Sunday, March 24, 2019

ရေခဲတောင်မှာ ရုပ်ရှင်ရိုက်သလိုမျိုး ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ တွေရိုက်ကူးချင်တယ်ဆိုတဲ့ မြင့်မြတ်


ရေခဲတောင်၌ ရုပ်ရှင် သွားရောက်ရိုက်ကူးရာတွင် အ ခက်အခဲများကြုံခဲ့ရသလို ဘ၀အ တွက် အမှတ်တရဖြစ်နေမည့်ရုပ် ရှင်ဖြစ်ကြောင်း မြင့်မြတ်က ပြော သည်။
‘‘ပုံမှန်ရိုက်တဲ့ကားတွေနဲ့ မတူဘူး။ တစ်နေရာနဲ့တစ်နေရာ ကို သွားဖို့တော်တော်ကြာတယ်။ ခါတိုင်းဆို ဇာတ်ကားတစ်ကားက ပရိသတ်တွေကိုရသပေးတာ၊ အ ခုတော့ အဲဒီကားရဲ့ရသတွေကို ကျွန်တော်တို့က ခံစားရတာ’’ ဟု မြင့်မြတ်ကပြောသည်။
ယင်းဇာတ်ကားကို ဖေဖော် ၀ါရီလလယ်ပိုင်းတွင် စတင်ရိုက် ကူးခဲ့ပြီး ရိုက်ကူးချိန်တစ်လခန့် ကြာမြင့်မည်ဟု ဆိုသည်။ ရေခဲ တောင်ဒေသသို့သွားရောက်ရိုက် ကူးခြင်းဖြစ်၍ အအေးလွန်သော ကြောင့် နှင်းကိုက်သည့်ဝေဒနာ ကို သရုပ်ဆောင်အချို့နှင့်ရိုက်ကူး ရေးဘက်မှ လူအချို့ခံစားခဲ့ရ သည်ဟု မြင့်မြတ်ကပြောသည်။
‘‘ရိုက်မယ့်နေရာကို သွားရ တာက ၄၅ မိနစ်၊ တစ်နာရီ လောက်ကြာတယ်။ ရိုက်ကူးချိန်နဲ့ ဆိုတော့ နှင်းကိုက်တာ ကျွန် တော့်မန်နေဂျာရယ်၊ ကိုကေညီ ရယ်။ စက်အဖွဲ့က လူတွေဆိုရင် ခြေချောင်းတွေပုပ်ကုန်တာ။ အ ရမ်းဆိုးဆိုးရွားရွားတော့မဟုတ် ဘူး’’ ဟု ရိုက်ကူးရေးအတွေ့အ ကြုံကို ပြောသည်။
အချို့ရက်များတွင် အစား အသောက်လာပို့သည့်ကား လမ်း တွင်ကြန့်ကြာနေသဖြင့် အနီးရှိ စမ်းချောင်းမှရေကို ကြို၍သောက် ခဲ့ရသည်ဟု ဆိုသည်။
‘‘အရက်ကို စမ်းချောင်းရေ ကို ကြိုထားတာနဲ့ရောသောက် ရတယ်။ တော်တော်လေး ပရမ်း ပတာပေါ့။ ဘ၀မှာ တစ်ခါမှ အ ရက်ကို ရေနွေးနဲ့ရောမသောက် ဖူးဘူး’’ ဟု မြင့်မြတ်ကပြောသည်။
ယင်းဇာတ်ကားရိုက်ကူးရေး ကာလ၌ ရေမချိုးဘဲ ၁၄ ရက်ကြာ နေခဲ့သည်မှာလည်း အမှတ်တရ ပင်ဖြစ်ကြောင်း မြင့်မြတ်ကပြော သည်။
‘‘ပင်ပင်ပန်းပန်းခက်ခက်ခဲ ခဲ ရိုက်ရတဲ့အတွက် ဂုဏ်ယူ တယ်။ နောက်ကိုလည်း ဒီလို ဇာတ်ကားတွေ ရိုက်ချင်ပါတယ်’’ ဟု မြင့်မြတ်က ပြောသည်။
ယင်းဇာတ်ကားတွင် မြင့် မြတ်၊ ယုန်လေး၊ သင်ဇာဝင့် ကျော်နှင့်အတူ ကချင်သရုပ် ဆောင်များ ပါဝင်ထားပြီးဒါရိုက် တာဒေါင်းလွဏ်းက ရိုက်ကူးပုံ ဖော်ထားသည်။

No comments:

Post a Comment