Thursday, June 13, 2019

Blackwater တည်ထောင်သူ ကွန်ဂိုမှာ လုပ်ငန်းချဲ့



■ ပြီးခဲ့တဲ့ အီရတ်စစ်ပွဲမှာ Blackwater လို့ အမည်ပေးထားတဲ့ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ ကုမ္ပဏီထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ဝင်ရောက်မြုပ်နှံမှုတွေပြုလုပ်ထားတဲ့ FSG (Frontier Services Group) ဝန်ဆောင်မှုအဖွဲ့ဟာ ကွန်ဂိုနိုင်ငံမှာ အခု လုပ်ငန်းအများအပြား လုပ်ကိုင်နေတယ်လို့ မနေ့က သတင်းရပါတယ်။ အဲဒီအဖွဲ့ ခေါင်းဆောင်က Prince ပရင့်စ် ဆိုသူဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CITIC ရဲ့ ပင်လယ်ရပ်ခြား စီးပွားရေး လုပ်ငန်းတွေကို လုံခြုံရေးတာဝန် ယူပေးနေသူလည်းဖြစ်ပါတယ်။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်လုပ်ကိုင်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတွေအတွက် အဲဒီ ကုမ္ပဏီက ပါဝင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကွန်ဂိုမှာတော့ သတ္ထုတူးဖေါ်ရေး၊ သစ်ထုတ်လုပ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အခု ဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ Prince ပရင့်စ် ဟာ အမေရိကန် Navy SEAL အထူးတပ်ဖွဲ့ အရာရှိဟောင်းဖြစ်ပြီး CIA အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့နဲ့လည်း အနီးကပ်ဆက်ဆံရေး ရှိတယ်လို့ဆိုပါတယ်။ အီရတ်စစ်ပွဲမှာ အမေရိကန်စစ်ပြန်တွေနဲ့ သူဖွဲ့စည်းတည်ထာင်ခဲ့တဲ့ Blackwater အဖွဲ့ဝင်တွေက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် Blackwater ကုမ္ပဏီကို ရောင်းချခဲ့ပြီး FSG ကို ၂ဝ၁၄ မှာ ထူထောင်ခဲ့တာပါ။ မြန်မာပြည်မှာ သူတို့ ကုမ္ပဏီက လုပ်ဆောင်နေမှုတွေကို အသေးစိပ် ထုတ်ပြန်ထားခြင်း မရှိပါဘူး။

Photo: SAUL LOEB / AFP



Credit - RFA


No comments:

Post a Comment