ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တစ်ကျပ်သား ရွှေဒင်္ဂါးပြားကို ဗဟိုဘဏ်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ် ရေးဆိုင်များတွင် ဧပြီ ၂ ရက်က စ၍ ရောင်းချမည်ဟု သတင်း ထုတ်ပြန်သည်။
‘‘၁ ရက်နေ့က ပိတ်ရက်ဖြစ် နေတဲ့အတွက် ၂ ရက်နေ့ကစပြီး ရောင်းပေးခြင်းဖြစ်ပါတယ်’’ ဟု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လက် ထောက် အထွေထွေမန်နေဂျာ ဦးလှအောင်ကပြောသည်။
ရွှေဒင်္ဂါးပြား စုစုပေါင်း ၁,၀၀၀ ထုတ်လုပ်ထားပြီး ရန်ကုန်သို့ ၆၀၀၊ မန္တလေးသို့ ၂၀၀ နှင့် နေပြည်တော်သို့ ၂၀၀ ခွဲဝေပေးပို့ ထားသည်ဟုဆိုသည်။ ရောင်းချ မည့်ဈေးနှုန်းသည် နေ့စဉ် ရွှေပေါက်ဈေးပေါ် မူတည်တွက်ချက်မည်ဖြစ်ပြီး ၃၈,၉၅၀ ကျပ်ကို အလျော့တွက်နှင့် အခြားကုန်ကျ စရိတ်အဖြစ် ပုံသေပေါင်းထည့် မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိ သည်။
‘‘သူတို့က ဘယ်လိုထုတ်လို့ ဒီလောက်ကျလဲတော့မသိဘူး။ အ ပြင်မှာ အဲဒီလောက်မများပါဘူး။ အရင်တုန်းက ထုတ်ရောင်းတာ တွေက ရွှေတစ်ကျပ်သားတန်ဖိုးပဲ ပေးရတာရှိတယ်။ ဒီလိုမျိုးပေးရတာမရှိပါဘူး’’ဟု အောင်သမာဓိ ရွှေဆိုင် အထွေထွေမန်နေဂျာဦးမော်ကပြောသည်။
အဆိုပါဈေးနှုန်းအရ အ လျော့တွက်ခသည် လက်ရှိပေါက် ဈေးဖြင့် တွက်ပါက အနည်းဆုံး လေးရွေးမှ ငါးရွေးထိ ရှိနိုင်ပြီး ပြင်ပပေါက်ဈေးတွင် ဒင်္ဂါးပြား တစ်ခုအတွက် နှစ်ရွေးကျော်သာရှိ၍ ကျပ်နှစ်သောင်းခန့်သာ ကုန်ကျနိုင်သည်ဟု မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးအုန်းမြိုင်က ပြော ကြားသည်။
ဗဟိုဘဏ်က ရောင်းချသည့် တစ်ကျပ်သားဂရမ်ဖြင့် တွက်ချက်ရာတွင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး အပြင်ပေါက်ဈေး၌ ၁၆ ဒသမ ၆၀၆ ဂရမ် ရှိရမည်ဖြစ်သည်။ ထို့ ကြောင့် ပြင်ပပေါက်ဈေးထက် အလေးချိန် အနည်းငယ်လျော့ သည်ဟု ၎င်းကဆိုသည်။
ယခုရောင်းချမည့် ဒင်္ဂါးပြား သည် အချင်း ၂၆ မီလီမီတာ၊ အ ထူ ၂ မီလီမီတာရှိပြီး ဒင်္ဂါးမျက်နှာ ပိုင်းဗဟိုတွင် ဗိုလ်ချုပ်အောင် ဆန်းပုံနှင့် ပုံ၏အောက်တွင်Aung San အမည်ပါရှိကာ ဒင်္ဂါးအနား ပတ်လည်တွင် Central Bank of Myanmar 16.329 gm၊ 999.9 Fine Gold စာလုံးများ ပါဝင်သည်။ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ၂၀၁၈၊ ၁ ကျပ် သား၊ ၉၉၉.၉ သန့်စင်ရွှေဟူသော စာသားများ ပါဝင်သည်။
ဗဟိုဘဏ်က ရွှေဒင်္ဂါးများ ကို တစ်ကျပ်သား၊ ငါးမူးသား တစ်မတ်သားကို ၁၉၉၁ က စတင် ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်မတ် သားရွှေဒင်္ဂါးကို ၂၀၁၈ တွင် ပုံစံ သစ်ဖြင့် ထုတ်လုပ်ခဲ့သည်။
ထိုရွှေဒင်္ဂါးများသည် ပြင်ပ ပေါက်ဈေးတွင် အရောင်းအ၀ယ် အနည်းငယ်သာရှိပြီးရွှေစုဆောင်း သူအများစုကသာ ၀ယ်ယူလေ့ရှိ သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
‘‘တစ်မတ်သား စထုတ်တဲ့ လတုန်းက အရမ်းရောင်းအား ကောင်းပြီးတော့မှ နောက်ပိုင်း အေးသွားတယ်။ အခု တစ်ကျပ် သားနဲ့ထုတ်တဲ့ အပေါ်မှာတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး’’ ဟု မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအရောင်း ဆိုင်မှ ၀န်ထမ်းတစ်ဦးက ပြော သည်။
လက်ရှိ ရွှေပြင်ပပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၁,၀၄၈,၀၀၀ ရှိသည်။
Credit - 7 Day
No comments:
Post a Comment