နေပြည်တော် ဇွန် ၂၂
မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ အနီးတစ်ဝိုက်၌ AA အဖွဲ့ဟုယူဆရသည့် မကျားဆည်ကျေးရွာသားတစ်ဦး၊ ပေါက်တောပြင် ကျေးရွာသားလေးဦး၊ ဗူးရွက်မညှိုး ကျေးရွာသားတစ်ဦး၊ အုတ်ဖိုကန် ကျေးရွာသားတစ်ဦးနှင့် ဒုံးသိမ်ကျေးရွာသားတစ်ဦး စုစုပေါင်း မသင်္ကာဖွယ်အမျိုးသားရှစ်ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ သဖြင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇွန် ၂၁ ရက်တွင် ပေါက်တောပြင်ကျေးရွာ၏အရှေ့ဘက် သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များနှင့် ပူးပေါင်း၍ သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် မသက်ဆိုင်သည့် လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ WFP တံဆိပ်ပါ ထောက်ပံ့ ရေးရိက္ခာ ပစ္စည်းများ၊ အခြားစားသောက်ကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Credit - MOI Web Portal Myanmar
No comments:
Post a Comment