Sunday, March 31, 2019

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ သင်္ကြန်နောက်ပိုင်းသို့ ရွှေ့ဆိုင်း

အစိုးရနှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIO)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဧပြီလဆန်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း မအားလပ်သဖြင့် သင်္ကြန်ကာလနောက်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

အစိုးရနှင့် KIO အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့အကြား နှစ်ဦးနှစ်ဖက်အပစ်ရပ် စဲရေး ဆောင်ရွက်နိုင်ရန် ဧပြီအတွင်း ဆွေးနွေးပွဲနှစ်ကြိမ် ပြုလုပ်ရန် KIO က မတ်လ ၂၁ ရက်တွင်အဆိုပြုခဲ့သည်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရ၊ တပ်မတော်နှင့် KIO တို့ ဧပြီ ၂ ရက်မှ ၉ ရက်အတွင်း တစ်ကြိမ်၊ သင်္ကြန်အပြီး တစ်ကြိမ်တွေ့ဆုံရန် စီစဉ်နေကြောင်း မတ်လ ၂၉ ရက်တွင် ပြောကြားထား သည်။

‘‘နေပြည်တော်မှာ KIO ဘက်က အဆိုပြုထားတယ်လေ။ သူတို့ ဧပြီလဆန်းပိုင်းမှာ တွေ့ မယ်။ တွေ့ရင်လည်း လေးဖွဲ့နဲ့ တွေ့မယ်လို့ အဆိုပြုထားတာ ရှိ တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လဆန်းပိုင်းမှာ တွေ့ဖို့အတွက်က ပြန်ညှိနှိုင်းတဲ့အခါ အစိုးရဘက် အားတဲ့အချိန် ဟိုဘက် မြောက် ပိုင်းလေးဖွဲ့က မအားဘူး။ ဟို ဘက်က အဆင်သင့်ဖြစ်တဲ့အချိန် ဒီဘက်က ပြန်မအားဆိုတဲ့ဟာမျိုး ပေါ့။ ပြန်ညှိနှိုင်းကြတဲ့အခါ အား လုံး အဆင်ပြေတဲ့အချိန်ဆိုတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှ ပြန် တွေ့ကြမယ်ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်သွားတယ်’’ဟု ဦးလမိုင်ဂွန် ဂျာက မတ်လ ၃၁ ရက်တွင် ပြော ကြားသည်။

KIO၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA) ဟူသည့် မြောက်ပိုင်းလေးဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး မတ်လ ၂၁ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့ အပါအ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့်ပတ်သက်ပြီး မူလက Bilateral ဟု ခေါ်ဆိုသည့် နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေးစာချုပ်ရရှိရေး ဆွေးနွေးရန် စီစဉ်သော်လည်း မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တွင် ပါဝင်သည့် AA က ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိပြုချက် (Deed of Commitment)ကို ဦးစွာလက်မှတ်ရေးထိုးရန် အစိုးရဘက်က ဆွေးနွေးခဲ့သည်။

KIO အပါအ၀င် မြောက်ပိုင်းလေးဖွဲ့က Deed of Commit -ment လက်မှတ်ရေးထိုးမည် မဟုတ်ဘဲ Bilateral အပစ်ရပ်စဲ ရေးစာချုပ်ကိုသာ လက်မှတ်ရေး ထိုးလိုကြောင်း ပြောကြားထား သည်။

Credit - 7 Day



ဆောင်ပုဒ်တွေအကြောင်း စာသားတွေအကြောင်း

ဆောင်ပုဒ်တွေအကြောင်း စာသားတွေအကြောင်း
===============================
ဒီနောက်ပိုင်း Facebook မှာ လူတွေတော်တော်များများ အမှတ်မှား၊ အသုံးမှားနေတတ်ကြတဲ့ Motto, Slogan, Tagline, Jingle လေးတွေရဲ့အကြောင်းနဲ့ ဒါတွေကို ဘယ်လိုသတ်မှတ်ထားပြီး ဘယ်လိုမျိုးခွဲခြမ်းစိတ်ဖြာနိုင်မလဲဆိုတာကို ကျွန်တော်တို့ BrandBaker Myanmar Page မှ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ....
Motto
======
Motto ကတော့ ဆောင်ပိုဒ်ပါပဲ။ ဒါပေမယ့် ကြော်ငြာလို တဲ့ ရည်ရွယ်ချက်မပါပါဘူး။ လူပုဂ္ဂိုလ် ၊ အဖွဲ အစည်း တစ်ခုချင်းဆီရဲ့ ယုံကြည်ချက်တွေ ခံယူချက်တွေကို ပုံဖော်ထားတာပါ။
ဥပမာ အဝေးသင်ပညာရေး က ထုတ်ထားတဲ့ Motto(ဆောင်ပိုဒ်) ဆိုရင် “ပညာရေး ဝေးသည်မရှိ”
ကိုယ့် အဖွဲ့ အစည်းရဲ့ ယုံကြည်ချက်ကိုပဲ ထုတ်ထားတာပါ။ ကြော်ငြာ တဲ့ သဘော သဘာဝ မပါဝင်ပါဘူး။
Slogan
======
Slogan ကတော့ ကြော်ငြာတဲ့ သဘောတရားတွေ ပါတဲ့ ဆောင်ပုဒ်ပါ။ လူသိများစေ ပြီး လူမှတ်မိစေလို့ တဲ့ ရည်ရွယ်ချက် တွေ ပါဝင်ပါတယ်။ စီးပွားရေး အတွက်တင် မဟုတ်ပဲ နိုင်ငံရေး ၊လူမှုရေး အတွက် လည်း Slogan တွေကို ဖန်တီးလေ့ရှိပါတယ်။
ဥပမာ 2015 မှာ NLD က သုံးသွားတဲ့
 " ပြောင်းလဲချိန်တန်ပြီ” ♩💞 လိုမျိုးပါ။
အဲဒီအတွက် လူတွေ စွဲသွားအောင် သီချင်းတွေ မင်းသား မင်းသမီးတွေ အများအပြား အသုံးပြုပြီး အမှန်အကန်ကို လုပ်ခဲ့တာပါ။ ပြီးရင် အကောင်အထည်ဖော်ပေးဖို့ လည်းလုပ်ရပါတယ်။ အခုလည်း အကောင်အထည် ဖော်နေတယ်လို့  (ထင်ရတာပဲ) နော်။
Tagline
=======
ဒါကတော့ ဆောင်ပိုဒ် တစ်မျိုးပါပဲ။ ဒါပေမယ့် စီးပွားရေး နဲ့ ပိုပြီး သက်ဆိုင် ပါတယ်။ Brand(အမှတ်တံဆိပ်) ဘေးနားမှာ တွဲလျက် ရေးလေ့ ရှိပါတယ်။ လူ ပိုပြီး စိတ်ဝင်စားအောင် နိုးဆွတဲ့ နေရာမှာလည်း သုံးပါတယ်။
ကြော်ငြာ Tagline ဆိုရင် Yum Yum ခေါက်ဆွဲရဲ့  “အရသာမှန် Yum Yum ” တို့ လို မျိုး Nike ရဲ့  “Just Do It” လို မျိုး တွေ လို့ ဆိုလို့ ရပါတယ်။
Jingle
======
Jingle ကတော့ ကြော်ငြာတွေကို နားစွဲအောင် ဖန်တီး ထားတဲ့  သီချင်းစာသားလေးတွေပါ။
ဥပမာ ဦးချိန်တီ အစာကြေ ဆေးလုံးရဲ့  “အစာကြေအားတိုးဆေးလုံး အမည် ဦးချိန်တီ ဦးချိန်တီ ဆေးမှီဝဲသူ ကျန်းမာ ချမ်းသာ မည် ဦးချိန်တီ ဦးချိန်တီ” သေချာတော့ မမှတ်မိဘူး။ အဲလိုမျိုးတွေကို ဆိုတာပါ။
ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။ တိကျတဲ့ ညွှန်ကြားချက်တွေကို ရရှိနိုင်မှသာ ကျွန်တော်တို့ အနေနဲ့  ဆောင်ပိုဒ် ကောင်းလေးတွေကို ဖန်တီး ပေးနိုင်မှာဖြစ်သလို တိကျတဲ့ ညွှန်ကြားချက်တွေကိုလည်း ကျွန်တော်တို့ ဘက် တောင်းဆိုဖို့ လိုပါတယ်။
Credit - BrandBaker Myanmar





ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးကို တပ်မတော် က ပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်

ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတဦးက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်း တာဝန်ကျအရာရှိက ဧရာဝတီသို့ပြောသည်။
ထိုသို့အမှုဖွင့်ထားခြင်းအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တရားဝင်အကြောင်းကြားမှု မရှိသေးသည့်အပြင် မည်သည့်အတွက် အမှုဖွင့်တရားစွဲ ဆိုရခြင်းဖြစ်ကြောင်းလည်း မသိသေးကြောင်း ဦးမင်းထင်ကိုကိုကြီးက ပြောသည်။
ဦးမင်းထင်ကိုကိုကြီး က “အမှုဖွင့်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ အခုထိ ဘာမှကိုမသိရသေးပါဘူး။ အဲ့အတွက် ခုချိန်မှာ ဘာမှတော့ မပြောနိုင်သေးပါဘူး၊ သေသေချာချာ သိရမှပဲ ပြောလို့ရနိုင်မှာပါ၊ ရဲစခန်းကလဲ ဘာမှအကြောင်းကြားတာ မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်ထားခြင်းပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြား ခြင်းမရှိသဖြင့် တပ်မတော်ဘက်မှ အမှုဖွင့်ရခြင်း အကြောင်းအရင်းအတည်ပြုချက် ဖော်ပြနိုင်ခြင်းမရှိပါ။
လက်ရှိတွင် ဦးမင်းထင်ကိုကိုကြီးမှာ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲသို့ တက်ရောက်ရန် သွားရောက်လျှက်ရှိကြောင်းသိရသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ပြင်ဆင်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်မှ ၆၆ (ဃ) ဖြင့် တရားလိုပြုလုပ်စွဲဆိုမှုမှာ ပထမဆုံးအကြိမ်းဟု ပြောနိုင်ကြောင်း အသံအဖွဲ့တည် ထောင်သူ မောင်ဆောင်းခက ပြောသည်။
မောင်ဆောင်းခ က “ ဥပဒေပြင်ပြီးတဲ့နောက်ပိုင်း ၆၆(ဃ)နဲ့ တရားစွဲတာ အားလုံး ၇၇ မှုရှိတယ်၊ တပ်ကနေစွဲတာကတော့ ဒါက ပထမဆုံး အကြိမ်လို့ပြောလို့ရတယ်၊ ဥပဒေမပြင်ခင်က စွဲခဲ့တာတွေတော့ရှိတာပေါ့” ဟု ပြောသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရပ်တည်ကာ လုပ်ဆောင်လျှက်ရှိသည့် အသံအဖွဲ့အနေဖြင့်လည်း ဦးမင်းထင်ကိုကိုကြီးအား တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ရသည်ကို သေချာစွာမသိရသေးကြောင်း ပြောဆိုသည်။
အသံအဖွဲ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ကောက်ယူခဲ့သော စစ်တမ်းများအရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုမှာ စုစုပေါင်း ၁၇၉ မှုရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအစိုးရလက်ထက် ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ၆၆ (ဃ)ဖြင့် တရားစွဲဆိုသည့် ၇၇ မှု တွင်လည်း အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုမှာ ၂၄ မှုအထိရှိနေကြောင်း သိရသည်။

Credit - Irrawaddy


ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်သား ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ ဧပြီ ၂ ရက်တွင် စတင်ဝယ်ယူနိုင်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တစ်ကျပ်သား ရွှေဒင်္ဂါးပြားကို ဗဟိုဘဏ်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ် ရေးဆိုင်များတွင် ဧပြီ ၂ ရက်က စ၍ ရောင်းချမည်ဟု သတင်း ထုတ်ပြန်သည်။
‘‘၁ ရက်နေ့က ပိတ်ရက်ဖြစ် နေတဲ့အတွက် ၂ ရက်နေ့ကစပြီး ရောင်းပေးခြင်းဖြစ်ပါတယ်’’ ဟု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လက် ထောက် အထွေထွေမန်နေဂျာ ဦးလှအောင်ကပြောသည်။
ရွှေဒင်္ဂါးပြား စုစုပေါင်း ၁,၀၀၀ ထုတ်လုပ်ထားပြီး ရန်ကုန်သို့ ၆၀၀၊ မန္တလေးသို့ ၂၀၀ နှင့် နေပြည်တော်သို့ ၂၀၀ ခွဲဝေပေးပို့ ထားသည်ဟုဆိုသည်။ ရောင်းချ မည့်ဈေးနှုန်းသည် နေ့စဉ် ရွှေပေါက်ဈေးပေါ် မူတည်တွက်ချက်မည်ဖြစ်ပြီး ၃၈,၉၅၀ ကျပ်ကို အလျော့တွက်နှင့် အခြားကုန်ကျ စရိတ်အဖြစ် ပုံသေပေါင်းထည့် မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိ သည်။
‘‘သူတို့က ဘယ်လိုထုတ်လို့ ဒီလောက်ကျလဲတော့မသိဘူး။ အ ပြင်မှာ အဲဒီလောက်မများပါဘူး။ အရင်တုန်းက ထုတ်ရောင်းတာ တွေက ရွှေတစ်ကျပ်သားတန်ဖိုးပဲ ပေးရတာရှိတယ်။ ဒီလိုမျိုးပေးရတာမရှိပါဘူး’’ဟု အောင်သမာဓိ ရွှေဆိုင် အထွေထွေမန်နေဂျာဦးမော်ကပြောသည်။
အဆိုပါဈေးနှုန်းအရ အ လျော့တွက်ခသည် လက်ရှိပေါက် ဈေးဖြင့် တွက်ပါက အနည်းဆုံး လေးရွေးမှ ငါးရွေးထိ ရှိနိုင်ပြီး ပြင်ပပေါက်ဈေးတွင် ဒင်္ဂါးပြား တစ်ခုအတွက် နှစ်ရွေးကျော်သာရှိ၍ ကျပ်နှစ်သောင်းခန့်သာ ကုန်ကျနိုင်သည်ဟု မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးအုန်းမြိုင်က ပြော ကြားသည်။
ဗဟိုဘဏ်က ရောင်းချသည့် တစ်ကျပ်သားဂရမ်ဖြင့် တွက်ချက်ရာတွင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး အပြင်ပေါက်ဈေး၌ ၁၆ ဒသမ ၆၀၆ ဂရမ် ရှိရမည်ဖြစ်သည်။ ထို့ ကြောင့် ပြင်ပပေါက်ဈေးထက် အလေးချိန် အနည်းငယ်လျော့ သည်ဟု ၎င်းကဆိုသည်။
ယခုရောင်းချမည့် ဒင်္ဂါးပြား သည် အချင်း ၂၆ မီလီမီတာ၊ အ ထူ ၂ မီလီမီတာရှိပြီး ဒင်္ဂါးမျက်နှာ ပိုင်းဗဟိုတွင် ဗိုလ်ချုပ်အောင် ဆန်းပုံနှင့် ပုံ၏အောက်တွင်Aung San အမည်ပါရှိကာ ဒင်္ဂါးအနား ပတ်လည်တွင် Central Bank of Myanmar 16.329 gm၊ 999.9 Fine Gold စာလုံးများ ပါဝင်သည်။ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ၂၀၁၈၊ ၁ ကျပ် သား၊ ၉၉၉.၉ သန့်စင်ရွှေဟူသော စာသားများ ပါဝင်သည်။
ဗဟိုဘဏ်က ရွှေဒင်္ဂါးများ ကို တစ်ကျပ်သား၊ ငါးမူးသား တစ်မတ်သားကို ၁၉၉၁ က စတင် ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်မတ် သားရွှေဒင်္ဂါးကို ၂၀၁၈ တွင် ပုံစံ သစ်ဖြင့် ထုတ်လုပ်ခဲ့သည်။
ထိုရွှေဒင်္ဂါးများသည် ပြင်ပ ပေါက်ဈေးတွင် အရောင်းအ၀ယ် အနည်းငယ်သာရှိပြီးရွှေစုဆောင်း သူအများစုကသာ ၀ယ်ယူလေ့ရှိ သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
‘‘တစ်မတ်သား စထုတ်တဲ့ လတုန်းက အရမ်းရောင်းအား ကောင်းပြီးတော့မှ နောက်ပိုင်း အေးသွားတယ်။ အခု တစ်ကျပ် သားနဲ့ထုတ်တဲ့ အပေါ်မှာတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး’’ ဟု မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအရောင်း ဆိုင်မှ ၀န်ထမ်းတစ်ဦးက ပြော သည်။
လက်ရှိ ရွှေပြင်ပပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၁,၀၄၈,၀၀၀ ရှိသည်။

Credit - 7 Day


ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင် ဖြိုဖျက်ခံရမှု ပုံများကြောင့် စိုးရိမ်မှု ဖြစ်ဟု သမ္မတရုံးပြော

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင် ဖြိုဖျက်ခံ ရသည့် ပုံများ လူမှုကွန် ရက် စာ မျက်နှာပေါ်သို့ တက်လာချိန်တွင် သမ္မတရုံး အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။
နိုင်ငံတော် သမ္မတရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက “ ဖေ့ဘွတ်ခ်ပေါ်မှာ တက်လာတာကတော့ ဒီကျောက်တိုင်ကို ကရိန်းတွေနဲ့ ဖြိုနေတာတွေပဲ ကွက်ပြီးတော့ တက်လာတဲ့ အပေါ်မှာလည်း ကျနော် တို့လည်း စိုးရိမ်ပါတယ်” ဟုပြောသည်။
မတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် မကြာခဏ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တဦး၏ မေးမြန်းမှု ကိုဦဇော်ဌေးမှ အထက် ပါ အတိုင်း ဖြေကြားခဲ့ ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်နေရာအနီးတွင် ပြည်ထောင်စုလမ်းမကြီး AC ကတ္တရာ ၄ လမ်းသွား အဖြစ် ပေ ၄၀ တိုးချဲ့ ဖောက်လုပ် ရာတွင် မလွတ် သဖြင့် မတ်လ ၂၈ ရက်နေ့က ကတိန်းများဖြင့် ဖြိုချခဲ့ပြီး ၊ ဗိုလ်မှူး ဗထူး ကြေးရုပ်ရှိသည့် ဗထူး ပန်းခြံ အတွင်းသို့ ပြောင်း ရွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်တိုင်ကို ဖြိုဖျက်နေသည့် ပုံများသာ ကွင်း၍ တက်လာသဖြင့် နိုင်ငံတော်သမ္မတရုံး၏ ပြောရေး ဆိုခွင့် ရှိသည့် ဦးဇော်ဌေးမှ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်ကို ဖုန်းဆက်၍ အကျိုးအကြောင်း မေးမြန်းခဲ့ ရာ ပြည်သူ့ သဘောထားနှင့် ဖြိုဖျက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဟာတွေက သမိုင်းမှတ်တမ်း မော်ကွန်း ဥပဒေ ဆိုတာ ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သမိုင်း ဝင် ထင်ရှားတဲ့ နိုင်ငံတော် အတွက် ကောင်းကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပတ်သက်ရင်တော့ အထူး သတိထားပြီးတော့ ဆောင်ရွက်ဖို့တော့ လိုတယ်ဆိုတာ ကျနော်တို့က ပြည်နယ် အစိုးရကိုလည်း ပြောပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ရှမ်းပြည်နယ်အစိုးရ အနေဖြင့် လေးလမ်းသွားဖောက်လုပ်နိုင်ရန် အတွက် ဗိုလ်မှူကြီး ဗထူးကျောက် တိုင်တင် မကပဲ ၊ နှစ်တရာ နာရီ စင် နှင့် လူနေအိမ်များပါ ဖယ်ရှားရမည် ဖြစ်သည့် အတွက် ပြည်သူ များနှင့် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြု လုပ်ခဲ့ကြောင်း၊ ပြည်သူ လူထု၏ သဘောတူ ညီချက် ရရှိခဲ့သဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရမှ နိုင်ငံတော် သမ္မတ ရုံးသို့ ရှင်းပြခဲ့ ကြောင်း သိရသည်။
ကလောမြို့ မဲဆန္ဒနယ် အမှတ် ၂ မှ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသန်းထိုက်က “ မနက်ပိုင်းက ကျောက်တိုင်ဖျက်တယ်။ နေ့လည်ပိုင်းက နာရီစင် ဖျက်တယ်ဆိုတော့၊ အစည်းအဝေး သွားတက်လိုက်တော့ ဒီလို သတင်းတွေ တက်လာတာ မသိ ဘူး။ ဝန်ကြီးချုပ်ကနေ ဖုန်းလှမ်းဆက်လာမှ ဦးဇော်ဌေးက ဖုန်းလှမ်းဆက်တယ်ဆိုတော့ ကိုယ်တောင်မှ ကြောင်သွားတယ်။ ဘယ်လိုဖြစ် တာလဲ ဆိုတာ” ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ဦးသန်းထိုက်က “ ဒီလို ပုံ တက်လာတော့ သူတို့ အနေနဲ့ လည်း ဒီလို လက်လွတ် စပယ် လုပ်ရလား ဆိုပြီး စိုးရိမ်သွား တာပေါ့နော်။ အဲ့လို ဖြစ်တာပါ။ အခု ပြည်သူတွေကလည်း အေးအေး ဆေးဆေးပါဘဲ။ အမှန်က ဖြေးဖြေးချင်း ခွါချဖို့ပါ။ နဲ့သွာတော့ ပြိုမှာ စိုးလို့ ထောက်ထားတာ။ အဲ့တာကို ပုံရိုက်လိုက်တော့ အဲ့လို ဖြစ်တာပါ” ဟု ပြောသည်။
ယခု ပြောင်းရွှေ့ခဲ့သော ဗိုလ်မှူးကြီးး ဗထူးကျောက်တိုင်မှာ အထိမ်းမှတ် ကျောက်တိုင်သာ ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ် ကျဆုံးခဲ့သည့် နေရာ ရွာငံတွင်လည်း သမိုင်းမှတ်တမ်း ကျောက်တိုင် ရှိနေကြောင်းလည်း ဦးဇော်ဌေးက ဆက်ပြောသည်။
၎င်းက “တကယ့် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်က ရွာငံမှာရှိတာ၊ တကယ်ကျဆုံးသွားတဲ့ နေရာပေါ့။ အဲမှာလည်း ကျောက်တိုင်ရှိပါ တယ်။ ဒီဟာကတော့ အထိမ်းမှတ်အနေနဲ့ ဘယ်တုန်းက လုပ်လဲဆို တော့ ၁၉၄၅ ဇွန် ၁၅ရက်မှာ ကျောက်တိုင်စိုက်တူပွဲလုပ်ခဲ့ပါတယ် ” ဟု ပြောသည်။
ကျောက်တိုင်၏မူလကမ္ဗည်းစာသားတွင် “ဗမာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း၊ ဖက်ဆစ်ဂျပန်တော် လှန်တိုက်ခိုက်ရေးတွင် ဦးစီး ခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန်လဆုတ် ၈ ရက်၊ ည ၈ နာရီ ၁၀ မိနစ် အချိန် တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ်၊ ဗိုလ်မှူး ဗထူးနှင့် အထက်ဗမာပြည် တိုက်ပွဲများတွင်ကျဆုံးသောသူရဲကောင်းရဲဘော်နှစ်ဆယ့်ခြောက်ယောက်”ဟု ဖော်ပြပါရှိသည်။
ဗိုလ်မှူးကြီး ဗထူးမှာ ထားဝယ်ခရိုင် လောင်းလုံဇာတိ ဖြစ်ပြီး ဟိန္ဒား သတ္တုတွင်း မန်နေဂျာအဖြစ် လုပ်ကိုင်နေရာမှာ ၁၉၃၈ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည့်အခါ ဂျပန်တို့နှင့် အတူ ချီတက်လာ သည့် ဗိုလ်လင်္ကျာ ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)သို့ ဝင်ရောက်ခဲ့ ပြီး၊ BIA မှ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) သို့ ပြောင်းသည့်အခါတွင်လည်း ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးအဖြစ် ရာထူးတိုးကာ မန္တလေး စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
၁၉၄၅ ခုနှစ် မေလတွင် ဗိုလ်ချုပ်အောင်ဆန်းက မန္တလေး တိုင်းတပ်မှူး ဗိုလ်မှူးဗထူးကို ဗိုလ်မှူးကြီး ရာထူးတိုးပေးခဲ့သည်၊ သို့သော် ထိုသို့ ရာထူးတိုးမြှင့်ခံရမှုကိုပင် မသိလိုက်ရဘဲ ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့နယ်၊မြင်းကြာဒိုးရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန်သွားသည်။
ဗိုလ်မှူးကြီး ဗထူး၏ တပ်မှူးတဦးဖြစ်သည့် ဗိုလ်အာဠာဝကမှာမူ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အတူ တောခိုသွားရာ ဖမ်းမိပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
အောင်ပန်းမြို့နယ်တွင်း လမ်းပြုပြင်ပြီး ကတ္တရာခင်း ချဲ့ထွင်နေသည့် လမ်းပိုင်းသည် တာချီလိတ် – ကျိုင်းတုံ- တောင်ကြီး – မိထ္ထီလာ တလျှောက်ရှိ အာရှလမ်းမကြီး အပိုင်း (၃) ၏ လမ်းအစိတ်အပိုင်း တခု ဖြစ်သည်။
မိထ္ထီလာမြို့မှ မန္တလေးမြို့ဘက်သို့ ဆက်စပ်ထားသည့် လမ်းသည် အာရှလမ်းမကြီး အပိုင်း(၁) ဖြစ်ပြီး မြန်မာ- အိန္ဒိယ နယ်စပ် တမူးမြို့ထိ ဆက်စပ်ထားပြီး မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အခြာ ကျသည့် လမ်းပိုင်း တခုဖြစ်သည်။
အာရှလမ်းမကြီး အပိုင်း (၃) ဖြစ်သည့် ကျိုင်းတုံမြို့တွင်းပါ လမ်းအစိတ်အပိုင်းသည် မြန်မာ- တရုတ် နယ်စပ် မိုင်းလား မြို့ အထိ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အပြင် ထိုင်းနိုင်ငံနှင့်လည်း ဆက်သွယ် သွားလာနိုင်သည့် လမ်းကြောင်း ဖြစ်သည်။
အောင်ပန်းမြို့တွင်း အာရှလမ်းမကြီး ပြုပြင်ချဲ့ထွင်ခြင်းကို ၂၀၁၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ တွင် အပြီးသတ်ကာ လမ်းဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကျောက်တိုင်ပြိုဖျက်သည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင် တက်လာချိန်တွင် လူမှုကွန်ရက်ပေါ်တင် ကာ ဝေဖန်မှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။
၎င်း ကျောက်တိုင်အား မြို့သူမြို့သားများ၏သဘောဆန္ဒအရ ပြောင်းရွှေ့ခြင်းဖြစ်ပြီး တာဝန်ယူထား သည့် ကုမ္ပဏီမှ တပတ်အတွင်း ယင်းကျောက်တိုင်အား ပြန်လည် တည်ဆောက်ပေးသွားမ ည်ဖြစ်ကြောင်းသိရသည်။
Credit - Irrawaddy


ကျဆုံးနေတဲ့ ဗမာတချို့ရဲ့ စိတ်ဓာတ်ကို နှမျောတာပါ။

ဒီနေ့...
ကျနော့် နာမည်ပါတဲ့ ကုမ္ပဏီက ရင်ထိုးတံဆိပ်လေးရဲ့ နောက်ကတွယ်ချိပ်နေရာလေးမှာ ကော်ကွာပြီး ပြုတ်သွားတယ်၊
ဒါနဲ့... အဲ့တံဆိပ်လုပ်ပေးတဲ့ မန္တလေး ၈၄လမ်း ၃၅ လမ်းထောင့်က တံဆိပ်ဆိုင်ကို သွားပြီး ကော်ပြန်ကပ်ခိုင်းမိတယ်
ဆိုင်ကကောင်းလေးက ပြောတယ်... ...
"၁၀၀၀ ကျပါတယ်''... တဲ့။
ကျနော် အတော်ကြီးကို အံ့သြသွားမိတယ်။
အဲ့တံဆိပ်က အဲ့ဆိုင်က လုပ်ပေးတာ။
တစ်ခုကို ၈၀၀ ကျပ် ကျခဲ့တာ။
"ဟာ... မင်းတို့ဆိုင်က လုပ်ပေးတာ အသစ် တခုလုံး လုပ်တာတောင်မှ ၈၀၀ ပဲ ပေးရတာပါ''
"ဟုတ်တယ် ဦးလေး... အဲ့ဒါက အများဈေး''... ဆိုပြီး မျက်နှာထား ခပ်တင်းတင်းနဲ့ ပြောတယ်။
ကျနော် အတော် နှမျောသွားတယ်၊
ကျနော်က ငွေ ၁၀၀၀ ပေးရမှာမလို့ ငွေကို နှမျောလို့ မဟုတ်ဘူး။
ကျနော်တို့ ဗမာတချို့ရဲ့ စိတ်ဓာတ်ကို နှမျောတာ။
သူ့ဆိုင်ကပစ္စည်း လက်ရာမသေသပ်လို့ ကော်ပြုတ်တယ် အလကားတေါင် ပြန်တပ်ပေးရမှာ မဟုတ်ဘူးလား။
ဘယ်နှလမှ ကြာသေးတာလဲ မဟုတ်ဘူး။
နောက်ဆုံးဗျာ အလကားပြန်ကပ်မပေးရင်တောင်မှ ၁၀၀ မျိုး ၂ဝဝ မျိုး ယူလိုက်ပါ တရားပါတယ်။
ခုဟာက တွယ်ချိပ်လေးတခုနဲ့ ကလိုရိုဖောင်း အရည်လေး တစ်စက်ဆိုမှ တစ်စက်ထဲ ချပေးလိုက်ရတာပါ။
ရင်ထိုးတခုလုံးလုပ်တာ ၈ဝဝ ကျပ်
ကော်ကွာလို့ ပြန်ကပ်တာ ၁၀၀၀ ကျပ်
အဓိကက စိတ်ဓာတ်ပါ
တဘက်လူ ကာစတန်မာက မဖြစ်မနေ လုပ်ကိုလုပ်ရတော့မယ့် အခြေအနေနဲ့ အခက်တွေ့နေချိန်မှာ ရိုက်စား (ရိုက်စား) လုပ်လွှတ်လိုက်တာလို့ ခံစားရတယ်။
ကျနော် ကျိန်ပြောရဲပါတယ၊် မြန်မာငွေ ၁၀၀၀ ကျပ် ဘာမှ နှမျောစရာ မရှိပါဘူး
ကျဆုံးနေတဲ့ ဗမာတချို့ရဲ့ စိတ်ဓာတ်ကို နှမျောတာပါ။
ပုံမှာ ပြထားတဲ့ မျက်မှန်က မြန်မာငွေ ၅၀၀၀၀ လောက်ကျတယ်။
မှန်ကျွတ်သွားလို့ မူလီပြုတ်သွားလို့ ဆိုပြီး ရောင်းလိုက်တဲ့ မျက်မှန်ဆိုင်သွားပြတယ်။
တပြားမှ မယူဘဲ ပြန်လုပ်ပေးလိုက်တဲ့အပြင် သူတို့ပစ္စည်း ချွတ်ယွင်းမှုအတွက် တောင်းပန်တောင် လွှတ်လိုက်သေးတယ်။
မျက်မှန်ဆိုင်ကို သိချင်လား?
မင်္ဂလာဈေးနားက KT vision တဲ့၊
လူမျိုးခြား ဘာသာခြားပိုင်တာ။
ကျနော်တို့ဗမာတွေနဲ့ လူမျိုးခြားတွေ စီးပွားရှာရာမှာ အဲ့လိုကွာတယ်။
တံဆိပ်လုပ်တဲ့ဆိုင်က ကျနော့်ဆီက ယူလိုက်တာ ငွေ ၁၀၀၀ မဟုတ်ဘူး
ယုံကြည်မှုဗျ ယုံကြည်မှု
သိပ်တန်ဖိုးကြီးတယ်...
.
.
.
သန်၎ကို - ကိုယ်တွေ့
Credit - Than Tun Oo


ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော


ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေညာရန် အစီအစဉ် မရှိကြောင်း သိရသည်။
နေပြည်တော်၊ သမ္မတအိမ်တော်တွင် မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရုံး၏ သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တဦး၏ အမေးကို အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။
AA အဖွဲ့ သည် ကျေးရွာများကို အခြေပြုလျက် ပျောက်ကြား စစ်ဆင်ရေး ဆောင်ရွက်နေသဖြင့် တိုက်ပွဲများမှာ ပိုကြာနိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ကြည့် ပါက ယခုလို လူထုကို အကာ အကွယ်ယူသည့် ကိစ္စရပ်မျိုးသည် ကိုင်တွယ်ရခက်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
“ဒီအခြေအနေပေါ်မှာတော့ ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဆိုတာတော့ အစိုးရမှာ အစီအစဉ် မရှိ သေးပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေအနေမှာ စစ်အုပ်ချုပ်ရေးဟု မပြောရုံတမယ်သာ ရှိပြီး တပ်မပေါင်း များစွာ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရားနေရာများတွင် ၂ ဖက် ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း၊ AA က ရွာထဲမှ ပစ် သည်ဟုဆိုကာ အစိုးရတပ်မတော်က ရွာထဲသို့ ပစ်သဖြင့် အရပ်သား သေဆုံးမှုများ ဖြစ်နေ ကြောင်း ရခိုင်ပြည်နယ်တွင် အင်အား အကြီးဆုံး ပါတီတခု ဖြစ်သည့် ရခိုင် အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက ထောက်ပြပြောဆိုသည်။
“စစ်အုပ်ချုပ်ရေး လုပ်တယ်ဆိုရင်လည်း AA နဲ့ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ ဒါပေမယ့် စစ်အုပ်ချုပ် ရေး တရားဝင် ကြေညာလိုက်ရင် တော့ လူထုတွေ အနေအထိုင် ပိုပြီး ကျဉ်းကျပ်သွားမှာပေါ့။ အဲဒါ ကြောင့် ကျနော်တို့ ရခိုင်မှာက တခြား ဘင်္ဂလီကိစ္စတွေလည်း ရှိနေ သေးတာဆိုတော့ စစ်အုပ်ချုပ်ရေး ကို သိပ်မမျှော်လင့်ဘူး။ ပြည်သူတွေရဲ့ အခွင့်အရေးတွေလည်း ပိုပြီး ဆုံးရှုံးသွားနိုင်တယ်”ဟု မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက ဆက်ပြောသည်။
၎င်းက ဆက်၍ “စစ်အုပ်ချုပ်ရေး ဖြစ်သွားရင် အမှန်တရားကို ရပ်တည်ပြောဆိုပေးမယ့် ကိုယ်စားလှယ် တွေရဲ့ အသံ ပျောက်သွားနိုင်တယ်။ စစ်အုပ်ချုပ်ရေးကတော့ တနိုင်ငံလုံးလည်း ခံဖူးတဲ့ ကိစ္စပဲလေ။ စစ်အုပ်ချုပ်ရေး လုပ်ချလိုက် လို့လည်း ဒီတိုက်ပွဲတွေက ပြီးမှာ မဟုတ်ဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ် ပြဿနာသည် AA ပြဿနာ တခုတည်း မဟုတ်ဘဲ ဘင်္ဂလီ ပြဿနာ၊ ARSA ပြဿနာ များပါ တွဲလျက် ရှိနေသဖြင့် ယခုလို အခြေအနေမျိုးတွင် တပ်မတော်အနေနှင့် အားလုံးကို ခေါင်းခံလိမ့် မည် မဟုတ်ဘဲ အစိုးရနှင့် တွဲ၍ ဖြေရှင်းလိမ့်မည်ဟု ထင်ကြောင်း၊ တပ်မတော်ကိုယ်တိုင်လည်း စစ်အုပ်ချုပ်ရေးကို လိုလားလိမ့်မယ် မထင်ကြောင်း ရခိုင်အရေး လေ့လာသူ ဦးမောင် မောင်စိုးက ပြောသည်။
“စစ်ဆိုတာ ဖြစ်လာရင် ကိုယ်နိုင်တဲ့ နည်းနဲ့ တိုက်ကြတာပဲ။ တပ်မတော် အနေနဲ့လည်း ကိုယ်အားသန် ရာ လက်နက် ကြီးတွေနဲ့ လေကြောင်းတွေနဲ့ တိုက်တာပဲ။ စစ်ဆိုတာ ဖြစ်ရင်တော့ ကိုယ်အားသန် တဲ့ ဟာကို အသုံးပြုကြတာ ထုံးစံပဲ။ ဒါပေမယ့် စစ်ကို ရပ်အောင် ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓါတ်ရှိ မယ်၊ ဆွေးနွေး ဖြေရှင်းကြမယ်ဆိုရင်တော့ ဖြေရှင်း လို့ရနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ဆောင်ရွက်သွားနိုင်ရေးမှာ နိုင်ငံတော်တာဝန်ရှိသူများ၏ ဆောင် ရွက်ရမည့် အစီအစဉ်များ ဖြစ် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက မတ်လ ၂၅ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ သည်။
ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူ မရှိသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ နယ်စပ်တွင် ရိုဟင်ဂျာ နာမည်ခံ သည့် မူဂျာဟစ် သောင်းကျန်းသူ တချို့သာ ကျန်ရှိကြောင်း၊ ရခိုင်အမည်ခံသည့် အကြမ်းဖက် သောင်း ကျန်းသူ မရှိကြောင်း၊ ယခုအခါ AA သည် ဒီမိုကရေစီ ပထမ သက်တမ်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ပြောသည်။
“ရခိုင်က ကျနော်တိုင်းမှူး လုပ်ခဲ့တာပဲ။ AA ကို KIA က အသက်သွင်းပေးလိုက်တာ။ “ဝ” ဘက်မှာ ငြိမ်နေတော့ ဒီဘက်ကို လှည့် ပေးလိုက်တာ။ AA တောင်းဆိုနေသလို ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ ဆိုတာမျိုး ကတော့ မဖြစ်သင့်ဘူး။ ဒီကြား ထဲမှာ တပ်မတော်ကလည်း ဒေသအေး ချမ်းအောင် ဆောင်ရွက်ရတဲ့ အချိန်မှာ ဒေသခံ ပြည်သူတွေက ကြားညှပ်နေတာပေါ့”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ AA နဲ့ ထိတွေ့မှု ပေါင်း တိုက်ပွဲ ၁၀၃ ကြိမ်၊ မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်၊ ကျဆုံး ရဲတပ်ဖွဲ့ ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ ဝင် တွေကတော့ ၂၀ ဦး၊ အရပ်သား ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်သည်။
တပ်မတော်နှင့် တိုက်ပွဲများအတွင်း AA ဘက်မှ ၅၈ ဦး သေဆုံးပြီး ၈ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက်ငယ် ၂၂ လက် ဖမ်းဆီး ရမိခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အကျအဆုံးစာရင်းကိုမူ တပ်မတော်ကသာ ထုတ်ပြန်လိ့မ်မည် ဖြစ်ကြောင်း၊ အပြစ်မဲ့ ပြည်သူ ၆ ဦးကို AA က သတ်ဖြတ်ခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်းလည်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒဏ်ရာရတဲ့ အရပ်သား ၂၀ စာရင်းကို အသေးစိတ် ပြန်ကြည့်လိုက်ရင် ရခိုင်တိုင်းရင်းသား ၁၇ ယောက် ဒဏ်ရာ ရပါတယ်။ ခမီ တိုင်းရင်းသား ၂ ဦး ဒဏ်ရာ ရပါတယ်။ နောက်ဘဂါင်္လီ ၂ ဦး ဒဏ်ရာ ရရှိပါတယ်။ ဒီဖြစ်စဉ်တွေမှာ အရပ်သားတွေ သေဆုံးမှု၊ အ ရပ်သားတွေ ဒဏ်ရာ ရရှိမှုမှာ ကြည့်လိုက်ရင်လည်း ဒေသခံ တိုင်းရင်းသားတွေ ထိခိုက်နစ်နာတယ်ဆိုတာ တွေ့ ရှိရပါတယ်”ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။
ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ဘူးသီးတောင် မြို့နယ်တွင် ၂၇၀၀၊ ကျောက်တော်တွင် ၃၈၀၀ ကျော်၊ မင်းပြားတွင် ၂၀၀၀ ကျော်၊ မြောက်ဦးတွင် ၃၅၀၀၊ ပုဏ္ဍား ကျွန်းတွင် ၁၉၀၀ ကျော်၊ ရသေ့တောင်တွင် ၂၅၀၀ ကျော်နှင့် ချင်းပြည်နယ် ပလက်ဝတွင် ၅၀၀ ကျော် ရှိကြောင်း သိရသည်။
တိုင်းပြည်တွင် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် ပဋိပက္ခသည် အဖြေမထွက်ခဲ့ဘဲ အခြား ပြည်နယ်များသည်လည်း လက်နက်ကိုင် ဖြေရှင်းခဲ့ပြီးနောက် ယခုအခါ ငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်းနေချိန်တွင် AA သည် တစ် ကနေ ပြန်စသည့် သဘော ဖြစ်နေကြောင်း၊ ၂၁ ရာစုသို့ ရောက်ရှိနေချိန် ၂၀ ရာစု အတွေးအခေါ်များနှင့် လက်နက် ပြန်ကိုင်ခြင်းသည် အဖြေဟုတ်၊ မဟုတ် သမိုင်းက သင်ခန်းစာ ပေးထားပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက မနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
AA ကမူ ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် တည်ရှိရေးသည် ၎င်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်ပြီး တိုက်ပွဲများ မှာလည်း မလွှဲမရှောင်သာ တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ပေါင်း ၂၀၀ ကျော် ခံစားခဲ့ရသည့် ဒဏ်ရာဒဏ် ချက်များ ပပျောက်ရန် အပြန်အလှန် လေးစားမှု၊ နိုင်ငံရေးအရ တန်းတူရည်မှုများ ရရှိရန် လိုကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုထားသည်။
Credit - The Irrawaddy - Burmese Edition


နာဂ NSCN-K ခေါင်းဆောင် ၅ ဦး အဖမ်းခံရမှု ပြန်စိစစ်နေဟု အစိုးရ ပြော

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ္ပလန် (NSCN-K) မှ ခေါင်းဆောင် ၅ ဦးကို တပ်မတော်မှ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားသည့်အပေါ် နာဂတိုင်းရင်းသားများ၏ မေတ္တာရပ်ခံချက်အရ အစိုးရက ပြန်လည် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
နာဂ တိုင်းရင်းသား အဖွဲ့များက NSCN-K ခေါင်းဆောင်များ အဖမ်းခံရခြင်းကို သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ စာများ ပေးပို့လာ သဖြင့် သမ္မတရုံးက ပြန်လည် စိစစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) – ကက(ကြည်း)ထံ သို့ စာတစောင်ထွက် ထားကြောင်း သမ္မတရုံး၏ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က ပြောသည်။
“ထွက်ထားတဲ့အပေါ်မှာ ကက(ကြည်း)က သမ္မတရုံးဘက်ကို ပြန်တင်ပြတယ်။ ခုနတုန်းက ၁၇(၁)နဲ့ ဆွဲတဲ့ကိစ္စပေါ့။ ၁၇ (၁)ကနေ မတရားအသင်း အက်ဥပဒေပေါ့။ မတရားအသင်း အက် ဥပဒေမှာ ဘယ်လို ရှိလဲဆိုတာကို ဥပဒေ ကြောင်းအရ ရှေ့နေ ချုပ်ရုံးကို မေး ထားတယ်။ ဒီဟာသည် ၁၇(၁)နဲ့ ငြိလား၊ မငြိဘူးလား ဆိုတာကတော့ တရားရုံး ရောက်သွားရင် တရားရုံးက ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “သို့သော် ကျနော်တို့က နာဂ တိုင်းရင်းသားတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြန်ပြီးတော့ စိစစ်နေတယ် လို့ပဲ ဖြေပါရ စေ”ဟု ပြောသည်။
လက်ရှိ အချိန်အထိ နာဂခေါင်းဆောင်များကို စစ်ကိုင်းတိုင်း၊ ခန္ဓီးမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိန်း သိမ်းထားပြီး လာ မည့် ဧပြီလ ၉ ရက်နေ့တွင် တရားရုံးထုတ် စစ်ဆေးမည်ဟု သိရကြောင်း၊ အစိုးရ သို့ ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြထားသော်လည်း မျှော်လင့်ချက် သိပ်မရှိကြောင်း NSCN-K နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ အလေးထား စဉ်းစားပေးနိုင်ရင်တော့ ကောင်း တယ်။ မဟုတ်ဘဲ ဥပဒေကြောင်း အရဘဲ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့မှာ မျှော်လင့်ချက် သိပ်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
NSCN-K ခေါင်းဆောင် ၅ ဦးကို မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေး ယူ ခိုင်းလိုက် ရခြင်းသည် တိုင်းဒေသကြီးအဆင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖောက်ဖျက်ခြင်းနှင့် အိန္ဒိယကို ဆန့်ကျင်နေသည့် အာသံနှင့် ကသည်း သူပုန်များ အား ခိုလှုံခွင့် ပေးခြင်းကြောင့် ဖြစ် သည်ဟု အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်က ဧရာဝတီ သို့ ပြောဆိုထားသည်။
လက်ရှိတွင် ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးတွင် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ဒု ခေါင်းဆောင်)သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန် ၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ခေါင်း ဆောင်)၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် အောင်မိုင်း၊ NSCN-K ဗဟို ကော်မတီဝင်များ ဖြစ်သည့် ဦးစောထိန်၊ ဒုဗိုလ်မှူးကြီး အောင်စိုင်း တို့ကို ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
၎င်းတို့သည် မတ်လ ၈ ရက်နေ့က ခန္တီးမြို့ရှိ နာဂရိုးရာ ယဉ်ကျေးမှုကွင်းတွင် အစည်းအဝေးလုပ်စဉ် တပ်မတော်က တားဆီးခဲ့ပြီး နောက် မတ် ၉ ရက်နေ့တွင် NSCN-K ခေါင်းဆောင် ၅ ဦး ကို လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့် ခံရခြင်း ဖြစ်သည်။
မြန်မာ အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယ အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေချိန်တွင် နာဂများသည် အစိုးရနှင့် ယာယီ အပစ်ရပ်ထားသည့် အရိပ်ကိုယူ၍ အိန္ဒိယဘက်မှ မတရားအသင်း ကြေညာခံထားရသည့် အဖွဲ့ များကို ကူညီပေးနေသဖြင့် ယခုလို အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“နာဂက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း မပါပါဘူး။ သူ့ဒေသအတွက်သူ သပ်သပ်ကလေး နေပြီး တော့ NCA လည်း မထိုးဘူး။ သူက အိန္ဒိယ နာဂ၊ ဗမာပြည် နာဂ ပေါင်းပြီး တော့ လွတ်လပ် သော Naga Land ထူထောင်ဖို့ နိုင်ငံရေး ရည်မှန်းချက်ရှိတော့ ကျနော်တို့ ဖက်ဒရယ်နိုင်ငံ တည်ဆောက် ရေး ရည်မှန်းချက်အောက်မှာလည်း မပါနိုင်ဘူး”ဟု ၎င်းက သုံးသပ်သည်။
NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က တိုင်းဒေသကြီး အဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးထားသည့် နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကမ်းလှမ်းထားသည်။
Credit - The Irrawaddy - Burmese Edition


👥လူ ၂ ယောက်​ရှိသည်​။
အသက်​အရွယ်​တူသည်​။
ဘွဲ့ယူချိန်​တူသည်​။
လုပ်​ငန်းခွင်​ထဲ စ၀င်​သည့်​ချိန်​လဲ တူသည်​။
သို့သော်
၅ နှစ်​ကြာပြီးနောက်
ဒီလူ ၂ ယောက်​ဟာ
ကွာခြားမှုတွေ ရှိသွားသည်​။
ကွာခြားသွားသည့်​အရာဟာ
ငွေကြေးရေးကိစ္စဖြစ်​သည်​။
ပထမ တစ်​ယောက်​က
ငွေကြေးရေးအမြဲ အခက်​အခဲရှိပြီး။
ဒုတိယတစ်​ယောက်​က
ငွေကြေးရေးအဆင်​ပြေနေခြင်းဖြစ်​သည်​။
ဘယ်​အရာတွေက သူတို့ကို
ကွာခြားသွားစေပါသလဲ။
👤
(ပထမတစ်​ယောက်​)
အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??
ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ
(၁)လလုံး အလုပ်​ကြောင့်
စိတ်​ပင်​ပန်း၊ လူပင်​ပန်းခဲ့သမျှအတွက်
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးရမယ်​။
ကိုယ့်​ဘ၀ကို အကျိုးရှိအောင်​လုပ်​ရမယ်​။
လူကြားထဲ တန်​ဖိုးရှိအောင်​လုပ်​ရမယ်​။
✊️၀ယ်​မယ်​လေ။
ကြော်​ညာထဲက တွေ့ထားတဲ့ဖုန်း။
ခေတ်​စားနေတဲ့ အသုံးအဆောင်​။
ခေတ်​စားနေတဲ့ အစားအစာ။
✊️သွားမယ်​လေ။
facebook ထဲက လူအများ
သွားလည်​ပြီး တင်​ထားတဲ့
နေရာတွေက လှနေတာပဲ။
ကိုယ်​ဒေလဲ
အဲ့လိုအမိုက်​စား
အလန်းစားဝတ်​ဖူးရမှ။
အဲ့ဒီနေရာကို သွားဖူးရမှ။
ဓာတ်​ပုံသွားရိုက်​လိုက်​ရမှ။
ပျော်​ရွင်​မှု
စိတ်​ချမ်းသာမှုတွေဟာ
တန်​ဖိုးကြီးပစ္စည်းတွေရှိမှ
သူများရှိသလို ရှိနိုင်​မှ
သူများလုပ်​သလို လိုက်​လုပ်​နိုင်​မှ
ပျော်​ရွင်​မှုရှိမယ်​လို့ သူထင်​ခဲ့သည်​။
ဒီအရာတွေက
စိတ်​ချမ်းသာမှုတွေ ပေးနေတယ်​လို့
သူထင်​ခဲ့မိသည်​။
လစာထုတ်​တိုင်း သူလိုချင်​တဲ့
ပစ္စည်းတွေကိုသူ ၀ယ်​သည်​။
သူဝယ်​လိုက်​သည့်​အရာက။
သူ့အတွက်
တကယ်​ရော အသုံးဝင်​ရဲ့လား။
တကယ်​ရော အသုံးလိုရဲ့လားဆိုတာ သူမတွေးတော။
ဥပမာ
(သူ့မှာလဲ အတန်​အသင့်
ဖုန်း ၁ လုံးရှိပြီးသား။
အသစ်​ထွက်​တဲ့ အလန်းစား
ဖုန်းကိုတွေ့တော့
ငွေစုပြီး ၀ယ်​လိုက်​တယ်​။
အလန်းစားဖုန်း တန်​ဖိုးကြီးဖုန်းက
သူ့အတွက်
ဘာအကြိုးပြုစေသလဲ
ဘာကို ပြောင်းလဲစေသလဲဆိုတာ
သူမစဉ်း နားမလည်​။
လူကြားသူကြားထဲ
အထင်​ကြီးခံမယ်​လို့တာ
သိတယ်​။
အလန်းစားဖုန်းကို ကိုင်​ပြီး
ကိုယ့်​ကို ဂုဏ်​ယူမဆုံး။
ဒီလိုသာ ဘ၀ကိုအူလည်​လည်​နဲ့တာ
ဖြတ်​သန်း။)
သုံးတာနှင့်​ ဖြုန်းတာကို
သူမခွဲခြားတတ်​။
🔜🔜🔜
၅ နှစ်​ကြာပြီးနောက်​ပိုင်း
အရင်​လို လခစားအလုပ်​သမားဖြစ်​နေဆဲ။
လစာက တိုးလာပေမဲ့လည်း
လတိုင်းမှာ ငွေသုံးလို့မလောက်​။
👤
(ဒုတိယတစ်​ယောက်​)
အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??
ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ
သူကတော့
သုံးတာနှင့်​ဖြုန်းတာကို
ခွဲခြားတတ်​သည်​။
မရှိမဖြစ်​သည့်​အရာ
တကယ်​လိုအပ်​သည့်​အရာတွေကို
ဝယ်​သည်​။
ငွေအနည်းစုသာ သုံးစွဲပြီး
ငွေအများစုကို စုဆောင်းသည်​။
မီးခ၊ ရေခ
တစ်​လစာ စားစရိတ်​တွေ
တကယ်​လိုအပ်​သည့်
အသုံးအဆောင်​တွေ ၀ယ်​ပြီး
ကျန်​သည့်​ငွေတွေ စုထားသည်​။
📲
သူလိုချင်​တဲ့
တန်​ဖိုးကြီး ၆ သိန်းတန်
ဖုန်းအတွက်​လဲ
ငွေတွေစုနေသည်​။
(၁)လကို (၆)သောင်းစုသည်​။
(၁၀)လပြည့်​ရင်​ ၀ယ်​လို့ရမည်​။
(၁၀)လကြာတော့
ဖုန်းဝယ်​ဖို့ ငွေပြည့်​သွားသော်
ဖုန်းကိုမ၀ယ်​ရပ်​သေး၊
ငွေစုရတာကို သူပျော်​လာသည်​။
ငွေဆက်​စုဖို့ သူဆုံးဖြတ်​လိုက်​သည်​။
လစာတိုးလာသည်​နှင့်​အမျှ
(၁)လကို (၆)သောင်းစုရာကနေ
(၁)သိန်းရအောင်​ စုလာလေသည်​။
စုထားသည့်​ငွေ
အနည်းငယ်​များလာသော်
သူဌေးအတွေးလဲ ပေါ်လာသည်​။
ငွေစုရုံတင်​မကပဲ
ရှိပြီးသား ငွေကို
ထက်​တိုးအောင်​ ဘယ်​လိုလုပ်​ရမလဲဆိုတာ
သူစဉ်းစားသည်​။
မနက်​ ၈ နာရီအလုပ်​သွားသည်​။
ညနေ ၄ နာရီ အိမ်​ပြန်​သည်​။
ညနေပိုင်းကနေ ညအချိန်​အထိ
အချိန်​အနည်းငယ်​ သူအားနေသည်​။
အနည်းငယ်​အားနေသည့်​ အချိန်​ကို
ငွေထက်​ရှာဖို့ ဆုံးဖြတ်​လိုက်​သည်​။
သူအသားကင်​နည်းကို
သေသေချာချာလေ့လာပြီးမှ။
ဆိုင်​ဖွင့်​လိုက်​သည်​။
ရပ်​ကွက်​ထဲက လူငယ်​ ၂ ယောက်
အကူခေါ်လိုက်​သည်​။
ညနေပို​င်းကနေ ၅ နာရီကနေ
ညပိုင်း ၉ ၃၀ အထိ။
ဆိုင်​ဖွင့်​သည်​။
အစပိုင်းမှ ထင်​သလောက်
်​ရောင်းမကောင်း။
အခြားဆိုင်​ကို သူလိုက်​လေ့လာသည်​။
သူ့ဆိုင်​ရဲ့ လိုအပ်​ချက်​တွေကို
့တစ်​ခုပြီးတစ်​ခု ပြင်​သွားသည်​။
သူပန်​ပင်းသည်​။
သို့သော်​ သူကြိုးစားသည်​။
🔜🔜🔜
၃ နှစ်​ကြာသော်
သူငွေ သိန်း ၅၀ စုနိုင်​နေပြီ။
သူ့လုပ်​ငန်းတွေ
အောင်​မြင်​လာသည်​နှင့်​အမျှ
လမ်းဘေးဆိုင်​ကနေ
ဆိုင်​ခန်းဖြစ်​လာသည်​။
အလုပ်​သမား ၂ ယောက်​ကနေ
၎ ယောက်​အထိဖြစ်​လာသည်​။
🔜🔜🔜
၂ နှစ်​ထက်​ကြာသော်
စုထားသည့်​ငွေ သိန်း ၁၀၀ ပြည့်​သွားသည်​။
🏡
သိန်း ၁၀၀ ကို
အိမ်​ခြံကလေးဝယ်​ထားပြီး
ပြန်​ဌားရမ်းလိုက်​သည်​။
ဌားရမ်းခ
(၁) လကို (၁)သိန်းခွဲရသည်​။
ယခု သူရဲ့ဝင်​ငွေက
၃ လိုင်းလောက်​ရှိနေပြီ။
လခစားအလုပ်​ ဆက်​မလုပ်​ချင်​လဲ
သူ ဘာမှမဖြစ်​။
ငွေကြေးရေးအဆင်​ပြေသော်
အပူအပြင်​ကင်းသည်​။
စိတ်​ချမ်းသာသည်​။
ဘ၀မှာ ရွေးချယ်​စရာလမ်းပိုများလာသည်​။
ဒီလူ ၂ ယောက်​ဇာလမ်းကို ဒီလောက်​နဲ့ပဲ အဆုံးသတ်​လိုက်​ပါတော့မယ်​။
🚫
သုံးနှင့်​ဖြုန်းကို
ခွဲခြားတတ်​ပါစေ။
ငွေစုခြင်းဟာ ကပ်​စေးနဲခြင်းမဟုတ်​။
ငွေစုထားခြင်း။
ငွေရှိထားခြင်းသည်​။
အနာဂတ်​ ကိုယ့်​ဘ၀လမ်းကြောင်းမှာ
ပြသာနာကြုံတွေ့ရသော်
ရွေးချယ်​စရာလမ်း ပိုများမည်​ဖြစ်​သည်​။
ကိုယ်​၀ယ်​လိုက်​တဲ့အရာက
ကိုယ့်​အတွက်
ဘာအကြိုး ပြန်​ပြုစေတာလဲ ဆိုတာကို
သေသေချာချာ တွေးစေချင်​တယ်​။
သူများရှိလို့
ကိုယ်​လဲ ရှိသင့်​တယ်​ဆိုတာမျိုးတော့
မဖြစ်​စေချင်​။
🎉🎉
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးနည်း။
ဥပမာ
၅ လမှာ ၅ သိန်းစုနိုင်​ရင်
၂ သိန်းလောက်​ ကိုယ့်​ကို ဆုပြန်​ချပေးပါ။
ဆုပြန်​ချပေးခြင်းဖြင့်
ကိုယ့်​ကို ပျော်​ရွင်​မှု
ယုံကြည့်​မှု
ဘ၀မှာ အဓိပ္ပါယ်​ရှိခြင်းကို
ယူဆောင်​လာပေးတာနှင့်​ တူသည်​။
😂😂
ခဏခဏတော့ ဆု မချရ။
သူများပျော်​သလို
သူများရှိသလို
သူများလုပ်​သလိုကို
လုပ်​သင့်​ မလုပ်​သင့်
တွေးတောဆင်​ခြင်​ပါ။
အားခဲထားပါ။
လက်​တလော
စိတ်​ချမ်းသာမှု၊
ပျော်​ရွင်​မှုကို မကြည့်​ပဲ။
အနာဂတ်​အတွက်
တစ်​ဘ၀လုံးအတွက်
စိတ်​ချမ်းသာဖို့အတွက်
ပျော်​ရွင်​ဖို့အတွက်
အားခဲထားပါ။
ဒီစာက သင့်​အတွက်​ အကျိုးရှိစေတယ်​ဆိုရင်
Like & Sheard လုပ်​ပေးသွားကြပါ။
သင်​ချစ်​ရတဲ့လူတွေကို ပြန်​လည်​မျှဝေပါ။
အားလုံး ငွေကြေးရေးအဆင်​ပြေကြပါစေ။

credit - Golden_way


Thursday, March 28, 2019

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အင်န်စီအေ လက်မှတ်ရေးထိုးရန် တပ်မတော်တိုက်တွန်း




တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသော နယ်မြေများတွင် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး NCA လက်မှတ်ရေးထိုးရန် တပ်မတော်က တိုက်တွန်းလိုက်သည်။
နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည့် (၇၄) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွေ့အကြုံတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိတဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတချို့မှာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့တာတွေ့ရတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့၊မတရားတာတွေ မဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ဃြဗလက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်တာတွေဆောင်ရွက်ကြဖို့ ထပ်မံပြောလိုပါတယ်" ဟု ၎င်းက ပြောဆိုသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စများနှင့်ပတ်သက်၍ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဆွေးနွေးဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေနှင့်တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထားကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို့ တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့်ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန် လမ်းဖွင့်ပေးခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
"ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ကာလအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ဖြစ်စေ၊ တပ်မတော်ရဲ့ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ ဖြစ်စေ ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးညှိနှိုင်းဆွေးနွေးခြင်းတွေ အမြန်ဆုံးပြုလုပ်သွားကြဖို့ ထပ်မံပြောကြားလိုတယ်"ဟု ၎င်းက ပြောဆိုသည်။
လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလမ်းကြောင်းသည် တဒင်္ဂငြိမ်းချမ်းရေးရ ရှိရုံ မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိရန်စနစ်တကျ ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စစ်မှန်သည့် စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
"အတိတ်ကို လက်ညို§;ထိုးပြောဆိုနေမယ့်အစား သင်ခန်းစာရယူပြီး ပြည်ထောင်စုသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ ကိုယ့်တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်မှုက အကျိုးရှိလိမ့်မယ်" ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသားပြည်သူလူထုက လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် PACE အဖွဲ့တိုက်တွန်း


ရန်ကုန်၊ မတ် ၂၈ ။    ။ ရွေးကာက်ပွဲဖြစ်စဉ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အများပြည်သူ ယုံကြည်မှု မြင့်တင်လာ စေရန်အတွက် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က အကြံပေးတိုက်တွန်းပြောဆိုလိုက်သည်။

အမှီအခုကင်းသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ဖြစ်လာစေရန် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့် အပ်ပုံ၊ အရည်အချင်း သတ်မှတ် ချက်နှင့် လုပ်ပိုင်ခွင့်တာဝန်များကို ပြန်လည်သုံးသပ်ပြီး ဥပဒေကိုပြင်ဆင်ရန် PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုက်ခြင်းလည်းဖြစ်သည်။

“ အခြေခံဥပဒေမပြင်စေဦးတော့ ဒီကော်မရှင်ဟာ လက်ရှိအစိုးရနဲ့တိုက်ရိုက်ပက်သက်နေတဲ့ ကော်မရှင် မဟုတ်ဘူးဆိုတာ။ အခုလည်း ကော်မရှင်ဝင်တွေအားလုံးက ပါတီဝင်တွေမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပုံသဏ္ဍဍာန်အရ အဲ့လိုဖြစ်နေတာကို။ ဒါမှလည်း ကော်မရှင်ကို ပိုပြီး ယုံကြည်မှုပိုများလာမယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေပြောင်းလဲမှုလုပ်နေတဲ့အခါမှ ဒီဟာကိုလည်းထည့်သွင်းပြီးတော့ လုပ်သင့် တယ်လို့တိုက်တွန်း တာပါ" ဟုゞင်းကဆိုသည်။

လက်ရှိ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ကော်မရှင် ဥက္ကဋ္ဌဌအပါအဝင် အဖွဲ့ဝင်များအားလုံးကို သမ္မတမှတိုက်ရိုက် တင်မြှောက်ရွေးချယ်ရပြီး ကော်မရှင်၏ သက်တမ်းမှာလည်း နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ကော်မရှင်သည် ရွေးကောက်ပွဲတွင်မဲပေးသည့် ပြည်သူများထက် အာဏာရပါတီဘက်ကို အလေး ပေးခြင်းမျိုးဖြစ်လာနိုင်သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာရကြောင်းလည်း ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

“ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမလုပ်ချင်ဘူးဆိုရင်တောင်မှ သမ္မတက သူ့ ရဲ့လုပ်ပိုင်ခွင့်ထဲမှာ သူခန့်လို့ ရတာကိုး။ သူက ဘယ်သူဟာ ကော်မရှင်ဝင်ဖြစ်မလဲဆိုတဲ့ နာမည်စရင်းကို သူတစ်ယောက်ထဲကနေ ပြုစု တာနဲ့စာလို့ရှိရင် သူပါတီတွေဆီကတောင်းလို့ရတယ်။ သဘောကဗျာ ပါတီ ၉၆ ပါတီက ဘယ်သူ့ကို လေးစား ကြည်ညိုတဲ့သူလဲ ခင်ဗျားတို့ပေးကြ။ ခင်ဗျားတို့ပေးတာကြည့်ပေးမှရွေးမယ်။ ဒါမှမဟုတ် ရင် လွှတ်တော်က တောင်းတာမျိုး။ ဒါမှမဟုတ်လည်း အများပြည်သူဖွင့်ချလိုက် ခင်ဗျားတို့ CSO တွေကလုပ်ကြ။ မဟုတ် လည်း အများပြည်သူလျှောက်လွှာတင်ကြဗျာ” ဟု ゞင်းကအကြံပြုပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ကော်မရှင်၏ လွတ်လပ်ပြီးအမှီအခိုကင်းရန်ကိစ္စအပြင် မဲဆွယ်စည်းရုံးမှု ရုံပုံငွေ နှင့်ပက်သက်သည့်ကိစ္စ၊ မဲစာရင်းကိစ္စ၊ ကြိုတင်မဲကိစ္စ၊ နိုင်ငံသားများ၏ပါဝင်ခွင့်ကိစ္စအပြင် ရွေးကောက်ပွဲ နှင့်ပက်သက်သည့် အချိန်စာရင်းနှင့် သတင်းအချက်အလက် တို့ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ပြုပြင် ပြောင်းလဲမှုများလုပ်နိုင်ရန်လိုကြောင်းလည်း PACE အဖွဲ့မှထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့( PACE) သည် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲဖြစ်စဉ်များကို တက်ကြွစွာ စောင့်ကြည့်၊ ဝေဖန်၊ အကြံပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

တနင်္သာရီအစိုးရအဖွဲ့ လက်ကျန်သက်တမ်းအဂတိကင်းရန် လွှတ်တော်ဥက္ကဋ္ဌသတိပေး


တနင်္သာရီတိုင်းအစိုးရအဖွဲ့ လက်ကျန်သက် တမ်းအတွင်း မည်သူ့ကိုမဆို အဂတိကင်းကင်းရှင်းရှင်းဖြင့် တည်ဆဲဥပဒေနှင့်အညီသာ လုပ်ပိုင်ခွင့်များချထားပေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သတိပေး သည်။


ပြည်သူ့ဘဏ္ဍာငွေသုံးစွဲ၍ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းသည်။


‘‘ဘက်လိုက်မှုကင်းစွာနဲ့ ဆင်းရဲ၊ ချမ်းသာမရွေး တူညီမျှစွာဖြင့် အခွင့်အရေးပေးမှုဆိုတာတွေကို အခု မကျန်တော့သော ၂ နှစ်ဆိုတဲ့ ကာလအတွင်းမှာ အစဉ် သတိထားပြီး စီမံခန့်ခွဲကြပါလို့ တိုက်တွန်းလိုပါတယ်’’ဟု ဦးခင်မောင်အေးက ပြောသည်။

မတ်လ ၂၈ ရက်က ကျင်းပ သည့် တနင်္သာရီတိုင်း လွှတ်တော် အရေးပေါ်အစည်းအဝေး နောက် ဆုံးနေ့တွင် လစ်လပ်နေသော တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးနေရာ အတွက် ၀န်ကြီးအသစ်သုံးဦး ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်း အနားအပြီးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

ထို့အပြင် တနင်္သာရီတိုင်းရှိ ပြည်သူများ အကျိုးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်လွှတ်တော်နှင့် အစိုးရပူးပေါင်း၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ အကောင် အထည်ဖော်ရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်းသည်။

တိုင်းလွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ရီရီချိုက တိုင်းအစိုးရအဖွဲ့ စီမံ ဘဏ္ဍာဝန်ကြီးအဖြစ်လည်း ကောင်း၊ တနင်္သာရီမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်အမတ် ဦးအောင်သူရက တိုင်းလျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးအဖြစ်လည်း ကောင်း၊ ရေဖြူမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်အမတ် ဦးလှ ထွေးက တိုင်းသယံဇာတနှင့် ပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ်လည်းကောင်း ယမန်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အ ရေးပေါ် အစည်းအဝေးနောက်ဆုံး နေ့၌ ကျမ်းသစ္စာကျိန်ဆိုသည်။


ယခင်တနင်္သာရီတိုင်း ၀န် ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူပြီးနောက် တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးနှင့် လျှပ်စစ်ဝန်ကြီးတို့ နုတ်ထွက်ခဲ့ သည်။ ထို့နောက် တိုင်းသယံဇာ တနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဦးမြင့်မောင်ကို နိုင်ငံတော် သမ္မတက ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် တိုင်းအစိုးရအဖွဲ့အတွင်းဝန်ကြီး နေရာသုံးနေရာလစ်လပ်ခဲ့ခြင်း ဖြစ်သည်။