Tuesday, February 19, 2019

အခြေခံဥပဒေ ပြင်တာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ရည်ရွယ်တာ မဟုတ်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေတာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုပဲ သမ္မတဖြစ်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သားနှစ်ဦးကို အမွေပြတ် စွန့်လွှတ်လိုက်တာနဲ့ သမ္မတအရည်အချင်း ပြည့်မီသွားမှာဖြစ်သလို အခုလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ကြိုးစား လုပ်ဆောင်နေတာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ အရည်အချင်း ရှိတဲ့လူတွေကို ကန့်သက်ထားတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် NLD ပါတီက ဦးဆောင်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
credit- MCN

No comments:

Post a Comment