ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီးတစ်ဝိုက်ရှိ NSCN(K) စခန်းနှင့်အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့သည် NSCN(K) အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၂၉ ရက်မှစ၍ သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုသို့ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက်မှ ၁၉ရက်အထိ အဆိုပါနေရာအနီးတစ်ဝိုက်မှ ၎င်းးတို့အခြေပြုခဲ့သော စခန်းတစ်ခုအားထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး ကသည်းသောင်းကျန်းသူ လေးဦး၊ လက်နက်မျိုးစုံ၅၃ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊အသုံးအဆောင် ပစ္စည်းများကိုလည်းထပ်မံသိမ်းဆည်းရမိခဲ့သည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် NSCN(K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများရှိ အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့စခန်းများနှင့်အနီး တစ်ဝိုက်မှယနေ့အထ NSCN(K) အဖွဲ့ဝင်ခြောက်ဦး၊ ကသည်း သောင်းကျန်းသူခြောက်ဦး၊ လက်နက်မျိုးစုံ ၇၉ လက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းများ ဝင်ရောက်စိမ့်ဝင်လှုပ်ရှားမှုများမရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
No comments:
Post a Comment