ရန်ကုန်၊ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရခိုင်မျိုးစောင့်အုပ်စု(ARG) ဥက္ကဌ အပါအဝင် ၆ ဦးကို စိတ်ကြွဆေးပြား ၄ သိန်း နီးပါးဖြင့် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်သတင်းအရ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေးရှိရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံရှိ ၎င်းအဖွဲ့ပိုင် စက်ပစ္စည်းများထားသည့် အဆောက်အဦအားဝင်ရောက်ရှာဖွေရာ ခြံတာဝန်ခံ ဟန်စိုး(၂၉)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးညီချေနှင့် အလုပ်သမားကြီးကြပ်ချစ်နေဝင်း (၃၀)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးသန်းဝင်း တို့(၂) ဦးအားတွေ့ရှိပြီး အဆောက်အဦအတွင်းရှိ UPGအိမ်သုတ် ဆေးပုံးခွံ(၆)ပုံးအတွင်းထည့်ထားသည့် WY/R စာတမ်းပါစိတ်ကြွဆေးပြား (၃၉၉၅၅၀) ပြား (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း)နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ကွင်းဆက်ဖော်ထုတ်ချက်အရမြောက်ဦးမြို့နယ်နေဝင်းထွန်း(၄၁)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးသာပွင့်ချေ၊ဖိုးသန်း(၅၀)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးလှစိန်ထွန်းနှင့် ညီလေး(ခ)ညွန့်လွင်(ခ)ကိုညီ(၃၆)နှစ်၊ ရခိုင်/ဗုဒ္ဓ၊(ဖ)ဦးဘီလူးအောင်တို့(၃)ဦးအား ထပ်မံဖမ်းဆီးရမိပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ၎င်းတို့ကစစ်တွေမြို့မှတစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကွင်းဆက်တရားခံ ထပ်မံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေး (ခ)ခိုင်ထူး၊ (၆၃)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးစံရွှေဦး ARG (ရခိုင်မျိုးစောင့်အုပ်စု၏ဥက္ကဌ)အား ဇွန်လ(၁၀) ရက်နေ့တွင် မြောက်ဦးမြို့၌ ဖမ်းဆီးရမိခဲ့ပြီး ကနဦးစစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၄ ခုနှစ်ခန့်က မောင်တောမြို့နယ် ကင်းချောင်းကျေးရွာနှင့် ဗောဓိကုန်းကျေးရွာကြား မေယုတောင်ခြေတွင် ARG (ရခိုင်မျိုးစောင့်အုပ်စု)အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ခန့်မှစ၍ အဆိုပါအဖွဲ့၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်ဦးရေ ၂၆၀ ဦးခန့်ရှိကြောင်း၊ မြောက်ဦးမြို့၌လည်း ARG (ရခိုင်မျိုးစောင့်အုပ်စု)အား တည်ထောင်ထားကြောင်းသိရှိရပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Photo credit-ရဲဇာနည်
No comments:
Post a Comment