Sunday, March 31, 2019

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ သင်္ကြန်နောက်ပိုင်းသို့ ရွှေ့ဆိုင်း

အစိုးရနှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIO)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဧပြီလဆန်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း မအားလပ်သဖြင့် သင်္ကြန်ကာလနောက်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

အစိုးရနှင့် KIO အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့အကြား နှစ်ဦးနှစ်ဖက်အပစ်ရပ် စဲရေး ဆောင်ရွက်နိုင်ရန် ဧပြီအတွင်း ဆွေးနွေးပွဲနှစ်ကြိမ် ပြုလုပ်ရန် KIO က မတ်လ ၂၁ ရက်တွင်အဆိုပြုခဲ့သည်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရ၊ တပ်မတော်နှင့် KIO တို့ ဧပြီ ၂ ရက်မှ ၉ ရက်အတွင်း တစ်ကြိမ်၊ သင်္ကြန်အပြီး တစ်ကြိမ်တွေ့ဆုံရန် စီစဉ်နေကြောင်း မတ်လ ၂၉ ရက်တွင် ပြောကြားထား သည်။

‘‘နေပြည်တော်မှာ KIO ဘက်က အဆိုပြုထားတယ်လေ။ သူတို့ ဧပြီလဆန်းပိုင်းမှာ တွေ့ မယ်။ တွေ့ရင်လည်း လေးဖွဲ့နဲ့ တွေ့မယ်လို့ အဆိုပြုထားတာ ရှိ တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လဆန်းပိုင်းမှာ တွေ့ဖို့အတွက်က ပြန်ညှိနှိုင်းတဲ့အခါ အစိုးရဘက် အားတဲ့အချိန် ဟိုဘက် မြောက် ပိုင်းလေးဖွဲ့က မအားဘူး။ ဟို ဘက်က အဆင်သင့်ဖြစ်တဲ့အချိန် ဒီဘက်က ပြန်မအားဆိုတဲ့ဟာမျိုး ပေါ့။ ပြန်ညှိနှိုင်းကြတဲ့အခါ အား လုံး အဆင်ပြေတဲ့အချိန်ဆိုတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှ ပြန် တွေ့ကြမယ်ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်သွားတယ်’’ဟု ဦးလမိုင်ဂွန် ဂျာက မတ်လ ၃၁ ရက်တွင် ပြော ကြားသည်။

KIO၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA) ဟူသည့် မြောက်ပိုင်းလေးဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး မတ်လ ၂၁ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့ အပါအ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့်ပတ်သက်ပြီး မူလက Bilateral ဟု ခေါ်ဆိုသည့် နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးစာချုပ်ရရှိရေး ဆွေးနွေးရန် စီစဉ်သော်လည်း မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တွင် ပါဝင်သည့် AA က ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိပြုချက် (Deed of Commitment)ကို ဦးစွာလက်မှတ်ရေးထိုးရန် အစိုးရဘက်က ဆွေးနွေးခဲ့သည်။

KIO အပါအ၀င် မြောက်ပိုင်းလေးဖွဲ့က Deed of Commit -ment လက်မှတ်ရေးထိုးမည် မဟုတ်ဘဲ Bilateral အပစ်ရပ်စဲ ရေးစာချုပ်ကိုသာ လက်မှတ်ရေး ထိုးလိုကြောင်း ပြောကြားထား သည်။

Credit - 7 Day



No comments:

Post a Comment