွဲကို အောက်တိုဘာတတိယပတ် နောက်ပိုင်းမှသာ ကျင်းပနိုင်ဖွယ်ရှိသည်ဟု ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့ အောက်တိုဘာအတွင်း တွေ့ ဆုံရန် ချိန်းဆိုထားသော်လည်း တပ်မတော်က စက်တင်ဘာ ၂၁ရက်တွင် ကုန်ဆုံးသည့် အပစ်ရပ်ကြေညာမှု ထပ်မံသက်တမ်းတိုးခြင်းမရှိ၍ ဆွေးနွေးပွဲထိခိုက်မည်ကို စိုးရိမ်ကြောင်း PCG က ပြောသည်။
‘‘သက်တမ်းမတိုးတော့ဘူး ဆိုရင် အချိန်မရွေး ဘယ်မှာမဆို ပြဿနာဖြစ်လာနိုင်တယ်။ အဲဒါ ကြောင့် အောက်တိုဘာ အစည်း အဝေးတောင် အခြေအနေဘယ် လိုဖြစ်မလဲဆိုတာ နည်းနည်း စိုးရိမ်မှုရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်က တိုက်ပွဲဖြစ်နေလို့ အ ဖြေထွက်မှာ မဟုတ်ဘူးလေ။ တွေ့ဆုံဆွေးနွေးမှုပဲ အဖြေထွက်မှာဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲ နဲ့ ဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ စားပွဲပေါ်မှာပဲ အချိန်ယူပြီးမှ ဖြေရှင်းရ မှာပေါ့ဗျာ’’ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။
အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့သည် Bilateral အပစ်ရပ်စဲ ရေးဆောင်ရွက်ရန် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင်ညှိနှိုင်းခဲ့ပြီး ယခုနှစ်ဧပြီ ၃၀ ရက်တွင် မူဆယ်၊ ဇွန်လ၃၀ ရက်တွင် မိုင်းလား၊ သြဂုတ်၃၁ ရက်တွင် ကျိုင်းတုံ၊ စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင်ပြေစေရန် တပ်မတော်က ကိုးလကြာအပစ်ရပ် ကြေညာခဲ့သော်လည်း ဆွေးနွေးပွဲများတွင် တိကျသည့်ရလဒ် ထွက်ပေါ်ခဲ့ခြင်းမရှိ၍ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း တပ်မတော်သတင်းနှင့် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
No comments:
Post a Comment