မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီကို သက်တမ်းတစ်နှစ်တိုးမြှင့်ခြင်းပါဝင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ပြတ်သားစွာပယ်ချကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကောင်စီအားပြောသည်။
ဥရောပသမဂ္ဂ(အီးယူ)က တင်သွင်းသော အဆိုမူကြမ်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ မြန်မာအစိုးရက ယင်းအဆိုမူ ကြမ်းကို အဓိကအကြောင်းရင်း ခုနစ်ချက်ဖြင့် ပြတ်သားစွာ ပယ်ချကြောင်း အထက်ပါ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက ကောင်စီအား မတ်လ ၂၂ ရက်တွင် တုံ့ပြန်ပြောကြားသည်။
သို့သော် အဆိုမူကြမ်းကို ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၃၇ နိုင်ငံက ထောက်ခံ၍ တရုတ်၊ ကျူးဘား၊ ဖိလစ်ပိုင် သုံးနိုင်ငံသာ ကန့်ကွက်ခဲ့ပြီး ကျန်ခုနစ်နိုင်ငံက ကြားနေမဲပေးခဲ့သည်။ ထို့ကြောင့် ယင်းအဆိုမူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အ တည်ပြုချမှတ်ခဲ့သည်။
‘‘နောက်ခံအကြောင်းတ ရားတွေကြောင့် မြန်မာဟာ ဒီအ ဆိုမူကြမ်းကို ပြတ်သားစွာ ပယ်ချ လိုက်တယ်။ ဒါကြောင့် ဒီမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင် ငံအပေါ် စည်းနှောင်မှုရှိမှာမဟုတ် ပါဘူး’’ဟု သံအမတ်ကြီး ဦးကျော် မိုးထွန်းက ကောင်စီအား ပြော သည်။
ကုလလူ့အခွင့်အရေး ကောင်စီက အတည်ပြုသော ဆုံး ဖြတ်ချက်တွင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်၌ မြန်မာ့တပ်မတော် နှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ အထူးအစီရင်ခံစာ တင်သွင်းသူ၏ လုပ်ပိုင်ခွင့်ကို တစ်နှစ်သက်တမ်းတိုးမြှင့်ရန်၊ မြန်မာအစိုးရက အထူးအစီရင်ခံစာတင် သွင်းသူနှင့် ပူးပေါင်းဆောင်ရွက် ရန် စသည့် အချက်များ ပါဝင် သည်။
ထို့အပြင် မကြာသေးမီက ရခိုင်ပြည်နယ်တွင် အရှိန်မြင့်လာသော တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း ကောင်စီက ထုတ်ပြန်သည်။
သို့သော် ဆုံးဖြတ်ချက်အဆို မူကြမ်းသည် တစ်ဖက်သတ်ပြော ကြားမှုများ၊ ပြင်းထန်သည့် နိုင်ငံ ရေးသွတ်သွင်းမှုများနှင့် မြန်မာနိုင် ငံက ပြတ်သားစွာ ကန့်ကွက်ထား သည့် အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM)၊ အထူးအစီရင်ခံစာ တင်သွင်းသူတို့၏မှားယွင်းသော အစီရင်ခံစာများကို အခြေခံထား သည်ဟု ဦးကျော်မိုးထွန်းက တုံ့ ပြန်သည်။
အဆိုမူကြမ်းသည် မြန်မာ နိုင်ငံအပေါ် ဆုံးဖြတ်ချက်တစ်ခု ပြီးတစ်ခု၊ ယန္တရားတစ်ခုပြီးတစ်ခု တို့ဖြင့် နိုင်ငံတကာဖိအားများ ပိုမို ကျရောက်စေရန် ရည်ရွယ်ချက် ဖြင့် လုပ်ဆောင်သည်မှာ ထင်ရှား ပြီး လူ့အခွင့်အရေးအမည်တပ်၍ ကုလသမဂ္ဂယန္တရားမျိုးစုံကို အလွဲ သုံးစားပြုကာ မြန်မာနိုင်ငံအပေါ် မကြုံစဖူး ခွဲခြားဆက်ဆံစစ်ဆေးမှု များ ကျရောက်စေရန် ရည်ရွယ် သည့် စွပ်စွဲမှုများကို အခြေခံထား သော စာပိုဒ်များ တွေ့ရသည် ဟု သံအမတ်ကြီးက ဆိုသည်။ ယခုအခါ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ယန္တရားများစွာ၏ စောင့် ကြည့်စစ်ဆေးမှု ကြုံတွေ့နေရ သည်ဟု ဆက်လက်ပြောသည်။
ယင်းနောက် အဆိုမူကြမ်း သည် အချုပ်အခြာအာဏာပိုင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင် ငံ၏ဂုဏ်သိက္ခာ၊ အချုပ်အခြာနှင့် နယ်မြေတည်တံ့မှုတို့ကို လုံးဝ အလေးမထားရာ ရောက်နေပြီး ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအပေါ် လူ့ အခွင့်အရေး စံနှုန်းများသုံး၍ ခွဲခြားဆက်ဆံခြင်း၊ ဘက်လိုက်ခြင်းနှင့် စံနှစ်မျိုးဖြင့် ဆက်ဆံခြင်းကို ပြသ နေသည့် ဥပမာတစ်ခုအဖြစ် မြင် တွေ့ရသည်ဟု သံအမတ်ကြီးက ကောင်စီအား ပြောသည်။
အဆိုမူကြမ်းသည် မြန်မာ နိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ် ရှိ အသိုက်အဝန်းများအကြား သာမက မြန်မာနိုင်ငံနှင့် နိုင်ငံတ ကာ အသိုက်အဝန်းကြားတွင်ပါ ပိုမိုနားလည်မှုလွဲမှားပြီး အမြင်ကွဲ ပြားအောင် မျိုးစေ့ချနေကြောင်း နှင့် ဖြေရှင်းမှု၊ နားလည်မှုနှင့် ပြန်လည်သင့်မြတ်မှုတို့ကို အဖြေရှာရမည့်အစား အပြစ်ပေး ဒဏ်ခတ် လိုသည့် အငွေ့အသက်များဖြင့် သာ ပြည့်နှက်နေကြောင်း ဦးကျော် မိုးထွန်းက တုံ့ပြန်သည်။
ထို့အပြင် လက်ရှိ လူသား ချင်းစာနာမှုဆိုင်ရာ အခြေအနေ များ ဖြစ်ပေါ်စေသည့် အဓိကအ ကြောင်းရင်းမှန်ဖြစ်သော အကြမ်း ဖက်ခြိမ်းခြောက်မှုကို အဆိုမူ ကြမ်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လျစ်လျူရှုထား၍ ပူးတွဲအဆိုတင် သွင်းသူများ၏ရည်ရွယ်ချက်၊ စိတ်ရင်းအမှန်တို့နှင့် ပတ်သက်ကာ အ လွန်စိုးရိမ်ပူပန်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုမူကြမ်းကို ပြတ်သား စွာ ပယ်ချရသည့် နောက်ဆုံး အ ဓိကအကြောင်းရင်းသည် မြန်မာတစ်နိုင်ငံတည်းသာ ဦးတည်သည့် ဆုံးဖြတ်ချက်များကို ဆန့်ကျင် ကြောင်း သံအမတ်ကြီးက ကောင်စီအား ပြောသည်။
No comments:
Post a Comment