Wednesday, June 12, 2019

ဒေါက်တာတင်မောင်သန်းနှင့်ဆက်သွယ်မေးမြန်းခြင်း



‘‘အတိတ်နဲ့မဆိုင်ဘဲ အခုမှ ပေါ်လာတဲ့အရာ၊ အခုမှလုပ်ကြတဲ့အရာ၊ အဲဒါကတော့ အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြုပြီး နိုင်ငံရေးလုပ်စားဖို့ ကြိုးစားကြတဲ့ ကိစ္စပဲ’’
By ထက်အာကာကျော် 
ဓာတ်ပုံ − Tin Maung Than ဖေ့စ်ဘွတ်ခ်
လက်ရှိ ဒီချုပ်အစိုးရသက်တမ်း သုံးနှစ်ကျော်ခဲ့ပြီ။ ဒီအခြေအနေ မှာ ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံ ရေးပါတီ ၂၄ ခု ပြောထားသလို အဘက်ဘက်ကနေ ယိုယွင်းကျ ဆင်းလာတဲ့ အနေအထားမျိုး ရှိ သလား။
အဘက်ဘက်က ယိုယွင်း တယ်လို့ပြောရင် ကိန်းဂဏန်း တွေနဲ့ဆို ပိုကောင်းတာပေါ့။ ဥပ မာ ရာဇဝတ်မှုဖြစ်တဲ့နှုန်းတွေက တက်လာသလား။ ကိုယ်တွေက ကိန်းဂဏန်းတွေ မရှိတော့ ကောက်ချက်ချဖို့ခက်တယ်။ ဘာ လို့လဲဆိုတော့ ပွင့်လင်းလွတ်လပ် လာတယ်။ နောက်ပြီး ဆိုရှယ်မီဒီ ယာတွေပေါ်လာတယ်။ အဲဒီအ ပေါ်မှာ ပြောကြ၊ ဆိုကြ၊ တင်ကြ တာတွေရှိတယ်။ အဲဒီတော့ အဲဒီ အကြောင်းအချက်ကြောင့် ခုနက တရားဥပဒေစိုးမိုးမှုတွေ နည်းပါး လာတယ်လို့ ထင်ရတာလား၊ တကယ်လားဆိုတာ ကိန်းဂဏန်း တွေနဲ့ ဖော်ပြတာ အခုထက်ထိ တော့ မတွေ့ရသေးဘူး။ ဆိုတော့ အဘက်ဘက်က ယိုယွင်းတယ် ဆိုရင် အဲဒီအဘက်ဘက်က ဘာ လဲပေါ့။ သူတို့ဘယ်လိုပြောလဲ ပေါ့။ အဲဒီအပေါ်မှာ မူတည်မယ် ထင်တယ်။
ပြည်ခိုင်ဖြိုးရဲ့ ထုတ်ပြန်ချက်ထဲ မှာ နိုင်ငံသားတွေရဲ့ စည်းလုံးညီ ညွတ်မှု အခြေအနေက ဘယ် ခေတ်ကာလနဲ့မှ မတူအောင် ကွဲ ပြားမှု၊ ဆန့်ကျင်မှု၊ ရန်လိုမှုတွေ ပေါ်ပေါက်နေတယ်လို့ ဖော်ပြ ထားတယ်။ အဲဒီအသုံးအနှုန်းအ ပေါ် ဘယ်လိုမြင်လဲ။
ဖွင့်လိုက်ရင် အသံတွေဟာ ပိုကျယ်လာတယ်။ ကွဲပြားတာ တွေ ပိုပြီးကြားရမယ်။ ဒါကပွင့် လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အ စည်းကိုသွားပြီဆိုရင် အကုန်လုံး က ဒီအတိုင်းပဲ။ ဒါပေမဲ့ အဲဒီပွင့် လင်းလွတ်လပ်လာတဲ့အပေါ်မှာ အကြမ်းဖက်မှုတွေဆီ ဦးတည် သွားနေသလားဆိုတာက ပိုပြီးအ ရေးကြီးတယ်။ အဲဒီတော့ ပွင့် လင်းလွတ်လပ်တာသဘာဝဖြစ် တယ်။ ပွင့်လင်းလွတ်လပ်တဲ့ လူ့ အဖွဲ့အစည်းအနေနဲ့ အမျိုးမျိုးကွဲ ပြားလာတာတွေ ကြားရမယ်။ တစ်လုံးတစ်ခဲတည်း မကြားရဘူး။ အာဏာရှင်စနစ်အောက်မှာ တော့ အာဏာရှင်ပြောတဲ့အသံ တစ်သံပဲကြားရတယ်။ ပြည်ခိုင် ဖြိုးပါတီကတော့ အာဏာရှင်တွေ နဲ့ နေလာတဲ့အတွက်ကြောင့် အဲ ဒါကို သည်းမခံနိုင်တာကို နား လည်လို့ ရသွားတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံက အဲဒီလိုဖြစ်နေ ပြီလို့ ကောက်ချက်ချလို့တော့ခက် လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆို တော့ ပွင့်လင်းလာတယ်။ ပြော ပိုင်၊ ဆိုပိုင်ခွင့်တွေ ရှိလာတယ်။ အသံတွေထွက်လာမယ်။ သူတို့ လိုလားချက်တွေကို အဖွဲ့အစည်း အသီးသီးက ပြောမယ်။ ကိုယ်နဲ့ သဘောတူချင်မှ တူမယ်။ အဲဒီလူ တွေ အချင်းချင်းဟာ အကြမ်းဖက် မှုကို ဦးတည်ပြီး လုပ်နေသလား ပေါ့။ လုပ်နေတဲ့အဖွဲ့က ဘယ်အ ဖွဲ့လဲဆိုတာလည်း လူတွေက သိ ပါတယ်။ အဲဒီအဖွဲ့ကို ဘယ်ပါတီ တွေက ထောက်ခံနေသလဲဆိုတာ လည်း လူတွေက သိတယ်။ အဲဒါ နဲ့ အကဲဖြတ်ရမယ်ဆိုရင်တော့ ပြောတဲ့သူတွေ လွဲချော်နေပြီလို့ ပြောရမှာပဲ။
ပြည်ခိုင်ဖြိုးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အာဏာရပါတီပြော ရေးဆိုခွင့်ရှိသူကတော့ သဘော မတူဘူးလို့ တုံ့ပြန်ထားတယ်။ လက်ရှိအခက်အခဲ၊ အကျပ်အ တည်း၊ စိန်ခေါ်မှုတွေက ဒီချုပ်အ စိုးရက ဖန်တီးတာမဟုတ်ဘူး။ အ တိတ်ရဲ့ အမွေအဖြစ် လက်ခံထား ရတယ်လို့ ပြောတယ်။ ဒီတုံ့ပြန်မှု အပေါ် ဘာမှတ်ချက်ပြုချင်လဲ။
အတိတ်ရဲ့အမွေတွေကို လက်ခံရတာက စောစောက ဖိ နှိပ်ထားတာပေါ့။ ပွင့်လင်းလွတ် လပ်တယ်။ လူတွေဟာ သူတို့ ပြောနိုင်တဲ့အချိန်မှာ ပြောလာကြ တာပေါ့နော်။ ဒါကအတိတ် ကြောင့်ဖြစ်တာပေါ့။ ဒါပေမဲ့အ တိတ်ကြောင့် မဟုတ်ဘဲနဲ့ အခု ကျမှ ပေါ်လာတာက အမျိုးဘာ သာ၊ သာသနာကိစ္စပဲ။ အဲဒီအမျိုး ဘာသာ၊ သာသနာကို အသုံးချ ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ အုပ်စုတွေရှိတယ်။ အဲဒီအုပ်စု တွေက အကြမ်းဖက်ဖို့အထိလည်း သွားလာတယ်။ အတင်းအဓမ္မအ ကြမ်းဖက်ဖို့သွားလာတဲ့ အနေအ ထားအထိလည်း ရောက်လာ တယ်။ အဲဒီလူတွေကို ဘယ်အုပ်စု တွေက ထောက်ခံတာလဲ။ အဲဒီ ၂၄ ပါတီကကော အဲဒီအုပ်စုကို ထောက်ခံနေတဲ့အထဲမှာ ပါသ လား။ ဒါတွေကို လူထုက ရှင်းရှင်း လင်းလင်းမြင်ကြရလိမ့်မယ်ထင် တယ်။ ဆိုတော့ ယေဘုယျအား ဖြင့်တော့ အာဏာရပါတီပြောခွင့် ရပုဂ္ဂိုလ်ပြောတာ ဟုတ်တယ်။ ဒါ ပေမဲ့ကိုယ်က သူ့ထက်တစ်ခုထပ် ထည့်ချင်တယ်။ အဲဒါက အတိတ် နဲ့မဆိုင်ဘဲ အခုမှပေါ်လာတဲ့အ ရာ၊ အခုမှလုပ်ကြတဲ့အရာ။ အဲဒါ ကတော့ အမျိုးဘာသာ၊ သာသ နာကို အကြောင်းပြုပြီး နိုင်ငံရေး လုပ်စားဖို့ ကြိုးစားကြတဲ့ကိစ္စပဲ။
နိုင်ငံတကာက တချို့ခေါင်းဆောင် တွေက မြန်မာနိုင်ငံကို အစိုးရနှစ် ရပ်အုပ်ချုပ်နေတယ်လို့ ရှုမြင်သုံး သပ်ကြတယ်။ မကြာမီက တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ဆို တယ်။ အကျဉ်းသား ပြန်လွတ် တာက အစနှစ်မျိုးကွဲနေတော့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒီချုပ်အစိုးရနဲ့ တပ်မတော်ကြားက ဆက်ဆံရေးကို ဘယ်လိုသုံးသပ်နိုင်မလဲ။
ပထမတစ်ခုကတော့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ပါတဲ့ အာဏာခွဲဝေမှုကိစ္စပေါ့။ ပထမတစ်ခုက အဲဒါကြောင့်မို့။ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုဖွဲ့စည်း လဲဆိုတာ အဲဒါအရင်ကြည့်ကြ တယ်။ အဲဒီသဘောအရကြည့်ရင် တော့ တပ်မတော်က ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရရဲ့ထိန်း ချုပ်မှုအောက်ကို မရောက်သေး ဘူးလို့ပြောရမယ်။ အဲဒီရှုထောင့် ကပြောရင် အစိုးရနှစ်ရပ်လိုဖြစ် နေတာပေါ့။ ဥပမာအားဖြင့်လူတွေ တော်တော်များများ သံသယဖြစ် ပြီး ပြောနေသံကို ကြားရတာက တော့ လုံခြုံရေးကိစ္စတွေ အကုန် လုံးက တပ်နဲ့ပတ်သက်တဲ့ ဌာန တွေအောက်မှာပဲ ရှိနေတယ်။ ဒါ ကပြဿနာတစ်ခုပေါ့။ အဲဒီကိစ္စ မှာလည်းပဲ အစိုးရနှစ်ရပ်အသွင် ဆောင်နေတာတွေ ရှိတယ်။ နောက်ပြီး တချို့နိုင်ငံတကာမှာ ဖြစ်နေတဲ့ကိစ္စတွေမှာဆိုလည်း ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေမှာ ဆိုရင် နောက်ဆုံးနိုင်ငံသားဖြစ်မှု ကို အဆုံးအဖြတ်ပေးတာက အ ဖွဲ့က ဆုံးဖြတ်ပေးမယ်။ အဲဒီအ ဖွဲ့မှာပါတာက ကာကွယ်ရေးဝန် ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီးရယ်ပေါ့နော်။ ၈၂ ခုနှစ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက်မှာ ရှိသေး တာပေါ့။ ဒါပေမဲ့ အဲဒီဥပဒေနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ဆုံး ဖြတ်တာက အစိုးရဆုံးဖြတ်တာနဲ့ စာရင် စစ်တပ်က ဆုံးဖြတ်တာဖြစ် တယ်လို့ ပြောမယ်ဆို ပြောလို့ရ တာပေါ့။ အဲဒါကြောင့် အစိုးရနှစ် ရပ်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ က ထွက်ပေါ်နေသလားလို့ စဉ်း စားစရာဖြစ်လာတယ်။
လွှတ်တော်ထဲမှာလည်း တပ်မ တော်သားကိုယ်စားလှယ်တွေက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ် သက်ပြီး အာဏာရပါတီနဲ့ သ ဘောထားတော်တော်ကွဲလွဲတာ ရှိတယ်။ ဒီမိုကရေစီအနိုင်ကျင့် တယ်လို့ ပြောလာတဲ့အထိဖြစ် တယ်။ ဒါတွေကကော လက်ရှိ အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးအပေါ် ဘယ်လိုအကျိုးသက် ရောက်မှု ဖြစ်စေမလဲ။
ဒီမိုကရေစီအနိုင်ကျင့်မှုဆို တဲ့ အသုံးအနှုန်းပေါ့။ ဒီမိုကရေစီ သဘောတရားထောင့်က ကြည့် ရင် မဲအများစုနဲ့ပဲ ဆုံးဖြတ်တာပဲ ပေါ့။ အနိုင်ကျင့်တယ်ဆိုတာက အဲဒီလူနည်းစုကို ပြောပိုင်ခွင့်ပိတ် သလား။ မဲရှုံးသွားတာကိုပြောတာ မဟုတ်ဘူးနော်။ အနိုင်ကျင့်တယ် ဆိုတာက ပြောပိုင်ခွင့်ပိတ်တယ်။ သဘောထားကွဲလွဲတဲ့သူတွေကို ထောင်တန်းချတယ်။ အဲဒီတော့ အဲဒီလိုအကြမ်းဖက်လာတယ်။ အတင်းအဓမ္မလုပ်တဲ့ အပြုအမူ တွေ လုပ်တယ်ဆိုရင် ဒါအနိုင် ကျင့်တယ်ဆိုတဲ့ အသုံးအနှုန်း ပေါ့။ အင်္ဂလိပ်လိုတော့ Majority tyranny လို့ ပြောတာပေါ့နော်။ အဲဒီထောင့်က ပြောမယ်ဆိုရင် အသုံးအနှုန်းလေးက လွဲနေတယ် လို့ ပြောရမယ်။ ဒါပေမဲ့ တပ်မ တော်က ပြောချင်တဲ့သဘောက ကျွန်တော်တို့ရဲ့ အသံကိုလည်း နားထောင်သင့်တယ်။ အရပ်ဘက် -စစ်ဘက်ဆက်ဆံရေးအကူးအ ပြောင်းမှာပေါ့။ ကျွန်တော်တို့ရဲ့ အသံကို နည်းနည်းအလေးထား သင့်တယ်ဆိုတဲ့ ပုံစံမျိုးကို ပြော ချင်တာ ထင်ပါတယ်။ ဒါက အကူးအပြောင်းတွေမှာ ပြောတယ် ဆိုရင် သဘာဝကျတယ်လို့ ပြော ရမယ်။ ဒါပေမဲ့ စပြောကတည်းက နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီးတော့ တရားမ၀င်။ တရားမ၀င်ဆိုတာ အခုလို ဖွဲ့စည်းပုံအရ သွားတယ် ဆိုတာထက် Pack သဘောပေါ့။ သဘောတူညီချက်တွေနဲ့ သွားတဲ့ နည်းလမ်းကိုရွေးဖို့ကောင်းတယ် ပေါ့။ အဲဒီလိုနည်းလမ်းကို ရွေးဖို့ လည်း ကိုယ်သိသလောက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဆွေး နွေးရအောင်၊ ဆွေးနွေးရအောင်နဲ့ ခေါ်ခဲ့တာကြာလှပြီ။ အဲဒီတော့ အတင်းအဓမ္မနဲ့ပဲ ဖွဲ့စည်းပုံအခြေ ခံဥပဒေအတိုင်း သွားမယ်ဆိုတဲ့ ဖွဲ့စည်းပုံနဲ့ လုပ်လိုက်တယ်ပေါ့ လေ။ အဲဒီလိုလုပ်လိုက်တော့ Pack လမ်းကြောင်းကို မသွား တော့ဘူး။ ဖွဲ့စည်းပုံလမ်းကြောင်း နဲ့ သွားမယ်လို့ ပြောလိုက်တယ်။ အဲဒီတော့ ဒီ Design ကိုက တပ် မတော်ရဲ့ Design လေ။ အဲဒီ Design အတိုင်း ကျင့်သုံးတာကို သူ(တပ်မတော်)က ပြန်ခံရရှာ တာ။ သူကလူနည်းစု အလိုလိုဖြစ် သွားတာ။ သူ့ Design နဲ့သူ ပိတ်မိသွားတယ်လို့ ပြောရမှာပေါ့။ ဆို လိုတာက ဒီပုံဒီနည်းနဲ့ကတော့ နံပါတ် (၁) က ဒီလိုနည်းလမ်းက နေ ထွက်ချင်တယ်ဆိုရင် ခုနက ပြောတဲ့တရားဝင် နည်းလမ်းတွေ နဲ့မဟုတ်ဘဲ အပြင်မှာ ညှိနှိုင်း သဘောတူဖို့၊ ဆွေးနွေးကြဖို့ လို လာတယ်။ လိုလာတဲ့အခါကျ တော့၊ ဆွေးနွေးတယ်ဆိုတာတစ် ခါတလေကျတော့ ကိုယ့်ဘက်က အရေးတကြီးထားတဲ့ဟာက သူ့ ဘက်က အရေးမကြီးဘူး။ အဲဒီ တော့ အပြန်အလှန်အပေးအယူ လုပ်ဖို့ လိုအပ်တယ်။ အဲဒီလိုအ ပေးအယူမလုပ်ဘဲနဲ့ ငါကတော့ ဘာမှ မပေးဘူးကွာဆိုရင်တော့ တစ်ဖက်မှာလည်း ရွေးချယ်စရာ လမ်းကြောင်းက သိပ်မရှိဘူး။ ဖွဲ့ စည်းပုံလမ်းကြောင်းကို ချထားတဲ့ အတိုင်းပဲ ရွေးရတဲ့အဖြစ်ကို ဖြစ် သွားတယ်ထင်တယ်။ အဲဒါ ကြောင့်မို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအရ ပြောရင်တော့ ဗမာပြည်အရွေ့က အခုအတိုင်း ဆိုရင် နှေးမယ့်သဘောပေါ့။
အစိုးရနှစ်ရပ်လိုဖြစ်နေတာ၊ တပ် မတော်က ကဏ္ဍ အသီးသီးမှာ အဓိကလိုဖြစ်နေတာ၊ အင်အားရှိနေတာတွေက ရေရှည်ဆက်ရှိနေ မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာ ဂတ်အပေါ် ဘာတွေ ကောင်းကျိုး၊ဆိုးပြစ်ရှိလာနိုင်မလဲ။
ယေဘုယျအားဖြင့်ပြောရင် မြန်မြန်ငြိမ်းချမ်းရေးရလေ၊ အကူး အပြောင်းဆိုင်ရာ သဘောတူညီ ချက်ရလေ ကောင်းလေပေါ့။ ဒီ လိုပဲ ပြန်သွားနေမယ်ဆိုရင် ပဋိ ပက္ခတွေက ရှေ့လျှောက်များနေ ဦးမှာပဲ။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)အပါအဝင် နိုင်ငံရေးပါတီ တွေ၊ အင်အားစုတွေ၊ အရပ် ဘက်အဖွဲ့အစည်း ၁၂၂ ခုပေါင်း ပြီး တပ်မတော်အနေနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ် တွေကနေ ဆုတ်ခွာဖို့ တိုက်တွန်း ထားကြတယ်။ ဒီတိုက်တွန်းချက် က ဘယ်လောက်ထိ ရောက်နိုင် မယ်လို့ ယူဆလဲ။
မတူတဲ့အဖွဲ့တွေက မတူတဲ့ ရည်မှန်းချက်တွေရှိတယ်။ အဲဒီ ရည်မှန်းချက်ကို ရောက်တယ်လို့ အဓိပ္ပာယ်ရတယ်ပေါ့။ ဆိုတော့ အဲဒါတွေက အခက်အခဲရှိနေဦး မှာပဲ။ တောင်းဆိုချက်တွေက လည်း ရှိနေဦးမှာပဲ။ တောင်းဆို ချက်တွေက ဒီလိုတောင်းဆိုလိုက် လို့ ရလာမယ်လို့ မျှော်လင့်ပြီး တောင်းဆိုတာမဟုတ်ဘူး။ မရ နိုင်သေးဘူး။ တပ်မတော်က ခုခံ နေဦးမယ်ဆိုတာလည်း တပ် မတော်ကို တောင်းဆိုတဲ့သူတွေ ကိုယ်၌က သိပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ က ဆက်တိုက်ရှိနေဦးမှာပဲ။ ဒါတွေက မရှောင်လွှဲနိုင်ဘူး။ သဘောတူညီချက်မရလေ၊ ဘယ် လိုကူးပြောင်းမယ်ဆိုတာကို ရေ ရာတဲ့ အချိန်ဇယားမထုတ်ပြန်နိုင် လေ အခုလို တောင်းဆိုချက်တွေ က မကြာခဏဆိုသလို ထွက်နေ ဦးမယ်လို့ထင်တယ်။
ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်နဲ့ပေါင်း ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို လွှတ်တော် မှာ ဆွေးနွေးခွင့်မပြုဘဲ ၄၅ ဦး ပူးပေါင်းကော်မတီလုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်တယ်။ လတ်တလောမှာ လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် က နောက်ထပ်ခြေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို တင်သွင်း လာတယ်။ ဒါတွေက ကောင်းတဲ့ လက္ခဏာတွေလို့ ထင်မြင်ယူဆ လား။
လွှတ်တော်စနစ်ပေါ်လာရင် မတူတဲ့အုပ်စုတွေက မတူတဲ့ သဘောထားနဲ့ မတူတဲ့ဥပဒေ ကြမ်းတွေကို တင်ကြမှာပဲ။ တင် ကြတဲ့အခါတိုင်းမှာလည်း လွှတ် တော်ရဲ့ သဘောအရ အနည်းစု၊ အများစုနဲ့ ဆုံးဖြတ်ပြီး အများစုရ တဲ့ဘက်က အနိုင်ရမှာပဲပေါ့။ ဒါ က ဖွဲ့စည်းပုံအခြေခံဥပဒေစက တည်းက အကူးအပြောင်းဆိုင်ရာ ကိစ္စကို Pack သဘောမျိုးမသွား ဘဲနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လွှတ်တော်လမ်း ကြောင်းက သွားမယ်လို့ ဆုံးဖြတ် လိုက်တာရဲ့ အကျိုးဆက်ပဲ။ စော စောက ပြောသလိုပဲ။ ဆိုတဲ့အခါ ကျတော့ ဒါတွေကလည်း ဆက် ပြီး ရှိနေဦးမှာပါ။ အနည်းစုရှိတဲ့ လူတွေတောင်းနေတာက လွှတ် တော်မှာ ဆုံးဖြတ်ချက်မကျမှာ လည်း ဆက်ဖြစ်နေဦးမှာပဲ။ ဒါက စကတည်းက ရွေးခဲ့တဲ့လမ်း ကြောင်းလေ။ အဲဒီလမ်းကြောင်း က ထွက်မယ်ဆိုရင်တော့ အပြင် မှာ စပြီးအပေးအယူတွေလုပ်ရ မယ်။ တစ်ဖက်က လိုချင်တာတွေ ကိုလည်း လေးစားဖို့လိုတယ်။ ငါ ကတော့ ချထားပြီးပြီ။ ငါလုပ်ချင် တာ မင်းသဘောတူရမယ်ဆိုရင် တော့ မရနိုင်ဘူးထင်တယ်။
ဒီချုပ်လွှတ်တော်ရဲ့ ခြေဥပြင်ဆင် ရေးက ဘယ်လောက်ခရီးရောက် နိုင်မယ်လို့ ထင်လဲ။
တချို့က နိုင်ငံရေးလေ။ ဆုံး ဖြတ်ချက်တစ်ခုထက် ဒါက နိုင်ငံ ရေးအရ တောင်းဆိုတာပေါ့။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရဲ့ အထဲမှာကိုက တချို့သော ပြဋ္ဌာန်းချက်တွေကို ပြုပြင်ဖို့ဆိုရင် တပ်မတော်ပါမှ ရမယ်လေ။ တပ် မတော်မပါရင် မရနိုင်ဘူး။ ဒါက လူထုကြီးတစ်ခုလုံးကလည်း သိ နေပြီးပြီ။ ရှင်းနေပြီ။ ဒါပေမဲ့တချို့အရာတွေက ပေးမှာလည်းမဟုတ် ဘူး၊ ရမှာလည်းမဟုတ်ဘူး။ အဲဒီ လောက်လည်း မဖြစ်နိုင်သေးဘူး။ ဒါကိုလည်း နှစ်ဖက်စလုံးက သိ နေကြတာ၊ လူတိုင်းကလည်း သိ နေကြတယ်။ ဒါပေမဲ့ ဒါက နိုင်ငံ ရေးလေ။ အဲဒီတော့ နိုင်ငံရေး ပါ တီအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ကို လျှောက်ပြီဆိုရင် ဒါတွေက မလွဲမရှောင်သာ ကြုံရမှာပဲ။
ဇူလိုင် ၁၇ ရက်မတိုင်မီမှာ ၄၅ ဦး ပူးပေါင်းကော်မတီက လွှတ်တော်ကို အစီရင်ခံစာတင်သွင်းရတော့ မယ်။ အဲဒီအချိန်ကျရင် မြန်မာ့ နိုင်ငံရေးက ဇာတ်ရှိန်အတက်ဆုံး ဖြစ်လာနိုင်လား။
ထူးထူးခြားခြားဖြစ်မယ် မထင်ဘူး။ ဒီအုပ်စုတွေအတိုင်းရှိ မယ်။ စကတည်းက ကျုပ်တို့ သဘောမတူရင် ခင်ဗျားတို့လုပ် လို့မရဘူးဆိုတာ လုပ်ထားတယ် လေ။ လုပ်ကြတယ်ဆိုတဲ့အတွက် ဘာမှ လုပ်လို့မရဘူး။ အကျေအ လည်ညှိနှိုင်းပေါ့။ ညှိနှိုင်းလို့မရ ရင် ဗမာပြည်က ဘယ်မှတော့ခရီးပေါက်မယ်မထင်ဘူး။ ဒီလိုပဲရှိနေ ဦးမယ်။
ဖြည့်စွက် ပြောကြားလိုတာ၊ သ တင်းပါးလိုတာရှိရင် ပြောကြားပေးပါဦးဗျ။
ရွေးကောက်ပွဲနားနီးလာရင် ရွေးကောက်ပွဲကို ဦးတည်ပြီး လှုပ် ရှားလာကြတာ သဘာဝပဲလေ။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ ချိန်ပြီး တော့ နိုင်ငံရေးကို ပြောကြ၊ ဆို ကြ၊ လုပ်ကြတာတွေကလည်း ရှိ နေမှာပေါ့။ ဒါကပုံမှန်ပါပဲ။ အဲဒီ အတွက်လည်း ပြင်းထန်တဲ့ ကောက်ချက်တွေဆွဲဖို့ မလိုဘူး ထင်ပါတယ်။ တစ်ခုပဲရှိတာ၊ တပ် မတော်ကပဲ သဘောတစ်ခု လောက် တကယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က လိုလားတဲ့၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစု ကြည်က လိုလားတဲ့ ပြင်ဆင်ချက် တစ်ခုကို လိုက်လျောကြည့်ပေါ့။ အပြင်က ကြည့်တဲ့လူတွေအမြင် အရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၅၉(စ)ကိုပြင်ဖို့ တောင်း တယ်။ တခြားပြဋ္ဌာန်းတွေကို မတောင်းဆိုသေးဘူး။ အထူး သဖြင့် တပ်မတော်က အထူးအ ခွင့်အရေးယူထားတာကိုလည်း အဲဒီအချိန် (၂၀၁၄)က အဓိက တောင်းဆိုတယ်လို့ မထင်ဘူး။ ဒါပေမဲ့ တချို့ဟာတွေက မိမိအ တွက် အဓိကမကျဘူး။ ဥပမာ ၅၉ (စ)က တပ်မတော်က အဓိက မကျဘူးထင်တယ်။ သူ့အတွက် က အထူးအခွင့်အရေးတွေကို ကာ ကွယ်တာက အဓိကကျမယ်ထင် တယ်။ အဲဒါမျိုးတွေဆိုရင်၊အပေး အယူလုပ်မယ်ဆိုရင် ကိစ္စတော် တော်များများက ကောင်းသွား မယ့်အနေအထားရှိမယ်လို့ထင် တယ်။ ဒါပေမဲ့ အဲဒီလိုတစ်ဖက် အတွက် အရမ်းအရေးကြီးနေပြီး အရေးကြီးတာကို လိုက်လျောမှု တွေမရှိဘူးဆိုရင်တော့ တိုင်းပြည် က ဒီအတိုင်းပဲ ဆက်ပြီးသွားကြဦး မှာပေါ့လေ။ နောက်ဆုံးတော့ တောင်းဆိုမှုတွေ ပြင်းထန်လာ မယ်။ လူတွေကလည်း လမ်းပေါ် ရောက်တဲ့အဆင့် ဖြစ်ချင်ဖြစ်သွား မယ်။ ဒါတွေအကုန်လုံးက တခြား နိုင်ငံတွေမှာလည်း ဖြစ်တာပဲ။
လက်ရှိ အခြေအနေနဲ့ ပတ်သက် ပြီး ပြည်သူလူထုကို ဘာများတိုက် တွန်းချင်လဲ။ အကြံပြုချက်ရှိရင် ပေးပါဦး။
မူဝါဒလေ့လာရေးထောင့် က ကြည့်ရင် တော်တော်လေ့လာ ဖို့ ကောင်းတယ်။ ပြန်လည်သုံး သပ်ဖို့ လိုအပ်ပါတယ်။ ပါတီ ၂၄ ခုက ယူဆကြသလို မှန်နေသ လား။ ၂၀၂၀ နားနီးလာလေ ရွေး ကောက်ပွဲကို အကြောင်းအချက် နှစ်ချက်နဲ့ ကစားဖို့ ကြိုးစားလာ မယ်။ တရားဥပဒေစိုးမိုးရေး ပျက် ပြားတယ်ဆိုတဲ့ အကြောင်းအ ချက်ရယ်၊ အမျိုးဘာသာ၊ သာသ နာကိစ္စတွေရယ်နဲ့ ကစားလာမယ် လို့ ယူဆကြတဲ့လူတွေပေါ့။ သူတို့ ပြောတာ ဟုတ်သလား။ ဒါမှမ ဟုတ် ၂၄ ပါတီပြောတာ ဟုတ် သလား။ လေ့လာဖို့ တော်တော် ကောင်းပါတယ်။ ၂၄ ပါတီက ပြောတာ မဟုတ်ဘဲ လူတွေထင် ကြသလို ဖြစ်ခဲ့ရင်ကော၊ အဲဒီ တရားဥပဒေ ပျက်ပြားအောင် လုပ်တာကို ကာကွယ်ဖို့၊ အမျိုး ဘာသာ၊ သာသနာကိုအကြောင်း ပြုပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်တာတွေကို ကာကွယ်ဖို့အ တွက် အစိုးရတစ်ရပ်တည်းနဲ့ မလုံလောက်တော့ဘူး။ လူထုကြီး တစ်ရပ်လုံးရဲ့ လှုပ်ရှားမှုကြီး တစ် ရပ်လိုအပ်လာပြီလို့ ကျွန်တော် ယူဆတယ်။ အဲဒီအတွက်လည်း အတိုင်းအဆကြီးကြီးနဲ့ လုပ် ဆောင်ဖို့ လိုအပ်လိမ့်မယ်။ ဥပမာ ၁၉၈၈ တုန်းကဆိုရင် အစိုးရက လုံးဝမလုပ်နိုင်တော့ဘူးဖြစ်သွား တာပေါ့။ ဒါပေမဲ့အခုက အဲဒီလို မဟုတ်ဘူး။ အစိုးကလည်း ရှိနေ တယ်။ ချုပ်ထိန်းဖို့လည်း တချို့ လူတွေ ယူဆကြတယ်။ လူထုကြီး တစ်ရပ်လုံးက လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ၊ အုံလိုက်ကျင်း လိုက်နဲ့ကို မိမိတို့ဟာ ဘယ်ဘက် မှာရှိတယ်ဆိုတာပြဖို့ သိပ်ကိုလို အပ်နေတယ်လို့ ကျွန်တော်ထင် တယ်ဗျ။
ကျေးဇူးတင်ပါတယ်။
7Day Daily


No comments:

Post a Comment