Monday, May 20, 2019

အွန်လိုင်းတွင် အကြောင်းအရာဖန်တီးသည့် Social Influencer များကို ဆုချီးမြှင့်မည်

မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်၌ အကြောင်းအရာအမျိုးမျိုးဖန်တီးသူများအနက် ထူးချွန်သူများကို ရွေးချယ်ဆုချီးမြှင့်မည့် Myanmar Influencer Awards ပြိုင်ပွဲကို ဒုတိယအကြိမ် ကျင်းပမည်ဖြစ်သည်။

လာမည့် မေ၂၂ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည့် အဆိုပါ Myanmar Influencer Awards 2018 ကို Amara Digital Marketing Agency မှ ဦးဆောင်ကျင်းပမည် ဖြစ်ပြီး OPPO F11 က အဓိက ကူညီပံ့ပိုးထားသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် အလှအပရေးရာကဏ္ဍဍ၊ ခရီးသွားကဏ္ဍဍ၊ အစားအသောက်ကဏ္ဍဍ၊ အချက်အပြုတ်ကဏ္ဍဍ ၊ အိုင်တီကိရိယာနှင့် ဂိမ်းကစားခြင်း ကဏ္ဍဍ၊ အထွေထွေကဏ္ဍဍ ၊ နေမှုဘဝကဏ္ဍဍ ၊ ဗီဒီယိုဖန်တီးသူများ ကဏ္ဍဍ၊ နာမည်ကျော်ပြီးသားသူများ ကဏ္ဍဍ၊ ကျန်းမာရေး/မိခင်နဲ့ကလေးကဏ္ဍဍ ၊ အနုပညာနှင့် ဒီဇိုင်းကဏ္ဍဍ ၊ သတင်းအချက်အလက်နှင့် ဗဟုသုတကဏ္ဍဍတို့အတွက် ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

ထိုသို့ ဆုချီးမြှင့်ရာတွင် အထူးချွန်ဆုံးဆု ၊ အငယ်တန်း Influencer အထူးချွန်ဆုံးဆု၊၂၀၁၈ခုနှစ်အတွက် အားပေးသူအများဆုံးဆု နှင့် ၂၀၁၈ ခုနှစ်တစ်ခုလုံးအတွက် အထူးချွန်ဆုံးဆုဟူ၍ ခေါင်းစဉ် ၁၂ခုအတွက် ဆုစုစုပေါင်း ၁၅ဆု ချီးမြှင့်မည်ဖြစ်သည်။

ဆုရွေးချယ်ရာတွင် ခေါင်းစဉ်အလိုက် ၁၁ဆုအတွက် သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက ဒိုင်များအဖြစ် အကဲဖြတ်ပေးသည့်အမှတ်၊ အားပေးသူများ မဲပေးသည့် မဲအရေအတွက်နှင့် ၂၀၁၈ တစ်နှစ်တာအတွင်း ဖန်တီးခဲ့သည့် အကြောင်းအရာများ၏ ရလဒ်သုံးခုကိုပေါင်း၍ အထူးချွန်ဆုံးသူများကို ရွေးချယ်သွားမည်ဖြစ်သည်။

အားပေးသူအများဆုံးဆု အတွက် မဲအများဆုံးသူကိုလည်းကောင်း၊ Micro-Influencer ဆုအတွက် follower ၇၀ဝဝဝ အောက်ရှိသူများအနက် ဒိုင်အမှတ်၊ မဲနှင့် ၂၀၁၈ရလဒ် အများဆုံးရသူကိုလည်းကောင်း၊ Celebrity Inlfuencer ဆုအတွက် မဲရလဒ်နှင့် ၂၀၁၈ရလဒ် အများဆုံးရသူကိုလည်းကောင်း၊ Influencer of the Year ဆုအတွက် မဲရလဒ်၊ ၂၀၁၈ရလဒ်နှင့် Influencer အချင်းချင်း မဲပေးသည့်ရလဒ်တို့တွင် အများဆုံးရသူကိုလည်းကောင်း ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "Every Inlfuence Matters" ဖြစ်ပြီး "မည်မျှ သေးငယ်သည့် လွှမ်းမိုးမှုပင် ဖြစ်ပါစေ၊ သက်ဆိုင်ရာနယ်ပယ်တွင် အရေးပါသည်"ဟု ဆိုလိုခြင်းဖြစ်သည်။

ဆုပေးပွဲကျင်းပခြင်းဖြင့် အွန်လိုင်းတွင် အကြောင်းအရာများဖန်တီးသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ရန်နှင့် အကြောင်းအရာကောင်းများ ဖန်တီးသည့် Influencer များကို အသိအမှတ်ပြုချီးမြှင့်ရန် ရည်ရွယ်သည်ဟု Amara Digital Marketing Agency တည်ထောင်သူ မချမ်းမြေ့ခိုင်က ဆိုသည်။

မြန်မာပြည်တွင် အွန်လိုင်း၌ အကြောင်းအရာများဖန်တီး၍ သက်ဆိုင်ရာ လူအုပ်စုအပေါ် အနည်းနှင့်အများ လွှမ်းမိုးမှုရှိသော Social Influencer ပေါင်း ၂၀ဝကျော်ရှိနေသည်။

Credit - Myanmar Times


No comments:

Post a Comment