ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူခဲ့ရ
ဖားကန့်မြို့နယ်ရှိ ကျေး ရွာတစ်ရွာအနီး ပြုတ်ကျလာ သည့် ယန္တရားအပိုင်းအစကို တပ် မတော်သို့ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။
‘‘အရင်တစ်ခေါက် (၂၀၁၆) ကျတုန်းကတော့ တပ်မတော်ကို ပဲအပ်လိုက်တယ်။ အခုလည်း နယ်မြေခံတပ်ကိုပဲ အပ်မှာပါ။ နောက်ပိုင်း ဘာဆက်လုပ်မယ် ဆိုတာကို မသိသေးဘူးခင်ဗျ’’ ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ညွှန် ကြားရေးမှူး ဦးဇော်မျိုးညွန့်က ပြောသည်။
အလျား ၁၅ ပေခန့်၊လုံးပတ် ခုနစ်ပေခန့်ရှိသော စက်ကိရိယာ အချို့ပါ ယန္တရားအစိတ်အပိုင်း တစ်ခု ဖားကန့်မြို့နယ် မှော်ပုံ ကျေးရွာရှိ လူနေအိမ်အချို့အနီး သို့ စက်တင်ဘာ ၁၉ ရက် နေ့ လယ် ၁ နာရီမိနစ် ၂၀ ခန့်က ပြုတ်ကျရာ ဒေသခံများ အထိတ် တလန့်ဖြစ်ခဲ့သည်။ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး ရှိနေ သော နေအိမ်နှင့် ပေ ၂၀ ခန့်အ ကွာသို့ ပေါက်ကွဲသံနှင့်အတူ အ ရှိန်ပြင်းပြင်းကျလာ၍ အသက် (၂၄)နှစ်အရွယ်၎င်းအမျိုးသမီး သည် ထိတ်လန့်တုန်လှုပ်ပြီးကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူခဲ့ရသည်။
‘‘စက်တင်ဘာ ၁၉ ရက်က အဖြစ်ကြောင့် လန့်ပြီး ဗိုက်ကြီးကိုမပြီး ထွက်ပြေးခဲ့ရတယ်လို့ပြောတယ်’’ ဟု ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကျန်းမာ ရေးစစ်ဆေးပေးခဲ့သည့် လုံးခင်း တိုက်နယ်ကျန်းမာရေးဌာန ဆန် ခါကျေးလက်ကျန်းမာရေးဌာနခွဲ (ယာယီ)မှ သားဖွားဆရာမ ဒေါ် ဖြူဖြူမြင့်သိန်းက ပြောသည်။
ကိုယ်ဝန်သည် ခုနစ်လ ကျော်နေပြီဖြစ်ပြီး အသေးစိတ် စစ်ဆေးရာ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေါ်ဖြူဖြူမြင့်သိန်းက ပြောသည်။ နေအိမ်ပေါ် တည့်တည့်မကျခြင်း သည် ကံအလွန်ကောင်းပြီး အိမ် နှင့်ကပ်လျက် အုတ်ရေကန်နှင့် မီးဖိုဆောင် ကွဲအက်ပျက်စီးခဲ့ ကြောင်း ဒေသခံများက ပြော သည်။
‘‘ရေကန်တစ်ကန်ဖြစ်ဖို့ လည်း မလွယ်ဘူးလေဗျာ။ တာ ၀န်ရှိသူတွေ အနေနဲ့ ပြန်ထောက် ပံ့ပေးတာမျိုးဖြစ်လာရင် ကောင်း တာပေါ့။ အခုကတော့ ဘာမှန်း မသိရဘဲ ပျက်စီးတာ’’ ဟုဒေသခံ ဦးတင်လှိုင်က ပြောသည်။
ယန္တရားအပိုင်းအစသည် တရုတ်နိုင်ငံမှ ပစ်လွှတ်လိုက် သော ဂြိုဟ်တုတစ်ခု၏ အပိုင်း အစတစ်ခုဖြစ်ကြောင်း ဒေသခံ များက ယုံကြည်နေပြီး မည်သည့် နိုင်ငံက ပစ်လွှတ်သည်ဖြစ်စေ မြန်မာအစိုးရအနေဖြင့် သတင်း ထုတ်ပြန်ရှင်းပြသင့်ကြောင်းဒေ သခံများက မှတ်ချက်ပြုသည်။
ကောင်းကင်ပေါ်မှ ယန္တရား အစိတ်အပိုင်းတစ်ခု ပြုတ်ကျခြင်း သည် ဖားကန့်ဒေသတွင် သုံးနှစ် အတွင်း နှစ်ကြိမ်မြောက်ဖြစ် သည်။ ၂၀၁၆ နိုဝင်ဘာ ၁၀ ရက် နံနက် ၅ နာရီခန့်ကလည်း ဖား ကန့်မြို့နယ် မှော်ဆီဇာကျေးရွာ ၀န်းကျင်ကျောက်စိမ်းလုပ်ကွက် အနီးသို့ ဂြိုဟ်တုအပိုင်းအစကဲ့သို့ ယန္တရားအစိတ်အပိုင်းတစ်ခု ပြုတ်ကျဖူးပြီး နေအိမ်အချို့ ထိ ခိုက်ပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ် ၏အကြောင်းရင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။
No comments:
Post a Comment