Sunday, June 23, 2019

မဘသကို သိန်း ၃၀၀ လှူတဲ့ တိုင်းမှူးကို ဗိုလ်မှူး ကျော်စွာဝင်းမေးပြီ

မဘသကို သိန်း ၃၀၀ လှူတဲ့ တိုင်းမှူးကို ဗိုလ်မှူး ကျော်စွာဝင်းမေးပြီ
====================================
၂၂..၆..၁၉
-
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မှာ အလှူငွေ ငါးထောင်ထည့်ပြီး လက်မှတ်ရေးထိုးလို့ ထောင်နှစ်နှစ်ကျခဲ့တဲ့ မန္တလေးတိုင်း ပြင်ဦးလွင် အခြေစိုက် အင်ဂျင်နီယာတပ်မှ
ဗိုလ်မှူး ကျော်စွာဝင်း ကို လူတိုင်းသိမှာပါ။
-
အခု တရားမ၀င် အဖွဲ့အစည်းဖြစ်တဲ့ မဘသကို တိုင်းမှူးတစ်ယောက်က သိန်း သုံးရာ လှူဒါန်းမှုအပေါ် ဗိုလ်မှူး ကျော်စွာဝင်း မေးလိုက်တာကာတော့
-
သိန်း ၃၀၀ လှူတော့ လှူသင့်လို့လှူတယ် ဟလား။
ကျွန်တော် လှူတုန်းကတော့ ပါတီစွဲရှိလို့ လှူတယ် ဟလား။ခင်ဗျားတို့
လှူတော့ ရည်ရွယ်ချက်ကောင်းလို့ လှူတယ် ဟလား။ဒီလက်မှတ်
ကောက်တုန်းက ပါတီရန်ပုံငွေလေး ၅၀၀၀ ထည့်ခဲ့တာကို ထောင် ၂ နှစ်ချခဲ့တာ ခင်ဗျားတို့ပဲ မဟုတ်လား။ ကျွန်တော်လှူခဲ့တာ ကိုယ်ပိုင်
ငွေနော်။
-
အခု့ ခင်ဗျားတို့ လှူတာ ဘယ်သူ့ငွေလဲ။ ကျွန်တော်လှူခဲ့တာ တရားဝင်
အဖွဲ့အစည်းအတွက်ရန်ပုံငွေနော်။ ခင်ဗျားတို့ လှူခဲ့တာ တရားမဝင်
အဖွဲ့ကို လှူတာနော်။
-
ဥပဒေသာ ဘက်မလိုက်ရင် ၅ဝဝဝ ကို ထောင် ၂ နှစ် သိန်း ၃ဝဝ ဆိုတော့ကာ ထောင် နှစ် ၁၂ဝဝဝ လောက်ချလို့ရတယ်။
-
စစ်သားဆိုတာ ဖြစ်ရပ်တူ ကိစ္စအတွက် သူများကို ထောင်ချရဲရင် ကိုယ်လဲ ထောင်ထဲဝင်ရဲ ရတယ်ဗျ။ တိုင်းမှူးက သူ့ပိုက်ဆံနဲ့ သူ
သူ့သဘောနဲ့သူ လှူလိုက်တာလို့် အမည်လွှဲချ ချင်သေးလား။
ခု့ခေတ်တိုင်းမှူးတွေ အဲ့လောက် မချမ်းသာဘူးဗျ။
-
ဒီပိုက်ဆံက စစ်သားတွေ အတွက်အကျိုးရှိရာကိုသုံးလိုက်ရင် စစ်သားတွေက ကျေးဇူးတင်မယ်ဗျ။
-
စစ်သားတွေကိုတော့ အိတ်ထဲက ကြက်လို သဘောထားတယ်။ ပြင်ပ စည်းရုံးရေးကိုတော့ ငွေကို ရေလိုသုံးတယ်။ သမ္မတ လုပ်ဖို့ အိမ်မက်မက်နေတာကို လက်လျှော့လိုက်တာ အကောင်းဆုံးလို့ အကြံပေးချင်တယ်။

Credit - Kyaw Swa Win





No comments:

Post a Comment