Sunday, September 15, 2019

အပစ်ရပ်အဖွဲ့ခေါင်းဆောင်များ အစည်းအဝေး အောက်တိုဘာ ဒုတိယပတ်တွင် ပြုလုပ်မည်


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) အစည်းအ ဝေးကို အောက်တိုဘာ ၉ ရက်က စ၍ သုံးရက်ကြာ ပြုလုပ်မည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ၏ အလုပ်အဖွဲ့ကအစိုးရနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန် လည်စတင်နိုင်ရေး ညှိနှိုင်းမှု များကို ချင်းမိုင်တွင်ပြုလုပ်သည့် အစည်းအဝေး၌ ပြန်လည်သုံး သပ်ဆွေးနွေးမည်ဟု ၎င်းက ဆို သည်။

‘‘အလွတ်သဘောကနေ တရားဝင်သဘောတွေ့ဆုံဖို့တွေ ဆုံးဖြတ်ချက်ချမယ်။ ပြီးတော့ JICM ခေါ်ယူရေးအပါအ၀င်ပေါ့ ဗျာ။ နောက်ပြီးတော့ နှစ်ပတ် လည်ပွဲအတွက်ရောပေါ့။ PPST မှာက မူဝါဒ ကိုင်တဲ့နေရာဆိုတော့ အလုပ်အဖွဲ့တွေ စုစည်းလို့ရသမျှ၊ ပြင်ဆင်လို့ရသမျှကို သုံးသပ်ပေး တဲ့ပွဲပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တွေ့ ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့တို့သည် နှစ်ဖက်ထိပ် သီးခေါင်းဆောင်များ တက်ရောက်မည့် NCA အကောင် အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အ စည်းအဝေး (JICM) ခေါ်ယူနိုင် ရေးကိစ္စ၊ အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ် ပြည့် အခမ်းအနားကျင်းပရေး ကိစ္စ၊ ၂၁ရာစုပင်လုံအစည်းအ ဝေးကျင်းပနိုင်ရေးကိစ္စများ ဆွေး နွေးခဲ့သည်။ ယင်းအချက်များနှင့် ပတ်သက်ပြီးလာမည့် PPST အ စည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ် သည်။



Credit - 7 Day Daily

No comments:

Post a Comment